.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, April 30, 2011

ခိုးဝင်တဲ့ မြန်မာ ၆၁ ယောက် အဖမ်းခံရ

Friday, April 29, 2011

(ဓာတ်ပုံ - Manager Online)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဆင့် ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီး၊ အမျိုးသား ၆၁ ယောက်ကို ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီး လိုက်တယ်လို့ ထိုင်းဘာသာနဲ့ ရေးသား ထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမျိုးသား ၅၆ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ အတူ ဘန်ကောက်မြို့ကို ဦးတည် သွားဖို့ ကြိုစားနေတဲ့ အချိန်မှာ ထိုင်း အာဏာ ပိုင်တွေရဲ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။ အဖမ်းခံရတဲ့ သူတွေကတော့ မြန်မာနဲ့ ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်သားတွေကို ထိုင်း အာဏာပိုင်တွေက စစ်ဆေးတော့

၈၂ ကြိမ်မြောက် မေဒေးနေ့ ဂျပန်နိုင်ငံ (၂၉ ဧပြီ ၂၀၁၁)










သတင်းဓါတ်ပုံ … ကိုသန်းဝင်း

စီမံချက်ဖြင့် ဖမ်းဆီးမှုများကြောင့် မီဇိုရမ်နေ မြန်မာများပုန်းရှောင်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ တရားမ၀င် နိုင်ငံခြားသားများကို လိုက်လံဖမ်းဆီးနေသည့် စီမံချက်ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင် ရပ်နားကာ ပုန်းရှောင်နေကြရသည်။

migrant-workers-of-mizoram
အိုက်ဇောမြို့ ဇောင်းတွီရပ်ကွက်မှ မြန်မာလုပ်သားများ နေထိုင် အလုပ်လုပ်ရာ ယက်ကန်းရုံများ (ဓာတ်ပုံ - ဧရာဝတီ)
“မနက်ကတင် ဒီက ၄ ယောက်ဖမ်းခံရတယ်။ နောက်ထပ်လာဖမ်းမယ်ဆိုတော့ အခု ရက်ကန်းယက်တာတွေလည်း ရပ်ထားပြီး ပုန်းနေကြရတယ်။ စနေနေ့တိုင်း တပတ်တခါ ဈေးဝယ်နေကျကိုတောင် ဈေးမ၀ယ်နိုင်ကြဘူး။ မြို့ထဲမှာ ရဲကားတွေနဲ့ လိုက်ဖမ်းနေတာ” ဟု ယက်ကန်းလုပ်ငန်း

စက်ရုံစီးနင်းသောအလုပ်သမားများအလုပ်ပြန်ဆင်း

Friday, 29 April 2011 18:18
ကြက်သား စက်ရုံ ကုမ္ပဏီမှ လုံခြုံရေး အစောင့်အကျပ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမားများတွင် ထိခိုက် ဒဏ်ရာရရှိသူတဦးကို နစ်နာကြေးငွေ ပေးမည်ဟူသော အလုပ်ရှင်၏သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ပြီး ယနေ့ အလုပ်ပုံမှန် ပြန်ဆင်းနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲ့ချဘွန်း (Phechabun) ခရိုင် Bueng Samphan မြို့နယ်တွင်ရှိသော Saha Farms ကြက်သား စက်ရုံ ကုမ္ပဏီမှ မြန်မာ အလုပ်သမားများ အဆောင်အနီးတွင် ဂစ်တာတီးနေစဉ် ထိုင်းလုံခြုံရေး အစောင့်အကျပ်များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ပြီး ယခုတပတ် ဗုဒ္ဓဟူးနေ့က စတင်၍ အလုပ်သမား

အလုပ်သမားနေ. ဂုဏ်ပြုစာတမ်း

မေဒေး များစွာ   မေအိခင်(လယ်ဝေး)

မေဒေးနေ့ သည် အမေရိကန်နိုင်ငံ ချီကာကိုမြို့ ရှိ ကျောက်မီးသွေးတွင်းတူးအလုပ်သမားများမှ တနေ့အလုပ်ချိန် ၁၄ နာရီ
ခိုင်းစေခံရပြီးကျန်းမာရေးစောင့်ရှောက်မှုမဲ့သည့် အတွက် အလုပ်သမားများမှမခံမရပ်နိုင်ဖြစ်ပြီးတောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့နေ့
ဖြစ်ပါတယ်။

အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီးမှ အောင်ပွဲအဖြစ် တနေ့အလုပ်ချိန် ၈နာရီ သတ်မှတ်ခံခဲ့ရတယ်။ကမ္ဘာအရပ်ရပ်က
အလုပ်သမားများပါ တန်းတူခံစားခွင့်ရခဲ့ကြသည့် မေလ(၁)ရက်နေ့ ကို မေဒေးနေ့ဟု သတ်မှတ်ခဲ့ပါတယ်။
ထိုနေ့ကိုကမ္ဘာ့အလုပ်သမားအောင်ပွဲ နေ့ကြီးအဖြစ် ကမ္ဘာတစ်ဝှမ်း တွင် နှစ်စဉ် ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။

မေဒေးနေ့အောင်ပွဲကို အားကျသဖြင့် မြန်မာအလုပ်သမားများ ရသင့်ရထိုက်သောအခွင့်အရေးများသိရှိစေရန်၊ တောင်းဆို
တတ်စေရန် စေတနာဇောနှင့် အလုပ်သမားများအား သင်တန်းပေးရန် (မြန်မာနိုင်ငံ အမေရိကန်သံရုံးစာကြည့်ဆောင်တွင်)
ကြိုးစားခဲ့ကြသော NLD လူငယ် (ဒဂုံမြို့သစ်) လူငယ်ရှေ့နေ ကိုကျော်ကျော် နှင့် NLD လူငယ် (မရမ်းကုန်း) ဥပဒေ ကျောင်းသား ကိုသူရိန်အောင် အပါအ၀င် လူငယ် (၆) ဦးအား စစ်အုပ်စုမှ ဖမ်းဆီးထောင်ချ ထားသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါတယ်။

ထိုလူငယ်များမှလည်း မည်သည့်အလုပ်သမားအဖွဲ့ အစည်း၏ တာဝန်ယူမှု

Friday, April 29, 2011

တရာမင်းဝေ ဧ။် ကဗျာများစုစည်းမှု.

ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။

ကျနော်တင်ပြထားသည်များအပြင်အခြားသောဘလော့ဂ်များစွာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

ထိုသက်ဆိုင်ရာဘလော့ဂ်အမည်များအားပြန်လည်မဖော်ပြနိုင်သည်ကိုနားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။

ဗေဒင်ဟောသည်

ဒေါက်ခနဲ ဓားပေါက်သံအဆုံးမှာ
ကံကြမ္မာက ကားယားကြီးကျလာတယ်
သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ
ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ်
ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ
မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။

တာရာမင်းဝေ
——————————————————————————-
ဝေးသူ

စကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့
မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား
ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ်
အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ်
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။
လ၀န်းကျကွဲသံတွေကြားမှတော့
ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး
ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့်
တစ်နေ့တော့ဆိုတာ
ဘယ်တော့ပွင့်မလဲလို့။

တာရာမင်းဝေ
——————————————————-

တန်ရာတန်ကြေး

နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး
အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ
စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။
အနုပညာဆိုတာ
မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး
နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကို မယုံကြည်ချင်ကြဘူး
ကြည့်ပါ
ဒီမြှားကို ငါပစ်ပြပါ့မယ်။
ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့
အဲဒီသူယောင်နတ်သမီးကို
တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။

တာရာမင်းဝေ
————————————————————————————–

သင်းကွဲသူများ (၁)

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။

တာရာမင်းဝေ
————————————————————–

ဖြစ်စဉ်

တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါ သေသွားရင် ဘာဖြစ်မလဲလို့။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့ စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘ၀မှာ နေပျော်ရတာပါပဲ ကလေးရယ်။

တာရာမင်းဝေ
—————————————————————————————–

နေ

ကြယ်ကလေးတွေ စိုးစီစိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွတ်ထွက်လာတဲ့နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ
ငါ ပျော်တယ် ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။

တာရာမင်းဝေ
———————————————————————

သင်းကွဲသူများ(၂)

နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်။

တာရာမင်းဝေ

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့်နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ်ဦးဆောင်သည့်အဖွဲ့နှင့် မြ၀တီခရိုင် ရဲမှူး ဦးဆောင် သောအဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲမှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကမြ၀တီမှာ ထိုင်းနဲ့မြန်မာရဲတွေ အထူးစည်းဝေးပွဲလုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံအဖွဲ့တွေကို ထိုင်းဘက်ကအရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲဘက်က ထိုင်းရဲကိုပေးတဲ့ သက်သေခံအထောက်အထားတွေထဲမှာ မြန်မာအတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ဓာတ်ပုံအထောက်အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာဘက်က အဓိကဆွေးနွေးသည့်အချက်တွင် မြ၀တီခရိုင်အတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများသည် ထိုင်းဘက်တွင်အခြေစိုက်သည့် မြန်မာအတိုက်အခံအဖွဲ့များက ပြုလုပ်နေခြင်းဖြစ်သည့်အတွက် ထိုင်းဘက်မှအမြန်ဆုံး အရေးယူမှုများပြုလုပ်ပေးရန်ပါရှိသည်ဟု သိရသည်။

ယမန်နေ့ကပြုလုပ်သည့် ထိုအထူးစည်းဝေးပွဲသို့ ထိုင်းနိုင်ငံတာ့ခ်ခရိုင်ရဲမှူးကြီး Pol. Maj.Gen Chamlong Nomsian နှင့် အတူ ခရိုင်အဆင့် အကောက်ခွန်ဌာန၊ ထိုင်းလ၀က၊ ကာကွယ်ရေးဌာန၊ နယ်ခြားကော်မတီ စသည့်အဖွဲ့များမှ အဆင့်မြင့် အရာရှိများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာဘက်မှ မြ၀တီခရိုင် ရဲမှူး ဒုရဲမှူးကြီး ခင်ကျော်၊ ရဲမှူး လေးစိုး(ဦးစီး)၊ ရဲမှူး လင်းဦး(သတင်းတပ်ဖွဲ့)၊ ဒုရဲမှူး အောင်ငွေ၊ ဒုရဲမှူး ကြီးရွှေ(လူကုန်ကူး-အထူး)၊ ဒုရဲမှူး စောလေးဝါး(မူးယစ် အထူး)၊ ရဲအုပ်သိန်းလွင်(မူးယစ်အထူး-BLO)၊ ရဲအုပ် အောင် မျိုးလွင် နှင့်

ရေအောက်စံ ဘုရားသုံးဆူ စေတီဟောင်း ပြန်ပေါ်


ချင်းမိုင် (မဇ္ဈိမ) ။      ။ ၂၇ နှစ်ခန့်အကြာ ရေအောက်နစ်မြုပ်ခဲ့သည့် ထိုင်းနိုင်ငံ ပိုင်နက်အတွင်းရှိ ဘုရားသုံးဆူ စေတီဟောင်းနှင့် ဝင်းကရွာဟောင်းမှ သာသနိက အဆောက်အအုံများ မြစ်ရေခန်းခြောက်နေသဖြင့် ပြန်ပေါ်လာခဲ့သည်။

ပြန်ပေါ်လာသည့် ကျောင်း၊ သိမ်နှင့် သာသနိက အဆောက်အအုံများမှာ ပျက်စီးနေပြီး၊ စေတီဟောင်းကိုလည်း အုတ်ပုံအဖြစ်သာ မြင်တွေ့ရတော့ကာ ရွာဟောင်းမှာမူ ရေအောက်တွင် နစ်မြုပ်ဆဲဖြစ်သည်။

လက်ရှိ ခေါ်တွင်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနှင့်
sati
ဆယ်စုနှစ် သုံးခုနီးပါး ရေအောက်နစ်မြုပ်၍ ပျက်စီးခဲ့ရသည့် ဘုရားသုံးဆူစေတီဟောင်း (ဓာတ်ပုံ - မဇ္ဈိမ)
ကီလိုမီတာ ၂ဝ ကျော် ကွာဝေးပြီး ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် ဝင်းကရွာသစ်အနီးတွင် ထိုသို့ ပြန်ပေါ်လာပုံကို ဒေသခံများ မြင်တွေ့ကြသည်။

စံခလယ်ချောင်း၊ ဘီးခီး (ခေါ်) ကင်းချောင်း၊ လန်တီချောင်း သုံးသွယ် ပေါင်းဆုံရာ၌ ဘုရားသုံးဆူစေတီဟောင်းနှင့် ဝင်းကရွာဟောင်း တည်ရှိသည်။

“ရွာဟောင်း ရေမြုပ်ကတည်းကဆို အခုလို ရေခန်းတာ ၅ ကြိမ် ရှိပြီ။ ၇ နှစ် တကြိမ်လောက် ဒီလိုခန်းတတ်တယ်။ ဒါပေမဲ့ မနှစ်နဲ့ ဒီနှစ်က ဆက်တိုက်ရေခန်းတယ်” ဟု ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတားအနီး စံခလယ်ချောင်းတွင် ဖောင်အိမ်ငှားခြင်းဖြင့်  ၂၅ နှစ်ကျော် အသက်မွေးလာခဲ့သူ နိုင်ချစ်ငွေက ပြောသည်။

ထိုင်းအစိုးရက ချောင်းသုံးသွယ် ပေါင်းစုံရာမှ ဖြစ်ပေါ်လာသည့် ကွေးမြစ်လက်တက်မှ ရေများကို ထွန်ဖါဖွန် ရေကာတာဖြင့် ထိန်းသိမ်းပြီး ရေအားလျှပ်စစ် ထုတ်လုပ်သည့် စီမံကိန်းကြောင့် ရေအောက်နစ်မြုပ်ခဲ့ရာမှ ၅ ကြိမ်မြောက် ပြန်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

sati1
ရေအောက်နစ်မြုပ်ပြီး ပြန်ပေါ်လာသည့် ဝင်းကရွာဟောင်းမှ သိမ်တော် (ဓာတ်ပုံ - မဇ္ဈိမ)
ပုံမှန်နွေရာသီ ရေအနည်းဆုံးအချိန်တွင် စံခလယ်ချောင်း၌ ရေ ၁၈ ပေ ရှိပြီး ယခုနှစ်တွင် ၉ ပေသာ ကျန်ရှိကာ ဆက်လက်လျော့နည်းဖွယ် ရှိသည်ဟု နိုင်ချစ်ငွေက ပြောသည်။

စေတီဟောင်းနှင့် သာသနိက အဆောက်အဦးဟောင်းသို့ မော်တော်ကား၊ စက်လှေများဖြင့် နေ့စဉ် လာရောက်လေ့လာသည့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ၅ဝ - ၆ဝ ဦးခန့် ရှိပြီး ရုံးပိတ်ရက်များတွင်မူ ၁ဝဝ ကျော် ရှိသည်။

“အခု ရေနည်းတော့ ဖေါင်အိမ်နဲ့ သွားလာလို့ မရတော့ဘူး။ ပဲ့ချိတ်စက်လှေတွေနဲ့ပဲ သွားကြတာ များတယ်။ ဝင်းကရွာဟောင်းနဲ့ စေတီဟောင်းကိုပဲ သွားကြတာ များတယ်” ဟု နိုင်ချစ်ငွေက ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝ ကျော် ဟံသာဝတီ မင်းနေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့သည့် မွန်လူမျိုးများက အဆိုပါဘုရားသုံးဆူကို တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းအချို့က ဆိုသည်။

ရေအောက်နစ်မြုပ်နေသည့် ရွာဟောင်းကို လွန်ခဲ့သည့် ၁၉၄၉ ခုနှစ် လွတ်လပ်ရေး ရပြီးစအချိန်က ဝင်းကဆရာတော်ဘုရားကြီးနှင့် ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်လာသည့် မြန်မာနိုင်ငံအောက်ပိုင်းမှ အိမ်ထောင်စု ၆ဝ ခန့်ရှိ မွန်လူမျိုးများက တည်ထောင်ခဲ့ကြသည်။

ထိုင်း စက်ရုံဝန်ထမ်းများနှင့် မြန်မာများ ရုန်းရင်းဆန်ခတ်ဖြစ်


ဘန်ကောက် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံအရှေ့မြောက် ပတ်ချဘွန်ခရိုင် စမုထောမြို့နယ်ရှိ ကောက်ကောက် ၉၉ ကြက်သားစက်ရုံတွင် မြန်မာလုပ်သားများနှင့် စက်ရုံ လုံခြုံရေးဝန်ထမ်းများအကြား ဧပြီ ၂၇ ရက်၊ ဗုဒ္ဓဟူး ည၌ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

အလုပ်နားချိန်ဖြစ်သဖြင့် ည ၈ နာရီခန့်တွင် ဂစ်တာတီးနေသော မြန်မာအလုပ်သမားများကို စက်ရုံလုံခြုံရေးဝန်ထမ်း ၃ ဦးက မတီးခတ်ရန် လာပြောပြီးနောက် ၂၇ နှစ်အရွယ် ကိုမင်းမင်းကို သေနတ်ဒင်ဖြင့် ရိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားရာမှ စတင်ဖြစ်ပွားကြောင်း သိရခြင်း ဖြစ်သည်။

“စက်ရုံရဲ့ သတ်မှတ်ချိန်က ၁ဝ နာရီခွဲလေ။
arrestworkers
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ (photo: http://pvamas.blogspot.com)
သူတို့သီချင်းဆိုတာက ၈ နာရီတောင်မှ မထိုးသေးဘဲဟာ။ အဲဒီမှာ ပြဿနာ စတက်တာ။ ယမ်း(လုံခြုံရေး) တယောက်က သေနတ်နဲ့ နားထင်ကို တေ့ထားတယ်၊ တယောက်က သေနတ်နဲ့ ရိုက်တယ်။ အဲဒီမှာ ကျနော်တို့ မြန်မာပြည်သား တယောက်က နဖူးကွဲသွားတယ်” ဟု စတင်ဖြစ်ပွားပုံကို စက်ရုံလုပ်သား ကိုရဲက မဇ္ဈိမကို ပြောပြသည်။

ကိုမင်းမင်းကို လုံခြုံရေးများက သေနတ်နှင့်တေ့ကာ ခေါ်သွားပြီး လူထုဆက်ဆံရေးရုံး၌ ထားရှိသည်ကို မြန်မာအလုပ်သမား ၂ဝဝ ကျော်က သွားရောက်ကာ မေးမြန်းရှင်းလင်းရာ ပြေလည်မှုမရဘဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြန်မာအလုပ်ကြပ်ဖြစ်သူ ကိုနိုင်ကလည်း “ကျနော်ထမင်းစား ပြန်လာတော့ ရုံးမှာ လူတွေ စုနေကြပြီ။ မေးကြည့်တော့ ယမ်းက မြန်မာပြည်သား တယောက်ကို ထုလိုက်တယ်၊ အဲဒါကို

Thursday, April 28, 2011

သတ်းကောင်းလေးများကြေငြာပါရစေ

အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထားရှိသည့် နေရာတိုင်းတွင် ဤသင်တန်းများကို တက်ရောက် လေ့လာ နိုင်ကြမည် ဖြစ်သည်။

အမေရိကန်ပြီးလျှင် ဤသင်တန်းများသို့ တရုတ်၊ ယူကေ၊ ကနေဒါ၊ တောင်ကိုးရီးယား၊ ဂျာမဏီ၊ ဘရားဇီး၊ အိန္ဒိယနှင့် သြစေတြးလျတို့မှ ကျောင်းသားများ ၀င်ရောက် လေ့လာလျက်ရှိကြသည်။

အခမဲ့ သင်တန်း ၁၀ မျိုးမှာ ဘဏ္ဍာငွေကြေး သီအိုရီမှသည် ဒွန်ကီအုတ်အထိ၊

ထိုင်း၌ မြန်မာ အလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲ့ချဘွန်း (Phechabun) ခရိုင် Bueng Samphan မြို့နယ်တွင်ရှိသော Saha Farms ကြက်သား စက်ရုံ ကုမ္ပဏီမှ လုံခြုံရေး အစောင့်အကျပ်များနှင့် မြန်မာ အလုပ်သားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခန့်က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီးတွင် မြန်မာအလုပ်သမားများ ဂစ်တာတီး နေစဉ် လုံခြုံရေး အစောင့်အကျပ်များက လာရောက် ပြောဆိုရာကနေ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများက ယင်းစက်ရုံကို ထိန်းချုပ်ထားပြီး လုံခြုံရေး အစောင့်အကျပ်တဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးထားကြောင်း၊ ဆက်လက်တင်းမာနေပြီး ယင်း လုံခြုံရေး အစောင့်အကျပ်ကိုလည်း ယခုအထိ ပြန်မလွှတ်သေးကြောင်း ယနေ့ထုတ် The Nation သတင်းစာ၌ ရေးသားထားသည်။ 

မြန်မာ အလုပ်သမားများက အလုပ်သမား ရုံးခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မဖြေရှင်းပေးသည့် အတွက် ပြဿနာ ကြီးထွားခဲ့ ကြောင်း အလုပ်သမား ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။ 

“ဖြေရှင်ပေးဖို့ ပြောတော့ အလုပ်သမား ရုံးခန်းက လူကြီးက မဖြေရှင်းပေးနိုင်ဘူး မိုးလင်းမှ ဖြေရှင်းပေးမယ် ပြောလို့ အလုပ်သမား တွေက မကျေမနပ်ဖြစ်ပြီး ၀ုန်းဒိုင်း ကြဲကြတယ်၊ လုံခြုံရေးတွေ စီးတဲ့ ကားတွေကို ဖျက်ဆီးပစ်ကြတယ်၊ ကားလေး ငါးစီးလောက်ပါ တယ်၊ ဆိုင်ကယ်လည်း သုံးလေး စီးလောက်ပါတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားတွေ အဆိုအရ အသက် ၂၀ အရွယ်ရှိ ကိုမင်းမင်းကို လုံခြုံရေး အစောင့်အကျပ်များက ၀ိုက်ရိုက်လိုက်သဖြင့် နားထင် နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

ယနေ့တွင် ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန(လ၀က)မှ တာဝန်ရှိများ ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်က အလုပ်သမားများကို ၀င်ရောက် ဖမ်းဆီးမည့် အနေအထား တွေ့ရကြောင်း အလုပ်သမားများက ပြောသည်။

မြန်မာ အလုပ်အမားများကို အလုပ်ပိုင်ရှင် သူဌေးက ဆွေးနွေး ညှိနှိုင်းခဲ့ပြီး တချို့တောင်းဆိုချက်များကိုလည်း လိုက်လျောပေးခဲ့ကြောင်း သိရသည်။

အလုပ်ပိုင်ရှင် သူဌေးအနေဖြင့် အလုပ်သမားများအား ရိုက်နက် အနိုင်ကျင့်သော အစောင့်အကျပ်များကို ထိုက်တန်သည့် အပြစ် ပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကိုမင်းမင်းကိုလည်း ဆေးဝါး ကုသစရိတ် တာဝန်ယူပေးမည်ဖြစ်ကြောင်း မြန်မာ အလုပ် သမား ကိုရဲက ပြောသည်။ 

ယင်း အလုပ်ရုံတွင် အလုပ်လုပ်နေသူများသည် မြန်မာနှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး တရားဝင် အလုပ်လုပ်သမား လက်မှတ် မရှိသူများကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံးသိန်းခန့်ရှိကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုသည်။

ပင်လယ်လုပ်သား ကလေးလုပ်သားများရဲ.ဘဝ


                         ရင်နာစရာ ပင်လယ်ရေလုပ်သားကလေး တို.ဘ၀ ရဲ. ပုံရိပ်လေးများ

FACE TO FACE အကြောင်း စိတ်ဝင်စားသူများအတွက်


                                FACE TO FACE  အကြောင်း စိတ်ဝင်စားသူများအတွက်

ထိုင်းရောက်မြန်မာရေလုပ်သားများဘ၀အကြောင်း

         ထိုင်းနိုင်ငံရောက်မြန်မာရေလုပ်သားများအကြောင်းတစ်စေ့တစ်စောင်းလေ့လာကြည့်ကြပါအုံး

ထိုင်းရောက်မြန်မာနိုင်ငံသားရွှေ.ပြောင်းအလုပ်သမားများဖိနှိပ်ခံရပုံမှတ်တမ်း

         ထိုင်းနိုင်ငံရောက်မြန်မာရွှေ.ပြောင်းအလုပ်သမားများ လူ.အခွင့်အရေးကိုဆိုးရွားစွာခံနေရ
ကူညီနိုင်မည့်အဖွဲ.အစည်းများအား ရွှေ.ပြောင်းမြန်မာအလုပ်သမားများမှမျှော်လင့်လျှက်ရှိနေပါတယ်.....

ထိုင်းနိုင်ငံအမှိုက်ပုံမှ မြန်မာအလုပ်သမားများဘ၀အကြောင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေရဲ. ဘ၀တစ်စိတ်တဒေသလေးပါ

မွန်ပြည်နယ်တွင် လယ်လုပ်ရန်အလုပ်သမားရှားပါးလာ

April 26th, 2011 မင်းတော်လ၀ီ – လယ်လုပ်သားများ ရှားပါးလာသည့်အတွက် အခက်အခဲနှင့် ကြုံတွေ့နေရပြီး အပူတပြင်း ရှာဖွေငှားရမ်းနေကြရသည်ဟု မွန်ပြည်နယ်ရှိ လယ်ပိုင်ရှင်များက ပြောသည်။
နွားနှင့်အတူ ဒလိမ့်လှိမ့်နေသည့် မွန်ပြည်နယ်မှ လယ်လုပ်သား (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
နွားနှင့်အတူ ဒလိမ့်လှိမ့်နေသည့် မွန်ပြည်နယ်မှ လယ်လုပ်သား (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ တနှစ်ထက်တနှစ် များပြားခြင်းကြောင့် အထက်မြန်မာနိုင်ငံမှ လယ်လုပ်သားများကို အစားထိုး ငှားရမ်းနေကြသော်လည်း လုပ်ခ နည်းပါးခြင်းကြောင့်

ရာဘာခြံ ဈေးကောင်းနေ

April 27th, 2011 ရိုင်မရော့ - ရာဘာကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်နေသည့် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရာဘာခြံများ အဆမတန် ဈေးကောင်းရရှိနေသည်။ ရာဘာခြံပေါက်ဈေးကို အပင်နှင့် ရေတွက်ပြီး ရောင်းဝယ်ကြသည်။
မွန်ပြည်နယ်ရှိ ရာဘာခြံ တစ်ခြံ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
မွန်ပြည်နယ်ရှိ ရာဘာခြံ တစ်ခြံ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
“ရာဘာခြံဈေးက မနှစ်ကထက် ဒီနှစ်က ပိုဈေးကြီးသွားတယ်၊ ဝယ်တဲ့လူတွေကလည်းများတယ်၊ ရောင်းဖို့မခေါ်နဲ့ မေးတဲ့လူကရောက်လာရောပဲ ဈေးဘယ်လောက်နဲ့ ရောင်းမလဲဆိုတာထက် ခြံကို ရောင်းမရောင်း အရင်မေးကြတယ်” ဟု မိအေးက ပြောသည်။ ကားလမ်းဘေးရှိ ၃ နှစ်စိုက်ထားသည့် ရာဘာ ၃၀၀ ပင်ရှိ ခြံတစ်ကွက်ကို ကျပ်သိန်း ၁၃၀ ဖြင့် ရောင်းသည်။
၃ နှစ်စိုက်ပျိုးထားသည့် ရွာများနှင့်နီးသည့်ရာဘာခြံတွင် ရာဘာတစ်ပင်ကို ၆ သောင်းကျပ်နှင့် အစေးထုတ်နိုင်သည့်ရာဘာတစ်ပင်မှာ ကျပ် တစ်သိန်းထိ ဝယ်ယူနေကြသည်။ ရွာနှင့်ဝေးသည့်နေရာတွင် ၄င်းဈေးထက် အနည်းငယ်လျော့ကြောင်း မွန်ပြည်နယ် မုဒုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် မိအေးက ပြောသည်။ “ဈေးဘယ်လောက်ကြီးကြီး ဝယ်တာပဲ၊ ခြံဝယ်မယ်ဆိုရင် ဈေးကြီးတာ မှန်တယ် ဒါပေမယ့် တနေ့ကျရင် အကျိုးခံစားရမယ် ရှုံးဖို့မရှိဘူး။ ခုဆို ရာဘာခြံခေတ်တောင် ဖြစ်နေသလိုပဲ အိမ်တိုင်း လူတိုင်းက ရာဘာခြံရှိကြတယ်” ဟု မကြာခင်ကမှ ကျပ် သိန်း ၁၆၀ တန်ရာဘာခြံ ဝယ်ထားသည့် အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
ရာဘာဈေး ကောင်းလာခြင်း၊ ပြည်ပနိုင်ငံ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူတို့မှ ပေးပို့သည့် ငွေပမာဏ များလာနေပြီး ၄င်းငွေများကို ထားသိုနိုင်သည့် ယုံကြည်စိတ်ချရသည့်နေရာမရှိကြောင်း မိအေးက ပြောသည်။
ငွေကြေးများပြားလာသည့် မွန်ပြည်သူတွေအတွက် ငွေကို ထားသိုနိုင်သည့် ဘဏ်လို နေရာမျိုး ထားသိုခြင်းမရှိခြင်းနှင့် ဒေသခံတွေကလည်း ဘဏ်မှာ ငွေထားဖို့အပေါ် ယုံကြည်မှုမရှိခြင်းကြောင်း စုဆောင်းလုပ်ရသမျှငွေတွေကို ခြံမြေဝယ်ကြသည်။
“အခုလို ရာဘာခြံဈေး အဆမတန်တက် တက်လာနေတာဟာ ထိုင်းက ပို့တဲ့ငွေ များလာတာဖြစ်တယ်၊ လူတွေက ငွေရတာနဲ့ ရာဘာခြံကိုပဲ ဝယ်ကြတယ်၊ ဘာလို့လဲဆိုတော့ ရာဘာခြံက ရေရှည်လုပ်စားလို့ရတယ် ဈေးကြီးဝယ်ထားရပေမယ့် ရေရှည် အကျိုးခံစားရတယ်” ဟု မိအေးက ဆက်ပြောသည်။
မွန်ပြည်နယ်ရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့သည် ရာဘာခြံဈေး အမြင့်ဆုံးဒေသဖြစ်ပြီး ရာဘာခြံမြေ ဈေးနည်းသည့် သထုံ၊ ကျိုက်မရောသို့ သွားရောက် တိုးချဲ့စိုက်ပျိုးသူများလည်း ရှိသည်။
မွန်ပြည်နယ်သည် ရာဘာအများဆုံးစိုက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး၊ အများစုမှာ ရာဘာခြံစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။
၂၀၁၀ ခုနှစ်စာရင်းအရ မွန်ပြည်နယ် ရာဘာခြံစိုက်ပျိုးဧက ၄ သိန်းခွဲကျော်ရှိပြီး၊ အစေးထုတ်နိုင်သည့် ဧက ၂ သိန်း ၇ သောင်းကျော်ရှိသည်ဟု မုဒုံမြို့နယ် မြန်မာ့နှစ်ရှည်ပင် မန်နေဂျာရုံးက ပြောသည်။ အများဆုံးစိုက်သည့် သံဖြူဇရပ်မြို့နယ်၌ ၄ သောင်း ၆ ထောင်ဧကကျော်ရှိပြီး ဒုတိယအများဆုံးမှာ ဧက သုံးသောင်းကျော်စိုက်သည့် မုဒုံမြို့နယ် ဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရာဘာကို ရာဘာအများဆုံးဝယ်သည့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး၊ စင်ကာပူနိုင်ငံ ဂျပန်နိုင်ငံသို့လည်း တင်ပို့နေသည်ဟု ပြည်တွင်းထုတ် (weekly-eleven) ဂျာနယ်မှာ ဖော်ပြထားသည်။

ထိုင်းမှ မြန်မာဒုက္ခသည်များ ပြန်ပို့မည်မဟုတ်ဟု အမေရိကန်ယူဆ

2011-04-27
ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ ပြန်ပို့မှာ မဟုတ်ဘူးလို့ မိမိတို့ ယုံကြည်ကြောင်း လူဦးရေ ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချသူများအရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Eric Schwartz က ပြောကြားလိုက်ပါတယ်။
(Photo: AFP)
ထိုင်း-မြန်မာနယ်စပ်အနီး ထမ်ဟင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ဖြစ်ပါသည်။ (Photo: AFP)
RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ် ဧပြီ ၂၅ ရက် တနင်္လာနေ့က အခုလိုပြောတာ

မိုးစရွာသည်နှင့် ဂီရိ ဒုက္ခသည်များ အခက်ကြုံ


4/27/2011
-------------
မောင်အေး
-------------
ဧပြီလ ၂၆ ရက်နေ့ က မိုးစရွာသည်နှင့် မြေပုံမြို့နယ်မှ ဂီရိ မုန်တိုင်းသင့် ပြည်သူများ အနေဖြင့် စတင် အခက်အခဲ ကြုံတွေခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။


Giri-Victims-Still-Homelesss.jpg
“ မိုးက ညဥ့်လယ်ပိုင်းမှာ ရုတ်တရက် ရွာသွန်းချလိုက်တော့ အိမ်တွေ ပြန်မဆောက်နိုင်သေးတဲ့ လူတွေ အထူး ဒုက္ခရောက်သွားကြရပါတယ်။ နေစရာ မရှိ ထိုင်စရာ မရှိ။ အကုန်လုံး မိုးရေစိုပြီး စုတ်ပြတ်ကုန်ပါတယ်” ဟု အိမ်ပြန်မဆောက်နိုင်သေးသူ ဂီရိမုန်တိုင်းသင့် ပြည်သူ တစ်ဦးက ပြောသည်။

အဆိုပါ သတင်းကြောင့် မုန်တိုင်း မြေပုံမြို့နယ် အခြေအနေကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နေသူ ရဟန်းတော် တစ်ပါးအား ဆက်သွယ် မေးမြန်းရာ

Wednesday, April 27, 2011

မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ

4/27/2011
မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန်အတွက် အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် ယနေ့နံနက်ပိုင်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။


Indian-navy
ထွက်ခွာသွားသော စစ်သင်္ဘော နှစ်စီးမှာ Vajra နှင့် Razia Sultana တို့ ဖြစ်သည်။

“ ဒီ သင်္ဘောနှစ်စီးက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာ ၄ ရက်ကြာ စစ်ရေး ပူးတွဲ လေ့ကျင့်မူ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့ နံနက်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များသို့ ပြောသည်။

အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် မြန်မာ ရေတပ်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ပြုလုပ်ခဲ့သော အလားတူ စစ်ရေး ပူးတွဲ လေ့ကျင့်မူကို မြန်မာ့ ပင်လယ်ပြင်တွင် ၄ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော နှစ်စီးမှာ အိန္ဒိယနိုင်ငံ Orisa ပြည်နယ်မှ ထွက်ခွာလာသော ကမ်းခြေစောင့် စစ်သင်္ဘောများ ဖြစ်ပြီး မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ပြီးနောက် အန်ဒမန် ပင်လယ်ပြင်သို့ ပြန်လည် ထွက်ခွာပြီး ပုံမှန် ကင်းတာဝန်ကို ဆောင်ရွက်မည် ဖြစ်သည်။

စစ်ရေးလေ့ကျင့်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာဘက်မှ ယခုအချိန်ထိ တစုံတရာ ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

ငြိမ်းချမ်းရေး ဦးစားပေးလုပ်ရန် တိုင်းရင်းသား ပါတီများ တောင်းဆို

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော တိုင်းရင်းသားပါတီ ၅ ခုသည် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူခြင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးခြင်း၊ သမ္မတသစ် မိန့်ခွန်းကြိုဆိုခြင်း စသည်ဖြင့် အချက် ၅ ချက်ပါသော
ကြေညာချက်တစောင်ကို ရန်ကုန်မြို့၌ပြုလုပ်သော ယနေ့ အစည်းအဝေးမှ ထုတ်ပြန်လိုက်သည်။

sndp-open
မူဆယ်မြို့တွင် ကျားဖြူပါတီ အလံနှင့် ဆိုင်းဘုတ်တင်သည့် အခမ်းအနား (ဓာတ်ပုံ – Shanland)
သမ္မတသစ်ဦးသိန်းစိန်၏ မိန့်ခွန်းကို ကြိုဆိုသည့်အပြင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ယုံကြည်၍ ယခုကဲ့သို့ ကြေညာချက်

ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာရရေး လာဘ်ထိုးမှုများရှိ

အစိုးရသစ် တက်လာပြီးနောက် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ရုံးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖြစ်သို့ပြောင်းလဲခဲ့ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို လာမည့် မေလ ၁၀ ရက်နေ့တွင် နိုင်ငံတ၀န်း စတင်ခန့်အပ်တော့မည်ဖြစ် သောကြောင့် ယင်းနေရာရလိုသူများက ငွေကြေးလာဘ်လာဘ ပေး၍ ကြိုးပမ်းနေကြကြောင်း သိရှိရသည်။

SPDC_apr_27_11
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ် (၂) ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ် (အစိမ်းရောင်) ပြောင်းလဲ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - DVB)
ပြောင်းလဲခန့်ထားမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ ရလိုသူများက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်  ရေး ဦးစီးဌာနများတွင် ငွေကြေးလာဘ်လာဘပေး၍ ဆောင်ရွက်နေကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေရာရရှိရေး ဆောင်ရွက်သူတဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေကို အသစ်ခန့်ထားမယ်။ လက်ရှိ ရပ်ကွက် ဥက္ကဌတွေက ပြုတ်မယ်။ အခု ခန့်စာရောက်နေပြီ။ လိုက်ကြတာ ပိုက်ဆံတော့ တော်တော်ကုန်တယ်”ဟု ၎င်းက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူရမည့်သူများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းသူဖြစ်ရမည်ဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အဝ ရရှိသူများကိုသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ လစာ အနေဖြင့် ကျပ် ၅၀၀၀၀

ထိုင်းရောက် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့်ပြုပြီ


ဘန်ကောက် (မဇ္ဈိမ) ။      ။ အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံမတင်သေးသည့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံတင်ခွင့် တရားဝင် ခွင့်ပြုပြီဟု ထိုင်းအစိုးရ ကြေညာချက်ကို ကိုးကား၍ နေးရှင်းသတင်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြလိုက်သည်။

မှတ်ပုံတင်ခွင့်ပြုရေး ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝေ့ချာချီဝက ဧပြီလ ၂၆ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်သော ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ သဘောတူကြောင်း လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး အမြဲတမ်း လက်ထောက်ပြန်ကြားရေးမှူးများ ဖြစ်သော နာယ်စုဖချား ကြိုင်စမု နာယ်ဝိချရ ကာနိကောန် နှင့် နာယ်မာရု မာ့စ်ယဝါနိက “တရားမဝင် နေထိုင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ရေး စီမံချက်မှ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၇ ကို အသုံးပြုပြီး အလုပ်လုပ်ကိုင်ရန် ရည်ရွယ်သူများနှင့် ၎င်းတို့၏ ၁၅ နှစ်အောက် ကလေးများကို တနှစ်ထက်မကြာသော ယာယီနေထိုင်ခွင့် ပေးရန်” ဟု အစည်းအဝေးအပြီး သတင်းထုတ်ပြန်ရာတွင် ပြောဆိုခဲ့ကြသည်။

အဆိုပါ လဝက ဥပဒေပုဒ်မ ၁၇ သည် “အစိုးရအဖွဲ့၏
healthcheck
၂ဝဝ၉ခုနှစ်က မှတ်ပုံတင်ခွင့်အသစ်ထုတ်ပေးသည့်အစီအစဉ်အရ ရွှေ့ပြောင်းအလုပ်သမားများ ဘန်ကောက်ရှိဆေးရုံတခုတွင် ကျန်းမာရေးဆေးစစ်နေစဉ်
သဘောတူညီချက်ဖြင့် နိုင်ငံခြားသားတဦးဦးကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုဘဲ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ပြုသည်” ဟု အဓိပ္ပာယ်သက်ရောက်သည်။

အစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့ရင်သွေးငယ်များကို

အိန္ဒိယ ထောက်လှမ်းရေး အတွင်းဝန် မြန်မာပြည်သွား


နယူးဒေလီ (မဇ္ဈိမ) ။      ။ အိန္ဒိယ ပြည်ပထောက်လှမ်းရေး အဖွဲ့တခုဖြစ်သည့် Research and Analysis Wing (RAW) အကြီးအကဲ မစ္စတာ S. K. Tripathi သည် တနင်္လာနေ့တွင် နေပြည်တော်သို့ သွားရောက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြပါရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းကို ၎င်းဝန်ကြီးဌာန၏ ဇေယျာသီရိ ဗိမာန်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း ပါရှိသော်လည်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်ကိုမူ ဖော်ပြမထားပေ။

ထိုသို့တွေ့ဆုံရာတွင် ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်အတူ
Sanjeev_tripathi
အိန္ဒိယ ထောက်လှမ်းရေး RAW အဖွဲ့မှ အတွင်းဝန် မစ္စတာ S. K. Tripathi (ဓာတ်ပုံ - ဝီကီပီးဒီးယား)
ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကျော်ဆွေ၊ ဗိုလ်ချုပ်သူရသက်ဆွေနှင့် တပ်မတော် အရာရှိကြီးများလည်း တက်ရောက်ကြသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ အပြန်အလှန် သွားလာတွေ့ဆုံမှုများ အကြိမ်ကြိမ် ရှိခဲ့ဖူးသော်လည်း အိန္ဒိယ ထောက်လှမ်းရေး အရာရှိကြီးတဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံး တရားဝင် လာရောက်ခြင်း ဖြစ်သည်။

မစ္စတာ S. K. Tripathi သည် RAW ကိုဦးဆောင်သူအဖြစ် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလမှစတင် တာဝန်ယူခဲ့ပြီး ၂နှစ်တာဝန်ယူရမည် ဖြစ်သည်။

အိန္ဒိယတွင် ထောက်လှမ်းရေးအဖွဲ့ အမျိုးမျိုးရှိသော်လည်း RAW မှာ နိုင်ငံတကာရေးရာကို အဓိက ကိုင်တွယ်ထောက်လှမ်းသော အဖွဲ့ဖြစ်သည်။ တရုတ်-အိန္ဒိယ စစ်ပွဲ (၁၉၆၂) နှင့် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ (၁၉၆၅) အပြီး နောက်ပိုင်းတွင်

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိ

4/27/2011
မြန်မာ့ လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ (၆) ရက်ကြာ ခရီးစဉ် အတွင်း ဘင်္ဂလာဒေခ်ျ့နှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီမူ တချို့လည်း ရရှိခဲ့သည်ဟု သတင်း ရရှိသည်။

Buk-M1-2 ဘင်္ဂလာဒေခ်ျ့မှ လေတပ်ရန် ကာကွယ်ရေး စခန်းတစ်ခု
အထူးသဖြင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် အပေါ် သူ၏ ခရီးစဉ် အတွင်း အလေးပေးဆွေးနွေးကြပြီး ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ စစ်သင်တန်းကျောင်းများသို့

ခွဲခြားဖိနှိပ်ရေး အင်္ကျီ

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငခရိုင်၊ ခူရဘူရီမြို့နယ်မှာ ရှိတဲ့ နမ့်မယွန်း နယ်မြေမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို နယ်မြေခံ ရဲတွေက ယခုနှစ် နှစ်ဆန်းပိုင်းမှာ ဥပဒေအသစ်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အလုပ်ကနေ အပြင်ကိုထွက်တဲ့ အခါတိုင်း လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေကို အပေါ်က ထပ်ပြီး ၀တ်ဆင်သွားလာကြဖို့ပါ။

life-mm-workers
တရားဝင် အလုပ်သမားလက်မှတ်၊ ယာယီ ပတ်စပို့များ ရှိသည့်တိုင် လိမ္မော်ရောင် အင်္ကျီများ ဝတ်ဆင်သွားလာနေရသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)
ဒီဥပဒေဟာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေကို ဖိနှိပ်ခွဲခြားဆက်ဆံတာ

Tuesday, April 26, 2011

နည်းပညာများ

RAM နည်းနေရင် အလွယ်ကူဆုံး ဘယ်လိုမြှင့်မလဲ.

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကွန်ပြူတာကို ဖက်ပြီးအိပ်တတ်ကြတဲ့ ကွန်ပြူတာသမားစစ်စစ်တွေ အမြဲညည်းညူတောင့်တတတ်တာ တစ်ခုရှိပါတယ်.

Memory မြှင့်လို့ရရင်ကောင်းမယ်. မြှင့်လိုက်ချင်တယ်.

အဲလိုစိတ်ကူးစိတ်သန်းတွေ တခဲခဲနဲ့ ရှိနေပေမယ့်လည်း လူတိုင်း memory မြှင့်တဲ့ဖက်ကို မရောက်နိုင်ကြပါဘူး.

ကျော်ခွဖို.အီက်လင့်လေးပါ

http://www.proxy-anonymizer.info/

မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သစ်အရ နိုင်ငံသား၊ နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက် ၃၈ ချက်ရှိ




Print
Sunday, 24 April 2011 10:01
AddThis Social Bookmark Button
6301 လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေး စနစ်သစ် ပြောင်းလဲမှုအဖြစ် ပါတီစုံ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနေ ပြီဖြစ်ရာ စနစ်သစ်အရ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာပြဋ္ဌာန်းချက် ၃၈ ချက်ရှိနေပြီး အခွင့်အရေးတစ်ရပ်ရပ် ရယူလိုပါက ပြည်ထောင်စုတရား လွှတ်တော်ချုပ် သို့ လျှောက်ထားပိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကို အခန်း ၈ ဖြင့်  ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၄၅ မှ  ၃၉၀ အထိဖြစ်ကြောင်း ပုဒ်မ ၃၄၅ မှ ၃၈၂ အထိ ပုဒ်မ စုစုပေါင်း ၃၈ ခုတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းထားကြောင်း ပုဒ်မ ၃၈၃ မှ ပုဒ်မ ၃၉၀ အထိ ပုဒ်မပေါင်း ရှစ်ခုတွင် နိုင်ငံသားများ၏ တာဝန်များ ပြဋ္ဌာန်းထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များအရ သိရသည်။

နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ် ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြု သည့် ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ  မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရဟု နိုင်ငံသားများ၏ အခွင့်အရေးများထဲတွင် ထည့်သွင်းထား . . .


ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါး မှ မွေးဖွားသူများ၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီး သူများသည် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅ တွင် ဆိုထားပါသည်။
နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊  ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင် ထည့်သွင်း ပြဋ္ဌာန်းထားပါသည်။
နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်း  ၀ယ်ဖောက်ကားမှု၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ၀ိဇ္ဇာပညာ၊  သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် တူညီသောအခွင့်  အလမ်း ရရှိစေရမည်ဖြစ်ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာပြဋ္ဌာန်းချက်များထဲတွင် ပါဝင် နေပါသည်။
ထို့ပြင် မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ ဆိုသည့်အချက်သည်လည်း နိုင်ငံသားများ၏ အခွင့်အရေးများထဲမှ တစ်ခု ဖြစ်ပါသည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်း လှည့်လည်ခွင့်တို့ကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း သိရသည်။
ထို့အတူ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး သို့မဟုတ် ပြည်သူတို့၏ကိုယ် ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထား သည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံး များဖွဲ့စည်းဆောင်ရွက်ခွင့်၊ တိုင်း ရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ  မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ  သာသနာနှင့် ဓလေ့ထုံတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တို့ လည်း ရှိပါသည်။
နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ   ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင် ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီ ထက်ပို၍ ချုပ်နှောင်ခြင်းမပြုရဟု နိုင်ငံသားများ၏ အခွင့်အရေးများထဲ တွင် ထည့်သွင်းထားပါသည်။
“နိုင်ငံသား၊ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်တွေ အခန်းမှာ ပေးအပ်ထားတဲ့ အခွင့်အရေး တစ်ရပ်ရပ်ကို ရယူလိုရင် သတ်မှတ်ချက်တွေနဲ့အညီ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို လျှောက်ထားပိုင်  ခွင့်ရှိရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၇ မှာဆိုထားတယ်။ ပြီးတော့ ဒီအခန်းမှာပေးအပ်ထားတဲ့ အခွင့် အရေးတွေနဲ့စပ်လျဉ်းပြီးလျှောက်ထား လာတဲ့ကိစ္စရပ်တွေမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရှေ့တော် သွင်းစာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာ စာချွန်တော်အမိန့်၊ အမှုခေါ်စာ စာချွန် တော်အမိန့် တစ်ရပ်ရပ်ကို သင့်လျော် သလိုထုတ်ဆင့်ပေးခွင့်အာဏာရှိရ မယ်လို့လည်း ဆိုထားပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကိုအပ်နှင်းတဲ့ စာချွန်တော်အမိန့်တွေ ထုတ်ဆင့်ခွင့်အာဏာဟာ တခြား တရားရုံးတွေကို တည်ဆဲဥပဒေတွေ အရအပ်နှင်းထားတဲ့ စာချွန်တော်  အမိန့် သဘောမျိုး သက်ရောက်တဲ့ အမိန့်ထုတ်ဆင့်ပိုင်ခွင့် အာဏာကိုတော့ မထိခိုက်စေရပါဘူး”ဟု ဥပဒေ အတိုင်ပင်ခံတစ်ဦးက ရှင်းပြပါသည်။
နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံပိုင်ခွင့်ရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ဆိုသည်။
ထို့အတူ နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊ အများပြည်သူပိုင် ပစ္စည်းများကို ထိန်းသိမ်းစောင့် ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိကြောင်း နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိ ကြောင်း နိုင်ငံသားများ၏ တာဝန်များဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင် ပါဝင်နေပါသည်။
“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေထံက ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး မှာ တည်တယ်လို့ နိုင်ငံတော် အခြေခံမူတွေရဲ့ ရှေ့ဆုံးကပြဋ္ဌာန်းချက် ၄ ချက်မှာပါ ပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံ မှာစတင် ကျင့်သုံးနေပြီ ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်အရ ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက တစ်ဆင့် နိုင်ငံတော်သမ္မတကို ရွေးချယ်ခဲ့တာပါ။ ဒါကြောင့် ပြည်သူတွေကို နိုင်ငံတော်သမ္မတနဲ့ ကိုယ်စားလှယ်တွေက လေးစားမယ်လို့ ယုံကြည်ပါ တယ်။ လေးစားသလိုပဲ ပြည်သူတွေ လိုအပ်ချက်၊ အခွင့်အရေးတွေကို အလျဉ်းသင့်သလို ဖြည့်ဆည်းဆောင်ရွက် ပေးရမှာလည်း ဖြစ်ပါတယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ပြည်သူတွေရဲ့ဆန္ဒအမှန်နဲ့ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ သမ္မတ ပေါ်ပေါက်လာနိုင်မယ်ဆိုရင် စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်က အဓွန့်ရှည် တည်တံ့အောင်မြင်နိုင်မှာ ဖြစ်ပါတယ်”ဟု နိုင်ငံရေးလေ့လာသူ ဥပဒေပညာရှင် တစ်ဦးက ဆိုပါသည်။

မြန်မာလေတပ် ဦးစီးချုပ် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိ

4/24/2011
Adjust font size:  

မြန်မာ့ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းသည် ၆ ရက်ကြာ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ယမန်နေ့ (စနေနေ့)က စတင်ခဲ့ကြောင်း သတင်း ရရှိသည်။


myat-Hein-Burmese-military
မြန်မာ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းအား ဘင်္ဂလာဒေခ်ျ့ လေတပ် ဒု ဦးစီးချုပ်က ဒက္ကားလေဆိပ်တွင် လက်ခံ ကြိုဆိုခဲ့သည်။ သူနှင့် အတူ မြန်မာ အဆင်မြင့် လေတပ် အရာရှိ ၆ ဦး အတူ လိုက်ပါလာခဲ့သည်ဟု သိရသည်။

ယနေ့ ( တနင်္ဂနွေနေ့) တွင် လေတပ် ဦးစီးချုပ်သည်

မြန်မာနိုင်ငံသား ၆၁ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

4/24/2011
Adjust font size:  

မြန်မာနိုင်ငံသား မွတ်ဆလင် ၆၁ ဦးကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက နယ်စပ်မြို့ တက်ကနက်နှင့် ဒက္ကားမြို့တို့တွင် ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

ဖမ်းဆီးခံရသူ ၆၁ ဦးထဲမှ ၄၅ ဦးကို မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ခိုးဝင်စဉ် တက်ကနက် မြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျန် ၁၆ ဦးကို ဒက္ကားမြို့တွင် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူများမှ မိမိတို့မှာ အလုပ်အကိုင် ရှာဖွေရန် ၀င်ရောက် လာသူများ ဖြစ်ကြောင်း ရဲအဖွဲ့သို့ ပြောကြောင်း ရဲအဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဒက္ကားမြို့တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူး ပတ်စ်ပို့နှင့် ဖမ်းဆီးခံရသူများမှာ အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ထွက်ခွာရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူတို့ကို စစ်ဆေးမေးမြန်းမူများ ပြုလုပ်သွားပြီး ပါဝင်ပတ်သက်သူများကို

ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်


မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား သဘောထား ကွဲလွဲရာက အခုနောက်ဆုံး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်ထဲက လက်နက်ကိုင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖွဲ့တွေ အချင်းချင်းကြား တိုက်ခိုက်မှုတွေ မနေ့တုန်းကပဲ ဖြစ်ပွားခဲ့ပြီးနောက် ဆက်လက် တင်းမာမှုတွေ ကြီးထွားနေခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
မြန်မာအာဏာပိုင်တွေက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဖိအားပေးတာကို လက်ခံခဲ့တဲ့ DKBA အဖွဲ့တွေနဲ့ လက်မခံဘဲ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကြား မကျေမလည်ဖြစ်ရာက တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံထားတဲ့ DKBA တပ်ဖွဲ့တွေရဲ့ ဌာနချုပ် စခန်းရှိရာ ကရင်ပြည်နယ် ကမမောင်းမြို့အနီး မြိုင်ကြီးငူစခန်းကို စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး လိုင်စင်မဲ့ကားတွေ၊ လက်နက်သိုလှောင်ရာ နေရာတွေ အပါအ၀င် နေရာအတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပြပါတယ်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်ခံတဲ့တပ်ကို လက်မခံလိုတဲ့ DKBA ၃၃၃ တပ်က စနေနေ့ ညနေပိုင်းမှာပဲ စီးနင်းတိုက်ခိုက်ခဲ့တာလို့ နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံ တယောက်က ပြောပြပါတယ်။
“မြိုင်ကြီးငူမှာရှိတဲ့ ရုံးတွေ၊ ဂိုဒေါင်တွေ အကုန်လုံး မီးလောင်သွားတယ်။ မြိုင်ကြီးငူက DKBA ရဲ့ ရုံးချုပ်ပဲ။ သူတို့ဘုန်းကြီး နေတဲ့နေရာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာပဲ။ ၃၃၃ မှာ ဖြစ်တာလို့ ပြောတယ်။ ဗိုလ်ချုပ်မောင်ကြည်ပေါ့။ ၃၃၃ ရယ်၊ ၉၉၉ ရယ်၊ ၅၅၅ ရယ်၊ အခုက ၃၃၃ မှာဖြစ်တာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာ။ ၃၃၃ အဖွဲ့က နေပြီးတော့၊ အဲဒီမှာ ဗိုလ်ကျော်သက် လူတွေလည်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာအနွယ်ဝင်များ လယ်မြေ အလုခံရ

2011-04-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်း၊ ခါကာဆိုးရီးခရိုင်က လူနည်းစု ဗုဒ္ဓဘာသာဝင် မရာမာ လူမျိုးစုတွေဆီကနေ လူများစု ဘင်္ဂါလီ လူမျိုးတွေက အခုလ ၁၇ ရက်နေ့က အကြမ်းဖက် လုယက်ခဲ့တဲ့ စိုက်ပျိုးမြေတွေကို အခုအခါ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက

ဥပဒေစိုးမိုးရေး အလေးထားဖို့ သမတ ဦးသိန်းစိန်ကို အန်အယ်ဒီ တိုက်တွန်ူးူ

2011-04-25
မြန်မာအစိုးရသစ်အနေနဲ့ တရား ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ဖို့ သမတ ဦးသိန်းစိန်ထံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီလဆန်းပိုင်းက စာရေးသား တိုက်တွန်းခဲ့ပါတယ်။ အဲဒီ စာနဲ့ ပတ်သက်လို့ အသေးစိတ်ကို အန်အယ်လ်ဒီက ဧပြီ ၂၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်မယ်လို့ သိရပါတယ်။
Photo: AFP / HO / MRTV
သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MRTV)

ကျိုက်ဒုံမြို့နယ်တွင် ဒီကေဘီအေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် သေဆုံး

 Monday, 25 April 2011
ဧပြီ ၂၅။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)နှင့် မြန်မာအစိုးရတပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က ၁၉ဦး သေဆုံး ပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
ဒီကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ် ကိုယ်တိုင် ဦးဆောင်၍

Monday, April 25, 2011

စည်ပင်ထွန်းကားနေတဲ့ ခေတ်သစ်ကျွန်ရောင်းဝယ်မှု


စစ်ပွဲတွေကြောင့် အနာဂတ်မသေချာတဲ့ ကလေးငယ်တွေ ကမ္ဘာပေါ်မှာ အမြောက်အများရှိကြတာကို သတိပြု မိကြတယ်။ မိဘနဲ့သားသမီးတွေ လူကုန်ကူး ခံနေရတာကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ မိသားစုတွေလည်း အများကြီး ဖြစ်နေကြတယ် ဆိုတာကို သနားကရုဏာ ရှိကြပါစို့။ အာရှတိုက်မှာ

Sunday, April 24, 2011

တိုင်းရင်းသာလူမျိုးများ

ပြည်ထောင်စု မြန်မာနိုင်ငံတော်၌နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇ၀င်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား

ပြည်ထောင်စုဖွားတိုင်းရင်းသားများ

က

မ cont.

ဦးဖိုးကျား

ဦးဖိုးကျားသည် အပြော အဟော သဘော ကောင်းလှသော ပညာဝန်ဖြစ်သည်။
ဦးဖိုးကျား
ဦးဖိုးကျား

မွေးသက္ကရာဇ် ၁၈၉၁-၁၉၄၃
အမည်ရင်း ဦးဖိုးကျား
နိုင်ငံ မြန်မာ
အလုပ်အကိုင် အမျိုးသားပညာဝန်
ထင်ရှားကျော်ကြားမှု စာရေးဆရာ၊ ပညာဝန်
ကိုးကွယ် ယုံကြည်သည့် ဘာသာ ဗုဒ္ဓဘာသာ

Contents

[hide]

[ပြင်ဆင်ရန်​] ဦးဖိုးကျား (၁၂၅၂-၁၃၀၃) (၁၈၉၁-၁၉၄၃)

မြန်မာသက္ကရာဇ် ၁၂၅၂ခုနှစ်၊ နှောင်းတန်ခူးလပြည့်၊၁၈၉၁-ခုနှစ်၊ မတ်လ(၂၃)ရက် တနင်္လာနေ့တွင် အဖ-ပရိက္ခရာကုန်သည် ဦးဖေနှင့် အမိ ဒေါ်ဒေါင်းတို့က ဟင်္သာတခရိုင် နိဗ္ဗာန်ရွာ၌ဖွားမြင်သည်။ သားချင်း(၄)ဦးတွင် အငယ်ဆုံးဖြစ်သည်။

[ပြင်ဆင်ရန်​] ပညာရေး

၁၈၉၇ - အသက်(၆)နှစ်အရွယ်၌နိဗ္ဗာန်ရွာ ဦးသာသနကျောင်းတွင် ပညာစသင်သည်။ ၁၉၀၀ - အသက်(၉)နှစ်အရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်ရွာ ဆရာတော်၏ကျောင်း၌ ပညာဆက်လက် ဆည်းပူးသည်။ ထိုကျောင်းမှမြန်မာ(၇)တန်းစာမေးပွဲနှင့် ဆရာဖြစ်သင်အောင်မြင်သည်။ ဆရာဖြစ်သင်အောင်ပြီး ပုသိမ်ခရိုင် အသုတ်မြို့တွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်။ တစ်ဖန် ကျောင်းဆရာအလုပ်မှထွက်၍ ပုသိမ် မြို့တိုင်တရာ(စကောကရင်)ကျောင်းတွင်

နိုင်ငံဆိုသည်မှာ

နိုင်ငံ

နိုင်ငံ ဆိုသည်မှာ နိုင်ငံရေး ပထ၀ီနှင့် နိုင်ငံတကာ နိုင်ငံရေးအရ နေရာ သတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။
ကမ္ဘာ့ နိုင်ငံများ မြေပုံ 8,000 × 4,000 pixel

နိုင်ငံများ ပေါ်ပေါက်လာပုံ

နိုင်ငံများပင် မပေါ်ပေါက်သေးသော ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာသော လူ့အဖွဲ့အစည်းများ စတင် ပေါ်ပေါက်ခါစ သမိုင်း မတွင်မီခေတ်တွင် လူသားများသည် အတူတကွ စုပေါင်း နေထိုင်၍ ရှာဖွေရရှိသမျှသော အစားအသောက်၊ ပိုင်ဆိုင်မှု တို့ကို ဝေမျှ စားသုံး၍ အတူတကွ စုပေါင်းနေထိုင် အမဲလိုက် ခဲ့ကြလေသည်။
လက်နက်များကို တိုးတက် တီထွင် လာနိုင်သည်နှင့်အမျှ တောကောင်ကြီးများကို သတ်စားနိုင်လာရာ သစ်သီး သစ်ဥ ရှာစားခဲ့ရသော လူသားများကဲ့သို့ နေ့စဉ် နေ့တိုင်း နာရီမလပ် အဆာခံစေရန် အချိန်ပြည့် အစာရှာနေရသော ဘ၀မှ ကင်းလွတ်လာသည်။ အသားများများ စားနိုင်သဖြင့် ဗိုက်ဝလာကာ တီထွင်ရန် အချိန်ပေးနိုင်လာရာမှ ပိုမို စုံလင်သည့် လက်နက် ကိရိယာများနှင့် အိမ်၊ လက်မှုပညာ အစချီသည့် ယဉ်ကျေးမှု များကို တည်ထောင် နိုင်လာသည်။

 သမိုင်းဦး ဘုံမြေခေတ် လူသား ယဉ်ကျေးမှု တိုးတက်လာမှု

နှောင်းပိုင်းတွင် လူသားများက အလေ့ကျ ရှာဖွေတွေ့ရှိသော အစေ့များကို စားသောက်ရန် ချက်ပြုတ်ရင်း မြေပြင်ပေါ် ကျသည်မှ အပင် ပေါက်လာသည်ကို တွေ့ရှိကာ စိုက်ပျိုးရေးကို စတင် သိရှိ နားလည်ကြသော ကာလတွင် မြေယာ ပိုင်ဆိုင်မှုများ ပေါ်ပေါက် လာကြသည်။ တဖန်

မြန်မာပြည်နှင့်အလံများသမိုင်း

List of Myanmar flags



မြန်မာ အလံများ(List of Myanmar flags)


ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ


ဖြစ်ပေါ်လာပုံ

၁၉၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသည် လုံးဝအချုပ်အချာ အာဏာပိုင်လွတ်လပ်ရေး ရရှိတော့မည်ဖြစ်၍ နိုင်ငံတော်နှင့်တကွ တမျိုးသားလုံးကို၎င်း၊ နိုင်ငံ၏ အုပ်ချုပ်ရေး အာဏာကို၎င်း ကိုယ်စားပြုသည့် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းကို

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ