.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 17, 2011

ဗန်မော်တင်အောင်

ဗန်းမော်တင်အောင် (သို့မဟုတ်) ပြည်သူ့ဘက်ကရပ်တည်ခဲ့သော စာရေးဆရာကြီ
သိပ္ပံချစ်သူ
ဧပြီ ၂၂၊ ၂၀၁၁
          ပြည်သူ့ဘက်က ရပ်တည်၍ ပြည်သူကို လေးစားတန်ဖိုးထားသူအား ပြည်သူက ပြန်လည် လေးစားတန်ဖိုးထား ချစ်ခင်သည်မှာ အလွန်ရိုးစင်းသော  ဒါနတရပ်ပင် ဖြစ်ပေသည်။
          သူ မကွန်လွန်မီ သူ့သားအားပြောခဲ့သည့်လူတယောက်ရဲတန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲဆိုသည့်စကားအတိုင်း ဆရာ ဗန်းမော်တင်အောင်သည် သမိုင်း၏တာဝန်တွေကို ရဲရဲရင့်ရင့် ထမ်းဆောင်ခဲ့သလို၊  သူ့ခေတ်ကြီးက သူ့ပုခုံးပ်ါတင်ပေးလိုက်သော သမိုင်းပေးတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်သည်။
          ယခုအခါ ဆရာဗန်းမော်တင်အောင်ကွယ်လွန်ခဲ့သည်မှာ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့ဆိုလျှင် ၃၂ နှစ် တင်းတင်းပြည့်ပြီဖြစ်သော်လည်း သမိုင်းတာဝန်ကျေပွန်ခဲ့သော၊ လူချစ်လူခင်ပေါများသော၊ ပြည်သူချစ်သော အနုပညာရှင်မို့ ယနေ့တိုင် သူ့ကိုလွမ်းဆွတ် တသသတိရနေကြဆဲပင်။
          ဆရာ့ကို ကျနော်သည် လူကိုယ်တိုင်မတွေဖူး၊ မရင်းနှီးခဲ့သော်လည်း ဆရာ့စာများကိုတော့ ကျွမ်းဝင်ခဲ့သည်။ ဆရာ ရေးခဲ့သည့် လွမ်းရစ်တော့ သက်လှယ်ရယ်မမထားငသြပြည်တော်သာခင်ခင်ဦး’ ‘ဘုန်းမောင်တယောက်ထဲရယ်စသည့် ဝတ္ထုများသည် တချိန်က ကျနော် အရူးအမူးစွဲမက်ခဲ့သည့်စာအုပ်များ ဖြစ်သည်။
          ၂ဝ ရာစုစာပေသမိုင်း၌ ဆရာဗန်းမော်တင်အောင်သည် ထွန်းလင်းတောက်ပခဲ့သော အနုပညာကြယ်ပွင့် ဖြစ်ခဲ့သည်။ ၁၉၉၁ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမ္ဗာန်က ကြီးမှူးကျင်းပသည့် ဂန္တဝင်စာပေစာတမ်းဖတ်ပွဲတွင် ဆရာကျော်အောင် ကခေတ်ပေါ် မြန်မာ့ ဂန္တဝင်စာပေစာတမ်း၌ ဆရာ ရေးသားခဲ့သည့်ဘုန်းမောင်တယောက်ထဲရယ်’ (၁၉၄၇)ဒေါက်တာရေချမ်း’ (၁၉၅ဝ)သူပုန်နယ်ကြီး(၁၉၅၂)ပြည်တော်သာခင်ခင်ဦး’ (၁၉၅၇)မြိုင်’ (၁၉၅၈)ငသြ’ (၁၉၆၁) တို့ကိုခေတ်ပေါ်ဂန္တဝင်ဝတ္ထုများအဖြစ် ကိုးကား ဖတ်ကြားတင်ပြသွားသည်။
          ဆရာသည် ခေတ်ပေါ်ဂနျွှဝင်ဝတျွှုများရေးခဲ့သလိုမြန်မာနိုင်ငံတော်သမိုင်းကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းကဲ့သို့ သမိုင်း စာအုပ်များ၊သဘာဝတ္ထ ()’ ‘ရုပ်ကမ္ဘာကဲ့သို့ ဒဿနကျမ်းများ၊ အနုစကြဝဠာနှင့် မဟာစကြဝဠာ သဘာဝသိပ္ပံ တစေ့တစောင်း လေ့လာခြင်း အိုင်းစတိုင်းနှင့် သူ၏ဓမ္မတရား  လူကဲ့သို့ သိပ္ပံကျမ်းများ၊ ဆိုရှယ်လစီဋီကာ ဆိုရှယ်လစ်အဘိဓာန် ဒုတိယကမ္ဘာစစ်နှင့် ဘာလင်အရေးတော်ပုံ တရုတ်ဆိုဗီယက် အရေးတော်ပုံ လောပြဿနာ ကမ္ဘာ့နိုင်ငံများနှင့် တတိယ ကမ္ဘာစသည့် နိုင်ငံရေးစာပေများကိုလည်း ရေးသားခဲ့သူ ဖြစ်သည်။ ထို့ပြင် ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန်၊ မောင်အေးသွင် စသည့် ကလောင်ကွဲများဖြင့် စာနယ်ဇင်းမျိုးစုံတွင် ဆောင်းပါးများ၊ ဝတ္ထုတိုများ ရေးသားခဲ့သည်။
          သို့သော် သူ့သဘာဝလျှောက် အပြင်လောကတွင် နေရသည်ထက် အကျဉ်းထောင်ထဲတွင်နေရသည့် ကာလက များနေပေသည်။ သူသည် စစပြီးခေတ်ကာလတွင် စာပေအရေးအသားကြောင့် အဖမ်းခံရသော ပထမဆုံး စာရေးဆရာတဦးဖြစ်သည်။
          ဆရာဗန်းမော်တင်အောင်သည် လူနှင် စာထပ်တူကျအောင်နေခဲ့သူလည်း ဖြစ်သည်။ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲစဉ်တလျှောက်၌ ကလောင်စွမ်းအားဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ကျေပွန်ခဲ့သော စာရေးဆရာတဦး ဖြစ်သည်။ သူသည် ပြည်သူ့ဘက်မှ ခိုင်မာစွာရပ်တည်၍ မိမိယုံကြည်ချက်အပေါ် မသွေဖီဘဲ ရဲရင့်ပြတ်သားစွာ ကလောင်ဖြင့် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ သူ့ဘ ကျနော့်ဘဝမှာ အတ္တဆိုလို့ မခင်ဦးကိုချစ်တဲ့ အချစ်တခုထဲပဲ ရှိပါတယ်ဗျာဟုပြောခဲ့သလို၊ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူဖြစ်သည်။
          သူ့ဘဝတလျှောက် အချိန်ပြည့် စာပေနှင့် နိုင်ငံရေး နှစ်ခုကိုသာ သူ့ဘဝကို အပ်နှင်းမြှုပ်နှံထားရာ၊ သူ့မိသားစု အပေါ် တာဝန်ပျက်ခဲ့သလို ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မိသားစု၏နားလည်မှုကို မရခဲ့ချေ။ နောက်ဆုံးမိသားစုက နားလည်ချိန်တွင် ဆရာသည် သိနိုင်စွမ်းမရှိတော့ပေ။ ဆရာ၏နောက်ဆုံးခရီးဈာပန၌ ဆရာ့ဇနီး ဒေါ်ခင်ဦးက ...
          ကျမ သူ့ကိုစောစောပိုင်းက အတော်လေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့်လင်းလင်းလည်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သား မယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေနဲ့သာ ပျော်မွေနေခဲ့တယ်။ စီးပွားရေးတို့၊ ဘာတို့ဆိုတာကို လုံးဝ ထည့်မတွက်ဘူး။ ကျမ သူ့အပေါ် အတော်မကျေမနပ်ဖြစ်ခဲ့တယ်။ အခုတော့ ကျမ မှားမှန်းသိရပါပြီ။ သူ့ကို အခုလို ပြည်သူလူထုက လေးစားကြည်ညိုမှုကို ကျမအရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့ စီးပွားရေးနဲ့ ဝယ်လိုမရဘူးဆိုတာ ကျမအခု သဘောပေါက်ပါပြီ။ သူ့အပေါ်လည်း အမြင်မှန်ရပါပြီဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကြီးမားစွာပေးဆပ်မှုများနှင့် ရင်းပြီးရခဲ့သည့် ဇနီး၏နားလည်မှုကို ဆရာသာကြားခဲ့မည် ဆိုလျှင် အဘယ်မျှ ဝမ်းမြောက်ဝမ်းသာဖြစ်နေမည် မသိ။
          သို့ကလိုပင် စာပေနှင့်နိုင်ငံရေးကိုသာ မြှုပ်နှံထားသော ဆရာ ဗန်းမော်တင်အောင်အား ၁၉၂ဝ ပြည့်နှစ် ဇွန်လ ရက်နေ့တွင် ပဲခူးမြို့၌ အဖကျောင်းဆရာ၊ တရားဟောဆရာ ချင်းအမျိုးသား ဦးမောင်နေနှင့် အမိ မော်တင်လိန်း ဂျက်ဆင်ကျောင်းထွက် ဒေါ်စောမြိုင် (ပဲခူးမြို့သူ) တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးဦးတွင် အကြီးဆုံးဖြစ်၍၊ ၎င်းအောက်တွင် ညီမ ဒေါ်ခင်ကြည်မာ နှင့် ညီ ဦးညို တို့ရှိလေသည်။ ဆရာ ဗန်းမော်တင်အာင်၏ ငယ်မည်မှာ မောင်တင်ဦး ဖြစ်သည်။
          ဖခင်သည် နှစ်ချင်းအသင်းတော်၏ တရားဟောဆရာဖြစ်သောကြောင့် တမြို့ပြီးတမြို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ သူသည် မိမိဇာတိမြို့အပြင် အခြားမြို့များတွင် ပညာသင်ယူခဲ့လေသည်။ ငယ်စဉ်က ဇာတိပဲခူးမြို့ အေဘီအမ်ကျောင်း တွင် သူငယ်တန်းမှ ဒုတိယတန်း ၁၉၂၆ - ၁၉၂၉ အထိ ပညာဆည်းပူးခဲ့သည်။ ထို့နောက် တောင်ငူ အေဘီအမ် ကျောင်းတွင် ၁၉၂၉ မှ ၁၉၃၁ အထိ ပညာသင်ယူခဲ့ပြီး စတုတ္ထတန်း အောင်မြင်ခဲ့သည်။ ၁၉၃၁ မှ ၁၉၃၂ အထိ ဗန်းမော် အေဘီအမ်ကျောင်းမှ အစိုးရစစ် သတ္တမတန်း အောင်မြင်ခဲ့သည်။ သူပညာ ဆည်းပူးခဲ့သော ဗန်းမော် အေဘီအမ် ကျောင်းသည် အေဘီအမ်အသင်းတော်မှ ၁၈၉၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်း ဖြစ်သည်။ ၁၉၃၄-၃၅ စာသင်နှစ်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းအသင်းတော်မှ ထောက်ပံ့ခြင်းမရှိတော့သဖြင့် ကျောင်းပိတ်လိုက်ရသည်။ ထို့နောက် ယင်းကျောင်း၌ပင် မြို့မိမြို့ဖများ၏ တောင်းဆိုမှုကြောင့် အစိုးရဟိုက်စကူး ကျောင်းကို ဖွင့်လှစ်ပေးခဲ့ရသည်။
          ဗန်းမော်တင်အောင်သည် အလယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်မြို့ အစိုးရဟိုက်စကူးကျောင်းတွင် ပညာ ဆက်လက်ဆည်းပူးသည်။ ယင်းသို့ ပညာဆည်းပူးရင်း မြန်မာ့ရုပ်ရှင်စာစောင်၊ ဘားမားဂျာနယ်၊ မြန်မာ့တာဝန် မဂ္ဂဇင်းများတွင် မောင်တင်အောင် (အစိုးရ ဟိုက်စကူးကျောင်း ရန်ကုန်) ကလောင်အမည်ဖြင့် ဝတ္ထုတိုများ ရေးသားခဲ့လေသည်။ ယင်းကာလမတိုင်မီ ဗန်းမော်အေဘီအမ်ကျောင်းတွင် အလယ်တန်းပညာ သင်ယူစဉ်ကပင် ဝတ္ထုတိုများ အရေးလေ့ကျင့်ခဲ့သည်ဟု သိရသည်။
          ထိုနောက် ၁၉၃၈ တွင် မဟာအောင်ကလောင်အမည်ဖြင့် မုန်းမေ့ရက်ဘူးအမည်ဖြင့် တမူးတန် လုံးချင်း ဝတ္ထုကို ရေးသားခဲ့ပေသည်။ ထိုအချိန်က မြန်မာနိုင်ငံကျော်စာရေးဆရာကြီး မဟာဆွေကိုအားကျ၍ မဟာအောင် ကလောင်အမည်ကို ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
          ဗန်းမော်တင်အောင်သည် ၁၉၃၇-၃၈ တွင် ရန်ကုန် ဟိုက်စကူးကျောင်းမှ အင်္ဂလိပ်-မြန်မာ တန်းစာမေးပွဲ အောင်မြင်ပြီးနောက် ဗန်းမော်သို့ပြန်လာကာ ကချင်တိုင်းရင်းမြန်မာ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားသည်။ ထိုကျောင်း၏ကျောင်းအုပ်ကြီးမှာ နောင်တွင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကချင် အမျိုးသားခေါင်းဆောင် ဒူးဝါးဇော်လွန်း ဖြစ်သည်။
          ဗန်းမော်တင်အောင်သည် ဗန်းမော်အေဘီအမ် ကချင်တိုင်းရင်းမြန်မာ အထက်တန်းကျောင်းတွင် ပညာဆည်းပူးရင်း မြန်မာ့အလင်းသတင်းစာတွင် အလုပ်သင်သတင်းထောက်အဖြစ် နယ်သတင်းများ ရေးသားပေးပို့ နေပေပြီ။ ဗန်းမော်တင်အောင်သည် ဆယ်တန်းတက်နေဆဲ ၁၉၃၈ ခု၊ ဒီဇင်ဘာလတွင်  ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် ဆက်သွယ်သည့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားကြီးတရပ် တနိုင်ငံလုံးတွင်ပေါ်ပေါက်ခဲ့ရာ၊ ဗန်းမော်မြို့တွင်လည်း ကျောင်းပေါင်းစုံမှ ကျောင်းသားတို့သည် နယ်ချဲ့ဆန့်ကျင်ရေးဆန္ဒပြကာ ပါဝင်လှုပ်ရှားခဲ့ကြသည်။
          ယင်းကာလတွင် အထက်တန်ကျောင်းသား ကိုတင်အောင်အဖို့ နှလုံးသားရေးရာနှင့်ပတ်သက်၍ ကြေကွဲစရာ ကြုံတွေလာရလေသည်။ ကိုတင်အောင်သည် ကချင်အမျိုးသမီးကျောင်းသူလေး နန်းဇိန်ကော့နှင့် လူငယ်ဘာဝ မေတ္တာမျှခဲ့ကြသည်။ နှစ်ဦးစလုံး  နှစ်ချင်းခရစ်ယာန်ဘာသာဝင်ချင်းမို့ ဘာသာတူသော်လည်း အခြား အကြောင်းအမျိုးမျိုးကြောင့် မိန်းကလေးရှင်၏မိဘများက သဘောမတူသဖြင့် မိမိတို့သမီးကို ကိုတင်အောင်နှင့်ဝေးရာ အခြားတမြို့တရွာသို့ ပို့လိုက်လေသည်။ ဤတွင် ကိုတင်အောင်သည် အသည်းကွဲရာ ၁၃ဝဝ အရေးတော်ပုံကာလ အတွင်း ဗန်းမော်မှ ရန်ကုန်သို့ ထွက်ခွာသွားခဲ့လေသည်။ ယင်းနှစ် ဆယ်တန်းစာမေးပွဲလည်း မဖြေတော့ပေ။
          ယင်းနောက် ဗန်းမော်တင်အောင်သည် ရန်ကုန်ရောက်သည့်အခါ အစိုးရဟိုက်စကူးကျောင်းတွင် ဆွေမျိုးများ၏ အထောက်အပံ့ဖြင့်  ၁၉၃၉-၄ဝ စာသင်နှစ်၌ ကျောင်းပြန်တက်သည်။ ဂျာနယ်ကျော်တွင် နော်မူဂေးအပါအဝင် ဝတ္ထုတိုများရေးသည်။ ယင်းနှစ်တွင် ကိုတင်အောင်သည် အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ဆယ်တန်းအောင်မြင်ပြီး ပြည်မြို့တွင် စတီးဘရားသား ကိုယ်စားလှယ်အဖြင့် ဝင်ရောက်လုပ်ကိုင်သည်။
          သို့ကလို လုပ်ကိုင်နေစဉ် ကိုတင်အောင်သည် ပြည်မြို့သူ မခင်ခင်နှင့် မေတ္တာသက်ဝင် ချစ်ခင်မိကြသည်။ မခင်ခင်က ဗုဒ္ဓဘာသာဝင်ဖြစ်၍ မိဘများက သဘောမတူကြသော်လည်း နှစ်ဦးသဘောတူ ရုံးတက်လက်မှတ် ရေးထိုးကာ လက်ထပ်ခဲ့လေသည်။ ထို့နောက် အထက်မြန်မာပြည် အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းသည်။ တပ်စုမှူး ဒုဗိုလ်တင်အောင် ဖြစ်လာသည်။ ဤတွင် မခင်ခင်နှင့်လမ်းခွဲကာ အဆက်အသွယ် ပြတ်သွားသည်ဟု ဆိုသည်။
          ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ အင်္ဂလိပ်အစိုးရ အိန္ဒိယသို့ဆုတ်ခွာသွားရပြီး ဂျပန်တို့ဝင်ရောက်လာသည့်အခါ ဒုဗိုလ်တင်အောင်သည် အိန္ဒိယသို့မလိုက်ပါဘဲ ဗန်းမော်သို့ ပြန်လာခဲ့သည်။ ဖခင်ကြီးဦးနေသည် ဗန်းမော်မြို့တွင် ကွယ်လွန်သွားပြီဖြစ်၍ မိခင်ကြီးနှင့် ညီ၊ ညီမတို့ကို စောင့်ရှောက်ခဲ့ရသည်။ မိခင်ကြီး ဒေါ်စောမြိုင်က သားကြီး ကိုတင်အောင်ကို ပြည်မြို့သူ မခင်ခင်နှင့် လက်ထပ်ခဲ့သည်ကို အသိအမှတ်မပြုခဲ့ပေ။ ကိုတင်အောင်အား မိခင်ကြီး သဘောတူသည့် မခင်ဦးနှင့် ၁၉၄၂ ခုနှစ်တွင် ဗန်းမော်မြို့တွင်လက်ထပ်ပေးခဲ့သည်။ မခင်ဦးသည် တောင်ငူဇာတိဖြစ်၍ ဦးလေးမိသားစုနှင့်အတူ ဗန်းမော်သို့ လိုက်ပါလာခြင်းဖြစ်သည်။
          ကိုတင်အောင်သည် ဂျပန်ခေတ်အတွင်း ၁၉၄၂ မှ ၄၅ ထိ ပြည်မြို့သိုပြန်သွားကာ သစ်တောဌာနတွင် သစ်ဖြတ် ဝန်ထောက် တာဝန်ထမ်းဆောင်သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးသည့်အခါ ဗန်းမော်တင်အောင်သည် စတီးဘရားသားကုမ္ပဏီတွင် အဝယ်တော်၊ သစ်ကုန်သည်အဖြစ် ဆောင်ရွက်ခဲ့သည်။
          ဗန်းမော်တင်အောင်သည် စစ်ပြီးခေတ် ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည့် ဘုန်းမောင်တယောက်ထဲရယ်တ္ထုကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ကလောင်အမည်ကို ဗန်းမော်တင်အောင် ဟု ယူခဲ့သည်။
          အဆိုပါတ္ထုကို တိုးတက်သော တက္ကသိုလ်ကျောင်းသားများက ကြိုဆိုလက်ခံခဲ့ကြသည်။ ယင်းတ္ထုထဲမှ ဘုန်းနိုင်ကွိုဲလမ်း နှစ်ခြိုက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုခင်မောင်တင့်သည် တက္ကသိုလ်ဘုန်းနိုင်ကလောင်အမည်ကိုယူ၍ ရှုမဝမဂ္ဂဇင်းတွင် ကဗျာများ ရေးသားခဲ့သည်။ ထို့နောက် တက္ကသိုလ်ဘုန်းနိုင် ကလောင် အမည်ဖြင့် ဝတ္ထုများရေးခဲ့သော တက္ကသိုလ်ကျောင်းဆရာ ကိုခင်မောင်တင့်သည် မုန်းရစ်လေဦး သူငယ်ချင်းလို့ ဆက်၍ခေါ်မည်ခိုင် တပြည်သူမရွှေထား ညီမလေးရယ် စိုးရိမ်မိတယ်
စသည့် ဝတ္ထုများဖြင့် အောင်မြင် ကျော်ကြားခဲ့သည့် စာရေးဆရာ ဖြစ်လာခဲ့သည်။
          ဆရာ ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်တည်းရယ်တ္ထုကြီးနှင့်ပတ်သတ်၍ ဝေဖန်ရေး ဆရာတဦးက ယင်းတ္ထုထဲတွင် ဘွဲစာလုံးပေါင်း တထောင်ကျော် ပါဝင်သည်ဟု ဝေဖန်ခဲ့သည်။ ဆရာဒဂုန်တာရာကမူ စိတ်ကူးယဉ်ဘက်သို့ယိမ်းသည့် တ္ထုဟု မှတ်ချက်ပေးခဲ့သည်။
          ဗန်းမော်တင်အောင်သည် ဒဂုန်တာရာအား ချစ်ခင်ယုံကြည်သဖြင့် တာရာမဂ္ဂဇင်းတွင် အသုံးပြုရန် ငွေထုပ်ကြီးကို ပုံအပ်သည်။ ဆရာဒဂုန်တာရာက အဆိုပါငွေများကို အသုံးပြုရန်မလိုအပ်၍ လက်မခံခဲ့ချေ။ ဗန်းမော်တင်အောင်သည် တရာမဂ္ဂဇင်းတွင် လစာမယူ စာပေယုံကြည်ချက်ဖြင့် ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် မဂ္ဂဇင်းထုတ်ဝေရေး အတတ်ပညာများကိုလေ့လာရင်း တာရာမဂ္ဂဇင်း လက်ထောက်အယ်ဒီတာ ဖြစ်လာခဲ့သည်။
          ဗန်းမော်တင်အောင်သည် စာပေထုတ်ဝေရေး လုပ်ငန်းအတွေအကြုံရလာသောအခါ ၁၉၅၂ ပြည့်နှစ်တွင် ပထမအကြိမ် လင်းယုန်ဂျာနယ်ကိုထုတ်ဝေ၍ အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ယင်းသို့ လင်းယုန်ဂျာနယ် ထုတ်ဝေရင်း ဒေါက်တာရေချမ်း (၁၉၅ဝ) မုန်တိုင်းထဲကလူ (၁၉၅ဝ) ငွေနှင်းမှုန်မှုန် စသည့်တ္ထုများ ရေးသားခဲ့သည်။
          ထို့နောက် ဗန်းမော်တင်အောင်သည် ၁၉၅၁ တွင် လင်းယုန်သတင်းစာကို ပထမအကြိမ် ထုတ်ဝေခဲ့သည်။ သူ၏ လင်းယုန်ဂျာနယ်နှင့် လင်းယုန်သတင်းစာတွင် နိုင်ငံရေးဝေဖန်ချက် ပြင်းပြင်းထန်ထန် ရေးသားသဖြင့် ထိုစဉ်က ဖဆပလ၏ မျက်မုန်းကျိုးခြင်းကိုခံခဲ့ရသည်။ တဖက်မှလည်း ဝတ္ထုများ အဆက်မပြတ်ရေးသားခဲရာ ခင်မမကြူ (၁၉၅၁) ရေမြေဆုံးစေတော့ကွယ် (၁၉၅၂) သူပုန်ကြီး (၁၉၅၂) ပြည်တော်သာခင်ခင်ဦး (၁၉၅၂) မောင့်မေတ္တာ (၁၉၅၂) ဆန့်ကျင်ဘက်၏ သမီးပျို (၁၉၅၂) အမေ (၁၉၅၂) အညတရ (၁၉၅၃)တို့သည် ထင်ရှားခဲ့လေသည်
          သူ့ဝတ္ထုများတွင် လက်ရှိအစိုးရအား နိုင်ငံရေးထိုးနှက်ချက်များ ပါရှိသောကြောင့် ၁၉၅၂ ခုနှစ်ထုတ် သူပုန်ကြီး၊ ပြည်တော်သာ ခင်ခင်ဦးနှင့်အမေ စသည့် လုံးချင်းဝတ္ထုများကြောင့် ဖဆပလ အစိုးရက ဗန်းမော်တင်အောင်အား ပုဒ်မ () ဖြင့် ၁၉၅၂ သြဂုတ်လ ၂၇ တွင်ဖမ်းဆီး၍ ထောင် နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
          စာရေးဆရာ၊ အယ်ဒီတာနှင့် ထုတ်ဝေသူ ဗန်းမော်တင်အောင် ထိန်းသိမ်းခံရသောကြောင့် ပထမအကြိမ် လင်းယုန်ဂျာနယ်နှင့် လင်းယုန်သတင်းစာတို့လည်း ရပ်ဆိုင်းသွားခဲ့ရသည်။ သူ၏ လင်းယုန်ဂျာနယ်နှင့် သတင်းစာတို့မှ လင်းယုန်သစ်လွင်၊ လင်းယုန်နီ၊ လင်းယုန်မောင်မောင်၊ မောင်လင်းယုန် (ရှမ်းပြည်) စသည့် လင်းယုန်အမည်တပ် သတင်းစာဆရာများ၊ စာရေးဆရာများကို မွေးထုတ်နိုင်ခဲ့လေသည်။
          ခင်ပွန်းသည် ထိန်းသိမ်းခံရသည့်အခါ ပါရမီဖြည့်ဖက် ဆရာ့ဇနီးဒေါ်ခင်ဦးသည် ကလေး ယောက်နှင့် ကြုံရာကျပန်းလုပ်ကာ ဘဝကို ရုန်းကန်ခဲ့ရလေတော့သည်။
          ဗန်းမော်တင်အောင်အား ဖဆပလ အစိုးရက ပုဒ်မ () ဖြင့်ထောင် () နှစ်ချခဲ့သော်လည်း ဆဌမ အကြိမ်မြောက် သင်္ဂါယနာတင် အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ရာ ၁၉၅၇ ဇန်နဝါရီလ ရက်နေ့ တွင်ပြန်လည်လွတ်မြောက်လာသည်။
          ထိုနောက် ဗန်းမော်တင်အောင်သည် ၁၉၅၇ တွင် လင်းယုန်ဂျာနယ်ကိုလည်းကောင်း၊ ၁၉၅၈ တွင် လင်းယုန် သတင်းစာကို လည်းကောင်း ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။ ထို့ပြင် ထောင်မှလွတ်မြောက်ပြီးနောက် ထောင်တွင်း၌ရေးသားခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်း၊ မှောင်မိုက်သောနေ့များ၊ မုန်တိုင်းကထန်နှင့် မြိုင်ဝတ္ထုရှည်ကြီးတို့ကို ထုတ်ဝေခဲ့သည်။
          မြိုင်တ္ထုကို ၁၉၅၇ ဇူလိုင်လမှ ၁၉၅၈ ခု၊ ဖေဖော်ဝါရီလအထိ လကြာအောင် ရှုမဝ မဂ္ဂဇင်းတွင် အခန်းဆက်ထည့် သွင်းဖော်ပြခဲ့ပြီးမှ လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။  မြိုင်သည် ပညာတ်လူငယ်များ၊ အထူးသဖြင့် တိုးတက်သော အယူဝါဒရှိသည့် တက္ကသိုလ်ပညာတတ်လူငယ်များ အလွန်နှစ်ခြိုက်သောဝတ္ထုဖြစ်၍ မာ့က္ခစ်ဝါဒကို ယုံကြည်လက်ခံသော တိုးတက်သည့် သတင်းစာဆရာ လူငယ်တယောက်နှင့် ရွှေတောင်ကြားလမ်းနေ ပညာတ်အထက်တန်းစား အမျိုးသမီးငယ်တယောက်တို့၏ အချစ်ရေး၊ အိမ်ထောင်ရေးဇာတ်လမ်းကို နောက်ခံပြီး သူ့ အယူဝါဒနှင့် သူ့ယုံကြည်ချက်ကို ပြောင်မြောက်စွာ ဖော်ကျူးခဲ့သော ဝတ္ထုကြီးဖြစ်သည်။ ပညာတတ်အသိုင်းဝိုင်းက မြိုင်သည် ဗန်းမော်တင်အောင်၏ အကောင်းဆုံးလက်ရာ၊ အနုပညာအမြောက်ဆုံးဝတ္ထုဖြစ်သည်ဟု သတ်မှတ်ကြလေသည်။
          ဗန်းမော်တင်အောင်သည် ၁၉၅၈ နိုဝင်ဘာလထုတ် လင်းယုန်ဂျာနယ်ပါ အရေးအသားကြောင့် ၁၉၅၉ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရပြန်သည်။ ယင်းနောက် သူသည် စာရေးဆရာ၊ သတင်းစာဆရာအဖြစ် ဆောင်ရွက်နေစဉ် အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ်ထုတ်ဝေသည့် လင်းယုန်သတင်းစာသည် တနှစ်အတွင်း ရပ်ဆိုင်းသွားခဲ့ရပြန်သည်။ ထို့အတူ ဒုတိယအကြိမ်ထုတ်ဝေသည့် လင်းယုန်ဂျာနယ် (၁၉၅၇-၅၉) သည်လည်း နှစ် ထုတ်ဝေပြီး ဆက်မထုတ်နိုင်တော့ချေ။ ထို့နောက် ဝတ္ထုတို၊ ဝတ္ထုရှည်များကို ပုံမှန်အတိုင်း ဆက်လက်ရေးသား နေပေသည်။
          ယင်းနောက် ၁၉၆ဝ မမကြီးဝတ္ထုကို ရေးသားထုတ်ဝေရာ ယင်းဝတ္ထုကို ၁၉၆ဝ ပြည့်နှစ် စာပေဗိမ္ဗာန် ဝတ္ထုရှည်ဆုကို အောင်လင်း၏ အရိုင်းစပယ်ဝတ္ထုနှင့် ပူးတွဲ၍ ဆုချီးမြှင့်ခဲ့သည်။ သို့သော် ဆရာဗန်းမော်တင်အောင်က ဝတ္ထုရှည်ဆုကို နှစ်ဦးပူးတွဲချီးမြှင့်သောမူကို မကြိုက်နှစ်သက်သဖြင့် အဆိုပါဆုကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ အောင်လင်းကမူ ဆုကိုလက်ခံတက်ယူခဲ့သည်။
          ၁၉၆၂ ခုနှစ် ကမ္ဘာအေးကုန်းမြေတွင်ကျင်းပသော စာပေညီလာခံသို့ စာပေလုပ်သားတဦးအနေဖြင့် ဗန်းမော်တင်အောင်သည် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ဆွေးနွေးပွဲများတွင် ဗန်းမော်တင်အောင်သည် ဒဂုန်တာရာဘက်မှရပ်တည်ခဲ့ရာ သူ့အား အချို့က ဒဂုန်တရာအား ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်မှုရှိနေသည်ဟု ဝေဖန်ခံခဲ့ရသည်။ ဗန်းမော်တင်အောင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ကရက် မြန်မာနိုင်ငံလုံးဆိုင်ရာကော်မတီဝင်၊ ပြည်တွင်းငြိမ်ချမ်းရေးအဖွဲ့ အတွင်းရေးမှူး၊ တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီ ဥက္ကအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
          ဗန်းမော်တင်အောင်သည် ၁၉၆၃ ခုနိုင်ဝင်ဘာလတွင် တော်လှန်ရေးကောင်စီနှင့် တောတွင်းလက်နက်ကိုင် အင်အားစုများ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် ပြန်အဖမ်းခံရသည်။ သူ့အား ကိုကိုးကျွန်းနှင့် အင်းစိန် အကျဉ်းထောင်တွင် နှစ်ခန့် အကျဉ်းချခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ် မတ်လတွင် ပြန်လည်လွှတ်ပေးခဲ့သည်။
          ကိုကိုးကျွန်းမှပြန်လွတ်လာပြီးနောက် သူသည် ရှုမဝမဂ္ဂဇင်းတွင် ဟေဝန်ပန်းမြိုင် ဝတ္ထုရှည်ကြီးကို အခန်းဆက် ရေးသည်။ ထို့နောက် မိအေး (၁၉၇၂) မြန်မာ့မျိုးချစ် ပြောက်ကျားခေါင်းဆောင်ကြီး ငမြတ်ထွန်းနှင့် ဝတ္ထုရှည်နှစ်ပုဒ် (၁၉၇၂) ရွှေပြည်တော် မျှော်တိုင်းဝေး (၁၉၇၂) အဘမိုးကျော် (၁၉၇၃) မြစ်ဧရာပေါ်တွင် (၁၉၇၃) မြရင်မ (၁၉၇၃) ဒေါက်တာလွမ်းဝေ (၁၉၇၃) ပုဂံရွှေပြည် (၁၉၇၄) မေခင် (၁၉၇၄) မင်းပြစ်မင်းဒဏ် (၁၉၇၄) ကြေးစား (၁၉၇၅) ပန်းဝေဝေ (၁၉၇၅) သူ့ဇာတ်ကောင်၊ သူ့ဝတ္ထုနှင့် သူ့စာရေးဆရာ (၁၉၇၇) ရေးသား ထုတ်ဝေခဲ့သည်။ ယင်းဝတ္ထုများ အနက် မင်းပြစ်မင်းဒဏ်စာအုပ်ကို စာပေစိစစ်ရေးမှ ပိတ်ပင်ခဲ့သည်။
          ယင်းနောက်မိုးဝေမဂ္ဂဇင်း ဂျက်လန်ဒန်၏ ဘဝခရီးအတ္ထုပတ္ထိကြီးကို အခန်းဆက်ရေးသားနေရာမှ ကင်ဆာ ရောဂါဖြစ်ပွားလာ၍ ရန်ကုန်ဆေးရုံကြီး ကင်ဆာခန်းတွင် တက်ရောက်ကုသမှု ခံယူခဲ့ရလေသည်။ ယင်းသို့ ကုသနေရာမှာ သက်သာလာခြင်းမရှိတော့ဘဲ ပြည်သူချစ်သော နိုင်ငံကျော် စာရေးဆရာကြီး ဗန်းမော်တင်အောင်သည် ၁၉၇၈ ခု၊ အောက်တိုဘာလ ၂၃ ရက်နေ့ညတွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက် ၅၉ နှစ်ရှိပြီး ဇနီးဒေါ်ခင်ဦးနှင့်သားသမီး ဦး (တင်သန်းယု၊ နုနုရီ၊ ခင်မာကြည်၊ အေးအေးမွန်၊ မောင်ဗဟိန်းအောင်၊ မောင်ကျော်ဇောအောင်) တို့ ကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ခင်ဦးသည် ခင်ပွန်းသည် ဗန်းမော်တင် အောင်ကွယ်လွန်ြပီး ၁၅ နှစ်အကြာ ၁၉၉၃ မေ ၃၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။
          ဗန်းမော်တင်အောင်၏ ကြွင်းကျန်သောရုပ်ကလာပ်ကို ၁၉၇၈ အောက်တိုဘာ ၂၇ နေ့တွင် ရန်ကုန်ဆေးရုံကြီးမှ ကြံတောသုဿန်သို့ ပို့ဆောင်မီးသင်္ဂြို၍ အရိုးပြာကို ဂူသွင်းသင်္ဂြိုခဲ့သည်။ မည်သို့ဆိုစေ ... ... ဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခဲ့သည်မှာ ယခုအခါ ၃၂ နှစ်ပြည့်ပြီဖြစ်သော်လည်း ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည် ဆိုသောစကားအတိုင်း ပြည်သူ့ဘက်မှရပ်တည်၍ မိမိယုံကြည်ရာကို သစ္စာရှိစွာဖြင့် သူ့ခေတ်၏သမိုင်းတာဝန်ကို ကျေပွန်စွာသယ်ပိုးဆောင်ရွက်ခဲ့သော ဆရာ့အား နောင်နှစ်ပေါင်းများစွာ ပြည်သူတို့က လေးစားတန်ဖိုးထား အမှတ်တရ ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။     

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ