.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, June 20, 2011

သံအမတ်ကြီးဦးဖေခင် ရှားပါးဓါတ်ပုံများ


News Item: : သံအမတ်ကြီးဦးဖေခင်
(Category: Famous Myanmar Muslims)
Posted by Webmaster
Monday 29 June 2009 - 17:28:44

အငြိမ်းစားသံအမတ်ကြီးဟောင်း ဥိးဖေခင်(ပင်လုံစာချုပ်ဖြစ်မြောက်ရေး အထူးဆောင်ရွက်ခဲ့သူ) ရဲ့မှတ်တမ်း ဓါတ်ပုံတွေရသလောက်စုစည်းပေးလိုက်ပါတယ်။

နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။


၁၉၅၀ ခုနှစ်က ကုလသမ္မဂ္ဂ အရေးပေါ်အစည်းအဝေးတစ်ခုတွင် ဦးဖေခင်ကိုတွေ့ရစဉ်

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး V. K. Krishna Menon (၀ဲ) -မေးထောက်စကားပြောနေသူ (ယာ) မှာ ကုလသမ္မဂ္ဂ မြန်မာနိုင်ငံကိုယ်စားလှယ် ဦးဖေခင်ဖြစ်သည်။


ဒီးဒုတ်ဦးဘချို (ခေါင်းပေါင်း)၊ ဆာမောင်ကြီး (ခေါင်းပေါင်း)၊ ဦးချန်ထွန်း၊ ဗိုလိချုပ်အောင်ဆန်း၊ ဦးစိန် (အတွင်းဝန်)၊ ဦးဖေခင်၊ သခင်မြ။


ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း လူထုအားဟောပြောစဉ်။
(ရှေ့ဆုံး အလယ်တွင်ထိုင်နေသူ ဦးဖေခင်)

--------------------------------------

ပင်လုံရှုခင်းနှင့် ဦးဖေခင် ......

ပင်လုံတွင် ဒူးဝါးများနှင့် စော်ပွားများ တို့၏တောင်းဆိုချက်များကြောင့် ညှိုနိုင်းမှုများမှာ မထင်မှတ်ပဲ ပိုမို ရှုတ်ထွေး ခက်ခဲလာခဲ့ရသည်။

“ဒီအတိုင်းသာဆက်ပြီး မပြေမလည် ဖြစ်မဲ့အနေအထားကိုပြနေဦးမယ်ဆိုယင် ကျုပ်တို့ဘာသာ ကျုပ်တို့ ဆက်စခန်းသွားဖို့ပဲ ရှိတော့တယ်” ဟုဗိုလ်ချုပ်က ထုတ်ဖေါ်ပြောဆိုလာကာ ခေတ္တမျှစဉ်းစားပြီး ဗိုလ်ထွန်းလှဘက်သို့လှည့်ကာ “လေယာဉ်မှာပြီးအသင့်ပြင်ထားကွာ”ဟုအမိန့်ပေးခဲသည် ။

ဦးဖေခင်က နှင့် ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) တို့က ညတွင်းချင်း ပင်လုံနှင့် အနီးတ၀ိုက်သို့ ရောက်ရှိနေကြသော ကျောင်းသားများ မြို့နယ်အဖွဲ့အစည်းများဆီသို့ သွားရောက်တွေ့ဆုံကာ “လုပ်ကြပါဦး ဗိုလ်ချုပ်က စိတ်ပျက်ပြီး ရန်ကုန် ပြန်တော့မယ် တစ်ခုခုလုပ်မှဖြစ်မယ်။ ညီလာခံပျက်လို့မဖြစ်ဘူး ”ဟုသွားရောက်ညှိုနှိုင်းခဲ့ပါသည်။

ဦးဖေခင် ၏ ကြိုးပမ်းမှုမှာ အလဟသမဖြစ်ခဲ့ပါ ပင်လုံရွာအနီးရှိ ရွာများသို့ ရောက်ရှိနေသော ညီလာခံတက်ရောက်သူများ ညီလာခံအခြေအနေလာကြည့်သူများ အကြားအဆိုပါ ဗိုလ်ချုပ်ပြန်တော့မည်ဟူသော သတင်းပျံနှံ့သွားပြီး ကျောင်းသားများ နှင့် မြို့နယ်အဖွဲ့အစည်းများက ပင်လုံသို့ကားများဖြင့် ချက်ခြင်းရောက်ရှိလာကြပြီး “လွပ်လပ်ရေးချက်ခြင်ပေး” “ရှမ်းဗမာပူးပေါင်းပါ” “နယ်ချဲ့အလိုမရှိ” ကြွေးကြော်သံများဖြင့် လှည့်လည်ကြွေးကြော်ခဲ့သည်။ ထိုကြောင့် ပင်လုံတစ်ရွာလုံးနှင့် ညီလာခံတက်သူများအကြား ပြေးကြလွားကြနှင့် ရုတ်ရုတ်သဲသဲဖြစ်ကာ ညောင်ရွှေစော်ပွားကြီးနှင့် မိုင်းပွန်စော်ပွားကြီးတို့လဲ ကြားသိသွားပြီး ဗိုလ်ချုပ်အားမပြန်ရန် ဖျောင်းဖျပေးပါဟု ဦးဖေခင်နှင့် ဗိုလ်ထွန်းလှတို့အား ပြောခိုင်းတော့မှ ဗိုလ်ချုပ်က သဘောတူလိုက်လျောခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ပင်လုံဖြစ်မြောက်ရေးတွင် ကျရာကဏ္ဍ တစ်ဒေါင့်တစ်နေရာမှ တာဝန်ကြေပြွန်ခဲ့သူ မြန်မာမွတ်စလင်တစ်ဦးဖြစ်သော ဦးဖေခင် အပါအ၀င် အခြားသူများ အား ဂုဏ်ပြုအပ်ပါသည်

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး၏ အခွင့်အရေးများကို ကာကွယ်ပေးရင်း တိုင်းပြည်၏ စည်းလုံးညီညွတ်မှုရယူရန်

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ