.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, July 6, 2011

ကချင်ပြည်နယ်ဝန်ကြီး​၏ ကိုယ်စား​လှယ်များ​ကို ​ကေအိုင်အို ​တွေ့​ဆုံ

Published on July 6, 2011 by ​အေး​နိုင်   ·   No Comments
ကချင်ပြည်နယ်အတိုင်ပင်ခံအဖွဲ့ ​ဥက္ကဋ္ဌ ဦး​ဆင်ဝါး​နော်နဲ့​ အတွင်း​ရေး​မှူး​တို့​ နှစ်ဦး​ဟာ ဒီက​နေ့​ တရုတ်-မြန်မာနယ်စပ်က ​ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ​ရောက်ရှိလာပြီး​ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေကို ​တွေ့​ဆုံခဲ့ပါတယ်။
ကချင်ပြည်နယ်လုံခြုံ ​ရေး​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သန်း​အောင် ​ပေး​လိုက်တဲ့​စာကို ယူလာပြီး​ 
ကေအိုင်အိုကို ​ပေး​တာဖြစ်ပါတယ်။
စာမှာအဓိကအား​ဖြင့်​ ​ကေအိုင်​အေဘက်က တပ်​တွေကို ပစ်ခတ်တာရပ်စဲဖို့​ အမိန့်​ပေး​ဖို့​ ​တောင်း​ဆိုထား​တာ ဖြစ်ပါတယ်။
ဒီ​တွေ့​ ဆုံမှုဟာ ဇွန်လ ၃၀ ရက်​နေ့​က ဗိုလ်မှူး​ကြီး​သန်း​အောင်နဲ့​ ​ကေအိုင်အို ဒုစစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော်တို့​ ​တွေ့​ဆုံအပြီး​ တပတ်အတွင်း​မှာ ထပ်မံ​တွေ့​ဆုံမှု ဖြစ်ပါတယ်။
ဒီ​တွေ့​ဆုံပွဲနဲ့​ပတ်သက်လို့​ ​ကေအိုင်အို​ပြောခွင့်​ရ ဦး​လနန်း​ကို ​မေး​ထား​ပါတယ်။
“သူတို့​ဘက်က ဇွန်လ ၁၈ ရက်က စပြီး​ မပစ်ခတ်ဖို့​ သက်ဆိုင်ရာ​တွေကို ကမ်း​လှမ်း​ထား​ပြီး​ပြီဆိုတဲ့​ အ​ကြောင်း​ပါ။ အဲဒါ​ကြောင့်​မို့​ တူညီတဲ့​တုံ့​ပြန်မှုအ​နေနဲ့​ ကျ​နော်တို့​ ​ကေအိုင်​အေကလည်း​ ပြန်ပြီး​တော့​ အပစ်အခတ်ရပ်ဖို့​ ညွှန်ကြား​ပေး​ပါဆိုတဲ့​အချက်ပါ။”
အစိုး​ရတပ်စခန်း​တွေနဲ့​ပတ်သက်လို့​ ပစ်ခတ်ခြင်း​မပြုဖို့​ဆိုတဲ့​ အချက်​တွေ ပါလား​။
“​ဒေသတည်ငြိမ် ​အေး​ချမ်း​ရေး​လုပ်ငန်း​စဉ်မှာ ဒါ​တွေက တိုက်ပွဲ​တွေဘာ​တွေ မဖြစ်ဘူး​ဆိုရင် သက်​သေပြယုဂ်တခုဖြစ်မယ်ဆိုပြီး​ စာမှာ ​ရေး​ထား​ပါတယ်။ ​နောက်တခုက ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ ထာဝရငြိမ်း​ချမ်း​ရေး​ကို ဦး​တည်​ဆောင်ရွက်မှာဖြစ်တဲ့​အတွက်မို့​ အချိန်​တော့​ ယူရမယ်ဆိုတဲ့​ဟာ​တွေ​ပေါ့​နော်။ အဲလို အချိန်ယူတဲ့​အခါမှာ တဖက်နဲ့​တဖက် ယုံကြည်မှုတည်​ဆောက်ပြီး​တော့​ ​ရှေ့​လုပ်ငန်း​စဉ်​တွေကို အ​ကောင်ထည်​ဖော်​ရေး​မှာ ယုံကြည်မှုရှိရမယ်ဆိုတဲ့​ အချက်​တွေပါပဲ။”
ကေအိုင်​အေက ​တောင်း​ဆိုထား​တဲ့​ အပစ်ခတ်ရပ်စဲ ​ကြောင်း​ အ​ထောက်အထား​ မပြဘဲ အခုလို လုပ်​နေတာဟာ အစိုး​ရဘက်က​နေ သုံး​ခေါက်ရှိပြီလာတာ၊​ ​ကေအိုင်​အေဘက်က​နေပြီး​တော့​ တိုက်ပွဲလိုတယ်ဆိုပြီး​တော့​ တချိန်ချိန်မှာ ​ဝေဖန်ဖို့​အတွက် နိုင်ငံ​ရေး​အမြတ်ထုတ်တယ်ဆိုတဲ့​ပုံစံမျိုး​ ​ဝေဖန်တာ​တွေရှိတယ်။ အခု ခရီး​စဉ် သုံး​ရပ်အ​ပေါ်မှာ ဘယ်လိုမျိုး​ မြင်လဲ။
“အခုလာတာ ညှိနှိုင်း​ရေး​အဖွဲ့​ကို ကိုယ်စား​ပြုပြီး​လာတဲ့​ သ​ဘောမျိုး​တော့​ မဟုတ်ဘူး​ ကျ​နော်တို့​ခန့်​မှန်း​ကြည့်​တာ။ ကချင်အမျိုး​သား​များ​ အတိုင်ပင်ခံအဖွဲ့​ရဲ့​ ဥက္ကဋ္ဌရယ် အတွင်း​ရေး​မှူး​ရယ် လာကြတာပါ။ အဲ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ပတ်သက်ပြီး​ ဒီ​တွေ့​ဆုံမှုနဲ့​ အဆင့်​တဆင့်​လို့​ ​ပြောလို့​မရဘူး​။ ”
အဲ​တော့​ သူတို့​ ​စော​စောက ​ပြောတဲ့​ အချက်အလက်​တွေက ဘယ်သူက ​ပေး​လိုက်တာပါလဲ။
“စာ​ရေး​ လိုက်တာက​တော့​ အဖွဲ့​ခေါင်း​ဆောင် ဗိုလ်မှူး​ကြီး​ သန်း​အောင်က​နေပြီး​တော့​ ​ရေး​လိုက်တဲ့​စာပါ။ အဓိကက​တော့​ သူတို့​တပ်ဖွဲ့​တွေအ​နေနဲ့​ မပစ်ဖို့​ ညွှန်ကြား​ထား​ပြီး​ပြီ။ အဲ​တော့​ တူညီတဲ့​တုံ့​ပြန်မှုအ​နေနဲ့​ ခင်ဗျား​တို့​အ​နေနဲ့​ ​ရှေ့​တန်း​မှာ ပစ်လား​ခတ်လား​မလုပ်ဖို့​ပေါ့​ အဓိက အဲဒါပါပဲ။ ငြိမ်း​ချမ်း​ရေး​လုပ်တဲ့​အခါမှာ အချိန်​တော့​ ​တော်​တော်​လေး​ယူရမယ်။ ဒါ​ကြောင့်​ နှစ်ဖက်ကို ယုံကြည်မှုကိုလည်း​ တည်​ဆောက်မယ်ဆိုတဲ့​ သ​ဘောနဲ့​ပြောတာပါ။”
ဗိုလ်မှူး​ကြီး​သန်း​အောင်က​နေပြီး​တော့​ အပစ်ခတ်ကို ၁၈ ရက်​နေ့​ကတည်း​က ရပ်ထား​ပြီး​ပြီလို့​ပြောတယ်။ ဒါ​ပေမယ့်​ မ​နေ့​က ညတုန်း​က ၁၀ နာရီက​နေ မနက် ၂ နာရီအထိ တိုက်ပွဲ​တွေ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး​တွေနဲ့​လည်း​ အစိုး​ရဘက်က ပစ်တယ်လို့​ပြောတယ်။ အဲ​တော့​ ဗိုလ်မှူး​ကြီး​သန်း​အောင် ​ပြောကြား​ချက်က ​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ်က ကတိကို ချိုး​ဖောက်တာလား​၊​ ဘယ်လိုမြင်လဲ။ ​ကေအိုင်​အေ တပ်မဟာ ၃ လက်​အောက် တပ်ရင်း​ ၁၅ ဘက်မှာ တိုက်ပွဲ​တွေ ဖြစ်တယ်ကြား​တယ်။
“ကျ​နော်လည်း​ အဲဒါ ကြား​မိပါတယ်။ အခုထက်ထိ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​ကို နှစ်ဦး​နှစ်ဖက်က​နေ သ​ဘောတူညီချက် မရ​သေး​တဲ့​အတွက်​ကြောင့်​မို့​ အဲလိုမျိုး​ ပစ်ခတ်မှုကို ကျ​နော်တို့​ဘက်က​တော့​ ဘာမှ ​ပြောဆိုစရာ​တော့​ မရှိဘူး​ခင်ဗျ။ သူတို့​ဘက်က​နေပြီး​ အပစ်အခတ်ရပ်ဆိုင်း​ထား​တယ်ဆိုတာ ကျ​နော်တို့​ဘက်ကို လာ​ပြောတာရှိတယ်၊​ ပြီး​တော့​ စာထဲမှာ သူတို့​ စစ်တိုင်း​မှူး​က ညွှန်ကြား​ထား​သည်ဆိုတဲ့​ စာပိုဒ်​လေး​ ပြန်ပြီး​တော့​ ​ဖော်ပြထား​တာ​လေး​ ရှိတယ်။ ဒါ​ပေမယ့်​ အဲဒါ​ကြောင့်​ ကျ​နော်တို့​ပြောတာ​ပေါ့​။ ဒါက​တော့​ ယုံကြည်ရခက်တယ်။ သက်ဆိုင်ရာ စစ်ဖက်အရာရှိက​နေပြီး​တော့​ အမှန်တကယ်ပဲ အပစ်အခတ်ရပ်ဆိုင်း​ထား​ခိုင်း​တယ်ဆိုတဲ့​ သက်​သေအ​ထောက်အထား​ ​တောင်း​တာ အဲဒီအတွက်​ကြောင့်​ပါ။ သူတို့​ အဲလိုမျိုး​ ​ပြော​ပေမယ့်​ ပစ်ခတ်မှု​တွေဖြစ်လာတာက ကျ​နော်တို့​အတွက် ဘာမှ ထူး​ခြား​တဲ့​ ဖြစ်စဉ်လို့​တော့​ မသတ်မှတ်ပါဘူး​ခင်ဗျ။”
၃ ရက်​နေ့​က ညွှန်ကြား​ချက်ကို​ရော အစိုး​ရဘက်က ​တောင်း​ရင် ဦး​လနန်း​တို့​ဘက်က ​ပေး​ဖို့​ အဆင်သင့်​ပဲလား​။
“သူတို့​က​ နေပြီး​ ဒီ​တောင်း​ဆိုမှုက​တော့​ မရှိဘူး​။ ဒါက​တော့​ အပစ်ခတ်ရပ်ဆိုင်း​ရေး​မဟုတ်ဘူး​။ ကျ​နော်တို့​ညွှန်ကြား​ထား​တာက​တော့​ ကျ​နော်တို့​ဘက်က အပစ်ခတ်ရပ်ဆိုင်း​ထား​တယ်ဆိုတဲ့​ဟာမျိုး​မဟုတ်ဘူး​။ ကျ​နော်တို့​ လိုအပ်ရင်လိုအပ်သလို ​ရှေ့​တန်း​မှာ ရင်ဆိုင်မှုဖြစ်ရင်​တော့​ တိုက်ပွဲ​လေး​တွေ​တော့​ ဖြစ်မှာပါ။ ကျ​နော်တို့​ဘက်က အပစ်အခတ်ရပ်ဆိုင်း​တဲ့​ ညွှန်ကြား​ချက်မဟုတ်ပါဘူး​။”
ဒီည လိုင်ဇာမှာ အိပ်မှာ​ပေါ့​နော် ကိုယ်စား​လှယ်နှစ်​ယောက်က။
“ဟုတ်တယ်။ သူတို့​က နည်း​နည်း​မိုး​ချုပ်သွား​တော့​ တညအိပ်ပြီး​တော့​ မနက်ဖြန် ပြန်ကြမှာပါ။ တခြား​တော့​ ဘာမှ ထူး​ထူး​ထွေ​ထွေ ​ပြော​နေစရာမရှိပါဘူး​။”
နောက်တခါ ဘယ်​တော့​ ထပ်​တွေ့​မလဲ၊​ ခရီး​စဉ်​တွေက​တော့​ စိပ်​နေတယ်​နော်။
“လွှတ်​ တော်ကိုယ်စား​လှယ်​တွေက​တော့​ စကား​နဲ့​ပါး​တာတို့​၊​ စာနဲ့​ပါးတာတို့​မျိုး​ပဲရှိတယ်။ တပ်ပိုင်း​ဆိုင်ရာက​တော့​ မ​နေ့​က ပစ်တာခတ်တာ​တော့​ ရှိတယ်။ ကျ​နော်တို့​ဘက်က ပစ်တာ​တော့​မဟုတ်ဘူး​၊​ သူတို့​ဘက်က ပစ်တာလို့​ ​ပြောတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ