.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, April 24, 2011

ဟစ်ဟော့ ဂီတ ဘယ်ကစ

ဟစ်ဟော့ ဂီတ
ဟစ်ဟော့ ဂီတ (Hip hop music) သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမူ့တစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမူ့တွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ

  • rapping (သီချင်းစာသားများအား ကာရံနှင့်အညီရွတ်ဆိုခြင်း)
  • DJing ( ဓါတ်ပြားများအား ပွတ်ခြင်း၊ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများထွက်လာစေခြင်း)
  • graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
  • b-boying (ဘရိတ်ဒန့်(စ်)အက)
တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း) Fashion (၀တ်စားဆင်ယင်မူ့ ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေ တွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမူ့သည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။
ဟစ်ဟော့ဂီတသည် DJs(Disc Jockey) များက Turntables ဟုခေါ်သော ဓါတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့်စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူRapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမူ့သမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမူ့ကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။

ဟစ်ဟော့ပ်ဂီတသည် မြန်မာနိုင်ငံ၏ ဂီတသမိုင်းတွင် ရော့ခ်အင်ရိုး ခေါ် ရော့ခ်ဂီတပြီးလျှင် မြန်မာလူငယ်များကို စွဲဆောင်မှုအရှိဆုံး ဂီတဖြစ်ခဲ့သည်။ ထိုဂီတကိုသာ လူငယ်များက နှစ်ခြိုက်ရုံသာမက ထိုဂီတနယ်ပယ်မှ အဆိုတော်များဖြစ်သည့် ရက်ပါများ ဝတ်ဆင်ကြပုံကိုမှာလည်း ခေတ်လူငယ်များအတွက် အကြိုက်တွေ့စရာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြုသီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ်ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစားဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမူ့များထက် fashion နှင့် rapping တို့ကို လူငယ်များပိုကြိုက်နှစ်သက်ကြသည်။ ယနေ့ မြန်မာဂီတလောကမှာ Hip Hop နဲ့ ထိပ်ဆုံးကို ရောက်ရှိနေကြသူတွေကတော့ စိုင်းစိုင်းခမ်းလှိုင်အနဂ္ဂ၊ ဘာဘူ၊ ဂျေးမီ၊ ထွန်းထွန်း၊ ရဲလေးတို့ ဖြစ်ကြသည်။

Contents

[hide]

[ပြင်ဆင်ရန်​] စကားလုံးရင်းမြစ်

၁၉၀၄ အစောပိုင်းကာလတွင် hip ဆိုသောစကားလုံးကို အာဖရိကန်-အမေရိကန်တို့က တိုင်းရင်းအင်္ဂလိပ်စကားအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုလူထုသုံးစကား hip ၏ အဓိပ္ပါယ်မှာ တိကျစွာပြောခြင်း(informed) နှင့် လက်ရှိ(Current) ဆိုသောသဘောဖြစ်၍ မူရင်းhep ဆိုသော စကားမှ ဆင်းသက်လာသည်။
rapper တစ်ယောက်ဖြစ်သော Keith Wiggins မှ အမေရိကန်ရေတပ်မတော်တွင် စစ်မူ့ထမ်းနေသော သူ၏ သူငယ်ချင်းဖြစ်သူကို နောက်ပြောင် ရာမှ hip-hop ဆိုသော စကားလုံးပေါ်ပေါက်လာသည်။ စစ်သားများ လေ့ကျင့်ချီတက်ရာတွင် ညာသံပေးသော တက်သံကျသံကို စည်းချက်ကျကျ hip-hop hip-hop ဟုလိုက်အော်ရာမှ ထိုစကားလုံးဖြစ်လာသည်။ ထိုတက်သံ၊ကျသံ hip-hop ကိုနောက်ပိုင်းတွင် keith Wiggins ကသူ၏ စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့အဖွဲ့အားလည်း ဂီတသစ်တစ်မျိုးကို စတင်ဖန်တီးနေသော DJs များက those hip-hoppers များဟုရည်ညွှန်းပြောဆိုခဲ့ကြသည်။ ထိုစကားလုံး hip-hop ၏ အဓိပ္ပါယ်မှာ မလေးစားခြင်း၊သရော်လှောင်ပြောင်ခြင်း ဟု မူလကအဓိပ္ပါယ်ရသော်လည်း နောက်ပိုင်းတွင် ထိုဂီတအသစ်နှင့်ယဉ်ကျေးမူ့ကို ကိုယ်စားပြုသည့် အဓိက စကားလုံးဖြစ်လာသည်။ အဖွဲ့အမျိုးမျိုးက ထိုစကားလုံးကို သုံးခဲ့ကြပြီး ဟစ်ဟော့ရှေ့ဆောင်လမ်းပြ တစ်ယောက်ဖြစ်သော အာဖရိကဘန်ဘာတာ Afrika Bambaataa မှ ၁၉၈၁ ခုနှစ်တွင် ထွက်ရှိသော single album "positive life" တွင်ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဟစ်ဟော့ဆိုသော စကားလုံးသည် ယဉ်ကျေးမူ့စာမျက်နှာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။

[ပြင်ဆင်ရန်​] နောက်ခံ သမိုင်းကြောင်း

ဂျမေကာ နိုင်ငံဖွား ဒီဂျေ Clive Kool Herc Campbell သည် ဆယ့်သုံးနှစ်သားအရွယ်တွင် နယူးယောက်မြို့ သို့ပြောင်းရွေ့ နေထိုင်ခဲ့ပြီး မူလဟစ်ဟော့ဂီတကို ဖန်တီးခဲ့သူဖြစ်သည်။ ဂျမေကာရိုးရာ ဂီတသံများကို အခြေခံကာ ဟစ်ဟော့ဂီတ သစ်တရပ်အဖြစ် ရှေးဦးဖန်တီးခဲ့သည်။ ဂျမေကာမှ ကလေးငယ်များက ဂီတသံအပေါ်တွင် လက်တန်းရွတ်ဆိုသော ကဗျာပုံစံများကို ခေတ်ပေါ်ဂီတတစ်ရပ်နှင့် တွဲဖက်ရန် သူငယ်စဉ်ကတည်းက စိတ်ကူးရှိခဲ့သည်။
Herc နှင့် တစ်ခြားသော DJs သမားများသည် သူတို့၏ တူရိယာစက်များနှင့် ဖျော်ဖြေမူ့များအတွက် လျှပ်စစ်မီးလည်းရနိုင်သော ဘတ်(စ)ကတ်ဘောကွင်းများနှင့်ရှေးဟောင်းအိမ်များတွင် ဂီတပွဲများကျင်းပခဲ့သည်။ ထိုနေရာများသည် ဟစ်ဟော့ဂီတ ပေါက်ဖွား ခဲ့ရာနေရာများလည်းဖြစ်သည်။ သူတို့အသုံးပြုသော တူရိယာများနှင့်စက်ကိရိယာများသည် အများအားဖြင့် အားကောင်းသောစပီကာများ၊ Turntabels ဟုခေါ်သော ဓါတ်ပြားဖွင့်စက်များနှင့် တစ်လုံး(သို့မဟုတ်) ထို့ထက်ပိုသော မိုက်ကရိုဖုန်းများသာ ပါဝင်လေသည်။ funk တေးသွားများမှ က၍အကောင်းဆုံးအပိုင်းကို အကြိမ်ကြိမ်ပြန်လည်ဖွင့်စေခြင်းဖြင့် break-deejaying ဆိုသောနည်းကိုလည်း Herc သည်တိုးတက်စေခဲ့သူဖြစ်သည်။ ဗုံရိုက်သံကို အဓိကထားပြီး ထို breakbeat Djing ပြုလုပ်ရာတွင် funk, rock နှင့် လက်တင်ဗုံသံ မှစည်းဝါးရိုက်သံများကို ယူ၍ ထိုအသံများသည် ဟစ်ဟော့ဂီတအတွက် အခြေခံ ဂီတသံများဖြစ်လာခဲ့သည်။ Herc ၏ အကသမားများအပေါ် ကြေငြာမူ့များနှင့် တိုင်ပင်ခေါ်သံများသည် ကာရံများနှင့်ညီအောင်ပြောဆိုရာမှ ယခုလူသိများသော rapping ဆိုသည့်အပိုင်းပါဝင်လာသည်။ သူ၏အကသမားများအား break-boys နှင့် break-girls ၊ အတိုကောက်အားဖြင့် b-boys နှင့် b-girls များဟုနာမည်ပေးခဲ့သည်။Herc ၏သတ်မှတ်ချက် အခေါ်အဝေါ်များ ဖြစ်သော breaking, b-boys နှင့် b-girls များသည် ဟစ်ဟော့ဆိုသော နာမည်မပေါ် ခင်ကပင် ဟစ်ဟော့ ယဉ်ကျေးမူ့၏ အရေးပါလာမည့် အစိတ်အပိုင်းများအဖြစ်တည်ရှိနေခဲ့သည်။
နောက်ပိုင်းပေါ်လာသော Grand Wizard Theodore တို့ကဲ့သို့သော DJs များက breaking နည်းစနစ်များကို ပိုမိုဆန်းသစ်တိုးတက် လာစေခဲ့သည်။ ဟစ်ဟော့အား ယဉ်ကျေးမူ့တစ်ရပ်အဖြစ် လက်ခံလာအောင် ဖွံ့ဖြိုးလာစေသောသူမှာ အာဖရိကဘန်ဘာတာ Afrika Bambaataa ဦးဆောင်သော အဖွဲ့ဖြစ်သည်။ ဘန်ဘာတာသည် ရိုးရှင်းသော ဒစ္စကိုbeat များပေါ်တွင် rapping လိုက်ရွတ်ရသည့်အစား drum machine အား synthesizer နည်းပညာဖြင့်ဖန်တီးထားသော beating ပေါ်တွင်ရွတ်ဆိုသော နည်းစနစ်ကို ၁၉၈၃ ခုနှစ်တွင်ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ဂီတဗီဒီယို များခေတ်စားလာသောအခါ ဟစ်ဟော့ဂီတသည် ပိုမိုအောင်မြင်လာခဲ့သည်။ Planet rock အတွက်ဂီတဗီဒီယိုတွင် ဟစ်ဟော့ယဉ်ကျေးမူ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟစ်ဟော့ဂီတ၊ graffiti နှင့် ဘရိတ်ဒန့်စ် များကိုတင်ဆက်ပြသခဲ့သည်။ ၁၉၈၃ နှင့် ၁၉၈၅ ကြားတွင်ဟစ်ဟော့ဂီတကို အသုံးပြုလာသော ရုပ်ရှင်ကားများထွက်လာခဲ့သည်။ ထို့နောက်တွင်ဟစ်ဟော့ဂီတသည် အမေရိကန်နိုင်ငံမှ အစပြုကာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ဂီတသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းခဲ့လေသည်။

[ပြင်ဆင်ရန်​] ဟစ်ဟော့ဂီတ၏ လူမူ့ရေးဆိုင်ရာရိုက်ခတ်မူ့များ

ဟစ်ဟော့ဂီတသည် ပေါ်ပေါက်လာစက လူများယခုထင်နေသကဲ့သို့ အကြမ်းဖက်မူ့ကို အသားပေးသော ဂီတအမျိုးအစားမဟုတ်ခဲ့ပေ။ ထိုဂီတသည် လူငယ်များလမ်းပေါ်တွင် ဂိုဏ်းအသင်းများအဖြစ် တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ခိုက်နေမည့်အစား အကယဉ်ပြိုင်ခြင်း စသော ခန္ဓာကိုယ်ကျန်းမာရေးနှင့် အနုပညာ ယှဉ်ပြိုင်ခြင်းများကို လူငယ်များပိုမိုစိတ်ဝင်စားလာစေရန် အားပေးခဲ့သည်။ Hip Hopနဲ့ဆက်နွယ် ပတ်သက်နေသော Graffiti Art ဆိုသော အနုပညာ တစ်ရပ်လည်း ရှိပါသည်။

[ပြင်ဆင်ရန်​] ဟစ်ဟော့ဂီတ၏ ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မူ့များ

ဟစ်ဟော့ဂီတသည် ဥရောပ အာရှ ထိုမှတဆင့် ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံထိ ၊တောင်အမေရိက မှဘရာဇီး အစရှိသောနိုင်ငံများအထိ လျင်မြန်စွာ ကူးစက်သွားသည်။ တစ်နေရာမှ တစ်နေရာသို့ ပြန့်နှံ့သွားရာတွင် ထိုနိုင်ငံမှ ဂီတအလိုက် အသံများနှင့် သီဆိုဟန်များလည်း ပြောင်းလဲသွားတတ်သည်။ ပုံစံအမျိုးမျိုးပြောင်းနေသော်လည်း မူရင်းပုံစံ old school အား ဒေသအလိုက်ပြန်လည်စမ်းသစ်ရာမှ ကွဲပြားသော ဟန်များပေါ်လာခြင်းလည်းဖြစ်သည်။ ဟစ်ဟော့ဂီတသည် လူငယ်များ သူတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဖေါ်ပြသည့် ဂီတအမျိုးအစားလည်းဖြစ်သည်။ အမေရိကန် နိုင်ငံမှ စတင်ခဲ့သောကြောင့် အမေရိကန်စရိုက်များဖုံးလွှမ်းနေသော်လည်း လက်ခံရာနိုင်ငံအသီးသီးမှ ဟစ်ဟော့ ဂီတပညာရှင်များက သူတို့ နိုင်ငံ၏ဓလေ့စရိုက်နှင့် ညီအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဟစ်ဟော့ဂီတကို အဓိက ကြိုက်သော သူများမှာလည်း လူငယ်များအများဆုံးဖြစ်သောကြောင့် ထိုဂီတနှင့် ယဉ်ကျေးမူ့များသည် ကမ္ဘာလုံးဆိုင်ရာလူငယ် ယဉ်ကျေးမူ့တစ်ရပ် ဖြစ်လာသည်။

[ပြင်ဆင်ရန်​] အဲလက်ထရို-ဟစ်ဟော့ပ် (Electro Hip-Hop)

ဟစ်ဟော့ပ်ဂီတ မြန်မာနိုင်ငံတွင် ပေါ်ပြူလာဖြစ်ပြီး ဆယ်စုနှစ် တခုလောက်ကြာသည့် အခါတွင် ထိုဂီတ၏ ဘူမိနက်သန်နိုင်ငံဖြစ်သော အမေရိကန်တွင်ပင် ဟစ်ဟော့ပ်နှင့် ပတ်သက်၍ အချိုးအကွေ့၊ အပြောင်းအလဲ တခု ဖြစ်ပေါ်ခဲ့သည်။
အမေရိကန်တွင် လူကြိုက်များသော Gangsta Rap, Down South နှင့် Rap Core စသည့် ဟစ်ဟော့ပ်ဂီတ မျိုးကွဲများမှာ မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည်။ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင်မူ မူရင်း ဟစ်ဟော့ပ် ဂီတပုံသဏ္ဍာန်များသည့် နရီ၊ စည်းချက်၊ သီဆို၊ တီးခတ်မှုများနှင့် ကွဲပြားခြားနားလာသည့် ဟစ်ဟော့ပ် ပုံသဏ္ဍာန်သစ်တမျိုးကို ပရိသတ် နှစ်ခြိုက်လာကြသည်။
နောက်ပိုင်း ဟစ်ဟော့ပ် မျိုးဆက်များ လက်ခံအားပေးလာသည့် ထိုဂီတကို အဲလက်ထရို - ဟစ်ဟော့ပ် (Electro Hip-Hop) သို့မဟုတ် အဲလက်ထရိုဟော့ပ် ElectroHop ဟုလည်း ခေါ်သည်။
ဆူညံပေါက်ကွဲသည့် ရော့ခ်သီချင်းတပုဒ်လို သီဆိုမှုမျိုးဖြင့် အီလက်ထရောနစ် နောက်ခံဂီတ ဖြည့်စွက်မှုများဖြင့် ဖန်တီးထားသည့် ထိုဂီတမှာ အမေရိကန်တွင် လွန်ခဲ့သည် ဆယ်စုနှစ်တခုကျော် လောက်ကတည်းက စတင် သန္ဓေတည်နေပြီဖြစ်သော်လည်း ယခုလောက် ပေါ်ပြူလာ မဖြစ်သေးချေ။
အနောက်ဘက်ကမ်းခြေ၏ ဟစ်ဟော့ပ် ဆရာတဆူဖြစ်သော ဒီဂျေလွန်ဇို ဝီလျံ၏ Eve Ever After Dark ညကလပ် စတင်တည်ထောင်သည့် ၁၉၇၉ ခုနှစ်မှ စတင်ကာ Electro Hop ဂီတ ပေါ်ပေါက်ခဲ့သည်ဟု အမေရိကန် ဟစ်ဟော့ပ် သမိုင်းပညာရှင်များက တညီတညွတ်ထဲ မှတ်ချက်ပြုထားသည်။
ဒီဂျေ လွန်ဇို ဝီလျံမှာ အနောက်ဘက်ကမ်းခြေ (west coast) ဟစ်ဟော့ပ် လောကနှင့် ပတ်သက်ပြီး သြဇာကြီးမားသကဲ့သို့ သူ၏ Eve Ever After Dark ညကလပ်မှာလည်း Gangsta Rap နှင့် Electro Hop ဂီတ စတင်ပေါက်ဖွားရာ ရေခံမြေခံများထဲမှ တခုဖြစ်သည်။
၁၉၇၉ ခုနှစ်လောက်က စတင်ခဲ့သည့် Electro Hop ဂီတမှာမူ Gansta Rap နှင့် Rap Core များထဲသို့ ပရိသတ်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိမသွားဘဲ ၅ နှစ်နီးပါးအကြာတွင် (၁၉၈၄ ခုနှစ်လောက်တွင် ကွယ်ပျောက်သွားခဲ့ရပြီး) ၉ဝ ပြည့်လွန်နှစ်များထိ ထိုဂီတ အမျိုးအစားမှာ အမေရိကန် ဖျော်ဖြေရေးလောကတွင်ပင် ငုပ်ကောင်ဖြစ်နေခဲ့ရသည်။ Electro Hop နှင့်အပြိုင် ပေါ်လာသည့် West Coast: Gangsta Rap ဂီတ အမျိုးအစားမှာမူ Tupac Shakur, Dr Dre, Snoop Dogg စသည့် ရက်ပ်အကျော်အမော်များ၏ သီဆိုဖျော်ဖြေမှုများကြောင့် စင်တင်တေးဂီတအဖြစ် ပရိသတ်၏ အားပေးမှုကို ရရှိကာ စင်တင်တေးဂီတ ဖြစ်ခဲ့သည်။
၁၉၉၆ ခုနှစ် နောက်ပိုင်းတွင်မူ Electro Hip Hop ဂီတမှာ အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းနှင့် အရှေ့ဘက်ကမ်းရိုးတန်း ဖလော်ရီဒါနှင့် နယူးယောက် အချို့နေရာများတွင် တစွန်းတစ ပြန်ကြားလာခဲ့ရသည်။ နာမည်ကျော် ဓာတ်ပြားတိုက်ကြီးများမှ ဖြန့်ချိပြီး အပျံစား စတူဒီယိုကြီးများမှ ထုတ်လုပ်သည့် အယ်(လ်)ဘမ်များဖြင့်တော့ မဟုတ်သေးချေ။ တကျော့ပြန် ထိုးဖောက်ဖို့ အားယူနေရစဉ်အတွင်း အပေါစားညကလပ်အချို့က ဖွင့်လှစ်သည့် မြေအောက် တေးအယ်(လ်)ဘမ် (Underground Album) များ အဖြစ်သာ နားဆင်နိုင်ပေသည်။
ဆူဆူညံညံရှိလှသော အသံ၊ အားပါလှသော အပြင်းစား ဘိ (beat)၊ ရောနှောပေါင်းစပ်ထားသော တီးကွက် (Melody) များက Rap နှင့် Meatal ကို ပေါင်းစပ်ထားသည့် Nu Metal ဂီတနှင့် ဆင်ဆင်တူသော်လည်း Electro Dance ဂီတ စတိုင်လ်ကို ပေါင်းစပ်ထားနိုင်မှုက Electro Hop ၏ ထူးခြားသော ကြန်အင်လက္ခဏာ ဖြစ်ခဲ့သည်။
မွေးစားဂီတ (Adopted Music) ဟု တချို့က ခေါ်ကြသလိုပင် တစတစ လူကြိုက်များလာသည့် ထိုဂီတမှာ Hip Hop, Rock, Jazz, R&B စသည့် ဂီတများကဲ့သို့ တန်းဝင်ပေါ်ပြုလာ မဖြစ်သေးသော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းမှစ၍ နာမည်ကျော် ရက်ပ်ဆရာများ၏ မျက်စေ့ကျစရာ ဖြစ်ခဲ့သည်။ (ဤနေရာတွင် တခုပြောလိုသည်မှာ အမေရိကန်တွင်လည်း ဂီတသစ်တမျိုး လူကြိုက်များလာသည်နှင့် အချို့ အဆိုတော်များက မိမိ၏ ပင်ကိုယ်လိုင်းမှ အနည်းငယ်ပြောင်းလဲ သီဆိုမှုများ ရှိသည်)။
Electro Hop ဂီတမှာ အနောက်ဘက်ကမ်းခြေမှ စတင်သန္ဓေတည်ခဲ့သော်လည်း အရှေ့ဘက်ကမ်းခြေမှတဖန် ပြန်လည်စတင်ခဲ့ရသည်။ အများစုကမူ Electro Hop မှာ ရှေးရိုးဟစ်ဟော့ပ် (Old School) မှ ခေတ်သစ် ဟစ်ဟော့ပ် (New School) သို့ အီဗော်လူးရှင်း ဖြစ်လာပုံကို ထင်ဟပ်ပြသနိုင်မှုဟု ယူဆသည်။
အချို့ ကရက်ပ် အဆိုတော်များကမူ Electro Hop မှာ Hip Hop မှ ခွဲဖြာလာသော အကိုင်းအခက် တခုသာဖြစ်ပြီး ထိုသူတို့မှာ ထိုဂီတကို သီခြားဂီတ သို့မဟုတ် ဟစ်ဟော့ပ်၏ ဆင့်ကဲပြောင်းလဲလာသော ဖြစ်စဉ်တခုဟု မှတ်ယူခြင်း မပြုကြပေ။
၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင်မူ N.W.A အဖွဲ့ Egyptian Lover နှင့် Pit Bull တို့က Electro Hop ဂီတကို ၎င်းတို့၏ အယ်(လ်)ဘမ်များတွင် ပါဝင်ခဲ့ပြီးနောက်တွင် လူကြိုက်များလာခဲ့သည်။
ဟစ်ဟော့ပ်ဂီတ၏ တိုးတက်ဖြစ်ထွန်းလာသော ဂီတသစ်တခုဖြစ်သည့် Electro Hop နှင့် ပတ်သက်၍ အမေရိကန်တွင် ထင်ရှားသည့် အဖွဲ့များနှင့် အဆိုတော်မှာ Black Eyed Peas, Kanye West , World Class Wreckin Cru, Flo Rida, LMFAO နှင့် DJ Laz တို့ ဖြစ်သည်။
ထင်ရှားသည့် Electro Hop သီချင်းများမှာ နာမည်ကျော် ရက်ပ် အဆိုတော် ဖလို ရိုက်ဒါ (Flo Rida) ၏ ပွဲဦးထွက် အယ်(လ်)ဘမ်ထဲမှ Port of Miami ထဲမှ နာမည်ကျော် Low အမည်ရှိ သီချင်းမှာ Electro Hop သီချင်းဖြစ်သည်။
ယခုနှစ် အကောင်းဆုံးတေးဂီတ ဖန်တီးမှုဆုအပါအဝင် အော်စကာရုပ်ရှင်ထူးချွန်ဆုများ ရရှိခဲ့သည့် Slumdog Millionaire ဇာတ်ကား၏ ဇာတ်ဝင်တေး သီချင်းဖြစ်သည့် M.I.A သီဆိုထားသော Paper Plane သီချင်းမှာ Electro Hop သီချင်းအမျိုးအစားပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူကြိုက်များသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ နောက်ဆုံးထွက် အယ်(လ်)ဘမ်ထဲမှ အဲဗားဂေါ်လီအမည်ရှိ သီချင်းမှာ အမေရိကန် ဟစ်ဟော့ပ်အဖွဲ့တခုဖြစ်သည့် Three 6 Mafia အဖွဲ့ မှ Pop That Body အမည်ရှိ Electro Hop သီချင်းတပုဒ် ဖြစ်သည်။
ယနေ့အချိန်တွင်မူ Electro Hop သည် အမေရိကန်တွင်သာမက ကမ္ဘာတလွှားတွင်ပါ လူကြိုက်များသော ဂီတဖြစ်နေသည်။ နာမည်ကျော် ဟစ်ဟော့ပ် အဆိုတော် အချို့မှာလည်း Electro Hop သီချင်းများကို ၎င်းတို့ အယ်(လ်)ဘမ်များတွင် ထည့်သွင်းသီဆိုကြသည်။
ယခုနှစ်အတွင်း ထွက်ရှိသည့် Black Eyed Peas အဖွဲ့၏ လူကြိုက်များသော Boom Boom Pow အမည်ရှိ သီချင်းမှာလည်း Electro Hop သီချင်းတပုဒ် ဖြစ်သည်။ [1]

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ