.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, April 23, 2011

ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူ ကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုးပေးနေရ

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်ဒွယ်လိုး မြို့နယ်ရှိ ၀ါ့မူ့ကျေးရွာအုပ်စုမှ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများသည် စာမေးပွဲဖြေပြီးချိန်မှစ၍ ယခုအချိန်ထိ ထိုဒေသ တွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ၏ ရိက္ခာများ ကို ထမ်းပိုးပေးနေရသည်ဟုဒေသခံ ကျောင်းဆရာများက ပြောသည်။
ဝါ့မူ့ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ် တပ်မ(၁၁)လက်အောက်ခံ ခလရ(၉၆)တပ်ရင်းသည် ၀ါ့မူ့၊ မယ်တိုး ထာ၊ ကေကော်နှင့် မယ်ဝေစခန်းများတွင် အခြေချသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများ ထမ်းပိုးပေးရန် ပြီးခဲ့ သည့် ဖေဖော်ဝါရီလကုန် စာမေးပွဲဖြေဆိုပြီးချိန်မှ ယနေ့အချိန်ထိ ယင်းသို့ ခေါ်ယူခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ၀ါ့မူ့ကျေးရွာအုပ်စု မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းကျောင်းဆရာက “ရိက္ခာထမ်းပို့ခိုင်းတာက စာမေးပွဲဖြေတဲ့အချိန်ကတည်းကပါ။ စာမေးပွဲအချိန်ဆိုတော့ ဘယ်သူမှ မသွား ကြသေးဘူး။ စာမေးပွဲပြီးမှ ဆရာဆရာမ၊ ကျောင်းသူကျောင်းသားတွေအကုန်စုပေါင်းပြီး တော့ သွားထမ်းပို့ပေးကြတယ်။ နေ့ တိုင်း မခိုင်းပေမယ့် တရက်ခြားနှစ်ရက်ခြားတခါ အခုထက်ထိ သွားနေရတုန်းပဲ။”ဟု ပြောသည်။

ယင်းသို့ တပ်ရိက္ခာအတွက် သွားထမ်းပိုးပေးရာတွင် တနေကုန်သွားလာရသည့်အပြင် လမ်းခရီး၌ စစ်တပ်မှ ထမင်းမကျွေးသ ဖြင့် မိမိတို့၏နေအိမ်မှ ထမင်းထုတ်များ သယ်ဆောင်သွားရသည်ဟု အဆိုပါကျောင်းဆရာက ပြောသည်။

ထို့အပြင် ရိက္ခာထမ်းပိုးရသည့် ၁၃နှစ်နှင့် ၁၄နှစ်အရွယ် ကျောင်းသူကျောင်းသားများမှာ သွားလာရင်း လမ်းခုလတ်တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် စိုးရိမ်စိတ်ဖြင့် လိုက်ပါနေရသည်ဟု သိရသည်။

ကျောင်းဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ ယခုလို နွေကျောင်းပိတ်ရက်တွင် စစ်တပ်ရိက္ခာ ထမ်းပိုးပေးရခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်ရာရောက်ကြောင်း နယ်စပ်ဒေသရှိ ကရင် ကျောင်းဆရာများသမဂ္ဂ(KTWG)မှ ဆရာ စောအဲဒိုဝါးက ပြောသည်။

၎င်းက “ပေါ်တာခေါ်တာတို့၊ ဆန်ထမ်းခိုင်းတာတို့ လုပ်ဆောင်တဲ့နေရာမှာ ကလေးတွေပါ ပါဝင်တာကိုကြည့်ရင် လူ့အခွင့်အ ရေးချိုးဖောက်မှုတရပ်ပဲ။ ဒါဟာ တနည်းတဖုံနဲ့ ကလေးတွေရဲ့ ကြီးပြင်းလာမှု၊ဦးနှောက်ဖွံ့ ဖြိုး လာမှုကို တကယ်ပဲ အနှောက်အ ယှက်ဖြစ်စေတယ်။ ဒီတော့ ကျနော်တို့ ကရင်ကျောင်းဆရာများသမဂ္ဂအနေနဲ့ လုံးဝ ဆန့်ကျင်တယ်။”ဟု ပြောသည်။

ကျောင်းသူကျောင်းသားနှင့် ဆရာဆရာမဦးရေ ၇၀၀ကျော်ရှိ ဒွယ်လိုးမြို့နယ်၊ ၀ါ့မူ့ကျေးရွာအုပ်စုရှိအထက်တန်း ကျောင်းများ မှာ အစိုးရကျောင်းများဖြစ်သော်လည်း မူလတန်းကျောင်းအများစုကမူကိုယ်ထူကိုယ်ထကျောင်း များ ဖြစ်ကြသည်။

မလေးရှား ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ အဖမ်းခံရ

လူပျောက် သတင်း(ပြန်လည်တွေ.ရှိအဆက်အသွယ်ရပြီ)


ပျောက်ဆုံးနေရာမှပြန်တွေ.သူမခင်သီတာဝင်း(ခ)နောင်ဖာ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို. စမိုပါနန်ရပ်ကွက်အတွင်း နေထိုင်အလုပ်လုပ်ကိုင်လျှက်ရှိသော 
အဖ ကိုမောင်မောင်(ခ)ခင်မောင်ထွန်း အမိ ဒေါ်စန်းလှိုင်တို.ဧ။်သမီး မခင်သီတာဝင်း(ခ)နောင်ဖာ အသက်(၂၁) ခန်.သည် ထိုင်းနိုင်ငံ မလေးရှားနယ်စပ် ဟယိုင်မြို.သို.သွားရောက်ပြီးနောက် ယခုအခါစူလတ်
ဌာနီခရိုင်အတွင်းရှိ  ဈေးဆိုင်တစ်ခုတွင် ဈေးရောင်းအလုပ်အား ချစ်သူဖြစ်သူ ကိုအာကာဇင်မင်းထွန်းနှင့်
အတူနေထိုင်လျှက် အေးချမ်းစွာ အလုပ်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရပြီး  မိဘများနှင့်ပြန်လည်အဆက်အသွယ်ရရှိစေရန်  ကာယဥာဏအလုပ်သမားများအဖွဲ.မှ ကူညီဆောင်းရွက်ပေးခဲ့ကြောင်းသူငယ်ချင်းများကိုအသိပေးအပ်ပါသည်။...၀ိုင်းဝန်းစိတ်ပူပင်ပေးကြသော
သူငယ်ချင်းများ အားပေးစကားပြောကြားသောသူငယ်ချင်းများအားလုံး နှင့်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော
မစိုးစိုး  အားအထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ....။
လေးစားစွာဖြင့်....
                   
မစိုးစိုး           ။  ။ 028771756    (ကူညီဆောင်ရွက်ပေးသူ)
ဝေမင်း          ။  ။ 0835928497 (ကူညီဆောင်ရွက်ပေးသူ)
                   ။  ။ 0817978706 
(ကာယဥာဏအလုပ်သမားများ အဖွဲ.)(http//www.waymin007.blogsport.com)

လက်တော့ပ်ကို ရထားပေါ်သယ်ရင် တန်ဆာဆောင်ဖို့လို


ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်တော့ပ်အား ယူသွားပါက လက်မှတ်စစ် တွေ့ရှိလျှင် တန်ဆာမဆောင်ဘဲ သယ်ဆောင်မှုဖြင့် ဒဏ်ငွေဆောင်ရမှာ ဖြစ်သည်။

ဓါတ်ပုံ - ရထားပို့ဆောင်ရေး ၀န်ကြီးဌာန
ဓါတ်ပုံ - ရထားပို့ဆောင်ရေး ၀န်ကြီးဌာန
မြို့ပတ် ရထားပေါ်ဖြစ်စေ၊ နယ်ဝေးပြေးဆွဲနေသည့် ရထားများ အပေါ်တွင်ဖြစ်စေ ကွန်ပြူတာတွေ့လျှင် ဒဏ်ငွေ ၄၈ဝဝ ကျပ်အထိ ဒဏ်တပ်ခံရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေးဌာနက တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။
 
”ကွန်ပြူတာ လက်ပ်တောပ့်ကတော့ Personal Use လည်း မရဘူးခင်ဗျ။ တလုံးထဲလည်း ဒဏ်ရိုက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ရထားပေါ် လက်ပ်တော့ ကွန်ပြူတာ သယ်ဆောင်မှုဖြင့် လက်နှိပ်စက်နှုန်းထားအတိုင်း ဒဏ်ရိုက်ခံခဲ့ရသူ တဦးက ဒဏ်ငွေ ကျပ် ၂၁ဝဝ ပေးဆောင် ထားခဲ့ရသော ပြေစာကို မကြာသေးခင်က Facebook တွင် တင်ထားခဲ့ရာ လူအများအကြား မြန်မာ့ရထား၏ စည်းမျဉ်းစည်းကမ်းကို အံ့သြမှု ဖြစ်ခဲ့ကြသည်။

အဆိုပါ ခရီးသည် ဒဏ်ငွေ ဆောင်ခဲ့ရမှုနှင့် ပတ်သက်၍ မီးရထား အရာရှိကမူ ဒဏ်ငွေပမာဏ ၂၁ဝဝ ကျပ်သာ ပေးဆောင်ရသည်မှာ ”ကံကောင်း” သော ဖြစ်ရပ်ဟု မဇ္ဈိမကို ပြောသည်။ ဒဏ်ငွေကို ၃ ဆအထိ ပုံမှန်ပေးဆောင်ရသည်ဟု ဆိုသည်။

မီးရထားစီး၍ ခရီးသွားမည့်သူအနေဖြင့် မိမိနှင့်အတူ ကွန်ပြူတာပါလာပါက ရထားဘူတာရှိ တန်ဆာဆောင် ဌာနတွင် သွားရောက်၍ ငွေပေးချေရမည်ဟုလည်း ရထားအရာရှိက ပြောသည်။

ထိုကဲ့သို့ သယ်ဆောင်ရာတွင်လည်း အသုံးပြုသူကိုယ်တိုင် တန်ဆာဌာနသို့ လာရောက်၍ ကိုယ်တိုင်တပါတည်း သယ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အကြောင်းကြားရန်၊ တန်ဆာပြုလုပ်ရန် လိုအပ်ပြီး လူကြုံပါး၍ သယ်ဆောင်ခွင့်ကို ခွင့်မပြုကြောင်း သိရသည်။

ထို့အတူ တလုံးထက်ပိုသော ဓာတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာများလည်း တန်ဆာဆောင်ရန် လိုအပ်သည်ဟု နေပြည်တော် မီးရထား ရုံပိုင်ချုပ်ကြီး ဦးအောင်ခင်က မဇ္ဈိမကို ပြောသည်။ 

“အဓိကကတော့ ကွန်ပြူတာလိုမျိုး လျှပ်စစ်ပစ္စည်းတွေ ရထားပေါ်မှာ ကိုင်ဆောင်ပြီး သွားမယ်ဆိုရင် ကျနော်တို့ဆီမှာ လာပြီး လက်မှတ်တောင်းယူဖို့ လိုပါတယ်။ တန်ဆာဆောင်ဖို့ လိုပါတယ်။ အဲလိုမှမလုပ်ရင် ဒဏ်ရိုက်ခြင်းခံရမှာပါ” ဟု သူက ဆိုသည်။

ရထားပေါ်တွင် ကွန်ပြူတာများ သယ်ယူမှုများကို တွေ့ရှိလာခဲ့သည့် ၁၉၉၉ ခုနှစ်ပိုင်းခန့်မှစ၍ မီးရထား ဝန်ကြီးဌာနက ညွန်ကြားချက် ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်ဟု မမ ဟု လူသိများသော မြန်မာ့မီးရထားဌာနက ပြောသည်။ 

၁၉၈၈ ခုနှစ်တွင် လူစီးရထားတွဲများ၏ ကုန်တင် တန်ဆာခမှာ တပိဿာလျှင် ၂ ကျပ်နှုန်းနှင့် ကုန်တင်ရထားများ၏ ကုန်တင်နှုန်း တပိဿာမှာ ၁ ကျပ်နှုန်းသာ ရှိခဲ့သည်။ ၂ဝဝဝ ခုနှစ်မှစ၍ မီးရထား တန်ဆာခများ ၅ ကြိမ် ဆက်တိုက် တက်ခဲ့ပြီးနောက် လူစီးရထားတွဲများ၏ ကုန်တင်တန်ဆာခမှာ တပိဿာလျှင် ၁၂  ကျပ်၊ ကုန်တင်ရထားများ၏ ကုန်တင်နှုန်း တပိဿာမှာ ၆ ကျပ်နှုန်းထိ မြင့်တက်လာခဲ့သည်။

ယခုနှစ် ဇန်နဝါရီလပိုင်းတွင် ကုန်တင်ကားခများ ဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် မီးရထားလိုင်းများတွင် ကုန်ပစ္စည်း တင်ဆောင်မှုများ တိုးမြင့်လာခဲ့သဖြင့် ဖေဖော်ဝါရီလပိုင်းတွင် ဈေးနှုန်း ၂-၃ ဆ ထပ်မံတိုးမြင့်ခဲ့သဖြင့် လူစီးရထား ကုန်တင်နှုန်းမှာ ၃၆ ကျပ် ဖြစ်သွားသလို ကုန်တင်ရထား နှုန်းမှာလည်း ၂၄ ကျပ်သို့ တက်သွားခဲ့သည်။

တံခါးပိတ်ခိုင်းစေခံရသည့် အလုပ်သမားများ နစ်နာကြေးအတွက် ထိုင်းဥပဒေအရ တရားစွဲရန် ပြင်ဆင်နေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ လေးနိုင်မြို့နယ် ဒါချတာလမ်းမ သုစ၀ါလမ်းသွယ်ရှိ ရှမ်းတရုတ်ပိုင် အိမ်တွင်း အထည်ချုပ်စက်ရုံ (၃) ရုံတွင် တံခါးပိတ်ပြီး နေ့ရောညပါ အခိုင်းခံခဲ့ရသည့် မြန်မာအလုပ်သမားများက ၎င်းတို့၏ နစ်နာမှုအတွက် အလုပ်ရှင်ကို ထိုင်းအလုပ်သမား ဥပဒေအရ တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက် နေလျှက်ရှိသည်။

ယင်းကဲ့သို့ အခိုင်းခံရသည့်  မြန်မာအလုပ်သမား (၃၉)ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ဝင်များက ယခုလ (၁၉) ရက်နေ့ မွန်တည့်ချိန်တွင် စက်ရုံတွင်းမှ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းမြန်မာအလုပ်သမား (၃၉)ဦးထဲမှ လပေါင်းများစွာ အခိုင်းခံခဲ့ရသည့် အလုပ်သမား (၁၅) ဦးတို့ ရပိုင်ခွင့်များအတွက် တရားလိုလုပ်ပြီး တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဘီအေတီ၏ တာဝန်ခံ ဦးကျော်သောင်းက ယခုကဲ့သို့ ရှင်းပြသည်။
“ကျနော်က တရားလို၊ မတရား ပိတ်လှောင်ခိုင်းစေမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အစိုးရရဲ့ နယ်မြေအလိုက် သတ်မှတ်ထားတဲ့ လုပ်အားခတွေ မရရှိမှု၊ အလုပ်သမားတွေကို ပျမ်းမျှ တရက်ကို (၁၆) ကနေ (၂၀)နာရီအထိခိုင်းစေတဲ့အတွက် ကျန်းမာရေးအရလည်း ချိုးဖောက်တယ်။ အဲဒီချိုးဖောက်မှုတွေအတွက် ကျနော်က တရားလိုလုပ် တရားစွဲမယ်။ ကာယကံရှင် အလုပ်သမားတွေက ကျနော်ရဲ့ စွဲချက်ကို သူတို့က ဖြည့်စွက်ပြီးတော့ အမှန်အတိုင်းထွက်ဆိုမယ့် သက်သေဖြစ်မယ်” ဟု ပြောသည်။
တရားစွဲဆိုသည့်အချိန်တွင် သက်သေထွက်ဆိုမည့် အလုပ်သမား (၁၅)ဦးကို ထိုင်းအာဏာပိုင်များက လွတ်ပူရီမှာရှိသည့် အမျိုးသမီးထိန်းသိမ်းရေး စခန်းနှင့် ပထုံဌာနီထိန်းသိမ်းရေးစခန်းတို့တွင် ထားရှိပြီး ကျန်အလုပ်သမားများကို လေးနိုင်မြို့နယ် ရဲစခန်းက ထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း မတရားပိတ်လှောင် ခိုင်းစေခံရပြီး လုပ်အားခမရရှိမှုများအတွက် လုပ်ငန်းရှင်ကို တရားစွဲဆိုချင်ကြောင်းနှင့် အထည်ချုပ်စက်ရုံမှ ကယ်ထုတ်ခံရပြီးနောက် ပထုံဌာနီ ထိန်းသိမ်းရေးစခန်းတွင် ရောက်နေသည့် မြန်မာအလုပ်သမားတဦးက လက်ရှိအလုပ်သမားများ နေထိုင်စားသောက်ရသည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။
“ကယ်ခဲ့တဲ့ နောက်ပိုင်း ကျနော်တို့ အခုနေရထိုင်ရတာက မိန်းကလေးတဖွဲ့က ယောင်္ကျားလေးကတဖွဲ့ သူတို့ကောင်းကောင်းမွန်မွန်ထားတယ်။ စားစရာတွေ အကုန်ပေးထားတယ်၊ အလုပ်ခွင်ထဲမှာ ဘယ်လို အနှိပ်စက်ခံရလဲဆိုတော့ အကုန်လုံးတံခါးတွေပိတ်ထားတယ် ဘယ်မှကို မသွားရ မလာရဘူး၊ ဘယ်သူနဲ့မှလည်း စကားပြောခွင့် မရှိဘူး။ ဖုန်းလည်းသိမ်းတယ် လစာလည်း မပေးဘူး၊ အစားအသောက်တွေလည်း ငတ်ငတ်ပြတ်ပြတ်ထားတယ်၊ ကျန်းမာရေးအတွက်လည်း သူတို့က ဆေးရုံဆေးခန်းတွေ လိုက်ပို့ပေးတာ မရှိဘူး၊ အဲလိုအဖြစ်မျိုးတွေ သူတို့နောက်ထပ်မလုပ်ရဲအောင် ကျနော်တို့လိုမျိုး နောက်ထပ်အလုပ်သမားတွေ မခံစားရအောင် အဲဒီသူဌေးကို ကျနော်တို့က တရားစွဲဆိုချင်တယ်” ဟု အလုပ်သမားတဦးက ပြောသည်။
မြန်မာအလုပ်သမားများ ပိတ်လှောင်ခိုင်းစေခဲ့သည့် အထည်ချုပ်စက်ရုံသူဌေးက လူငှားလွှတ်ပြီး အလုပ်သမားများ လွတ်မြောက်အောင်ဦးဆောင်လှုပ်ရှားခဲ့သူဟု ယူဆသည့် အလုပ်သမားတဦးကို နောက်ယောင်ခံလိုက်နေပြီး အလုပ်သမား အားလုံးအတွက်လည်း အသက်အန္တရာယ်ပင်ရှိကြောင်း ၎င်းအလုပ်သမားက ပြောသည်။
ယခု ကယ်ထုတ်နိုင်ခဲ့သည့် အလုပ်သမား (၃၉)ဦးသည် ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်မရှိ သူများဖြစ်သည့်အတွက် ဒေသအာဏာပိုင်များက ထိုင်းဥပဒေအရ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးပြီး နယ်စပ်ပြန်ပို့မည်ကို စိုးရိမ်နေကြသည်။

စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း

Friday, 22 April 2011
စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း
မိုးမခအထောက်တော် စင်္ကာပူ
ဧပြီ ၂၃၊ ၂၀၁၁
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို

မြိုင်ကြီးငူစခန်း တိုက်ခိုက်ခံရ


ကရင်ပြည်နယ် ကမမောင်းမြို့နယ် အနီးက ဒီကေဘီအေ ဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို အခု နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) တပ်ဖွဲ့မှ ဗိုလ်ဖားဘိ ဦးဆောင်ကာ ဧပြီလ

သူများနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခြင်းရဲ့ရလဒ်

မလေးရှားနိုင်ငံကိုလာရောက်အလုပ်လုပ်ကိုင်သွားတဲ့ မိန်းကလေးတယောက်ရဲ့အကြောင်းလေ ကိုကျွန်တော်ပြောပြချင်တာပါ။ သူကတခြားတောမဟုတ်ပါဘူး ကျွန်တော်နဲ့အရမ်းရင်းနီးတဲ့သူပါ သူဟာဆိုရင်မလေး၇ှားကိုလာရောက်လုပ်ကိုင်းနေတာ လာမယ့်၁၁လပိုင်ဆိုရင် ၆နှစ်ပြည့်ပါပီ။နောက်ဆုံနှစ်လည်ဖြစ်တော့ မကြာခင်မှာမြန်မာပြည်ကို ပြန်ရတော့မယ်ဆိုတော့ သူအရမ်းကိုပျော်ရွှင်နေရင်းနဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ........ရပ်ကွက်မှာနေထိုင်ပါတယ် နာမည်ကတော့........ပါ။၎လပိုင်သင်္ကြန်မတိုင်ခင်ကသူ့ အိမ်ကိုဖုန်းဆက်တော့ သူအမေ ကင်ဆာဖြစ်နေတယ်လို့ သူသိလိုက်ရပါတယ်။ သူအမကပြောတော့လည် သူရဲ့အမေက ညဘက်ဆိုရင် သူရဲ့နာမည်မကိုပဲခေါ်နေတယ်လို့ပြောပါတယ် ။မိဘဆိုတော့လည် အခုလိုမကျမ္မာဖြစ်တော့ အကြာကြီးခွဲခွာနေရတဲ့ သမီးကိုတွေချင်မှာပေါ့။ အဲဒါကြောင့်သူမောင်နှမတွေကသူကိုပြန်လာခဲ့ဖို့ပြောခဲ့ပါတယ် ဒါနဲ့သူကအခုပြန်လာဖို့တော့မဖြစ်ဘူးလို့ပြောလိုက်တော့ သူအမေကဘာမှလည်မစားတော့ဘူး ဘာမှလည်မသောက်တော့ဘူး အိမ်ယာထဲမှာလဲနေပါတယ်။သူကျွန်တော်ကိုတိုင်ပင်တော့ အခုပြန်လာရင်လည် စက်ရုံမှာကရော်ကြေးငွေပေးမှပြန်လို့ရမယ်လို့သူကပြောပါတယ် နောက်ပီနှစ်ကလည်ပြည့်ခါနီးနေတော့ နှစ်ကုန်အောင်တော့လုပ်သွားချင်တာပေါ့လို့လည်ပြောပါတယ်။သင်္ကြန်အကြိုနေ့အရင်ရက် ၁၂.၄.၂၀၁၁ရက်နေ့ကသူဆီကိုမြန်မာနိုင်ငံသူရဲ့အိမ်ကနေဖုန်းဆက်လာပါတယ် အခုရက်ပိုင်းမှာ ရောက်အောင်ပြန်လာခဲ့ဖို့ နဲ့၂၂ရက်နေမှာသူအမေ ဆေးရုံကိုတင်မယ်ဆိုတဲ့အကြောင်းပေါ့....အဲဒါကြောင့်သူမှာ အများသူငါပျော်ရွှင်နေကြတဲ့ သင်္ကြန်မှာတောင် မပျော်ရွှင်နိုင်ခဲ့ရပါဘူး။ စက်ရုံကိုအကျိုးကြောင်းပြောပြပီအမြန်ဆုံးပြန်ချင်ကြောင်းပြောပြတော့ ရော်ကြေးငွေ RM800 ကိုအခုပေးရင်ပြန်ရမယ်လို့ပြောတော့ လက်ထဲမှာကအဲလောက်ငွေကလွယ်လွယ်မရှိဘူးဖြစ်နေတာကို တအိမ်ထဲအတူနေသူငယ်ချင်းတွေကသိတော့ စက်ရုံမှာအတူလုပ်တဲ့သူငယ်ချင်းတွေဆီးကိုလိုက်ချေးပီးပေးလိုက်တယ်..။အဲလိုနဲ့ပဲ၂၂.၄.၂၀၁၁ရက်မှာသူပြန်ဖြစ်ခဲတယ်..ပြန်ရမှာကသူတယောက်ထည်း မိန်းကလေးကလည်ဖြစ်ပြန်ဆိုတော့အားငယ်နေတာပေါ့ ဒါကြောင့်ကျွန်တော်လည်တတ်နိုင်သလောက်ကူညီပီး လိုအပ်တာအားလုံးကိုလိုက်လုပ်ပေလိုက်ပါတယ် ပစ္စည်းဝယ်တာမှအစ ၂၂ရက်နေ့ မနေ့ကပေါ့လေယျာဉ်တတ်စသည်အထိပေါ့ ။ မလေးရှားပီနန်ကနေကွာလာလမ်ပူ .ကွာလာလမ်ပူကနေ ညနေ၅း၀၀နာရီမှာသူပြန်သွားပါတယ် မြန်မာနိုင်ငံကိုတော့၆း၃၀လောက်မှာရောက်ပါတယ်။ကျွှန်တော်ည၁၁း၃၀နာရီမှာဖုန်းဆက်မယ်လိုပြောလိုက်ပါတယ် သူအမေအခြေနေကိုသိရအောင်လို့ပါ။ကျွန်တော်လည်အိမ်ပြန်ရောက်တော့အလုပ်အတူတူလုပ်တဲ့သူငယ်ချင်းကပြောပါတယ် ကျွန်တော်သူဌေးကအလုပ်မဆင်းလိုစိတ်တိုနေတယ်ဆိုတဲ့အကြေင်းနဲ့အလုပ်ထုပ်မယ်ဆိုတဲ့အကြောင်းပါ။ကျွန်တော်လည်သူဌေးမထုပ်မခင
ပဲအလုပ်ကနေထွက်လိုက်ရပါတယ် ။အဲလိုနဲ့ ညဘက်၁၁း၃၀နာရီမှာကျွန်တော်လည်ပြောလိုက်တဲ့အတိုင်း ဖုန်းဆက်တာပေါ့ အဲဒီအချိန်မှာအား လုံးက.....ပြောင်လဲသွားခဲပြီ...........သူစက်ရုံးသူငယ်ချင်းတွေရော တခြားသူငယ်အားလုံးရယ်သူနဲ့ပတ်သတ်ကြတဲ့သူငယ်ချင်အားလုံးနှင့်တကွကျွန်တော်ရယ်ပေါ့ ထင်ထားတာက သူအမေကင်ဆာဖြစ်တယ် ဆေးရုံကိုတင်ရမယ်အဲလောက်ပေါ့ကျန်တဲ့အခြေနေကိုတော့ကျွန်တော်တို့တွေမထားကြဘူးလေ ကျွန်တော်ဖုန်းဆက်လို သူဆီကပြန်လာတဲအဖြေက အရမ်းကိုဆိုးဝါးလွန်းနေပါတယ် သူမြန်မာပြည်လေယျာဉ်ကွင်ကိုရောက်တော့ သူအိမ်ကလာကြိုကြပါတယ်တဲ့ ဒါပေမဲ့သူအိမ်ကိုရောက်တော*့ သူအမေကအသက်ဆုံးတာသုံးရက်တောင်ရှိနေပါပီတဲ့*သူအမေရဲ့အသက်ကိုတောင်သူမမှီလိုက်ပါဘူးတဲ့ အဲ့ဒီ့သတင်ကိုလည်းကြားရော ကျွန်တော်လည်မနေနိုင်တာနဲ့ ထိုင်ငိုပစ်လိုက်တယ်..။ဘာလို့လည်ဆိုတော့သူများနိုင်ငံမှာ၎.၅.၆နှစ်ဒီမိဘနဲ့ခွဲပြီးသွားရောက်အလုပ်လုပ်နေရတာ ဘယ်သူမဆိုမိဘကိုတော့အသက်ရှင်လျှက်တွေချင်ကြတာပဲလေ အခုဖြစ်မပျက်သွားတဲ့ကျွန်တော်သူငယ်ချင်းရဲ့အဖြစ်က ဘယ်လိုမှကိုဖြေသာနိုင်စွမ်းမရှိပါဘူး။အဲဒါကိုတွေပြီ ကျွန်တော်လည်အကြာကြီးကိုထိုင်ငိုပြီလိုက်ပါတယ် ဘာလို့လည်ဆိုတော့မိဘချင်စာနာမိလို့ပါ ကျွန်တော်ကိုတိုင်ကြုံတွေ့လာရင်လည်ဘယ်လို့မှကို ရင်ဆိုင်နိုင်စွမ်းရှိမှာမဟုတ်တဲ့ အတွက်ကြေင့်ပါ...........။အခုလို့ကျွန်တော်သူငယ်ချင်းရဲ့အဖြစ်ကိုကြည့်ပီ နိုင်ငံအသီသီမှာရောက်နေကြတဲ့မြန်မာအားလုံး အခုလိုအဖြစ်မျိုးနဲ့ မကြုံတွေပါစေနဲ့လိုပဲ စုတောင်းရင်း ကျွန်တော်ဒီဘလောလေးကိုရေးလိုက်ပါတယ်.................။  myosawoo@gmail.com မျိုးမင်း

Friday, April 22, 2011

ထိုင်းတွင် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ခွင့်ပြုမည်


ဘန်ကောက် (မဇ္ဈိမ)။     ။ တရားမဝင် ရွှေ့ပြောင်း လုပ်သားများအတွက် မှတ်ပုံတင် အသစ်ပြုလုပ်ခွင့်ကို မကြာခင် ဖွင့်လှစ်ပေးသွားမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးက ဧပြီလ ၁၉ ရက် အင်္ဂါနေ့တွင် ပြုလုပ်သည့် အစည်းအဝေး တရပ်တွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ

သိုးကလေ

၁။ သိုးကလေ၊ ပုပ္ပားနတ်တောင်၊

အခေါင်မြင့်ဖျား၊ စုံတောပြား၌၊

နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊

ရွှေနှင့်ယိုးမှား ပန်းစကား။


1. Oh Nat-spirit with the headdress of Tho-saung

In the thicket of dense forest on the summit of lofty Mt.Popa

သူ.မှာတမ်း

ရေးသူ - မင်းသုဝဏ်
သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

“ အမောင်ပြောက်ကျား၊ ချစ်သူ အားကို
ဘာများ မှာခဲ့လိုသနည်း။”

“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း။”

“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတည်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။”

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”

ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။

(မြ၀တီ မဂ္ဂဇင်း မတ်လ၊ ၁၉၆၃။)

မြကန်သာ

မြကန်သာ၊ တောင်ကျချောင်းတေး၊
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ၊
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊
နံ့မျိုးစုံသည်၊ ဘုံဝတိံသာ၊
နန္ဒာပေလော၊ တူစွဟုတ္တာ။

အင်္ဂလိပ်ဘာသာပြန်

Emerald Lake
“Emerald Lake fed by a mountain stream,
The waters enters running,
And circle cool and clear,
Within unbreachable banks,
Water lilies are fragrant
And all types of birds abound.
This is so like Nanda that is in the Heavens,
is this perhaps the self-same Nanda Lake?”
  • Translated by U Win Pe (Mya Zin)


Pleasant Emerald Lake
Pleasant Emerald Lake
Fed by a brook from the hill cascades.
Cool and clear is its water,
With a strong intact dyke thither.
Fragrant lotus flowers abound.
Hark! Is it the Lake Nanda
Of the Celestial Realm Tavatimsa?
Yae, looks like it.
  • Translated by Dr. Khin Maung Nyunt

အရှင်မဟာရဋ္ဌသာရဆို စာသင်သားတို့အား ဆုံးမသော ဧကပိုဒ်ရတု

သုစိပုဘာ ဝိလိသိဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့ စာသင်ပျိုနု အခြေပြုတို့ ဥဇုဘူတ လုံ့လပြင်းစွာ သူ့ထက်ငါဟု နှုတ်မှာရွရွ ကြိုးပမ်းကလျှင် သိပ္ပကျေးဇူး အထူးသိမြင် ပညာရှင်ဟု မထင် မပေါ် မကျော်စောဘဲ တီမှာလွဲအံ့ အရဲကြိုးကုတ် ကြက်ရဲသုတ်သို့ အားထုတ်ခုံမင် မသင်မအံ မကြံမမေး ဆွေးနွေးရောနှော ဟောပြောမဲ့ထွေ ပေချပ်ရေဖြင့် ကုန်စေဆန်းသာ သင်ချေပါလည်း ဘယ်မှာဂုဏ်ရှင် ကျော်စောထင်လိမ့် စာသင်ဟူက ကျမ်းထိုမျှကို တွေ့ ကမရှောင် ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ လွှသွားပမာ ကျောက်ထက်စာသို့ လိုရာရအောင် ကြံဆောင်လေ့ကျက် အနက် အဓိပ္ပါယ် နှုတ်ဝယ်ရွရွ ထားချေမှတည့် တစ်စပေါ်လျှင် ချည်စငင်သို့ သဘင်ပွဲမှောက် ဆိုရေးရောက်က လန့်ကြောက်မရှိ သတိမြဲခိုင် ကျောက်တိုင်ပမာ ကေသရာသို့ ရွံ့ ရှာမဲ့လျှင် ဆိုခင်းနည်းနာ အဖြာဖြာကို မကြာနှုတ်လျှောက် ခန့်ချင့်ထောက်လော့ အံ့လောက်ဖွယ်သာ ဂါထာပါဌ်သား စကားဝိုက်လည် စဉ်ရှည်ရှေးတီး စကားကြီးက စသည်ထိုထို ဝိဂြိုလ်ဝစနတ် ဓါတ်ရပစ္စည်း ထုံးနည်းပမာ ဂါထာဆန်းဂိုဏ်း ကရိုဏ်းဌာန်စစ် ဖွင့်လှစ်ဋီကာ အဋ္ဌကထာပါဠိ အောက်ထက်ညှိ၍ ကဝိလက္ခဏာ အဖြာဖြာကို သေချာဆည်းဆ ဆိုဝံ့ကလျှင် ဘဝဤတွင် ခုမျက်မြင်လည်း မထင်ဘယ်မှာ ရှိဘိရာအံ့ သံသရာလည်း ပမာကဲလွန် အဆုံးစွန်မူ ညီမွန်တုလွတ် သုံးလူ့ နတ်ဝယ် အကျွတ်ဘယ်မှာ ဝေးတော့မည်။
သု = သုဏေယျ… နာရာ၏။
စိ = စိန္တေယျ.. ကြံရာ၏။
ပု = ပုစ္ဆေယျ.. မေးရာ၏။
ဘာ = ဘာသေယျ.. ပြောဆိုရာ၏။
ဝိ = ဝိစာရေယျ .. စုံစမ်းဆင်ခြင်ရာ၏
လိ = လိခေယျ.. စာရေးရာ၏။
သိ = သိက္ခေယျ.. လေ့ကျင့်ရာ၏။
ဓါ = ဓါရေယျ.. နှုတ်ငုံဆောင်ရာ၏။

နှင်း

မြစ်ဝါမြစ်၏ အထက်နှင့်အောက်ဝယ်
စီးဆင်းနေသော ရေအယဉ်ကို သင်မြင်ရမည်မဟုတ်။
တောင်တန်းတို့သည် ကနေသော ငွေမြွေများပင်။
တောင်ကမူ ကလေးတို့ကား
လွင်ပြင်ဝယ် ၀င်းပသော ဆင်များပင်။
ငါတို့ရောက်နေသော နေရာနှင့် မိုးကောင်းကင်ကို
နှိုင်းယဉ်ကြည့်ချင်နေသည်။ ။
ကြည်လင်ကင်းစင်နေသည့်အခါဝယ်
မြေအပြင်ကား ချစ်စဖွယ်ပင်
မျက်နှာနီကာ အပျိုမကလေး ၀တ်ရုံဖြူကို
ဝတ်ထားသည့်အလား
ဤတောင်နှင့် မြစ်တို့ကား၊ ချစ်ဖွယ်ရာပင်တကား။

ရေးသူ=မော်စီတုံး
[ဒဂုန်တာရာ မြန်မာပြန်]

မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း

ရေးသူ- ဒဂုန်တာရာ
တရံရောခါ
ရာဇာသေနင်း၊ ရွှေစိတ်တော်နှင့်
ခန့်မသင့်၍၊ ဘုရင့်အာဏာစက်
လက်ဝဲသုန္ဒရ၊ မင်းခ ကဗျာဆရာ
မဲဇာသို့ ပို့လိုက်သတည်း။

ငါ တစ်မူကား
မည်သူကမျှ၊ အမိန့်မချ

မျက်ဖြေလင်္ကာ

  • သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း ။
  • ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊ မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊ သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊ ခဏတက်သည် ၊ ရေပွက်ပမာ ၊ တစ်သက်လျာတည်း ။
  • ကြင်နာသနား ၊ ငါ့အားမသတ် ၊ ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊ အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊ မချွတ်စသာ ၊ သတ္တဝါတည်း ။
  • ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊ သံသာစက်၌ ၊ ကြိုက်လတ်တွန်မူ ၊ တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။
ရေးစပ်သူ။ ။အနန္တသူရိယ အမတ်ကြီး
ခေတ်။ ။မြန်မာ - ၄၇၄ - ၅၃၅ ခန့်

မြန်မာနိုင်ငံဧ။်ပထမဆုံးသောပါမောက္ခ

ဦးဖေမောင်တင်

ဦးဖေမောင်တင်
ဦးဖေမောင်တင်
မွေးသက္ကရာဇ် ၁၈၈၈-ခုနှစ် ၊ဧပြီ(၂၄)ရက် အင်္ဂါနေ့
နိုင်ငံ မြန်မာ
အမည်ရင်း မောင်ဘတင်
မိဘအမည် ဦးဖေ(အင်းစိန် တိမွေးကု-ဌာန ရုံးအုပ်စာရေးကြီး) + ဒေါ်မြိုင်
မွေးဖွားရာ ဒေသ အင်းစိန်မြို့ ပေါက်တောရပ်
ထင်ရှားကျော်ကြားမှု ပထမဆုံး ပါမောက္ခ



ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)

ဦးဖေမောင်တင်သည် ကိုလိုနီ ခေတ်တွင် မြန်မာ စာပေကို အထင်အမြင် သေးကြသော တက္ကသိုလ် အာဏာပိုင် တို့အား အတိုက်အခံ ပြု၍ မြန်မာ စာပေကို တက္ကသိုလ်တွင် အဆင့်မီမီ သင်ကြားနိုင်သည့် အခြေအနေသို့ ရောက်အောင် အားထုတ် ကြိုးပမ်း ခဲ့သော ဆရာကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ပါမောက္ခလည်း ဖြစ်သည်။
ဦးဖေမောင်တင်သည် အင်းစိန်မြို့ ပေါက်တောရပ် ဇာတိ ဖြစ်၍ ၁၂၅၀ ပြည့်နှစ် ကဆုန်လပြည့် ၁၈၈၈-ခုနှစ် ၊ဧပြီ(၂၄)ရက် အင်္ဂါနေ့ ညနေ ၅ နာရီခွဲ အချိန်တွင်

စကားပြေအရေးအသား


စကားပြေဟူသည်မှာ အကြောင်းအရာတစ်ရပ်ရပ်ကို လွယ်ကူရှင်းလင်းပြီး ချောမောပြေပျစ်သော ၀ါကျများဖြင့် ရေးသားထားသော စာပေပုံစံ တစ်မျိုးဖြစ်သည်။

စကားပြေနှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်အချို့

မြန်မာစကားပြေ အရေးအသားအရာတွင် မင်းဘူးဦးသြဘာသ ဆရာတော်၏ ဇာတ်ကြီး ဆယ်ဘွဲ့ ဇာတ်တော်ကြီးများမှာ အလွန်ကောင်းမွန်သည်ဟု ကျော်စောသည်။ စာရေးဆရာ သိပ္ပံမောင်ဝ သည်လည်း ၀ါကျတိုတိုများဖြင့် ရှင်းလင်းထိရောက်စွာ ပြေပျစ်အောင် ရေးဖွဲ့နိုင်ခဲ့သည်။ ဆရာကြီးရွှေဥဒေါင်းကလည်း ခွန်အားရှိသောစာ အမည်ဖြင့် စာပေ၀ါကျများ မှန်ကန်စွာ ရေးဖွဲ့သီကုံးတတ်ရန်အတွက် လမ်းညွှန်အကြံပြုခဲ့သည်။ ဆရာဇေယျ၏ စာကောင်းပေကောင်း အမည်ရှိ ဆောင်းပါးနှင့် စာရေးဆရာတစ်ဦး၏ သတင်းစာသုံးမြန်မာစာ အမည်ရှိဆောင်းပါးတို့သည်လည်း မြန်မာစာပေ အခြေမြင့်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီပေးခဲ့ကြသည်။
(မိမိကြည့်လိုသည်ကိုဖတ်လိုပါကအစိမ်းရောင်စာတမ်းလေးအားနှိပ်ပါ)

အက္ခရာ

အက္ခရာ ဆိုသည်မှာ အရေး နှင့် အဖတ် အသုံးပြုသည့် ဘာသာစကားတိုင်း၊ စာပေတိုင်းအတွက် အသုံးပြုသော ဗျဉ်း၊ သရ အစရှိသည့် အသံအနှိမ့်အမြင့်များကို ကိုယ်စားပြုဖော်ပြသည့် အရေးပုံစံ စံစာလုံးများကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်းတွင် အက္ခရာပုံစံများ

ရတနာပုံ စက်ရုံများ

မြန်မာ တို့သည် နယ်ချဲ့ ဗြိတိသျှ တို့နှင့် စစ်မီး နှစ်ကြိမ် တွေ့ရ ပြီးနောက် မိမိ ဘဝ ရပ်တည် နေနိုင်ရေး အတွက် ခေတ်မီ နိုင်ငံရေး တခု ဖြစ်လာရန် ကြိုးပမ်း ခဲ့သည်။ ၁၈၅၈ ခုမှ ၁၈၇၄ ခုနှစ်ခန့် အတွင်း ရတနာပုံ နေပြည်တော်၌ စက်ရုံများ တည်ထောင်သည်။ ဤစာတမ်းသည် ယင်း စက်ရုံများ အနက်မှ

ပထမ အင်္ဂလိပ် - မြန်မာစစ်


ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ
ပထမအင်္ဂလိပ်မြန်မာစစ် သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခြဲ့ခင်းဖြစ်သည်။ ရှင်မဖြူကျွန်း ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး

ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်မှူးချုပ်အောင်ကြီး(၂)

Friday, April 15, 2011

ဒီကိစ္စ သူလုပ်တာ မဖြစ်အောင် သူက သက်သေအနေနဲ့ မေးတာတဲ့ သူတွေကို တိုးတိုးတိတ်တိတ် ပြောနေတာတွေ၊ ကျုပ် ပြန်ကြား နေရတယ်။
ကျုပ် နိုင်ငံခြား သွားနေတုန်းက တိုင်းပြည်ကို သူ့လက်ထဲ အပ်ခဲ့တယ်။ သူက တော်လှန်ရေး ကောင်စီရဲ့ ဥက္ကဋ္ဌဆိုပြီး

လူပျောက် သတင်း(၀ိုင်းဝန်းရှာဖွေပေးကြပါရန်)


ပျောက်ဆုံးနေသူ မခင်သီတာဝင်း(ခ)နောင်ဖာ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို. စမိုပါနန်ရပ်ကွက်အတွင်း နေထိုင်အလုပ်လုပ်ကိုင်လျှက်ရှိသော 
အဖ ကိုမောင်မောင်(ခ)ခင်မောင်ထွန်း အမိ ဒေါ်စန်းလှိုင်တို.ဧ။်သမီး မခင်သီတာဝင်း(ခ)နောင်ဖာ အသက်(၂၁) ခန်.သည် ထိုင်းနိုင်ငံ မလေးရှားနယ်စပ် ဟယိုင်မြို.သို. (၂၆.၃.၂၀၁၁)ရက်နေ.မှသွားရောက်ရာ ယနေ.့အချိန်အထိ မိဘများနှင့်အဆက်အသွယ်မရဖြစ်နေသောကြောင့် မိဘ မောင်နှမများ စိတ်ပူပင်နေရပါသည်။ ထို.ကြောင့်
မိတ်ဆွေများအနေဖြင့် မိမိတို.ဧ။် အဆက်အသွယ်များမှတဆင့် ဆက်သွယ်ဆောင်ရွက်ကူညီကြပါရန်တိုက်တွန်းအပ်ပါသည်။
ပျောက်ဆုံးသူ ဧ။် ကိုယ်ရေးအချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

အမည်  ။   ။ မခင်သီတာဝင်း(ခ)နောင်ဖာ  
အသက် ။    ။   ၂၁ နှစ်
ယာယီနိုင်ငံကူးလက်မှတ်အမှတ်။   ။ MWD ၀၀၃၀၈၃ (Ma Moe Kaung Kin)

မိဘ     ။     ။  ကိုမောင်မောင်(ခ)ခင်မောင်ထွန်း ဒေါ်စန်းလှိုင် (ခ) မအဲ
မြန်မာပြည်နေရပ်လိပ်စာ။    ။ သင်္ကန်းကျွန်းကြီးရပ်ကွက် မင်္ဂလာဒုံမြို.နယ် ရန်ကုန်တိုင်း
ပျောက် ဆုံးနေသည့်ဒေသ။   ။ ဟယိုင် မြို. ထိုင်းနိုင်ငံ (မလေးရှားနယ်စပ်)
နောက်ဆုံးသတင်းရရှိချက်အနေနှင့် ဟယိုင် မြို. ကာဖယ် ရောင်းဆိုင်တွင် အလုပ်လုပ်သည်ဟုသိရပါသည်။

မိဘများအနေနှင့် ထိုင်းနိုင်ငံအတွင်းပျောက်ဆုံးနေမှု.အပေါ်စိုးရိမ်လျှက်ရှိပြီး အကူအညီတောင်းခံလျှက်ရှိပါသည်။  ထို.ကြောင့် မိတ်ဆွေများအနေဖြင့် မိမိ တတ်နိုင်သည့်နေရာမှ ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

က်ုမောင်မောင်။  ။0888843449   (မိဘ)
                       0846552176
မစိုးစိုး           ။  ။ 028771756    (ကူညီဆောင်ရွက်ပေးသူ)
ဝေမင်း          ။  ။ 0835928497  (ကူညီဆောင်ရွက်ပေးသူ)
(ကာယဥာဏအလုပ်သမားများ အစည်းအရုံး)

Thursday, April 21, 2011

ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်ထပ်လုပ်ပေးရန်ရှိ

မြန်မာလူမျိုးတွေရဲ.ထိမ်းမြာမင်္ဂလာလက်ထပ်ပွဲအကြောင်းနဲ.ဆောင်ရန်ရှောင်ရန်များ

လက်ထပ်ခြင်း


ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း
လက်ထပ်ခြင်း သည် လူမှုရေးဘာသာရေးအယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း

ကထိန် ခင်းခြင်းအကြောင်း လေ့လာကြည့်မယ်

ကထိန်

ကထိန်တော် အတွက် ပဒေသာပင်

ကထိန်

ကထိန်ဆိုသော ဝေါဟာရသည် ကထိန ပါဠိပုဒ်မှ ဆင်းသက်လာသည်။ မြန်မာ့စာပေများတွင်

လူဝင်စား အကြောင်း

လူဝင်စား

လူဝင်စား
လူဝင်စားဟူ၍ လောက၌ ပြောရိုးဆိုရိုးရှိကြ၏။ ၀င်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာ တရားတော်တွင် သက်ဝင်ခြင်း ရှိပါသလား -
ဖြေ။ လူဝင်စားဟူသည်

မင်းကျင့်တရား(၁၀)ပါး

မင်းကျင့်တရား

မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စိုးအုပ်ခွင့်ရရန် ပေးတဲ့အကြံဥာဏ်ကို ခေါ်ပါသည်။ မင်းကျင့်တရား (၁၀)ပါးရှိပါသည်။[1]
  1. အလှူပေးခြင်း
  2. ငါးပါးသီလ ဆောက်တည်ခြင်း
  3. ပေးကမ်း စွန့်ကြဲခြင်း
  4. ဖြောင့်မတ်ခြင်း
  5. နူးညံခြင်း
  6. ရှစ်ပါးသီလ ဆောက်တည်ခြင်း
  7. အမျက်မထွက်ခြင်း
  8. ပြည်သူတို့ကို မညှဉ်းဆဲခြင်း
  9. သည်းခံခြင်း
  10. ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း [2]

ကိုးကား

  1. မြန်မာသမိုင်း နိဒါန်း၊ သန်းထွန်း
  2. မှန်နန်း ရာဇဝင် ၁၊ ၁၉၆၃၊ ပိုဒ် ၅၃၊ ၆၈

ဆင်ဖြူတော်အကြောင်း သိကောင်းစရာ

ဆင်ဖြူတော်

ဆင်ဖြူတော်နှင့် မင်းခမ်းမင်းနား
ဆင်ဖြူတော်ဆိုသည်မှာ ဆင်အရောင်သည် အဖြူရောင်ရှိသော ဆင်မျိုးကို ခေါ်သည်။ ဆင်ဖြူသည် ရှားပါး

ရာဇပလ္လင်

ရာဇပလ္လင်

ရာဇပလ္လင်
ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၄င်းတို့မှာ -

ဆဲလ် အကြောင်းမှတ်သားမယ်

ဆဲလ်

Robert Hooke သည် Micrographia ဖြင့် မြင်ရသော cork ၏ ပုံသဏ္ဌာန်ကို ဆွဲထားပုံ။ ၎င်းများ သက်ရှိကို ပထမဆုံး ဆဲလ် ဟုခေါ်ခြင်းဖြစ်သည်။
မွေးမြုထားသော ဆဲလ်၊ keratin (အနီ) နှင့်DNA (အစိမ်း) ကို မြင်ရအောင် အရောင်းဆိုးထားသည်။

ဂေဟဗေဒ

ဂေဟဗေဒ

ဂေဟဗေဒအား သိပ္ပံပညာတရပ်အဖြစ် ထူထောင်ခဲ့သည့် Eugenius Warming(၁၈၄၁-၁၉၂၄)
ဂေဟဗေဒ (ဂရိဘာသာ oîkos, "ဂေဟာ"; -λογία, -logia, ဘာသာဗေဒ၊ အင်္ဂလိပ် - ecology) သည် သက်ရှိများ ဖြန့်ကျက်တည်ရှိပုံ

ဇီဝဗေဒ အကြောင်း လေ့လာမယ်

ဇီဝဗေဒ

Escherichia coli Tree fern
Goliath beetle Gazelle
Biology studies the variety of life (clockwise from top-left) E. coli, tree fern, gazelle, Goliath beetle
ဇီဝဗေဒဘာသာရပ်သည် သက်ရှိသတ္တ၀ါများနှင့် အပင်တို့အကြောင်းကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ဇီဝဗေဒဘာသာရပ်တွင် အဓိက ဘာသာခွဲကြီးနှစ်ခုရှိသည်။ သတ္တဗေဒနှင့်

စီးပွားရေးပညာ

စီးပွားရေးပညာ

စီးပွားရေးပညာဟု ပြောဆိုရ လွယ်ကူသော်လည်း အနက်အဓိပ္ပာယ်မှာ အလွန်ပင် ကွာခြားလှပါသည်။ စီးပွားရေးပညာမှ နောက်ထပ်ဘာသာခွဲ များစွာ ရှိပါသည်။ ထိုဘာသာခွဲများမှာ-

ယာယီနိုင်ငံကူးလက်မှတ်ကိုင်သူမြန်မာအလုပ်သမားအဖမ်းခံရရာမှပြန်လွတ် (ဝေမင်း)

သင်္ကြန်ကာလမှာထိုင်းရောက် မြန်မာလူမျိုးတွေအတော်တော်များများအိမ်ပြန်ကြ အလည်သွားကြနဲ.အဖမ်းခံရတဲ့သတင်းတွေလဲကြားနေရပါတယ်.ကျွန်တော် နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း
မှာလဲ ကဘီမြို.က ထိုင်းမက် ရော်ဘာစက်ရုံလုပ်သားတစ်ဥင်္ီးဖြစ်တဲ့မောင် ဌေးလွင်ဦး   တစ်ယောက်

အင်အား.....(ကဗျာ) ဝေမင်း

အင်အား  (ကဗျာ)

ငါ့နှလုံးသွေး..အနီရောင်ဆေးနဲ.
ခံစားချက်ထားစုတ်တံများကို
ဘ၀ဒုက္ခ ..ကာရံလှအောင်....
ပုံသွင်းထုစစ်...သုခဖြစ်စေ
ရည်ရွယ်ပေဧ။်........။
မိမိကိုယ်သာ..ကိုးကွယ်ရာဟု
မြတ်စွာဗုဒ္ဒ ဟောဖော်ပြလို.
ဒုက္ခတွေစုံ ဒီလူ.ဘုံမှာ
လွတိမြောက်ရာလမ်း
ငါ..ရှာစမ်းမယ်.........။
ရှိတဲ့အင်အား..ပျောက်ကွယ်မသွားအောင်
ကြိုးပမ်းဆောင်စမ်း ...ဒုက္ခလမ်းကို
ငါသာအရှင်..ငါသခင် ဟု
စိတ်ဝယ်ရည်မှန်း
ရုန်းထွက်လို.ပြစမ်းမယ်....
ကဲ...........................
ကျားဆိုမှ  .....ကျားးးးးးးးးးးးးးး


အားလုံးကို လေးစားလျှက် (ဝေမင်း)
၂၁-၄-၂၀၁၁        ၁၅း၃၀

ထိုင်းရောက်မြန်မာအလုပ်သမားများဒုက္ခ ....အပိုင်း(၁)ဆောင်းပါး(ဝေမင်း)

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထပ်ပို.မြို.
ကျွန်တော်တို. ပန်းရံအလုပ်သမားတန်းလျားကကားလမ်းနဲ့.နီးတယ်လေ...
ဒါကြောင့်လဲညစဉ်အိပ်ရေးမ၀တဲ့ဒဏ်လဲခံနေရတာပေါ့ဗျာ.

Wednesday, April 20, 2011

အမျိုးသမီးများ ပြည်ပထွက် အလုပ်လုပ်ခွင့် တားမြစ်

အမျိုးသမီးများ ပြည်ပထွက် အလုပ်လုပ်ခွင့် တားမြစ်

  
အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန်တားမြစ်ချက်၊ ညွှန်ကြားချက်များ တရားဝင်ထုတ်ပြန် ထားသော်လည်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပုံမှန်ဝန်ဆောင်မှု ပြုလုပ်နေရဆဲဖြစ်သည်ဟု ပြောသည်။

mm_job_agency3
ရန်ကုန်မြို့ရှိ အလုပ်သမား အေဂျင်စီတခုရှေ့တွင် အမျိုးသမီးများအပါအ၀င် နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်လိုသူများစွာကို တွေ့ရစဉ် (ဓာတ်ပုံ - AFP)
အဆိုပါ ညွှန်ကြားချက်များကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အမိန့် ကြော်ငြာစာအမှတ် ၄၉/၂၀၁၀ နှင့် ၅၁/၂၀၁၀ တို့တွင် ဖော်ပြထားသည်ဟု သိရသည်။

“ညွှန်ကြားချက်ရှိပေမယ့် ဒီအတိုင်းမလုပ်နိုင်သေးတဲ့ အခြေအနေတွေ ရှိပါတယ်။ ပြည်ပမှာ သွားမလုပ်နဲ့ဆိုပြီး တားလို့မှမရ တာ ၊ ဥပမာအနေနဲ့ကိုယ့်နိုင်ငံတွင်းမှာ အလုပ်အကိုင် ဘယ်လိုဖန်တီးပေးမလဲဆိုတဲ့ ပြဿနာတွေရှိတယ်”ဟု ရန်ကုန်ရှိ  
အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပြသည်။

၎င်းက ဆက်၍“ကျနော်တို့ ဘက်က အလွန်ဆုံး အေဂျင်စီတွေကို

မြန်မာဒုက္ခသည် လျှောက်သည့်ကိစ္စများကို ထိုင်းအစိုးရ ပြန်ဆောင်ရွက်မည်

မြန်မာဒုက္ခသည် လျှောက်သည့်ကိစ္စများကို ထိုင်းအစိုးရ ပြန်ဆောင်ရွက်မည်

2011-04-18
ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေကို လက်ခံ စဉ်စားတဲ့ အစီအစဉ်ကို ထိုင်းအစိုးရက အချိန်ကာလ အတော်ကြာ ရပ်ဆိုင်းထားရာကနေ မကြာခင် ပြန်စတော့မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဗန်ကောက်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Kitty McKinsey က ပြောပါတယ်။
(Photo: AFP)
UNHCR အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ရာချာဘူရီခရိုင်ရှိ ဒုက္ခသည်စခန်းတခုမှ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့

အနိမ့်ဆုံးလစာ တိုးပေးဖို့ တောင်းဆို

အနိမ့်ဆုံးလစာ တိုးပေးဖို့ တောင်းဆို

2011-03-26
နိုင်ငံတကာ အလုပ်သမားတွေ နည်းတူ မြန်မာနိုင်ငံက အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာ ရရှိ အောင် လက်ရှိ စစ်အစိုးရ အနေနဲ့ ပြဋ္ဌာန်းပေး သင့်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်က မတ်လ ၂၅ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
(Photo: AFP)
ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။

မတရားတဲ့ ထိုင်းအလုပ်ရှင် မြန်မာအလုပ်သမားတွေ တရားစွဲမည်

မတရားတဲ့ ထိုင်းအလုပ်ရှင် မြန်မာအလုပ်သမားတွေ တရားစွဲမည်


ဘန်ကောက်မြို့ ဒင်ဒန်း မြို့နယ်ထဲက အိမ်တွင်းစက်ချုပ်ရုံမှာ ပိတ်လှောင်ပြီး အလုပ်ခိုင်းစေ ခံထားရတဲ့ မြန်မာအလုပ်သမား ၃၉ ယောက်ကို ဧပြီလ ၁၉ ရက်မှာ ထိုင်းလူကုန်ကူးမူ နှိမ်နှင်းရေးအထူးတပ်ဖွဲ့က ကယ်ထုတ်ပေးခဲ့ပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမား တွေထဲက ၁၅ ဦးဟာ အလုပ်ရှင်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်း အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အိမ်တွင်းအထည်ချုပ် စက်ရုံမှာ အတင်းအကျပ် အလုပ်စေခိုင်းခံထားရတဲ့ မြန်မာအလုပ်သမား ၃၉ယောက်

အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲ(စင်္ကာပူ)

အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲ

အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်ရဲ့လိုင်း (ကွန်ပျူတာ) နဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း

စင်္ကာပူကိုမလာခင် သိထားရမည့်အချက်များ

စင်္ကာပူကိုမလာခင် သိထားရမည့်အချက်များ

မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့်

Employment Pass (EP) (စကာၤပူ)

Employment Pass (EP)

စင်ကာပူမှာ နေထိုင်အလုပ်လုပ်ပြီး လစာ (အချိန်ပို၊ ဆုကြေး၊ အထူးခံစားခွင့်များမပါ) စင်ကာပူဒေါ်လာ ၂၅၀၀ အထက်ရတဲ့ ပညာရှင်အဆင့် (မန်နေဂျာရာထူး၊ ပညာရှင်ရာထူး၊ အင်ဂျင်နီယာရာထူး) အလုပ်သမားတွေအတွက် EP

Work Permit (WP) စကာၤပူ

Work Permit (WP)

WP နဲ့ အလုပ်လုပ်တဲ့ လုပ်သားအုပ်စုကို ယေဘုယျအနေနဲ့ အထွေထွေလုပ်သားများ သို့မဟုတ် ကာယလုပ်သားများလို့ သတ်မှတ်ပါတယ်။ အခြေခံပညာအရည်အချင်းဟာ S Pass လျှောက်လောက်အောင် မမြင့်သူ၊ လစာလည်း SGD ၁၈၀၀ အောက်ရတဲ့လုပ်သားတွေကို WP ပဲ

S Pass အကြောင်း

S Pass

S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Website တွေမှာ တရားဝင်ပြောကြားထားခြင်းမရှိပေမယ့် Skill Pass လို့

စင်္ကာပူနိုင်ငံသားခံယူခြင်းဆိုင်ရာဗဟုသုတ

စကားဦး

အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။

စကာင်္ပူလစာများနှင့်ပါတ်သက်သည့်အကြောင်းများ

ဒီအကြောင်း ရေးပေးပါ ရေးကျပါ လို.ပြောတာ ခဏခဏ ရှိလာတော. မရေးလို.မဖြစ်တော.ဘူးလေ။ ကိုယ်တိုင်လဲ ဒါမျိုးအဖြစ်အပျက်တွေ ဖြစ်ပျက်နေတာ မျက်မြင်ကိုယ်တွေ.ပါပဲ။ အခုတော. အကြောင်းညီညွတ်လို. ဖွင်.ချရတော.မယ်ဗျို.။

နိုင်ငံခြားသားအလုပ်သမားများအကူအညီတောင်းနိုင်သည့်အဆက်အသွယ်များ

နိုင်ငံခြားသားအလုပ်သမားများ အကူအညီလိုအပ်ပါက ဆက်သွယ်တောင်းခံနိုင် သည့် အဖွဲ့အစည်းများ

နိုင်ငံခြားသားအလုပ်သမားများအနေဖြင့်
ထိုင်းနိုင်ငံအတွင်း ခရီးသွားလာနေစဉ်ဖြစ်စေ၊ အ လုပ်လုပ်နေစဉ်အတွင်း
ဘေးအန္တရာယ် တခုခုနှင့်ကြုံတွေ့ရပါက အောက်တွင် ဖေါ်ပြထား သည့်
အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်များနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း (NGOs)
များထံသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။

ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အခါများတွင် အကူအညီတောင်းခံနိုင်သည့် အဖွဲ့ အစည်းများ

နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း

နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ
မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း



၁- ထိုင်းနိုင်ငံအတွင်း မွေးဖွားသူတိုင်းသည်
မွေးဖွားစာရင်း လက်ခံရယူနိုင်ခွင့်ရှိပြီး အကယ် ၍ သေဆုံးသွားပါကလည်း
သေဆုံးစာရင်းကို

နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်

င်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်

အလုပ်သမား အကာအကွယ်ပေးရေးဥပဒေ၊
အလုပ်သမားဥပဒေ၊ ပညာရေးဆိုင်ရာအတွက် ပြဌာန်းထားသော ဥပဒေ၊ လျော်ကြေးငွေနှင့်
ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ လူမှု ဖူလုံရေးဥပဒေတို့တွင်

အဓမ္မ ပိတ်လှောင် အလုပ်ခိုင်းခံရသူများ လွတ်မြောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အလယ် ဒင်ဒဲန် နယ်မြေအတွင်းရှိ အထည်ချုပ် စက်ရုံငယ် တခုတွင် မတရား အလုပ်စေခိုင်း၍ လှောင် ပိတ်ခံထားရသည့် မြန်မာ အလုပ်သမား ၆၀ ခန့်ကို ထိုင်း အစိုးရအာဏာပိုင်များက ယမန်နေ့က ကယ်တင်ခဲ့ကြောင်း သိရှိရ သည်။

Burmes_workers_BKK_11_01
ယမန်နေ့က ပြန်လည်လွတ်မြောက်လာသော ပိတ်လှောင်ခံထားရသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းအာဏာပိုင်များက ယင်းအထည်ချုပ် စက်ရုံမှ အပြင်သို့ ထွက်ပြေး

ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးရန် စောင့်ကြည့်နေသူများလာ


 (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)

အိမ်ခြံမြေဈေးကွက်စောင့်ကြည့်ရဦးမည့် အနေအထားတွင် ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီး၏မြို့တော် ထားဝယ်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသည့် အိမ်ခြံမြေ ဈေးကွက်သည်

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် အဓမ္မ လက်ထပ်ရန် ရောင်းချခဲ့သူများကို ဖမ်းဆီးမိခဲ့


အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)
မြန်မာအမျိုးသမီးတစ်ဦးအား တရုတ် နိုင်ငံဘက်သို့ ပို့ဆောင်ကာ တရုတ်နိုင်ငံ သားတစ်ဦးနှင့် အဓမ္မလက်ထပ်စေခဲ့မှု တစ်ခု မတ်လ အတွင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံ/လေ့ကျင့်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်ပွားပုံမှာ မိုးမိတ်မြို့နေ အသက် ၂၅ နှစ်ရှိ နေလင်းက ၎င်း၏ဇနီးဖြစ်သူကို မိုးမိတ်မြို့နယ်၊ ရေပိုးရွာနေ တင်ရွှေ က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ခေါက်ဆွဲ ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သွားကာ တရုတ် နိုင်ငံ၊ နောင်ခန်ရွာနေ မအေးပိန်နှင့် မအေထွေးတို့မှတစ်ဆင့် တရုတ်အမျိုး သားတစ်ဦးနှင့် လက်ထပ်ရန်အတွက် ရောင်းစားခဲ့ကြောင်း မူဆယ်လူကုန်ကူး အထူးအဖွဲ့သို့ တိုင်တန်းခဲ့သည်။
ထို့ကြောင့် မူဆယ်လူကုန်ကူးအထူး အဖွဲ့က တရုတ်နိုင်ငံ၊ ရွှေလီလူကုန်ကူး အထူးအဖွဲ့နှင့် ဆက်သွယ်၍နမ့်ခမ်းမြို့ နယ်၊ နမရွာနေ မအေးပိန်နှင့် မအေထွေး တို့အား

ဆိုက်ရောက်ဗီဇာအတွက် လိုအပ်ချက်များသတ်မှတ်

ဇော်ဝင်းသန်း
အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)လေကြောင်းလိုင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့နှင့် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တို့မှ လိုက်ပါလာမည့် နိုင်ငံခြားခရီးသွားများ အဆင်ပြေချောမွေ့စေရန်အတွက် ဆိုက်ရောက်ဗီဇာကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်ထုတ်ပေးလျက်ရှိရာ ဆိုက်ရောက်ဗီဇာလျှောက်ထားရာတွင်လိုအပ်ချက်အချို့ကို ခရီးသွားလုပ်ငန်းရှင်များအသင်း မှ ထုတ်ပြန်ထားသည်။
ဆိုက်ရောက်ဗီဇာ လျှောက်ထားမည့် မည့်သည့် နိုင်ငံခြားဧည့်သည်မဆိုလေးစင်တီမီတာ၊ ခြောက်စင်တီမီတာရှိ ပတ်စ်ပို့အရွယ်ဓာတ်ပုံ နှစ်ပုံ၊ အပြန်လေကြောင်းလက်မှတ်နှင့် ပတ်စ်ပို့သက်တမ်း အနည်းဆုံး ခြောက်လ ရှိရမည် ဖြစ်သည်။ တစ်ဦးတည်း လာရောက်လည် ပတ်သူဖြစ်ပါက

မြန်မာငွေတန်ဖိုး လာမည့်သုံးလအတွင်း မပြောင်းလဲနိုင်သေး


သိန်းလင်း
အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)
မြန်မာငွေတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် လာမည့်သုံးလအတွင်း အပြောင်းအလဲတစ်စုံတစ်ရာ မရှိဘဲ လက်ရှိတန်ဖိုး ၀န်းကျင်၌ပင် တည်ရှိနေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးကွက်လေ့လာသူများက သုံးသပ်သည်။
ယခုလ ၅ ရက်နေ့တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်း၌ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၆၄ ကျပ်၊ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ကျပ် ၈၆၀၊ ပို့ကုန်ရငွေ တစ်ယူနစ်လျှင် ကျပ် ၉၀၀ ခန့်

သင်္ချာ အစ ဘယ်ကလာသလဲ

သင်္ချာ အစ ဘယ်ကလာသလဲ
သင်္ချာ

ယူကလစ်, ဂရိ သင်္ချာပညာရှင်, ၃ ရာစု BC The School of Athens ကို Raphael ပုံဖော်စဉ်.[1]

သင်္ချာသည် အခြေခံ သင်ရိုးညွှန်းတမ်း ဘာသာရပ် တစ်ခုဖြစ်ပြီး အခြား အသိပညာ များ၊ ဥပမာ ပမာဏ၊ ပုံစံ၊ အကွာအဝေး စသည့် သဘောတရားများကို လေ့လာရာတွင် အထောက်အပံ့ ပေးသည်။ အတွက် အချက် ဖြစ်သည်။ သင်္ချာပညာရှင် ဘင်ဂျမင် ပီရာက သင်္ချာကို "အဖြေထုတ်ပေးရန် လိုအပ်သော သိပ္ပံဘာသာရပ်" ဟုဆိုသည်။[2]

အခြား သင်္ချာပညာရှင် တို့သည်

နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးသုတေသန အစီရင်ခံစာ အကျဉ်းချုပ်

နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးသုတေသန အစီရင်ခံစာ အကျဉ်းချုပ်
စာရေးသူ……….. ဖွန်ချိုင်းသန်သိဝိထယားဖိထတ်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံခြားသားအလုပ်သမားများ၏ ရင်သွေးများ မည်ရွေ့မည်မျှ အစိုးရကျောင်းများ တွင်တရားဝင် ပညာသင်ကြားနိုင်ခြင်းနှင့် ပတ်သက်၍ သုတေသနစာတမ်း တစ်ခုကို ၆ လကြာအချိန်ယူ၍ သုတေသန ပြုလုပ်ထားပါသည်။ ၎င်းစာအုပ်တွင် နိုင်ငံခြားသား အလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားရာတွင် တွေ့ကြုံနေ ရသည့်အခက်အခဲ၊ ပညာ သင်ကြားမှုကို ထောက်ခံအားပေး ပံ့ပိုးကူညီသူများ၊ ကလေးများ ကျောင်းများသို့သွားရောက် ပညာ မသင်ကြားနိုင်သည့် အခက်အခဲ၊ အတား အဆီးများကိုလည်း တွေ့ရှိရမည် ဖြစ်သည်။

ယ္ခု ပြုစုလိုက်သော သုတေသနစာတမ်းသည် အနာဂတ်ကာလတွင် အစိုးရကိုယ်တိုင်ဖြစ် စေ၊ လူမှုအဖွဲ့အစည်းတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ ဖြစ်စေ နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးများမည်သည့်အတွက် ကြောင့် ကျောင်းများတွင် ပညာမသင်ကြားနိုင်သည့် အခြေခံအကြောင်းများကို သိရှိစေရန် ရည်ရွယ်ပြီး ပြုစုရခြင်း ဖြစ်သည်။

သုတေသနစာတမ်းအတွက် သွားရောက်၍ စစ်တမ်းကောက်ယူရာတွင် အသက်

ပစ်မှုကျူးလွန်လျှင် ကျခံရမည့် ပြစ်ဒဏ်နှင့် အခြားသော ဥပဒေတွင်ပြဌာန်းထား ချက်များ(ထိုင်း)

ပစ်မှုကျူးလွန်လျှင် ကျခံရမည့် ပြစ်ဒဏ်နှင့် အခြားသော ဥပဒေတွင်ပြဌာန်းထား ချက်များ
ပစ်မှုကျူးလွန်လျှင် ကျခံရမည့် ပြစ်ဒဏ်နှင့် အခြားသော ဥပဒေတွင်ပြဌာန်းထား ချက်များ
အောက်တွင်ဖေါ်ပြထားသော ပြစ်မှုများကို ကျူးလွန်သူ နိုင်ငံခြားသားအလုပ်သမားနှင့် အလုပ်ရှင်တို့သည် ငွေဒဏ်နှင့် ထောင်ဒဏ်တို့ကို ပူးတွဲ ကျခံရမည်

၁- အလုပ်လုပ်ခွင့်မပြုသော နိုင်ငံခြားသားအလုပ်သမားများကို လက်ခံထားသူ အလုပ်ရှင် သည် (ဥပဒေ အပိုဒ်-၃၉) အရ ထောင်ဒဏ် ၃ နှစ် နှင့် ငွေဒဏ် ၆၀,၀၀၀ သို့မဟုတ် ပြစ် ဒဏ် နှစ်ခုစလုံးကို ပူးတွဲ ကျခံရမည်။

တရားလို၏အခွင့်အရေး၊ တရားခံနှင့်အမှု

တရားလို၏အခွင့်အရေး၊ တရားခံနှင့်အမှု

က။ အမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များ

၁။ ။ တရားရုံး

ထိုင်းနိုင်ငံတွင် တရားရုံးကို (၃) မျိုးခွဲခြားထားသည်။
၁-၁။ ။တရားမ တရားရုံးတွင် အောက်ခြေတရားရုံး၊ အယူခံတရားရုံး၊ အထက်တရားရုံး ဟူ၍ သုံးမျိုးခွဲထားသည်။

- တရားမ တရားရုံးသည် ငွေကြေးနှင့်သက်ဆိုင်သည့် အမှုများနှင့်ပြစ်မှုများကို စီရင်သည်။
- ငွေကြေးနှင့်ဆိုင်သည့် အမှုများတွင် ကိုဝင်းသည် ကိုအောင်ချေးငှားသွားသည့်ငွေများကို ပြန်လည်ရလိုအတွက် တိုင်တန်းသည့် အမှုများကို လက်ခံတရားစီရင်ပေးသည်။

ပထမဆုံး မလေးရှား ရှိမြန်မာများ အတွက် အလုပ်ကိုင်ကူညီမှု့

ပထမဆုံး မလေးရှား ရှိမြန်မာများ အတွက် အလုပ်ကိုင်ကူညီမှု့

မင်္ဂလာပါ

ယနေ့ ရွှေလူငယ်အဖွဲ့မှ မလေးရှားရောက် မြန်မာ လူငယ်များအတွက်
အလုပ်အကိုင်ခက်ခဲသူများကို ကူညီရှာဖွေပေးသော အစီအစဉ်အား
ယနေ့ 28.2.2011 မှာ အကောင်ထည်ဖော်မည်ဖြစ်ပါတယ် ။

မိမိနေထိုင်သော ဒေသအလိုက် အလုပ်ကိုင်လိုအပ်သူများ
အကူညီတောင်းနိုင်ပြီး အလုပ်ကိုင်လိုအပ်သော သူများမှလည်း
လိုအပ်သော အလုပ်ကိုင် ၊ လစာ ၊ နေရာဒေသများကို ဖော်ပြပြီး
အလုပ်သမားများ ရှာဖွေနိုင်ပါတယ် ။

ရွှေလူငယ် အဖွဲ့မှ အလုပ်ကိုင်ကူညီမှု့အတွက် ငွေကြေး တစ်ပြားမှ
ပေရန်မလိုသကဲသို့ မည်သည့် ပွဲစားကိစ္စမှ မပါဝင်ပါ ။

ဆက်သွယ်ရန်

0143414613
0163442411

shwelungal@gmail.com

ပေလေးပင် သျှင်လေးပါး

ပေလေးပင် သျှင်လေးပါး

မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ် အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်ရောက်လျှင် တောင်တွင်းကြီးမြို့မှ တဘောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ အဆိုပါတဘောင်မှာ "ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်းကူးလတံ့၊ မြူးလည်းမြူးလတံ့ "လို့ ဖြစ်ပါတယ်။

တဘောင်စကားအရ "အကိုက်လေးဖော်" ဆိုသည်မှာ ပေပင်အစို့ အကိုက်လေးစို့ ဟုဆိုလိုခြင်းဖြစ်ပြီး ပေဆိုသည်မှာ စာပေကို ဆိုလိုသည့်အတွက် စာပေကျမ်းဂန်တတ်ကျွမ်းသော

တဘောင်(ကြိုတင်နမိတ်)အကြောင်းနှင့်တဘောင်များ

တဘောင်(ကြိုတင်နမိတ်)အကြောင်းနှင့်တဘောင်များ
တဘောင်

တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုသည်။ ဆရာကြီး ဦးဘရင်က တဘောင်ဟူသော စကားမှာ တံဘာသ မှ ပြောင်းလာခြင်း ဖြစ်သည်။ `တံ´ သည် ထို ဟူသော ညွှန်ကြားခြင်း နိဒဿန ဖြစ်သည်။ `ဘာသ´မှာ ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့သော နောင်အခါ၌ မည်သို့မည်ပုံဖြစ်မည်ကို ကြိုတင်ပြောဆိုထားခြင်းဟု အဓိပ္ပါယ် ဖွင့်ပါသည်။
တဘောင်နှင့် စနည်း မတူပေ၊ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ က တဘောင်နှင့် စနည်း ဤသို့ခွဲခြားပြသည်။
တဘောင်ဟူသည် ကြားရသော အသံဖြစ်၏။ သဘင်သည်၊ သူရူး၊ ကလေးသူငယ်တို့၏ နှုတ်ဖျားမှ သီဆိုအော်ဟစ်ကြသော အသံသည် တမင်နားမထောင်ရဘဲ ကြားရသောအသံ ဖြစ်၍ တဘောင်ဟု ခေါ်၏။ (ဥပမာ= ၂၀၀၈-ခုနှစ်၊ဧပြီလ သင်္ကြန်တွင် စိုင်းစိုင်းခမ်းလှိုင်၏ `အိုးကလေး လှုပ်ပါဟေ့၊ အိုးကလေး လှုပ်ပါဟေ့၊´ဟု ကလေးသူငယ်များ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့ကာ မကြာခင် နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်စည်းစိမ်တွေသာမက အသက်တွေပါ ဆုံးရှုံးသွားကြရသည်ဟု လူတို့ပြောကြသည်။ စာရေးသူ=မေယာအမ်တီ)
တမင်ချောင်း၍ နားထောင်မှ ကြားသိရသောအသံကိုကား စနည်းဟု ခေါ်ဆိုသည်။ [1]
မြန်မာတို့ယုံကြည်မှုအရ တဘောင်ဆိုသည်မှာ ပညာရှိ၊ ဗေဒင်ကျမ်းဂန်တတ်တို့က အနာဂတ်တွင် ဖြစ်ဖွယ်ရှိသည့် အကြောင်းတရားတို့ကို တွက်ချက်ကာ အပြောအဆိုရလွယ်စေရန် ရေးသားစီရင်ထားသော ကဗျာ(သို့) လင်္ကာ ဟုသတ်မှတ်နိုင်သည်။ တဘောင်နှင့် သိုက်စာ မှာ သဘောချင်းအားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။ သို့သော် သိုက်စာမှာ အချိန်အားဖြင့် ပိုမိုသောသဘောတွင်ရှိပြီး စာကိုယ်အားဖြင့်လည်း ပိုရှည်တတ်ပေသည်။
  • 1 ဗိုလ်ချုပ်အောင်ဆန်းခေတ်က တဘောင်
  • 2 ကုန်းဘောင် တဘောင်
  • 3 သီပေါ တဘောင်
  • 4 အင်္ဂလိပ်ပြေးခါနီး တဘောင်
  • 5 ဂျပန်ခေတ် တဘောင်
  • 6 နှောင်း တဘောင်
  • 7 အတိတ်တဘောင်
  • 8 ကိုးကား
[ပြင်ဆင်ရန်] ဗိုလ်ချုပ်အောင်ဆန်းခေတ်က တဘောင်
  • အင်းကို ဟင်္သာ ဆင်းလတံ့
ဟင်္သာကို လေးနှင့်ခွင်းလတံ့
ရှောတိုးကို မိုးကြိုးပစ်လတံ့

FBI (Federal Bureau of Investigation)

FBI (Federal Bureau of Investigation)
FBI

FBI (Federal Bureau of Investigation) သည် အမေရိကန်နိုင်ငံ၏ အဓိက စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်း ဖြစ်သည်။ ဗဟိုအစိုးရ၏ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် ပြည်တွင်း ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်သည်။ ဌာနချုပ်မှာ အမေရိကန်နိုင်ငံ ၀ါရှင်တန်တွင် တည်ရှိပြီး အမေရိကန်နိုင်ငံ၏ အဓိကမြို့ကြီးများတွင် ရုံးခွဲ (၅၆) ခု ၊ မြို့ငယ်များတွင် ရုံးခွဲ (၄၀၀) ခန့်နှင့် အခြားနိုင်ငံများတွင် ရုံးခွဲ (၅၀) ခန့် ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
FBI  ဆောင်ပုဒ် : Fidelity, Bravery, Integrity စတင်ထည်ထောင်ခြင်း ၁၉၀၈ အမှုထမ်းပေါင်း ၃၀၈၄၇ (၂၀၀၈ စာရင်း) နှစ်စဉ်ရံပုံငွေ ကန်ဒေါ်လာ (၆.၄) ဘီလီယံ Website http://www.fbi.gov/

စီအိုင်အေ အကြောင်း

စီအိုင်အေ
စီအိုင်အေ

CIA သည် အမေရိကန်နိုင်ငံ၏ ဗဟိုထောက်လှမ်းရေးအဖွဲ့ (Central Intelligence Agency) ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် အစိုးရများ၏ သတင်းအချက်အလက်များ စုဆောင်းထိန်းသိမ်းခြင်း ကိစ္စများ ဆောင်ရွက်သည်။ထို့ပြင် အခြားနိုင်ငံများ၏ အရေးအခင်းများကို စွပ်ဖက်ခြင်း၊အမေရိကန်၏ သြဇာအာဏာကို ချဲ့ထွင်ခြင်း၊လျှို့ဝှက်လုပ်ကြံခြင်း အစရှိသည့် စစ်ဆင်ရေးများကိုလည်း ကျယ်ပြန့်စွာဆောင်ရွက်သည်။
CIA

စတင်ထည်ထောင်သည့်နေ့ ၁၉၄၇ ဇူလိုင် (၂၆) ဌာနချုပ် ဗာဂျီးနီးယား ၊ အမေရိကန် ၀န်ထမ်းများ (၂၀,၀၀၀) ခန့်မှန်း နှစ်စဉ် ရံပုံငွေ ကန်ဒေါ်လာ (၁၀) ဘီလီယံခန့်

တရားစီရင်ရေးအကြောင်းသိမှတ်ဖွယ်

တရားစီရင်ရေးအကြောင်းမှတ်သားဖွယ်
တရားစီရင်ရေး
တရားစီရင်ရေး အာဏာသည် နိုင်ငံတော် အာဏာတစ်ရပ် ဖြစ်သည်။ မည်သည့် ခေတ်အခါ၌မဆို ထိုခေတ် ထိုအခါတွင် တည်ဆောက်လျက် ရှိသော၊ သို့မဟုတ် အခိုင်အမာ တည် ဆောက်ပြီးဖြစ်သော စနစ်ကို တရားဥပဒေက ကာကွယ်စောင့် ရှောက်ပေးသည်။
ဆိုရှယ်လစ် လူ့ဘောင်သစ်ကို တည်ဆောက်သည်နှင့် ဥပေဒသည်လည်း ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ် ကျေးမှု အစရှိသည်ကို ကာကွယ်စောင့်ရှောက်ပေးသည်။ အခြေ ခံအဆောက်အအုံကို ခိုင်အောင်ပြုလုပ်ပေသည်။ ပြည်သူတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်မှုကို ကာကွယ်ပေးသည်။ လူ့ဘောင်သစ် မှ ပြည်သူအချင်းချင်း၏ ဆက်ဆံရေးကို တရားမျှတစွာ စွမ်း ဆောင်ပေးသည်။ ဆိုရှယ်လစ် စီးပွားရေးစနစ်က လူမှုရပိုင်ခွင့် များအတွက် အခြေအနေများကို တီထွင်ပေးပြီးလျှင် ဥပဒေသစ် များက ဥပဒေအရ ယင်းတို့ကို ခိုင်မြဲအောင် ပြုလုပ်ပေးရပေ သည်။ လုပ်သားပြည်သူ့အာဏာကို ကိုယ်စားပြုသော နိုင်ငံ တစ်နိုင်ငံကို အခြေခံအားဖြင့် သစ်လွင်သော ဥပဒေများမရေးဆွဲ မပြဠာန်းဘဲ တည်ဆောက်၍ ရနိုင်မည် မဟုတ်ပေ ထိုကြောင့်လည်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းနေ သောအခြေအနေကို ထိန်းသိမ်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ခဲ့ရာတွင် တရားစီရင်ရေး စနစ်ကိုလည်း လုပ်သားပြည်သူတို့ အကျိုးကို ကာကွယ်စောင့် ရှောက်သော တရားစီရင်ရေးစနစ်ဖြစ်အောင် ကြိုးစားဆောင်ရွက် လျက်ရှိသည်။ ခေတ်နှင့်မလျော်ကန်တော့သော တရားဥပဒေ များကို တည်ဆောင်လျက်ရှိသော စနစ်နှင့် လျော်ကန်ကိုက်ညီ အောင် ပြင်ဆင်ကျင့်သုံးလျက် ရှိသည်။ တရားစီရင်ရေးတွင် အမှန်ဆုံးနှင့် အမြန်ဆုံးဖြစ်ရေးကို မူတစ်ရပ်အနေနှင့် ချမှတ် ကျင့်သုံးလျက် ရှိသည်။
အတတ်နိုင်ဆုံး၊ အမှန်ဆုံးတရားစီရင်ရေး ဖြစ်မြောက်စေ ရန် အမှုကို တစ်ဦးတည်းသာ စဉ်းစား ဆုံးဖြတ်ခြင်းမပြုဘဲ ခုံရုံးအဖွဲ့ဝင်များက စုပေါင်းစဉ်းစားဆုံးဖြတ်ခြင်း (ဝါ) ပြည် သူများပါဝင်၍ ညှိနှိုင်းစဉ်းစား ဆုံးဖြတ်ခြင်းတို့ကို ကျင့်သုံး ခဲ့လေသည်။ ယင်းသို့ဖြင့် မြေယာကော်မတီများ၊ အလုပ်သမား ဆပ်ကော်မတီ၊ အထူးရာဇဝတ်တရားရုံးများ ဖွဲ့စည်း၍ တောင် သူလယ်သမားများ၏ မှုခင်းများ၊ အလုပ်သမား အလုပ်ရှင် ပဋိကက္ခမှုခင်းများ၊ ရာဇဝတ်ပြစ်မှုများကို စစ်ဆေးစီရင်လေ သည်။
ပြည်သူ့ ကိုယ်စားလှယ်များအား ပြည်သူတို့၏ တရား စီရင်ပိုင်ခွင့်အာဏာကို အပ်နှင်းသည့်အနေဖြင့် တရားစီရင်ရေး အဖွဲ့များတွင် ဖြစ်နိုင်သည့်အခြေအနေများ၌ လုပ်သားပြည်သူ ကိုယ်စားလှယ်များသာ ပါဝင်ညှိနှိုင်းဆုံးဖြတ်စေခဲ့သည်မှာ တော်လှန်ရေးအစိုးရ တရားစီရငသ်ရေး၏ ထူးခြားချက်တစ်ရပ် ဖြစ်သည်။ ယင်းမှာ ဆိုရှယ်လစ် ဒီမိုကရေစီအသွင်လက္ခဏာ ဆောင်သော တရားစီရင်ရေးဖြစ်ပေသည်။ တရားဥပဒေ ပညာ ရပ်နှင့် ပြည်သူတို့၏ အတွေ့အကြုံပညာဗဟုသုတကို ပေါင်းစပ် သော တရားစီရင်ရေးဖြစ်ပေသည်။
နိုင်ငံတော် တရားရုံးချုပ်မှလည်း မူသစ်စနစ်သစ်နှင့် ကိုက်ညီစေရန် အတွက် တရားရုံးများသို့ ညွှန်ကြားလွှာများ ထုတ်ပေးခြင်းဖြင့်၎င်း စီရင်ထုံးများ ချမှတ်၍၎င်း ပြည်သူတို့ ယုံကြည်ကိုးစားနိုင်သော တရားစီရင်ရေး ဖြစ်ထွန်းရေး၊ တရား စီရင်ရေးအာဏာမှာ အများအကျိုးနှင့် အမှန်ဖြစ်ရန် ပြည်သူ တို့က ယုံကြည်အပ်နှံထားသော အာဏာဖြစ်သည်ဟု မပြတ် သတိချပ်ရေး၊ တရားစီရင်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းညှိနှိုင်းပြီးလျှင် ကိုယ့်တာဝန်ကို ကိုယ်ယူ၍ ဆောင် ရွက်ရမည့်အခန်း၌ တာဝန်သိသိ တာဝန်ကြေကြေ ထမ်းဆောင် ရေးအတွက် အခါမလပ် ဆော်သြနှိုးဆောင်ပေးလျက် ရှိသည်။
တရားစီရင်ရာတွင် အမြန်ဆုံး တရားစီရင်ရေးသည် အမှတ် ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သည်။ ထိုကြောင့် တော်လှန်ရေးအစိုးရ တရားရေးဌာနနှင့် နိုင်ငံတော် တရားရုံး ချုပ်တို့က အမှုများကို အမြန်ဆုံးစစ်ဆေးရန် ညွှန်ကြားခဲ့သည်။ နည်းလမ်းများကိုလည်း ရှာဖွေခဲ့သည်။ စီရင်ထုံးများ ပြုရာတွင် ဖော်ပြခဲ့သည်။ တော်လှန်ရေးအစိုးရက ပြဠာန်းခဲ့သော တရား စီရင်ရုံးမျးတွင် အမှုများကို အမြန်ဆုံးစစ်ဆေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိပြီးလျှင် ချွတ် ယွင်းချက်များကိုလည် အတတ်နိုင်ဆုံကြိုးစားပြင်ဆင်လျက်ရှိ သည်။ ဗဟို၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အထူး ရာဇဝတ်ရုံးများကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ဖွဲ့စည်းနိုင်ရန် စီစဉ်ပေးလျက်ရှိခြင်း၊ အထူးရာဇဝတ်ရုံး ဖွဲ့စည်းပုံတွင် အဖွဲ့ဝင် များ၏ အနေအထားတည်ငြိမ်မှု ရရှိနိုင်သမျှ ရရှိရန် ကြိုးပမ်း ခြင်း၊ အတည်ပြုအဖွဲတွင် အချိန်ကြာမြင့်ခဲ့ရသော် အမှုများကို လျက်မြန်စွာ စဉ်းစားဆုံးဖြတ်ရန်အတွက် အဖွဲ့ဝင်များကို တိုး၍ ခန့်အပ်ခြင်း၊ အတည်ပြုအဖွဲ့ဝင်များ အချိန်မှန် စည်းဝေး ဆုံး ဖြတ်ခြင်း၊ အယူခံအဖွဲ့ဝင်များ ထပ်မံတိုး၍ ခန့်အပ်ခြင်း အစရှိ သည်ဖြင့် အမှုများကို အတတ်နိုင်ဆုံး လျင်မြန်စွာစစ်ဆေးနိုင် ရန် ဆောင်ရွက်လျက်ရှိသည်။ [1]
ကိုးကား
  1. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၄)

မြ၀တီမင်းကြီးဦးစ

မြဝတီ ဝန်ကြီး ဦးစ

သာဆန်းငယ်တည့် ရဂုံဗွေ-ချီ မြစ်နှင့် တောင်ဖွဲ့ပတ်ပျိုးရေးသူ မြဝတီဝန်ကြီး ဦးစမှာ သက္ကရာဇ် ၁၁၂၈-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၀-ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်းမြို့အနောက် မိချောင်းတက်ချောင်းရွာ၌ အဖမြင်းစီးကြီး၏သား ဦးပေါက်ကျော်၊ အမိ သာလွန်မင်းတရားကြီး၏ အမတ် ဗညားကျန်းတောမြေး ရှင်ငြိမ်းသာတို့မှ ဖွားမြင်သော သားဖြစ်လေသည်။ ၁၁-နှစ် အရွယ်ရှိ မောင်စသည် အင်းဝမြို့ မဲထီးရွာ မဲထီးဆရာတော် ဦးပရမအထံတော်တွင် သာမဏေ အဖြစ်နှင့် စာပေသင်ကြားတတ်မြောက်ခဲ့သည်။ နောက် ကျောင်းမှထွက်၍ စစ်ကိုင်းမြို့ပန်းထိမ်ဝန်ဟောင်းဦးညွန့်သမီး မအေးနှင့် သင့်မြတ်သည်။ ထိုစဉ်ကပင်လျှင် အတီးအမှုတ်အရာ၌ ဝါသနာထုံလှသောကြောင့် ဘိုးတော်မင်းတရားကြီး၏ လက်ဝဲဆိုင်းအမှုထမ်း ဆိုင်းဆရာကြီး ဦးတရုပ်ထံ၌ ကြေးဝိုင်းတီးခဲ့သည်။

၁၉-နှစ်အရွယ်တွင် အမရပူရမြို့သို့ ပြောင်းရွှေ့ကာ အိမ်ရှေ့စံရွှေတောင်မင်းသား၏ သံတော်ဆင့် လက်ျာပျံချီထံတွင် ရေးမှတ်သည့်ဘက်မှ အမှုထမ်း၍နေရသည်။ ၁၁၀၅-ခုနှစ်တွင် ရွှေဘုံ နိဒါန်းရေးဆရာ ဇေယျသင်္ခယာဘွဲ့ခံ အိမ်ရှေ့အတွင်းဝန်က အိမ်ရှေ့စံရွှေတောင်မင်း အထံတော်သို့ ဦးစ၏ အရည်အချင်းကို လျောက်တင်သဖြင့် အိမ်ရှေ့အိမ်တော်သို့ ပြောင်း၍ အမှုတော်ထမ်းရွက်ရသည်။

ထိုအတွင်းမှာပင် ဦးစသည် ကြိုး၊ ဘွဲ့၊ သီချင်းကြီးများ ရေးသားစ ပြုလာသည်။ ယိုးဒယားဘာသာနှင့်ရှိသော အီနောင်ဇာတ်ကိုလည်း မြန်မာဘာသာပြန်ဆို၏။ တီးကွက်မှတ်ကွက် ဇာတ်သီချင်းများနှင့် အတူရေးသားပြီးစီးသည်။ အိမ်ရှေ့စံရွှေတောင်မင်းသား နတ်ရွာစံသောအခါ ဗဒုံမင်းသည် မြေးတော်စစ်ကိုင်းမင်းသား(နောင်တွင် ဘကြီးတော်မင်းကို အိမ်ရှေ့အရာပေးတော်မူ၍ ဦးစကိုလည်း အိမ်ရှေ့ သံတော်ဆင့်အရာနှင့် ပြည်လုံးယူ-လှေမှူးခန့်တော်မူသည်။ နောက် အိမ်ရှေ့အတွင်းဝန်ခန့်တော်မူပြန်၍ နေမျိုးဇေယျသူရဘွဲ့ဖြင့်လည်း တိုးတတ်ချီးမြှင့်ခြင်း ခံရပြန်လေသည်။

အိမ်ရှေ့အတွင်းဝန် နေမျိုးဇေယျသူရ အဖြစ်နှင့် တပ်ကြီး ၃-တပ်၊ မြင်း ၁၅၀၊ စစ်သည်သူရဲ ၁၅၀၀ ကိုအုပ်ချုပ် ကွပ်ကဲ၍ တမူးကြောင်းရှေ့ကနေပြီး ကသည်းမျည်းတဲပြည် မဟာရာဇာထောင်ထားသည့်အရေးတော်ကို နှိမ်နှင်းပြီးပြေအောင်မြင်၍ ညီဥပရာဇာကို နန်းတင်ခဲ့ပြီးသော် ရွှေစက်တော်အောက်သို့ ပြန်လည်ရောက်ရှိသည်တွင် ဒူးနေရာကသည် တော်နေရာသို့ မြှင့်တင်သနားတော်မြတ် ထပ်မံခံရပြန်သည်။

သက္ကရာဇ် ၁၁၈၅-ခုနှစ်တွင် လက်နက်နိုင်ငံတော် ဖြစ်သော ဓညဝတီ ရခိုင်ပြည်နယ် ရှင်မဖြူကျွန်း၌ အင်္ဂလိပ်တို့ အလံစိုက်မှုမှစ၍ အင်္ဂလိပ်နှင့် မြန်မာတို့ ပထမစစ်ပွဲဖြစ်သောအခါ အလုံဝန်ကြီး မင်းကြီး မဟာဗန္ဓုလနှင့်အတူ ဦးစအား လက်ဝံစစ်ကဲခန့်၍ ရှေ့ဦးချီနှင့်စေရာ ဂေါတော့ပလ္လင်တွင် အင်္ဂလိပ်တို့နှင့် ဆိုင်ပြိုင်တိုက်ခိုက်သောအခါ အနိုင်ရလေသည်။ နောက်တရက် ၂-ရက် ဆိုင်းပြီး ပန်းဝါသို့ ချီတတ်တိုက်ခိုက်ပြန်ရာ အကြီးပြုသူ အင်္ဂလိပ်စစ်ဗိုလ်နှင့် စစ်ဗာရီကုလားများ သေကျေပျက်စီး သည့်ပြင် စစ်သုံ့ပန်းအများ လက်နက်အများ ရရှိလိုက်လေသည်။

နေပြည်တော်သို့ ပြန်ရောက်သောအခါ ဝန်ကြီးခန့်ထားခြင်းခံရ၍ တိုင်းရေးပြည်မှုများကို စီရင်ရလေသည်။ သက္ကရာဇ် ၁၈၃၀-ခုနှစ် ဘကြီးတော်လက်ထက်တွင် မြဝတီဝန်ကြီး ဖြစ်ပြန်သည်။ ဘကြီးတော်နန်ကျ၍ သာယာဝတီမင်းနန်းတတ်သောအခါ နန်းမတော်မယ်နု၊ စလင်းမင်းသားကြီးမောင်အို တို့၏ အပင်းအသင်းဖြစ်သည်ဟု ဆိုကာ ထောင်သွင်း အကျဉ်းချထားခြင်းကို ခံရလေသည်။

ဘုရင့်သမီးတော် စုဘုရားကြီး၏ တိုက်တွန်းတော်မူချက်အရ ထောင်တွင်းမှပင် “ကုန်းဘောင်နေမင်း၊ ဘုန်းရောင်ဝေရှင်း၊ တောင်ဒီပါ ထိန်ထိန်လင်း” အစရှိသော ဘုန်းတော်ဘွဲ့သီချင်းကြီးကို ရေးသား၍ သမီးတော် စုဘုရားကြီးမှ တဆင့် ဆက်သွင်းရာ၊ မင်းတရားကြီး အမျက်တော်ပြေ၍ ထောင်မှလွှတ်တော်မူလေသည်။ ဦးစကား မင်းတုန်းမင်းတရားကြီး လက်ထက်တွင်အမှုတော်ထမ်းရွက်နေလျက် သက္ကရာဇ် ၁၂၁၅-ခုနှစ် ဝါခေါင် လဆန်း ၁-ရက်နေ့ အနိစ္စရောက်သတည်း။

ဝေမင်း

မာယာ ၊ မုန်တိုင်း၊ ပင်လယ် နဲ့ ငါ့လှေ



မာယာ ၊ မုန်တိုင်း၊ ပင်လယ် နဲ့ ငါ့လှေ

နက်ရှိုင်းကြည်လင် ၊ ပင်လယ် ပြင်ဝယ်
အားအင် မာန်တင်း ၊ ဇွဲ ကိုသွင်းရ်ျ
လှေတစ်စင်း နှင့် ရွက်လွင့်မယ် ။

ရွက်လွှင့်ပြီဆို ၊ ဘာကိုမှ မကြောက်
ခြိမ်းခြောက်သံလား ၊မုန်တိုင်းလား
အိုယောက်ကျားပဲ ၊နည်းနည်းမလျော့
မုန်တိုင်းလောက်တော့ အပျော့ပဲ ။

စိတ်ထဲ မမှု ၊ဂရုမစိုက်
ရွက်ဖွင့် လိုက်မယ် ၊ တိုက်စမ်း မုန်တိုင်း _ ထင်ရာ စိုင်း ။

ဟော_ ဟိုရှေ့မှာ ၊ ကာ-ကာ -ကာဆီး
ကျောက်ဆောင် ကြီးမို့၊ ငိုညည်းကြောက်ရွံ
နောက်တွန့်ခွေပျော့၊ အားလျော့ မယ်များ ထင်သလား ? ၊
ဟင်း ! ဝေးပါသေး၊ လှေလေးငယ်ငယ်
ခိုမှီတွယ်ရ်ျ ၊ ပင်လယ် ပြင် သွား
စွမ်းပကားနှင့် ၊ ယောကျာ်း ပီဘိ
ငါ့သတ္တိကို ၊ သိရှိနားလည်သင့်ပါ့ပြီ ။

ပင်လယ် ဆိုတာ မာယာ များသား
ကြည်သာယိမ်းညွတ်၊ လှိုင်းကြက် ခွပ် မှာ
ဆွတ်ပျံ့ တိမ်းမူး ၊ ရွှင်ကြည်နူးမို့ ၊
စိတ်ကူးယဉ် ရ်ျ ကောင်းနေချိန် ၊
ဟိုတောင်ဆီမှာ ၊ ညှိ့ရောင်ပြရ်ျ
လှိုင်းစကြက်ခွပ် ၊ဇွတ်တိုးဗြောင်း ဆန်
ကြီးထွား မြန်ပြီး ၊ ပြင်း ထန် ရိုက်ဟီး
လှိုင်း လုံး ကြီးတွေ ၊ အော်မြည် နေ ပြီး
မိုးသက်မုန်တိုင်း ၊ ထန်တက်တကား ။

ပင်လယ် သဘော၊ စောကြော နားလည်
သိခဲ့ပြီ မို့ ၊ ငါသည်တုန်လှုပ်
နောက်မဆုတ် ပါ ။

အို _ ပင်လယ် ပြင် ၊ အသင့် နှင့် ငါ
တွေ့ကြပါပေါ့ ၊ သည်မှာ နောက်ဆုံး
သင်သာ ရုံး ရ်ျ ၊ လုံးဝ တွန်းလှန်
အောင်ပန်း ပန်လျက် ၊ ခရီး ဆက်သည်
လှေခွက် ချည်းကျန် ၊ အလံ မလှဲ
သည်တိုက်ပွဲ မှာ၊ ဇွဲ လုံ့ လနှင့်
သီရိယ မျိုး ၊ညဏ်အားကိုး ပြီး

သည် ခရီးတွင် ၊ လှိုင်း ကြီး ကွယ်ပျောက်
ငါ့လှေအောက် မှာ ၊ နောက်ဆုံး သင်ရောက် လာ ရမည် ။.................။  

ဒီပါအောင်  ...

ခွဲခွာခြင်း.....

ခွဲခွာခြင်း.....

ဘ၀တစ်ခုကို..အစပြုတည်ဆောက်ဖို.
အသပြာငွေကြေး...အရာပေးပြီး
နှလုံးသားကိုလှီးဖြတ်....
ဈေးကွက်နဲ.တွက်လိုက်တာလား..ငယ်......
ဘ၀တစ်ခု...မှာ
အသပြာဆိုတာ..အရေးပါတာမှန်ပါတယ်...
ဒါပေမဲ့ငယ်ရယ်...
ဝေဒနာကိုငှဲ.တွက် ..ဈေးကွက်ကနေ..လှည့်ထွက်သင့်ပါတယ်...
နွမ်းပါးသူရဲ.နှလုံးသား..
ထည့်မစဉ်းစားပေးတော့ဘူးလားငယ်.....
ထားခဲ့တဲ့သံယောဇဉ်...ပေးခဲ့တဲ့ကတိ...
တွဲခဲ့ဖူးတဲ့လက်...
ခုတော့......ပြေးထွက်ရက်ပြီပေါ့နော်....
နွမ်းပါးပေမဲ့ ..ငယ်ပေးခဲ့တဲ့
သံယောဇဉ်ကြောင့် ..စိမ်းလန်းခဲ့တဲ့ ကို. ဘ၀လေးဟာ..
ခုများတော့ ..အထီးကျန်..ခြောက်သွေ.ပြန်ပြီပေါ့...
ဒါပေမဲ့ငယ်ရယ်...
ယောကျာ်းတံခွန် လူရည်ချွန်က..ကောင်းကင်တမွတ်
ကြယ်ကိုဆွတ်လဲ..မလွတ်စမြဲ..ရမြဲတမ်း တဲ့.......................
အချိန်ကာလကိုမစောင့်တတ်..
ပြေးထွက်ရက်တဲ့ငယ်ရယ်...
စိတ်လဲမနာ..စိတ်လဲမဆိုး
ချစ်စိတ်တွေပဲတိုးလျှက်ပါ......
ကံကြမ္မာတပါတ်...
ပြန်ပြီးပါတ်ခဲ့ရင်................
ဆိုတဲ့.......
မှုန်ပျပျအလင်းတန်း...
မျှော်လင့်ချက်နဲ. နမ်းခွင့်ပြုပါတော့ ငယ်ရယ်....
နမ်းခွင့်ပြုပါတော့................................
.

ဝေမင်း ၆-၄-၂၀၁၁ နံနက် ၉း၂၀ ...

ထိုင်းရောက်ဆလုံလူမျိုးများ

ထိုင်းရောက် မော်ကင်း တဖြစ်လဲ ဆလုံများ
Tuesday, 19 April 2011 18:24 ဆောင်းပါး



ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာရှိတဲ့ စဖန်းပလာ ဆိပ်ကမ်းကနေ ၂၅ မိနစ်လောက် လှေစီးပြီးသွားရင် ကော့လောင်နော့ ဆိုတဲ့ ရွာလေးတရွာ ရှိပါတယ်။ အဲဒီမှာ ခရုကောက်၊ ရေငုပ်ပြီး အသက်မွေး ဝမ်းကျောင်းတဲ့ ပင်လယ်ပျော် ဂျပ်ပစီ၊ ထိုင်းအခေါ် “မော်ကင်း”၊ မြန်မာအခေါ် “ဆလုံ” လူမျိုးတွေ နေကြပါတယ်။


ခရုရှာနေကြသည့် ဆလုံအမျိုးသမီးများ (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ ရေပိုက်နက်ထဲမှာရှိတဲ့ ကျွန်းကလေး တခုပေါ်မှာ ရွာတည်ထားတာ ဖြစ်ပါတယ်။ ဆလုံတိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက မြန်မာဘက်ကနေ ပင်လယ်ပြင်ထဲမှာ ရှာဖွေစားသောက်ရင်း ဒီကျွန်းကိုရောက်လာပြီး စတင် အခြေချနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆလုံတွေဟာ မြန်မာ၊ ထိုင်းနဲ့ အရှေ့တောင်အာရှ နိုင်ငံများရှိ ကျွန်းများမှာ လှည့်လည်သွားလာ နေကြပြီး သက်ကယ်ပေါင်းမိုးပါ သစ်သားလှေများပေါ်မှာ နေထိုင်သူများ၊ ပင်လယ်ရေငုပ် ကျွမ်းကျင်သူများအဖြစ် နာမည်ကျော်ကြားပါတယ်။

အဲဒီ ကျွန်းကို ရောက်ခါနီးတော့ ဆလုံ အမျိုးသမီးတွေက ဟိုတစု ဒီတစု ဘေးနားမှာ ရေပုံးအမဲကလေးတွေ ကိုယ်စီချထားပြီး ကမ်းနားမှာရှိတဲ့ သဲသောင်ပြင်ထဲမှာ သဲတွေကို ဖယ်ရှားကာ ခရုကောက်နေ ကြသလို ကျောက်တုံးလေးတွေမှာ တွယ်ကပ်နေတဲ့ ခရုတွေကိုလည်း ခွာယူနေတာ တွေ့ရပါတယ်။

သူတို့ ခရုကောက်နေတဲ့ အဲဒီ သဲသောင်ပြင်မှာ ခရု အခွံကွဲတွေ၊ ပုလင်းကွဲ အစအနတွေ မြင်တွေ့ရပေမယ့် ဆလုံအမျိုး သမီးတယောက်သာ ဟောင်းနွမ်းနေတဲ့ ဖိနပ်တရံကို စီးထားပြီး ကျန်တဲ့သူတွေက ဖိနပ်စီးမထားတာကိုလည်း သတိပြုမိပါတယ်။


စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ