.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, June 10, 2011

ကျမနှင့်စကာင်္ပူ အလုပ် အင်တာဗျူးအတွေ့အကြုံများ

( ဒီဆောင်းပါးလေးဟာ ဆောင်းပါးရှင်ကြည်ဝါ ရဲ.ပထမဆုံးရေးတဲ့ဆောင်းပါးဖြစ်ပေမဲ့ အရေးအသားနှင့်မြန်မာမိန်ကလေးများပြည်ပ တိုင်းပြည်များတွင် ထားရှိသောစိတ်ဓါတ်ကောင်းလေးများ အလုပ်အကိုင်ဝင်ရန်ကြိုးပမ်းသူများဧ။်အခက်အခဲနှင့် ကြုံတွေ.နိုင်ခြင်းများကို ထင်ဟပ်စေသောဆောင်းပါးကောင်းလေးတစ်ပုဒ်ဖြစ်သည့်အတွက် ဘလောဂ်တွင်ဝေမျှပေးလိုက်ပါတယ်ဗျာ..။     မင်းလွမ်းနောင်  (ပန်းတနော်) .............)

ဒီဆောင်းပါးကကြည်ဝါ့အကြောင်းကို
ပြောပြခြင်းဆိုတာထက် ကြည်ဝါ့ရဲ့အတွေ့အကြုံတွေကိုဖလှယ်တာပါ..။ ပထမဆုံးရေးတဲ့ဆောင်းပါးမို့လို့ အမှားပါရင် ခွင့်လွှတ်ကြပါနော်..။ ပြောပြမယ်ဆိုရင်တော့ စင်ကပူကို စရောက်တဲ့အချိန်ကနေစပြောမယ်နော်..ရောက်ခါစအလုပ်တွေစရှာနေတဲ့အချိန်ပေါ့..မနက်စောစောထ..၊ အလုပ်တွေဖုန်းဆက်၊အီးမေးတွေပို့..ဘုမသိဘမသိအလုပ်ရှုပ်နေတဲ့အချိန်..။တနေ့ Lavender မှာရှိတဲ့ Textile Centre ငါးလွှာက ကြည်ဝါ့ကို အင်တာဗျူးခေါ်ရော..အဲ့ဒါနဲ့ကြည်ဝါသွားတော့ အင်တာဗျူးတဲ့မိန်းမက ငယ်ငယ်ဘဲ...Singaporean ပီးတော့ Smart ကျတယ်...ကြည်ဝါရောက်တော့ သေချာကြည့်ပီး အင်တာစဗျူးတယ်...တော်တော်များများလဲမေးပီးရော..သူကကြည်ဝါ့ကိုအလုပ်ခန့်မယ်..pass လျှောက်ပေးမယ်..လစာက xxxx  ပေါ့..မက်လောက်စရာလစာတခုဘဲ..Raffles Place -Downtown Area မှာလုပ်ရမှာဆိုဘဲ..အဲ့ဒီအတွက် ကြည်ဝါက Pass Application ဘိုး စင်ကပူဒေါ်လာ၂၀၀ ပေးထားရမယ်တဲ့...လျှောက်ပီး approved ဖြစ်ရင်.သူတို့လှမ်းအကြောင်းကြားမယ်တဲ့..ကြည်ဝါ့စိတ်ထဲထောင်းကနဲဖြစ်သွားတယ်..စိတ်ထဲမှာတော့ အောင်မာ ငါ့ကိုဒီလိုမျိုးလာစမ်းလို့မရဘူး..နင်လိမ်နေတာငါသိတယ်..(ဒါမျိုးငါတို့နိုင်ငံမှာရိုးနေဘီ..ဒါမျိုးငါ့လာမလုပ်နဲ့ဆိုပီးကျုံးဝါးလိုက်သေးတယ်....) ဒါပေမဲ့ဟန်ဆောင်ပီး အဲ့ဒါဆိုနေပါအုံးလို့..ငါပိုက်ဆံ(Cash)ပါမလာလို့သွားယူလိုက်ပါအုံးမယ်..ပြန်လာခဲ့ပါ့မယ်ဆိုပီး ရိုရိုကျိုးကျိုးလှည့်ထွက်လာခဲ့တယ်..လူက အဲ့ဒီနေရာကိုရောက်ဘို့ Lavendar ကနေတော်တော်လမ်းလျှောက်သွားခဲ့ရတာဆိုတော့ မောနေဘီ.. လိမ်နေတဲ့ကုမ္မဏီမှန်းသိသွားတဲ့အချိန်မှာ ပိုအမောဆို့တာပေါ့နော်..ဒါပေမဲ့ဘာမှစိတ်ထဲမထားတော့ဘဲ အဲ့ဒီကပြန်လာပီးသာမာန်လုပ်နေကြအတိုင်း နောက်ရက်တွေမှာ အလုပ်တွေဆက်ရှာတယ်..နောက် ၁ပတ်လောက်လဲကြာရော..အင်တာဗျူးတခုခေါ်ခံရလို့ သွားတော့ အဲ့ဒီမှာ မြန်မာ စုံတွဲတတွဲတွေ့တယ်..Singaporean နဲ့ Malay မလေးတွေလဲ အင်တာဗျူးလာဖြေကြတယ်..မြန်မာစုံတွဲစကားပြောကြရင်းနဲ့ သူကသတင်းစာက အလုပ်ကြော်ငြာတခုကိုပြတယ်..jssjs နဲ့စတဲ့ ကုမ္မဏီတခုဘဲ..အဲ့ဒီကုမ္မဏီကခေါ်ထားတဲ့ပို့စ်တွေ နေ့တိုင်းနဲမှမနဲဘဲ..အခန်းဖော်က သတိပေးထားဘူးတော့ အဲ့ဒီကုမ္မဏီအကြောင်းကကြိုသိနေပီးသား..အဲ့ဒါသူတို့ပြတော့ ကြည်ဝါက အဲ့ဒါလိမ်တဲ့ကုမ္မဏီလို့ မသွားနဲ့..စင်ကပူဒေါ်လာ ၁၀တောင်းပီး ဘာမှလုပ်မပေးဘဲ နင့်ကိုပြန်လွှတ်လိုက်လိမ့်မယ်ဆိုပီးပြောလိုက်တယ်..သာမာန်ဘဲလေ..အဲ့ဒါနဲ့ဆက်စပ်သွားပီး သူတို့အတွဲက ပြောရော...အစ်မရေ.အဲ့ဒါဆို Textile Centre ငါးလွှာကခေါ်တဲ့အလုပ်မျိုးရှိရင်လဲမသွားနဲ့နော်တဲ့..ကျွန်တော်တို့ တယောက် စင်ကပူဒေါ်လာတယောက်၂၀၀ဆီပေးခဲ့ရတယ်တဲ့ .. ပီးတော့ ကျနော်တို့ applications က reject ဖြစ်တယ်ဆိုပီးအကြောင်းကြားတယ်တဲ့ ... ကျနော်တို့ လိမ်ခံလိုက်ရတယ်ထင်တယ်တဲ့...သေရော..သွားဘီ.. ။ လိမ်ခံလိုက်ရတာဘွင်းဘွင်းကြီးကိုတောင် သူကထင်တယ်လုပ်နေသေးတယ်..။ လူကလဲ ကိုယ့်ကိုလိမ်တုန်းကကိုယ်ကရှောင်ထွက်နိုင်ခဲ့ပီး ကိုယ့်နဲ့ဘာမှမဆိုင်ပေမဲ့ ကိုယ့်လူမျိုးကို ဒီနိုင်ငံကလူက လိမ်တယ်ဆိုတော့ တင်းသွားတယ်..။ဒေါသက အဲ့မှာပိုးစိုးပက်စက်ပေါက်ကွဲတော့တာပဲ....။ စဉ်းစားကြည့်လေ..မျက်စိရှေ့ကလူနဲ့တင် ၄၀၀ ဖြစ်နေဘီ..။ အဲ့ဒါနဲ့ ဘာရမလဲ ..Message တွေပို့တာ အဲ့ဒီကုမ္မဏီကလူတွေကို.။ ကြည်ဝါ့မှာဖုန်းနံပါတ်ရှိတယ်လေ..။ သူတို့ကိုပိုးစိုးပက်ဆက်.ဆဲတာ။ F တွေနဲ့ဂျီးဘဲကိုင်ဆဲတာ..။ သူတို့ကပြန်ပို့တယ်.ကြည်ဝါ့ရဲ့ ရိုင်းဆိုင်းတဲ့ Message တွေကို ရဲကိုပြပီးတိုင်မယ်..ကြည်ဝါဘယ်ကလဲပေါ့....။ ကြည်ဝါကထပ်ဆဲတယ်..''နင်တို့ငါ့ကိုရဲတိုင်မယ်လို့ပြောနိုင်သေးတယ်နော်...ငါမြန်မာတယောက်ဘဲ..နင်လိမ်နေမှန်းသိလို့ နင့်ကိုပက်ဆံပေးမသွားတဲ့တယောက် "ဆိုပီးတော့ကိုပြောပီးဆဲ့တာ..(အဲ့လိုပြောရဲတာပေါ့..ကိုယ့်ရဲ့ CV ကို သူ့ကို Soft copy မှမပေးခဲ့တာ..Hard Copy ကိုလဲ ပြန်ယူခဲ့တယ်လေ.ဟိဟိ) ..။ နင်တို့ကုမ္မဏီလိပ်စာပေးပီး ရဲလက်အပ်လိုက်လို့ရတယ်..ဘာညာပေါ့..( ရောက်ခါစပဲရှိသေးတယ်..စွာနေတာလေ..)။သူတို့ကလဲမခေဘူး..ဖုန်းတွေဆက်တယ်..နံပါတ်မပေါ်တဲ့ဖုန်းတွေနဲ့ ..ဘယ်ဖုန်းကိုသုံးတာလဲ ဘာလဲညာလဲနဲ့ ကြည်ဝါ့သတင်းကိုနှိုက်တယ်..။ ကြည်ဝါကလဲထပ်ဆဲတယ်..။အဲ့လိုနဲ့ တပတ်လောက်ဆဲပီးသကာလ လူကအချိန်လဲရှိတော့တာမဟုတ်လို့ရပ်လိုက်ရတယ်..။ သူတို့လဲရပ်သွားတယ်..။ အဲ့ဒီအလုပ်ကလဲ နောက်ပိုင်းVacancy ကြော်ငြာတာမတွေ့တော့ဘူး....(လိပ်စာပြောင်းပီးခေါ်ရင်တော့မသိဘူးလေ.) အဲ့ဒါက ပထမအတွေ့အကြုံ ....။ ဒုတိယအတွေ့အကြုံက မနှစ်ကတင်ဖြစ်တာ..။ ကြည်ဝါကအဲ့ဒီတုန်းက Ang Mo Kio မှာနေတယ်..။ အလုပ်ပြောင်းချင်လို့ အင်တာဗျူးတွေဝင်နေတဲ့အချိန်..။ အေးဂျင့်တခုကဖုန်းဆက်တယ်..။ ကြည်ဝါ့အတွက် အလုပ်ရှိတယ်တဲ့..။ ကြည်ဝါက အလုပ်ရှာတာ ဘယ်အေး၈ျင့်မှမသုံးတော့ နဲနဲကြောင်သွားတယ်..။အဲ့ဒါသေချာမေးကြည့်တော့ သူတို့အေးဂျင့်က Job Vacancies Website တွေမှာလဲ အလုပ်ခေါ်ထားလို့
ကြည်ဝါလျှောက်မိထားတာဖြစ်နေတယ်...ကြော်ငြာမှာ သူကအေးဂျင့်လို့ရေးမထားဘူးကိုးးး..။  အဲ့ဒါနဲ့ ကြည်ဝါက စောရီးငါအေးဂျင့်နဲ့မဆက်သွယ်ပါဘူးလို့ပြန်ပြောတယ်..။သူက ကြည်ဝါ့အတွက် နေရာရှိနေလို့ပါ..အလုပ်က Bishan မှာပါ ( Bishan နဲ့ Ang Mo Kio နဲ့က ကပ်နေတာလေ..နီးနီးလေးဆိုတော့ ဟန်ကျတာပေါ့..) ။ အေးဂျင့် Fees ကို အလုပ်ရှင်က ပေးမှာပါ..ကြည်ဝါကပေးစရာမလိုဘူးတဲ့..ပီးတော့ ကြည်ဝါအင်တာဗျူးပီးမှအလုပ်ရှင်စိတ်ကြိုက်ဖြစ်မှသာ အလုပ်လုပ်ရမှာပါတဲ့။ ဒါပေမဲ့ သူတို့ကိုတော့ Service Fees ၅၀ ပေးပါတဲ့။ အဲ့ဒါနဲ့ ကြည်ဝါက ထပ်မေးတယ်..။ အင်တာဗျူးတခုငါ့ကိုစီစဉ်ပေးတာနဲ့ ငါက အင်တာဗျူးအောင် pass ဖြစ်လားမဖြစ်လားမသိခင်မှာ သေချာပေါက်  ၅၀ပေးရမှာလား.အဲ့ဒါဆို ငါစိတ်မဝင်စားပါဘူးလို့ပြောတော့ သူကသေချာထပ်ပြောတယ်.မဟုတ်ပါဘူး..အလုပ်ရှင်က လုံးဝကြိုက်မှာပါတဲ့..ကြည်ဝါ့တယောက်ထဲကိုရွေးထားတာတဲ့..လစာက xxxx ပေါ့ဆိုတော့ လူက စဉ်းစားလိုက်တယ်.အော်မဆိုးပါဘူးဆိုပီး..လစာက အ၇င်ကုမ္မဏီထက်နဲနဲပဲသာတယ်ဆိုပေမဲ့ အရမ်းနီးနေပီဆိုတော့စဉ်းစားလိုက်တာပေါ့.. .။ အဲ့ဒါနဲ့ အိုကေ..နင်တို့သေချာရင် ငါးဆယ်ပေးမယ်လို့ပြောလိုက်တယ်.။ ဒီလိုနဲ့  Outram Park က International Plaza (ဘယ်အထပ်လဲသိပ်မမှတ်မိတော့ဘူး..) ကိုသွားရတယ်..သူတို့ကအလုပ်ရှင်ဆီခေါ်သွားမယ်ဆိုတာကိုးး.။ ရောက်သွားတော့ ကြည်ဝ့ါကိုခေါ်သွားမယ့်လူက မရှိဘူး..ထမင်းသွားစားနေတယ်တဲ့..လူ ၆ယောက်လောက်တွေ့တယ်..အကုန်ငယ်ငယ်ဖျတ်ဖျတ်လတ်လတ်တွေဘဲ..။ ကြည်ဝ့ါကို Form တခုပေးတယ်..ကြည်ဝါ့ Data တွေကို ဖြည့်ပေးပါတဲ့..။ ပီးတော့ application အတွက်ပြောထားတဲ့အတိုင်း ၅၀ ကို အ၇င်တောင်းတယ်..။ ကြည်ဝါလဲ များများစဉ်းစားမနေဘဲ ပေးလိုက်ပီး Receipt တောင်းလိုက်တယ်..။ ပီးတော့ Form ရဲ့ ပထမစာမျက်နှာ ( ကြည်ဝါ့ရဲ့ Biography ) ကို ဖြည့်ပီးလို့ နောက်စာမျက်နှာလှန်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းက စတာ..။ တော်တော်ဆိုးတယ်..။ ဘုမသိဘမသိ ..စာကိုသေချာမဖတ် .. အင်္ဂလိပ်စာဖတ်ရမှာပျင်း .. စာပိုဒ်ကြီးတွေဖတ်ရမှာပျင်းတဲ့လူတွေတော့ ပိုးစိုးပက်စက်ဘဝပျက်မှာ (ကြည်ဝါထိပ်ဆုံးက..စာဖတ်ပျင်းတာ..ဒါပေမဲ့ ကြည်ဝါကလက်မှတ်ထားရမဲ့ ကိစ္စတွေဆိုသေချာဖတ်တယ်..အဲ့ဒီစိတ်ကပဲကယ်တာထင်တယ်..)  ။ သူက ဘယ်လိုရေးထားလဲဆိုတော့ "ကြည်ဝါသည် သူတို့ပြောထားတဲ့ Terms & Conditions တွေကို Agree ဖြစ်ပါသည်..သတ်မှတ်ထားသော ငွေကြေးကိုလဲ လစဉ်ကြည်ဝါ့လစာထဲက ဖြတ်ခွင့်ပေးပါမည်..။ အလုပ်ရှင်က ကြည်ဝါ့ကိုမကြိုက်လျှင် Warning ကာလ ပေးစရာမလိုဘဲ ထုတ်နိုင်ပီး ကြည်ဝါက မကြိုက်ရင် အလုပ်ရှင်ကို လစာ ၂စပေးလျော်ပီးမှထွက်ရမည်တဲ့ ..ပီးတော့ ကြည်ဝါ့ဘဏ်အကောင့်ကနေပီးလစဉ် ပက်ဆံကိုထုတ်နိုင်ဘို့အတွက် ဘဏ်ထဲမှာ သတ်မှတ်ထားသောပမာဏအမြဲရှိနေရမည်..စတဲ့အချက်တွေကို ပြွတ်သိပ်နေအောင်ရေးထားတယ်..။ရှင်းရှင်းလေးရေးမထားဘူး..။ပီးတော့ Bank Account ကိုဖြည့်ခိုင်းထားတယ်..။ အဲ့ဒါကို ကြည်ဝါဖတ်နေတဲ့အချိန်မှာ ( လက်မှတ်မထိုးရသေးဘူးနော်..) ကြည်ဝ့ါနဲ့တိုက်ရိုက်ပတ်သတ်ရမဲ့ အမျိုးသမီး ရောက်လာတယ်.။ ကြည်ဝါက သူ့ကိုပြောတယ်.. သတ်မှတ်ထားသောငွေဆိုတာဘာကိုပြောတာလဲလို့မေးတယ်...သူက ငါးဆယ်ကိုပြောတာတဲ့..ကြည်ဝါက ၅၀ကောက်တဲ့ကိစ္စက ကြည်ဝါလက်မှတ်ထိုးထားတဲ့ ဘဏ်အကောင့်လိုသလားလို့ထပ်မေးတယ်..။ သူက အဲ့ဒါက အဖြစ်ပါတဲ့..ကုမ္မဏီပိုင်ရှင် နဲ့သာသတ်ဆိုင်ပါတယ်တဲ့ .။ ကြည်ဝါက အဲ့ဒါဆိုရင် ဘာလို့ကြည်ဝါ့ကိုလက်မှတ်လာထိုးခိုင်းရတာလဲလို့မေးတော့ သူက သူတို့တာဝန်ယူပါတယ် လက်မှတ်သာထိုးလိုက်ပါတဲ့..(လာတာ..သိလား။) မထိုးနိုင်ဘူးလို့ခပ်ပြတ်ပြတ်ပြန်ပြောလိုက်တော့ သူက ကုမ္မဏီပိုင်ရှင်ကိုပြောပီးဘီမို့လို့ ဖျက်လို့မရတော့ဘူးတဲ့ .. ပီးတော့ အလုပ်ကလဲ လစာကောင်းတဲ့နေရာ နိုင်ငံခြားသားမရနိုင်တဲ့နေရာမို့လို့ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခကိုတော့ ပေးရပါလိမ့်မယ်တဲ့ စပြောရော.ဘယ်လောက်လဲ ဆိုတော့ (ဟားဟားဟား)..စင်ကပူ ၅၀၀၀ ဆိုပဲ...။အဲ့ဒါကို ၃လအတွင်းအကုန်ဖြတ်မှာတဲ့တောာာာာ့..ဘယ်လောက်ရီစရာကောင်းလိုက်သလဲဆိုရင်..။ အဲ့ဒီ ၅၀၀၀ ကို Agreement မှာထည့်မရေးထားဘဲ "သတ်မှတ်ထားသောငွေကြေး" တဲ့..။ အဲ့မှာဘဲကြည်ဝါက အိုကေ နင်ပြောပေးတဲ့အတွက်ငါကျေးဇူးတင်တယ်..ဒါပေမဲ့ အေးဂျင့်ကိုငါမဆက်သွယ်ဘူးဆိုတာငါ့ဘက်က သေချာနင့်ကိုပြောပြခဲ့ပီးဘီ...။ ဒါကို နင်က ငါ့အိမ်နဲ့နီးတယ်..ငါနဲ့ကိုက်တယ်..၅၀ပဲငါ့ဘက်ကပေးရမယ်ဆိုလို့ငါလာတာ..။ အခုငါဒီအလုပ်ကိုငြင်းဆိုတယ်..ဆိုတော့ သူက အချိန်အကြာဂျီးကြည်ဝါ့ကို အယုံသွင်းတယ်. နောက်ဆုံးလုံးဝမရတော့တဲ့နောက်ပိုင်းသူက အိုကေ အဲ့ဒါဆိုပြန်လို့ရပါပီ စိတ်မကောင်းပါဘူးတဲ့.. (ဟားဟား..၅၀ ယူထားတာကိုထည့်မပြောဘဲပြန်လွှတ်တယ်..သောက်ကမ်းမက ) ။ ကြည်ဝါက အိုကေ.ငါပြန်မယ်..ငါ့ကို ၅၀ ပြန်ပေးပါဆိုတော့ သူတို့က ကြည်ဝါ့အတွက် အလုပ်ရှာပေးထားတဲ့အတွက် သူတို့မှာအချိန်ကုန်ခဲ့တယ်..Applications တွေထဲက ရွေးထုတ်ပီး ကြည်ဝါ့ကို နေရာပေးရတဲ့အတွက် Service Fees မို့လို့ Receipt ကလဲ No. နဲ့မို့လို့  ပြန်ပေးလို့မရတော့ပါဘူးတဲ့ ..မျက်နှာလာပြောင်တယ်သိလား..။ လူက စုစုပေါင်း ၇ ယောက်နော်..ကြည်ဝါတယောက်ထဲ ( လူကလဲ နုနုလှလှလေး..ဟိဟိ) ။ ဘယ် Agreement ကိုငါက သဘောတူပီး ဘယ် Application ကိုနင့်ကိုလျှောက်ခိုင်းလို့ နင်က ငါ့ကိုငါးဆယ်တောင်းရတာလဲ..နင့်ကုမ္မဏီကိုငါက ငါ့အတွက်အလုပ်ရှာပေးဘို့ဆက်သွယ်ခဲ့ဖူးသလား..ပီးတော့ နင်တို့ကုမ္မဏီက Free Job Vacancies Website မှာ အလုပ်လိုတယ်လို့ပြောထားလို့ ငါကအေးဂျင့်ကုမ္မဏီလို့ရေးမထားလို့ ငါ လျှောက်လိုက်မိတာ..။ အခုငါ နင့် Agreement ကို Agree မဖြစ်ဘူး..။ နင့်အလုပ်လစာဆိုတာလဲ ငါမလုပ်ချင်တဲ့လစာမျိုးပဲ..။ ငါအဲ့ဒီလစာလောက်ကို အေးဆေးခေါက်ထားတယ်..ငါမသုံးတဲ့လစာ ..။ ငါ့သူငယ်ချင်းလိုအပ်တဲ့လူတွေကို ပိုက်ဆံမယူဘဲ ငါပေးနေတဲ့ အလုပ်တွေကလစာမျိုး..။ applications တွေကိုရွေးချယ်ပီး ငါ့ကိုရွေးထုတ်တဲကိစ္စက နင်တို့ကုမ္မဏီကိစ္စ..။ ငါနဲ့မပတ်သတ်ဘူး..။ Receipt ပေးပီးလို့ ပြန်မရတော့ပါဘူးဆိုတဲ့ စကားလာမပြောနဲ့ ..ငါ့ပက်ဆံပြန်ပေးလို့ပြော၇င်းနဲ့ တဖြေးဖြေး ကျယ်ကျယ်လောင်လောင်ဖြစ်လာတယ်..။ နောက်တော့ အနောက်ဘက်မှာရှိနေတဲ့ လူ၃ယောက်လောက်ထွက်လာပီး ကြည်ဝါနဲ့စကားပြောနေတဲ့အမျိုးသမီးကို Receipt ကိုနောက်မှပြင်တော့ တော်ဘီ ပြန်ပေးလိုက်တော့တဲ့ .. ဆိုပီး စောင့်ကြိးအောင့်ကြီး  ၅၀လာပေးတယ်....။ ဟွန်းဟွန်းဟွန်း..ဘာရမလဲ..ဒါမျိုးလာလုပ်လို့ကတော့ ။ ၅၀ယူပီးပြန်လာတော့ လူကလွတ်လပ်နေတယ်..ဒါပေမဲ့ တနေရာကလေးနေလို့ သတိထားမိတော့ ရှူးရှူးပေါက်ချင်တာဖြစ်နေတယ်..။အဲ့ဒါနဲ့အိမ်သာမှာ မိနစ်အနည်းငယ်ဖြုန်းပီး ပြန်ဆင်းလာတော့ ဒင်းတို့က အောက်ထပ်လူတွေနဲနဲရှုတ်နေတဲ့နေရာမှာ ဆေးလိပ်သောက်နေတယ်..ကြည်ဝါ့ကိုလဲ ကြည့်နေတယ်..။ ဟင်းဟင်းဟင်းး..ဘာရမလဲ ..မျက်နှာတမျိုးလုပ်ပစ်ပီးတော့ ဆံပင်တချက်ခါပေးလိုက်တယ်..ဒါပဲဆိုတဲ့အထာ..။ (လက်ညောင်းလိုက်တာ..အီးးးး) ဒါဟာ ကြည်ဝါကြုံခဲ့ရတာတွေထဲက အဖြစ်အပျက်၂ခုထဲပါ..အဲ့ဒီမှာ ကြည်ဝါတို့ရဲ့မြန်မာတွေကို သတိပေးချင်တာက ကိုယ့်ကိုကိုယ်အားကိုးပါ..။ ကိုယ့်အရေအချင်းကိုယုံကြည်ပါ..။ တဖက်သားကို တတ်နိုင်သမျှ မမှီခိုပါနဲ့..။ ကိုယ့် အရေအချင်းကို တက်နိုင်သမျှဖော်ထုတ်ပါ..။ စင်ကပူမှာအလုပ်ရှင်ကကြိုက်ရင် ခန့်ပါလိမ့်မယ်..။အလွယ်လမ်းကို လိုက်ပီး အေးဂျင့်တွေရဲ့လိမ်တာ မခံပါနဲ့..။  ကြည်ဝါ့ရဲ့အတွေ့အကြုံကိုဖတ်ပီးလို့ လူလိမ်ခံရမဲ့ဘေးက လွတ်ကင်းအောင် သတိထားရှောင်ရှားနိုင်မယ်ဆိုရင် မရေးတတ်ရေးတတ်နဲ့ ပထမဆုံးရေးလိုက်တဲ့ ကြည်ဝါ့ရဲ့  ဒီဆောင်းပါးလေးမှာ ရှိနေတဲ့ အမှားတွေကို ခွင့်လွှတ်နိုင်ပါစေလို့ ဆန္ဒပြုရင်းနဲ့တိုတိုတုတ်တုတ်ပဲ နိဂုံးချုပ်ပါတယ်..။ ကျေးဇူးတင်ပါတယ်..။ ( လက်ညောင်းလို့သေရပါတော့မယ်..)
ကြည်ဝါ

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ