.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, May 28, 2011

ကော့သောင်းမြို.မှ ဘောလုံးသမားများ

  မြန်မာပြည်မြေပုံရဲ. အောက်ဆုံး ထိုင်းမြန်မာနယ်စပ်မြို. လေးဖြစ်တဲ့ ကော့သောင်းမြို.ကို ကျနော်အလည်တစ်ခေါက်သွားရောက်ခဲ့ပါတယ် ။ နယ်စပ်မြို.လေးဖြစ်သည့်အလျှောက် နှစ်နိုင်ငံ ကုန်စည်များ ရောင်းဝယ်ဖလှယ်မှု. တရားမ၀င် လူကုန်ကူးမှု. မှောင်ခို မှု. စတဲ့သမ္မာအာဇီဝ ရောမသမ္မာအာဇီဝရော ရောထွေး ကာ စည်းကားနေသောမြို. လေးဖြစ်ပါတယ် ။နယ်ပေါင်းစုံမှ လာရောက်လုပ်ကိုင်စားသောက်ကြသော လူများနှင့် ကော့သောင်းမြို.တွင် စည်ကားနေလေ့ရှိပါတယ်။
ကော့သောင်းမြို.လေး ဧ။်တည်ရှိပုံမှာ တောင်ကုန်း တောင်မြင့်များပေါ်တွင် တည်ထားသည့်အလျှောက် လမ်းများမှာလဲ ဆိုးရွားကျဉ်းမြောင်းလှပေသည်။ သို.သော် စီးပွားရေးရှာဖွေတတ်သူများအဖို. စီးပွားဖြစ်ထွန်းရာ နယ်စပ်မြို.လေးပါပေ။ ထိုင်းနိုင်ငံမှ ၀ယ်ယူ အသုံးပြုသော ဆိုင်ကယ်များမှာလဲ ကော့သောင်းမြို.ပေါ်တွင် ပျားပန်းခတ်မျှ သွားလာနေကြသည်မှာလဲ သည်းထိတ်ရင်ဖီုစရာပင်။မကြာခဏ ဆိုသလို တိုက်မိခြင်း မှောက်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရသူ သေဆုံးသူ များ မကြာခဏ ရှိတတ်သောကြောင့် ကျနော်ကိုယ်တိုင် ဆိုင်ကယ်ကို သတိကြီးစွာ မောင်းနှင်ပြီး ကော့သောင်းမြို.လေးကို လှည့်ပါတ်ကြည့်ရှု.ခဲ့ပါတယ်။

(ကော့သောင်းမြို.မှ လူလတ်ပိုင်းစွန်ပစ်ပစ္စည်းကောက်သူ)
ကော့သောင်းမြို.ကမ်းနာပိုင်း ဘုရင့်နောင် ကုန်းမြေနှင့်မနီးမဝေးတွင် ပန်းခြံငယ်တစ်ခုရှိပြီး ထိုင်းနိုင်ငံ ရနောင်းမြို.နှင့် ပင်လယ်ဝ ကို ကောင်းစွာ မြင်နိုင်သည့်အလျှောက် ကျနော်လဲ ၀င်ရောက် ကာခေတ္တ အပန်းဖြေနေစဉ် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၄ ဦးခန်. တွေ.ရှိရပြီး ၄င်း ခလေးများမှာ တောင်းရမ်းစားသောက် ကြသော ကလေးများဖြစ်ကြောင်းတွေရပါတယ် ။
စီးပွားရေးကောင်းမွန်သော ကော့သောင်းလိုမြို.လေးတွင် ကလေးအလုပ်သမားအနည်းငယ်ကိုသာတွေ.ရှိရသော်လည်း တောင်းရမ်းစားသောက်ခြင်း ရေသန်.
ဘူးခွံများသံတိုသံစများ ရှာဖွေကောက်ယူ ကြသော ခလေးများနှင့် လူလတ်ပိုင်းအရွယ် များကိုလဲတွေ.မြင်ရပါတယ်။
ကျနော်ကော့သောင်းမြို.ကိုရောက်စဉ် အထူးစိတ်ဝင်စားသော အကြောင်းအရာလေးမှာ ဘောလုံး ဟု ခေါ်သောလူကုန်ကူးမှု.ပင်ဖြစ်ပါတယ်။ဘောလုံးဆိုသည်နှင့် ကန်သောဘောလုံး မဟုတ်ပါ ၊ ထိုင်းနှင့် မလေးရှား နိုင်ငံများသို.အလုပ်လုပ်ရန် တရားမ၀င် သွားရောက်ကြသောသူများကို ဘောလုံးဟု ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ လာရောက်ကြသောသူများမှာလဲ ယောကျာ်း မိန်းမ ကလေး လူကြီး အစုံပါပေ။ ပဲခူးတိုင်း/မွန်ပြည်နယ်/ရန်ကုန်တိုင်း/ တို.မှ အများဆုံးဝင်ရောက်ကြသည့်အလျှောက် ကော့သောင်းမြို.တွင် တားဆီးခရီးသည်များ ဆိုပြီး စီမံချက်ထုတ်ကာ နေရပ်ပြန်ပို.ခြင်းကို လုပ်ဆောင်နေသော်လည်း တဖက်နိုင်ငံများသို. သွားရောက်နေကြသော ဘောလုံးများမှာ နေ.စဉ်နှင့်အမျှ ပင်ဖြစ်ပါတယ် ။
တချို.က လှေ ဖြင့် တချို.က ကားဖြင့်  တဖက်နိုင်ငံသို. ပို.ဆောင်ပေးနေသည်မှာလဲ နေ.စဉ်ရက်ဆက်ပင်။
ထိုသို.ပို.ဆောင်ပေးနေခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များ မသိကြတာမဟုတ်ပါ ။
ဘောလုံးလုပ်စားနေသူများမှာလဲ လိုင်းကြေး ပေးပြီး လုပ်စားနေကြခြင်းသာဖြစ်ပြီး ဆယ်ခေါက်တစ်ခေါက်သာ အဖမ်းခံပြရခြင်းသာ။

(ကော့သောင်းမြို.ရှိအမြန်ယာဉ်ဆိပ်) 
ကော့သောင်းမြို.ရှိ တည်းခီု ခန်းများမှာလဲ သာမန်အားဖြင့် တစ်ညတာ တစ်ယောက်ကို ၅၀၀၀ ကျပ်ဖြစ်သော်လည်း ဘောလုံးဆိုပါက တစ်ညတာ (၁၀၀၀၀) ကျပ် ဖြင့် တည်းခီုစေပြန်ပါတယ် ။လာရာက်ကြသူများထံမှ အခကြေးငွေ တနင့်တပိုးယူလျှက် အလုပ်ဖြစ်နေကြသော လူပွဲစား/ဆိုင်ကယ်သမား/တည်ခီုခန်း နှင့် တာဝန်ရှိ အာဏာပိုင်များမှာ လွန်စွာမှပင် စီပွားရေးကောင်းကြသူများဖြစ်ကြပြီး တဖက်နိုင်ငံ သို.သွားရောက်အလုပ်လုပ်ကြသော မြန်မာများမှာမူ ထိုင်းရဲများကဖမ်းဆီးခြင်း အလုပ်ရှင်မှ နှိမ်ခြင်း လုပ်ခ လစာများမပေးခြင်း အချို. အသက်ဆုံးရှုံး ခြင်းများဖြင့် ဒုက္ခကို ရင်ဆိုင်နေကြရသည်ကိုတော့ ရွှေ.ပြောင်းအလုပ်သမားတိုင်းအသိပါပေ။
ထားဝယ်မှ အမြန်ယာဉ် ဆိုက်ကပ်လာပါက ဆိုင်ကယ်သမားများက အနားသို.ကပ်လာပြီး ဟိုဘက်ကမ်းကူးမလား အလုပ်ရှိတယ် ကူညီမယ် ဆိုပြီ လူကုန်ကူးခြင်းအတွက် ဖျားယောင်းနေသည်မှာလဲ လိုင်စင်ရသူများကဲ့သို.ပင် ။
တချို.ကျပြန်တော့ ပဲ့ချိတ် မောင်းသူ လှေသမားများနှင့် ချိတ်ဆက်ကာ ထိုင်းဘက်သို. ခီုးဝင်ကြလေ့ရှိပါတယ်။ ဆိုင်ကယ် ကယ်ရီနှင့် လှေသမားများမှာ ဘောလုံး များကို အဓိက ရှာဖွေပြီး မိမိတို.ဧ။် စီးပွားရေးအဆင်ပြေစေရန် ကြိုးစားကြသည်မှာလဲ ကော့သောင်းသို. အမြန်ယာဉ်ဖြင့် သွားရောက်သူတိုင်းအသိပင်။


တချို.သော ဘောလုံးများကို ရန်ကုန်မှ တဆင့်ခေါ်ဆောင်လာပြီး ကော့သောင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်၎င်း တည်းခီုခန်းများတွင်၎င်း ပွဲစားအိမ်တွင်၎င်း ညအိပ်စေပြီး ရေလမ်းမှ သွားသူများကို ည အချိန် (၁၀) နာရီ ၀န်းကျင်ခန်. တွင် ပဲချိတ် ပေါ်သို. တက်စေပြီး အားလုံးကို အိပ်စေပါတယ် ။ လှေ တစ်စီးတွင် အနည်းဆုံး ဘောလုံ အယောက် (၃၀) ကျော်ခန်. အချို.လှေများတွင် (၂၀)ကျော်ခန်. တင်ဆောင်လေ့ရြှိုပီး အပေါ်မှ တာလဘတ် ခေါ် ပလပ်စတစ် အထူစားကြီးဖြင့် အုပ်မီုးကာ ကော့သောင်း ကမ်းခြေမှတဆင့် သူဌေးကျွန်း အနီးသို.ဖြတ်မောင်းပြီး ထိုင်းနိုင်ငံအတွင်းသို. ပို.ဆောင်လေ့ရှိကြပါတယ်။
လှေမောင်းရာတွင်လဲ နှစ်နိုင်ငံ ရေခြားမှ မောင်းနှင်ပြီး ထိုင်းရေတပ်မှ ခေါ်သောအခါ မြန်မာရေပိုင်နက်အတွင်းသို.မောင်းပြေး ၊ မြန်မာရေတပ်မှမီးရိုက်ခေါ်သောအခါ ထိုင်းရေပိုင်နက်ထဲသို. မောင်းပြေးပြီး ဘောလုံးကစား သကဲ့သို. သွားရောက်ကြသော ဘောလုံးများမှာ သည်ထိတ်ရင်ဖီု ပါပေ။
ထိုင်းနှင့် မြန်မာ ရေတပ်မှ လွပ်ပြန်သော်လည်း  ထိုင်းရေပိုင်နက်တွင် လှေလူမိုက်များကျန်နေပါသေးတယ် ။သူတို.ကို လဲလိုင်းကြေးပေးမှ ဖြတ်သန်းခွင့်ရှိပါတယ်။အကယ်လို. လိုင်းကြေးမပေးခဲ့ပါက လှေကို ၀မ်းဖောက်ပြီး မြှုပ်ပြစ်သည့်အထိ ရက်စက်သူများပါပေ။ ထိုလူမိုက် လှေများတွင် မြန်မာများလဲ ရှိနေသည်မှာ ရင်နာစရာပင်ဖြစ်ပါတယ်။(ထိုင်းနိုင်ငံ တောင်ပိုင်းထိုင်းရေပိုင်နက်တွင်ရှိပါတယ်)

(ကားလမ်းခရီးဖြင့်ဝင်သော်လည်း ထိုင်းရဲများဧ။်အဖမ်းဆီးခံရသော ဘောလုံးများ)
ကားလမ်းဖြင့် ၀င်ရောက်ကြသောဘောလုံးများအတွက်တော့ ကော့သောင်းမြို.တွင် (၇)ရက် အလည်အပါတ် စာအုပ်များကို ထိုင်းဘတ်ငွေ(၁၅၀၀) ခန်.ဖြင့် တရားမ၀င်လုပ်ဆောင်ပေးပြီး ရနောင်းသို.ကူးကာ ရနောင်းမှတဆင့် ကားကြီးများဖြင့် ဘောလုံးများကို သိပ်ကျပ်နေအောင်တင်ပြီး လူကုန်ကူးနေသည်မှာလဲ အားလုံးအသိပင်။ ထိုအထဲမှ မေ့မရသောဖြစ်စဉ်တစ်ခုကတော့ မြန်မာအယောက် (၅၀)ကျော် ကားအတွင်းမှာ အသက်ရှုကြပ်ပြီးသေဆုံးကြတဲ့ဖြစ်ရပ်  ပါပဲ။ဒါအပြင် လိုရာခရီးမရောက်ပဲ လမ်းခုလတ်တွင်ထိုင်းရဲများဧ။်အဖမ်းဆီးခံရပြီးငွေကုန်လူပန်းဖြစ်သူများလဲရှိပါတယ်။ယခုကဲသို.
ဒုက္ခအမျိုးမျိုးခံကာ သူတပါးနိုင်ငံသို.သွားရာက်ကာ ထင်တလုံးဖြင့်လုပ်စားကြသော်လဲ တွက်ခြေမကိုက်ပဲ

 ( မြန်မာ အလုပ်သမားများအားဖမ်းဆီးချုပ်နှောင်သော ဖန်ငမြို. လ၀က အချုပ် ထိုင်းတောင်ပိုင်း)

ဆင်းရဲဒုက္ခ များစွာဖြင့်ကြုံရသူများမှာလဲ ဒုနဲ.ဒေးပင်ဖြစ်ပါတယ်။လူကုန်ကူးမှု.တားဆီး ကာကွယ်ရန် အဖွဲ.များဖွဲ.ထားသော်လည်း အာဏာပိုင်အဖွဲ.တွင်းအကျင့်ပျက်ချစားမှု.ကြောင့် တဖက်နိုင်ငံသို. ဘောလုံးများ နေ.စဉ်နှင့်အမျှ ၀င်ရောက်နေကြခြင်းကို သန်.ရှင်းသောအစိုးရဖြစ်ရန် ဟု အော်ဟစ်နေသူများသိပါစ။ 
ကော့သောင်းမြို.တွင် ဘောလုံးများ နှင့် ကြီးပွားနေသူ (သို.) လူအများကို လှေကားထစ်လုပ်ပြီး မိမိကိုယ်ကျိုးစီးပွား လုပ်နေသူ များကို သန်.ရှင်းသောအစိုးရကြီးမှမည်သို.မည်ပုံအရေးယူဆောင်ရွက်မလဲဆိုတာကို လဲ သိချင်လှပါတယ်။
ယခုကဲ့သို. ဘောလုံးသမားများ ခေတ်စားလာခြင်း ပေါများလာခြင်းမှာ နယ်စပ်မြို.များဖြစ်သော မြ၀တီ နှင့် ကော့သောင်းမြို.များမှ သက်ဆိုင်ရာအာဏာပိုင်များဧ။် အကျင့်ပျက် ချစားမှု.ကြောင့်ဟု ပြောပါကလွန်အံ့မထင်ပါ။
ယခုအခါတွင် ကော့သောင်းမြို. မှ ဘောလုံးသမားများနှင့် ဘောလုံးများ မည်မျှလောက်အထိ ပေါများလာသည်ကို သိရှိလိုသော မည်သူမဆို ကော့သောင်းမြို. နှင့် မြ၀တီ မြို.များသို. ကိုယ်တိုင်သွားရောက်လေ့လာလျှင် ပီုမီု ပြည့်စုံစွာ သိရှိရှိရမည်ဖြစ်ပြီး ကိုယ်တိုင် တိတိကျကျ လေ့လာချင်သူများအဖို. ကိုယ်တိုင် ဘောလုံးအဖြစ် သွားရောက်လေ့လာနိုင်ပါကြောင်း ပြောလိုပါတယ်ခင်ဗျာ။


 (ကော့သောင်းမြို.မှတောင်းရမ်းစားသောက်ကြသော ကလေးများ)




မင်းလွမ်းနောင် (ပန်းတနော်)

ကဗျာ

အဓိဌာန်

နှမ်းတစ်စေ့ ညှစ် ၊ ဆီမဖြစ်နိုင်
ကျစ်လစ် စုစည်း ၊ လူ.ခရီးဝယ်
မညည်း မညူ ၊ အားသစ်ထူကြ ။

သွေးသစွာပြု ၊စည်းလုံးမှု ဖြင့်
ပြည်သူ့ လွတ်ရေး ၊ ကြံဆောင်တွေးရ်ျ
ဘေးပေါင်းရန်စွယ် ၊ အသွယ်သွယ် ကို
ရှင်းဖယ်နိုးကြား ၊ တိုင်းရင်းသားတို့
ဆပွားအောင်ပွဲ ၊ ဆင့်ဆင့် နွဲခဲ့
တွဲလက်ညီပေ့ ညီပါပေ့ ။

တို့လမ်း ၊တို့မြေ ၊ အလှဝေဖို့
တို့ပြည် တို့ပန်း ၊ မညှိးနွမ်း ဖို့
တို့စမ်း တို့ရေ ၊ ကြည်လင်စေဖို့
တို့ဖွေ ကြံဆ ၊ တို့ဘ၀ တွက်

တို့ကလမ်းညွန် ၊ တို့ရဲ့ ၀န်တည့်
တို့ လွန် တို့သား ၊ ကောင်းမွေ များ နဲ့
တိုးပွား မပျက် ၊ ကျိုးပွား ဆက်အောင်
တို့လက် ခိုင်ခိုင် တွဲ ကြစို့ ။ ။
 
ဒီပါအောင်

Thursday, May 26, 2011

http://www.facebook.com/home.php?sk=group_184757141573196မိတ်ဆွေများအနေနှင့် ဘာသာရေးအကြောင်းများကိုလေ့လာလိုပါက လင့်လေးကိုကလစ်ပြီး သွားရောက် လေ့လာနိုင်ကြပါတယ်ဗျာ

မင်းလွမ်းနောင်(ပန်းတနော်)

Monday, May 23, 2011

ပွဲစား ထိုင်းရဲ အဖမ်းခံရ

day, 23 May 2011

လူကုန်ကူးသည့် ထိုင်းရဲ အဖမ်းခံရ

ဧရာဝတီ Monday, 23 May 2011
မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် သယ်ဆောင်လာသည့် ထိုင်းရဲတပ်ဖွဲ့ပိုင် အချုပ်ကားတစီးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပြင်ရှိ ထိုင်း စစ်တပ် စစ်ဆေးရေးဂိတ် (ဟွေ့ဟင်ဖွန်ဂိတ်) က စနေနေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီး လိုက်သည်။

အဖမ်းခံရသည့် အချုပ်ကားသည် တာ့ခ်ခရိုင် တာ့ခ်မြို့ရဲစခန်းမှဖြစ်ပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော် မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသား ၇၁ ဦးကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သွားရောက်ပို့ဆောင် ပြီး အပြန်တွင် မြန်မာနိုင်ငံသား ၁၀ ဦးကို အခ ကြေးငွေယူ၍ သယ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းအချုပ်ကားကို မောင်းနှင်လာသည့် ထိုင်း ရဲတပ်ကြပ်ကြီး ၀ိရတ်လီလာစ၀မ် ကို မဲဆောက် အခြေစိုက် အမှတ် ၄ ဒေ သဆိုင်ရာကွပ်ကဲရေး တပ်မှ ဗိုလ်မှူးကြီး ပစံဆယ်ဆီရီရတ် နှင့် တပ်ဖွဲ့ ၀င်များက ဖမ်းဆီးခဲ့ပြီး မဲဆောက် ရဲစခန်းသို့ လွှဲ
ပြောင်း ပေးအပ်ခဲ့ဖြစ်ကြောင်း ဒေသခံ အာဏာပိုင် အသိုင်းအ၀ိုင်းမှ သိရသည်။

အဖမ်းခံရသည့် မြန်မာများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး ကားရှေ့ခန်းတွင် ထိုင်းဘတ်ငွေ ၃၄၂၀၀ နှင့် အတူ ထိုင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့မှုကို ယာဉ်မောင်း တပ်ကြပ်ကြီး က ၀န်ခံ ထွက်ဆိုခဲ့သည်။

မဲဆောက်မြို့၏ ရဲမင်းကြီး ဗိုလ်မှူးကြီး ဒေးချား ၀ထနဖနုံ က အဆိုပါ ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကို တရားဥပဒေ နှင့် အညီ အရေးယူသွားမည်ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

မဲဆောက်မြို့မှ ထိုင်း ရှေ့နေ တဦးက“ထိုင်းဥပဒေမှာပြဌာန်းထားတာက ဒါမျိုးဆိုရင် အဲဒီ ရဲဝန်ထမ်းဟာ အစိုးရ၀န်ထမ်း အဖြစ်က ထုတ်ပယ်ခံရမယ်၊ ပြီးရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်တယ်”ဟု ပြောဆိုသည်။
“မြန်မာတွေ ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်နေတာကတော့ နည်းလမ်း ပေါင်းစုံပဲ၊ ဒါပေမယ့် အခုလိုမျိုး ရဲတပ်ဖွဲ့ပိုင်ကားတွေအသုံးပြီး လုပ်တာမျိုးအရင်က မရှိသလောက်ဘဲ၊ ကျနော့် အမြင် အရပြောရရင် အခုမှဖမ်းမိပေမယ့် ဒီမတိုင်ခင်က ဘယ် လောက်အထိ လုပ်ခဲ့လည်းဆိုတာ စဉ်းစားစရာတော့ဖြစ်တယ်၊ နောက်ပြီး ဒါမျိုးက တဦးတယောက်တည်း လုပ်လို့ရတာမဟုတ်ဘူးဟု”ဟု မဲဆောက် အခြေစိုက် ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောသည်။

ယခင်ကလည်း မဲဆောက်တွင် ထိုင်း စစ်တပ်ပိုင် ကားများကို အသုံးပြု၍ မြန်မာများကို ထိုင်း နိုင်ငံတွင်းသို့ ခိုးသွင်းမှုများအား ဒေသခံ အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် ကရင်ပြည်နယ် ဘားအံမြို့မှ အမျိုးသမီး တဦးက“ကျမတို့ ဘားအံ က လူ တွေ ဘန်ကောက်တက်မယ်ဆိုရင် လူကယ်ရီက ရွာအထိလာခေါ်ပါတယ်၊ တယောက်ကို မြန်မာငွေ ကျပ် ၅ သိန်း ပေး ရ တယ်၊ မဲဆောက်ကနေဘန်ကောက်ကို ကားနဲ့တိုက်ရိုက်ပဲ၊ အဆက်အသွယ်ကောင်းဖို့တော့ လိုတယ်၊ တချို့ဘန်ကောက် မရောက်ဘဲ အဖမ်းခံရပြီး ပိုက်ဆံဆုံးသွားတဲ့ လူတွေလည်းရှိတယ်”ဟု ပြောသည်။

ယခု ဖမ်းဆီးထားသူများအား လတ်တလောတွင် မဲဆောက် ရဲစခန်း၌ ထားရှိကြောင်း၊ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုမူ မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဖြစ်ကြောင်း ဒေသခံ ထိုင်း အာဏာပိုင်များက ပြောဆိုသည်။

မဲဆောက်မှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံတွင်းသို့ အလုပ်အကိုင်ရှာဖွေရန် ခိုးဝင်သည့် မြန်မာများကို ဒေသခံ အာဏာပိုင်များက မကြာခဏဖမ်း ဆီးရမိမှုမှာ လစဉ်နီးပါးရှိကြောင်း မဲဆောက် ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
...

မှတ်မှတ်ရရ တသသ အပိုင်း (၄)

 အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း တောင်တွင်းင်္ကြီးမြို. မကွေးတိုင်း

ကျနော်အပါအ၀င် တသသ များ အားလုံး ပင်းပန်းနွမ်းသည်က တစ်ကြောင်း ပဲဟင်း စားပြီ တက်လာသည်ကတစ်ကြောင်းဖြင့် လေ့ကျင့်ရေးကျောင်းကြီးဧ။် ကျန်စစ်သားတပ်ခွဲတွင် နှစ်ခြိုက်စွာ အိပ်စက်အနားယူ နေကြစဉ် ခရာသံများဆူညံစွာထွက်ပေါ်လာပြီး နောက် အဆောင်အတွင်း ရှိ တသသများအားလုံး ကိုယ်စီ နိုးနေကြလေပြီ ။
ကျနော်တို.အဆောင်အတွင်းသို. တပ်ကြပ်ကြီးတစ်ဦး ရောက်ရှိလာပြီး မင်းတို. တသသ တွေအားလုံးအပြင်မှာတန်းစီကြပါ  ဆိုပြီးပြောတော့ ကျနော်တို. တသသတွေအားလုံးလဲ တပ်ခွဲရှေ.ကတန်းစီကွင်းမှာ အားလုံး ဗရုတ်သုတ်ခနှင့် တန်းစီကြပါတယ်။
ဒါကို တပ်ကြပ်ကြီး တစ်ဦးမှ လာရောက်ပြီး စနစ်တကျတန်းစီရန် လာရောက်သင်ကြားပေးရင်း ကျနော်တို.တွေလဲ ညီညာစွာတန်းစီ ဖြစ်သွားပါတယ် ။
 ဒီလိုနဲ. ကျနော်တို.အားလုံး မနက်ပိုင်း ၅ နာရီ ၀န်းကျင်လောက်မှာ ကိုယ်လက်ကြံ့ခိုင်းရေး တွေကို PT ဆရာ လုပ်ပြသမျှ နောက်ကလိုက်လုပ်ရင်း နံနက် ၇ နာရီ လောက်ဖြစ်သွားပါတယ် ။ အခြားသော စီနီယာတပ်ခွဲများကတော့ တိုင်ပင်အော်ကာ ဘယ်ညာညီညာစွာ ပြေးနေကြတာတွေ.ပါတယ်။
ကျနော်တို.အတွက်မနက်စာအဖြစ် စုဆောင်းရေးထက် အဆပေါင်းများစွာသာသော (ဆေးသကြားမသုံးပဲသကြားအစစ်သုံးသောကြောင့်)  လက်ဘက်ရည် တစ်ခွက် စုဆောင်းရေးမှ ထမင်းထက်သာသော ထမင်းကြော် ၀ါဝါ လေးတစ်ပွဲ ကြက်ဥပြုတ် တစ်လုံး ကို မနက်စာအဖြစ်စားရတော့ စုဆောင်းရေးမှာကျွေး သောထမင်းနှင့်ဟင်းကို မြင်ယောင်မိပြီး စုဆောင်းရေးမှ မီးဖိုကြီး ခေါ် စာဖိုမှူးများအား စိတ်ထဲမှ ကျိမ်ဆဲမိပါတော့တယ် ။
စားပြီးသောက်ပြီးသောအခါ တန်းပြန်စီပြီး လူ (၁၀) ယောက်ခန်.ရွေးထုတ်သွားပြီး စတို မှာ စစ်ဝတ်ပစ္စည်း သွားရောက်ထုတ်ယူသူကတော့ တပ်ခွဲံအရာခံဗိုလ် ပါပဲ ၊ သူတို.ပြန်လာတဲ့အခါ အိတ်တွေကို ၀ိုင်းဝန်းချပေးပြီး အမျိုအမည်ခွဲခါ အစဉ်လိုက်ထားရှိပြီး ကျနော်တို. တပ်သားသစ်တွေကို လဲ အစဉ်လိုက် တန်းစီစေပြီး စစ်ဝတ်စုံ အစိမ်းရောင် (၃) စုံ ဟန်ကော (၁)လုံး  ရေဗူး (၁)လုံး ကျောပိုးအိတ် (၁) လုံး
အီကွေမင့် ခေါ် ချပ်ဝတ်တန်ဆာ (၁)စုံ ဆေးပါတ်တီး (၁) ခု စစ်ဖိနပ် တောစီး (၁) စုံ (အစိမ်းရောင်) ၊တိုက်ခိုက်ရေး (၁)စုံ(အနက်ရောင်)  ပန်ကန်ပြား စစ်စိမ်းရောင် တစ်ချပ် စစ်စိမ်းရောင် မက်ခွက် တစ်လုံး နှင့် အခြားသောစစ်ဝတ်ပစ္စည်းများကို ပေးခဲ့ပါတယ် ။ ရရ ခြင်းမှာတော့ အားလုံးပျော်နေကြတာပေါ့ စုဆောင်းရေးမှာ ရှိစုမဲ့စုလေးတွေ ကို ရောင်းချ ပြီး ၀မ်းရေးဖြည့်ခဲ့ရတော့ အ၀တ်အစား အတော်လေးရှားပါးနေပြီလေ ။
ဒီလိုနဲ. အဆောင်ထဲကို ပြန်ဝင်ပြီး ယူနီဖေါင်းတွေဝတ်စမ်းကြည့်ကြတော့ ပြဿ နာက စပါပြီ  ။ကျနော်တပ်စုမှာ ၁၄ နှစ်သာသာ ရှိသေးတဲ့ ကလေးစစ်သား အယောက်  ၃၀ လောက်ရှိမယ် ထင်ပါရဲ. သူတို.က စစ်ဝတ်စုံဝတ်ဖို.အတွက် ခါးပါတ်ကို အသုံးပြူရပါတယ် နောက်ပြီး ၀တ်စုံအင်္ကြီးအသေးတွေကို လိုက်လံပြီး လဲလှယ်ဝတ်နေပေမဲ့ သူတို.နဲ.တော်မယ် ယူနီဖေါင်းကတော့ မရှိလာခဲ့ပါဘူး ။ ဒီတော့ တပ်ခွဲံ အရာခံဗိုလ်ကနေပြီး တပ်တွင်း ရဲမေ တွေဆီကို ပို.ပြီး ခါကျဉ်း ပြီးပြင်ပေးတော့မှ သူတို.တွေလဲ ယူနီဖေါင်းကို တော်တော် ရော်ရော် ၀တ်ဆင်ရပါတော့တယ် ။ ပြီးတော့ စစ်ဖိနပ် တွေလဲဒီလိုပါပဲ ကိုယ်နဲ.တော်မယ့် ဆိုက်တွေကို အချင်းချင်းပဲ လိုက်လံပြီး လဲလှယ်ဝတ်ဆင်ရင်း အဆင်ပြေသွားတယ် ဆိုရမှာပေါ့။ ကလေးတွေအတွက် အဆင်ပြေသွားပေမဲ့ ပြန်ပြင်ရတဲ့ ၀တ်စုံတွေအတွက်ကတော့ သူတို.လစာကနေပြီးတော့ ဖြတ်မှာပါ ။ ဒါကတော့ သင်တန်းတောင်မတက်ရသေး တပ်သားသစ်တွေ လစာဆိုတာမမြင်ဖူခင်ထဲက အဖြတ်အတောက်ဆိုတာနဲ.ရင်းနှီးခဲ့ရတာလေးပါပဲ။
ဒီလိုနဲ.ပေါဗျာ ကျနော် တို. တသသ တွေအားလုံး ကသ(ကျောင်းသား) နံပါတ်တွေ ရလာပါတော့တယ်  နောက်ပြီး တပ်စုတွေကို ခွဲတဲ့အခါ  တပ်စု (၁) (၂) (၃) (၄)  မှာမှ ကျနော်က တပ်စု (၄) ရဲ. ဒုတိယ ကျောင်းသားတပ်စုမှူးကို ကံကောင်းပြီးဖြစ်ခဲ့ပါတယ် ။ ကျနော်တပ်စုမှာတော့ ကလေး တသသတွေကို အကုန်လုံးတစ်စုတည်းထားတာပါ ကျနော်ကတော့ အသက်က (၁၉) နှစ်ဆိုတော့ တပ်စု(၄)မှာ လူကြီးပေါ့ဗျာ ။ ကျနော်တို.တွေလဲ သင်တန်းတက်ရင်း လက်နက်မဲ့စစ်ရေးပြတွေ အခြား ဗဟုသုတတွေ အပါအ၀င် သင်ကြားရင် (၁)လ နီးပါ ရှိလာပါပြီ ကျနော်တို.တွေလဲ အတော်လေးအရေခွံထူလာကြပါပြီ အဆဲ ပေါင်းစုံ ရိုက်နည်းပေါင်းစုံနှင့် ဖိနှိပ်နည်းပေါင်းစုံတို.ကြားမှာ အရေထူရင်း လစာများလဲကျန်သည်မရှိ အဖြတ်ခံထိရင်း သင်တန်းကာလ တစ်လတာကျော်ဖြတ်လာနိုင်ခဲ့ပါပြီ ။ စားရသည့် အစားကလဲပေါင်းစုံပါပဲ ဇီးဖြူသိးကြော် နဲ.ပဲဟင်း မှာ ကျနော် ကို ဒုက္ခအပေးဆုံးဖြစ်ပါတယ် ။တသသ အတော်များများကတော့ အညာဒေသရဲ.အပူရှိန် နဲ. သောက်သုံးရေ မသန်.ရှင်းမှု. တို.ကြောင့် သွေးဝမ်းသွားရောဂါတွေ ဖြစ်ပွားလာသည်မှာလဲ အမြောက်အများဖြစ်လာပါပြီ ။နောက်ပြီး ကျနော်တို. ရရှိထားသော ကျောပိုးအိတ်များကလဲ ဖထိတ်ခေါ် လုပ်အားပေစေခိုင်းမှူ.မှာ မြေကြီးသယ် ကျောက်ခဲသယ် ရင်း သင်တန်းမဆင်းခင်ကတည်းက စုတ်ပြဲရိရွဲနေပါပြီ ။ တောင်းတွင်းကြီးမြေအကြောင်း လေးထည့်ပြောချင်ပါတယ် ကျနော်တို. တွေ ရေကန်အတွက် မြေတူတော့ လေ့ကျင့်ရေးတပ်က ရဲဘော် ရဲမေ တွေ အပါအ၀င် အားလုံး တူကြရပါတယ် တူးတဲ့အခါမှာ သံပေါက်ချွန်းတွေ အသွားတွေလိပ်တဲ့အထိ တောင်တွင်းကြီးမြေက မာကျောလွန်းလှပါတယ် မိုးရွာတဲ့အခါများကျတော့လဲ ကျနော်တို.မှာ ကျွဲသာသာ နွံလူးနေကြရတာပါ။
ကျနော်တပ်ခွဲံက ကလေး တသသ များကိုတော့ ကျောင်းအုပ်ကြီးအိမ် (ကျောင်းအုပ်ကြီးမှာ ဒုဗိုလ်မှူးကြီး စိုးဝင်း) နှင့် ဒု ကျောင်းအုပ်ကြီး အိမ် နှင့် တပ်ခွဲမှူးအိမ်းများတွင် သွားရောက် ပြီး ခိုင်းစေသောအလုပ်များကို လုပ်ကိုင်ပေးကြရပါတယ် ။ သူတို.ပြန်လာတဲ့အခါ သူတို.စားဖို.အတွက် ဟင်းကောင်းလေးများကိုလဲ တချို.စိတ်ထားကောင်းမွန်သော အိမ်များမှ ပေးလိုက်တာများလဲရှိပါတယ်၊ ဒါလေးတွေနဲ. လုပ်အားပေးသွားရခြင်းကို ပျော်မွေ.ခြင်းမရှိပေမဲ့ အနေချောင်အစားချောင်းတော့ လဲ သွားချင်ကြတာပေါ့။
လေ့ကျင့်ရေးကျောင်းကြီးတွင် ထွက်ပြေးသူများလဲရှိပါတယ် လွတ်သူများလဲရှိသလို မလွတ်သူများလဲရှိပါတယ်  မလွတ်တဲ့သူများအတွက်ကတော့ ကြိမ်ဒဏ်ပေါ့ ။ တနေ. ကျနော် တို. တပ်ခွဲမှ ထွက်ပြေးသွားသူ တစ်ယောက်ပြန်ပြီး မိတော့ တပ်ခွဲအရာခံဗိုလ်က တစ်ယောက်ကို တစ်ချက် စီ ရိုက်ခိုင်းပါတယ် ၊ ကျနော်အလှည့်ရောက်တော့ ကျနော်လဲ သာသာလေးပဲရိုက်တော့ တပ်ခွဲ တပ်ကြပ်ကြီး ကျော်ဦး ကနေ မင်းမရိုက်တတ်ရင်ငါပြမယ် မင်းမှောက်ထား ဆိုပြီ ကျနော်ကို ရိုက်တော့ အတော်လေး အီသွားတာပေါ့ ဒီတော့မှ ကျနော်လဲ ပြေးတဲ့သူကို ပြန်ပြီး အားနဲ.ရိုက်ပြတော့မှ ဇာတ်လမ်းကပြီးသွားပါတယ်..။ကျနော်တို.တပ်ခွဲမှာ ဆရာတွေဟာ သူဂုဏ်ထူးနဲ.သူ နာမည်ရနေကြတာပါ သူတို.တွေကတော့ တပ်စု(၁) မှာ နန်းစတော့ ဆရာ စိုးကျော် (စကားပြောရင် အင်္ဂလိပ်လို  နန်းစတော့ ခိုင်းမယ်နန်းစတော့ရိုက်မယ် နန်းစတော့ဆိုပြီး အမြဲတစေသုံးတတ်သူ) က တပ်သား ပေမဲ့ ဗိုလ်လောင်း ကိုအခြားအဆင့်နဲ.ဖြေဖို. ကြိုးစားနေတဲ့သူတစ်ယောက်ပါ ။
တပ်စု(၂) မှာတော့ ဆရာကြီးတစ်ဦးပါ နာမည်မမှတ်မိတော့ပါ  သူ.မိန်းမက ကျောင်းဆရာမ ဆရာကြီးကတော့ အရက်ကို အရမ်းကြိုက်တတ်သူပါ။
တပ်စု (၃) ရှင်းလား ဆရာမြင့်မော် (စကားပြောတိုင်း ရှင်းလား ဟုအမြဲသုံးတတ်သူ)
တပ်စု(၄) ပြုံးပြုံးလေးနဲ.တကယ်ဗြုန်းတဲ့ ဗိုလ်အုံး (မျက်နာပြုံးနေသော်လဲ အမှန်အကန် ရိုက်သူ လူပျိုကြီး)
တပ်ခွဲတပ်ကြပ်ကြီးကတော့ ပလယာ ကျော်ဦး (ဗိုက်ခေါက်ကို ပလယာကဲ့သို. လိမ်ဆွဲတတ်သူ ) တို.ဖြစ်ပါတယ် ။
တစ်နေ. ကျနော်တပ်စုမှ အသက် (၁၃)နှစ်သာသာ ရှိ ရခိုင်လေး ဆိုသော တသသ မှာ  ဂယ်ရှာ(အချောင်ခိုဖို.ကြိုးစား)တာကို ပလယာ ကျော်ဦးသိသွားတော့ တပ်စုတိုက်ပွဲ သင်ခန်းစာ လေ့ကျင့်နေစဉ် မှာ ပဲ ရခိုင်လေးကို ကွင်ပြင်ထဲမှာ ကျနော်တစ်ခါမှ မမြင်ဖူးသော နည်းနဲ.ရိုက်တာကို တွေ.လိုက်ရပါတယ် တခြားတော့မဟုတ်ပါဘူး ၀ါးခြမ်းပြားသေးသေးလေးနဲ. ရခိုင်လေး ရဲ. နှာထိပ် ကို တောက်နေတာပါ ပထမတစ်ချက် ရခိုင်လေးတွန်.သွားပါတယ်  နောက်တစ်ချက် နောက်တစ်ချက်နဲ. ရခိုင်လေ နှာခေါင်းကနေ သွေးများကျဆင်းလာတာတွေလိုက်ရပါတယ် ဒါပေမဲ့ ဆရာကြီးကျော်ဦးကတော့ ရပ်နားခြင်းမရှိပဲ ဆက်ပြီးဝါးပြားလေးနဲ. တောက်နေဆဲပါ ကျနော်လဲမနေသာတော့ ဆရာကြီး ရခိုင်လေး သွေးထွက်များနေပြီပြောမှ သူ.ကိုခေါ်ပြီး ရေဆေးပေးလိုက် ဆေးခန်းမပို.နဲ.ဆိုပြီးပြောပါတယ်..ကျနော်လဲ ရခိုင်လေးကို ခေါ်ပြီး ကျနော့်ရေဗူးနဲ.ဆေးကြောပေးပြီး ရေရှူးခိုင်းလိုက် တွေ.တဲ့အပင်ကအရွက်တွေခူးပြီးရှူခိုင်းလိုက်နဲ. သက်သာသွားပါတော့တယ်။
ကျနော်တို. တသသ တွေအားလုံး သင်တန်းသက်  နှစ်လ လောက်ကတော့ အနေအထိုင်အတော်လေး ပင်ပန်းတာပါ  ၊ ဘာကြောင့်လဲဆိုတော့ ထွက်ပြေးသူတွေများတဲ့အတွက်  အဆောင်ရဲ. ပြတင်းတံခါးတွေကို အပြင်ကနေ အသေရိုက်ပိတ်ထားပြီး အဆောင်ထဲတွင်လဲ ညစဉ် ကင်း အဖွဲ.များ ၂ နာရီခြား တစ်ခါ ထစောင့်ရခြင်း ချီးပုံး သေးပုံးများကို  အဆောင်အတွင်း ထည့်ထားပြီး အဆောင်အတွင်း ချီး နံ့သေးနံ့ များ လှိုင်နေပါတော့တယ်။ တစ်ယောက်က အိမ်သာတက်ပြီဆိုလျှင် ကျန်သူအားလုံးမြင်နေကြားနေ နံနေရသည်မှာလဲ ညစဉ်ရက်ဆက်ပဲဖြစ်ပါတယ် ။ အဲဒီကြားမှပင် ထွက်ပြေးသူများကလဲ ရအောင်ပြေးကြတာပါပဲ၊သင်တန်းကပင်ပန်းတာထက် လုပ်အားပေးများတာကြောင့် ထွက်ပြေးကြခြင်းဖြစ်ပါတယ် ။
တနေ.မှာတော့ ကျနော်တို. တပ်ခွဲကို ပြဿနာတစ်ခု ရောက်လာပါတယ် တခြားတော့မဟုတ်ပါ အရပ်သားဘ၀က အသက် ၁၂ နှစ်ကောင်မလေးအား မုဒိန်းကျင့်ပြီး တပ်ထဲသို.၀င်လာသူတစ်ဦးကျနော်တို.တပ်ခွဲတွင်ရောက်ရှိနေတယ်ဆိုပြီး ဒုရဲအုပ်တစ်ဦး နှင့် ကာယကံရှင်ကောင်မလေး သူ.အမေ အပါအ၀င် (၃)ယောက် ရောက်ရှိလာပြီး အားလုံးတန်းစီကာ အမှု.ကျူးလွန်သူကို  ခေါ်ထုတ်ပြီး ကျနော်တို. တပ်ခွဲမှူး ဗိုလ်ကြီး အောင်မိုးမှ စစ်ဆေးကာ အမှု.ထင်ရှားသောကြောင့် ကျောင်းအုပ်ကြီးထံမှတဆင့် စာတင်ပြီး ထို တသသ ကို တရားဥပဒေအရ အရေးယူရန် ဒုရဲအုပ်လက်သို. လွှဲပြောင်းပေးခဲ့ပြီး အရေးယူဆောင်ရွက်စေခဲ့ပါတယ်။ စစ်တပ်အတွင်းသို. အမှု.ဖြင့်ဝင်ရောက်လာသူများရှိသော်လည်း သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးသောအခါ တပ်မှ ဥပဒေအရ အရေးယူခွင့် ပြုခြင်းဖြစ်ပြီး စစ်တပ်ထဲဝင်ရုံနှင့် အမှု.မှ မလွတ်ကင်းနိုင်ကြောင်း ဗိုလ်ကြီးအောင်မိုးမှ ပြောကြားခဲ့တာကိုလဲ ကျနော်တို.တွေ အားလုံး နားထောင်ခဲ့ကြရပါတယ်မြင်ခဲ့ကြရပါတယ်။
ကျနော်တို. ကျန်စစ်သားတပ်ခွဲ တွင် တိုင်းရင်းသားအတော်များများ ပါဝင်ပါတယ် ကချင် ချင်း ရခိုင် မွန် ကရင် ယောနယ် ဆောနယ် မှ လူများ လဲပါဝင်ပါတယ် ။ ယောနယ်မှ တသသ များမှာ ၀ါး ကို နိုင်နင်းစွာအသုံးပြုတတ်ကြပါတယ် ၊ ဒါကြောင့်လဲ ကျွန်တော်တို့တပ်ခွဲ သန်.ရှင်းမှု. ပထမဆုရခဲ့ရပါတယ်။
ကျနော်ကတော့ တပ်ခွဲ အတွက် စံပြတပ်သားဆုကို မျှော်မှန်းတဲ့အလျှောက် အတော်လေးကို ကြိုးစားနေခဲ့တာပါ ။ လက်နက်မဲ့စစ်ရေးပြ လက်နက်နဲ.စစ်ရေးပြ ဖြုတ်ခြင်းတပ်ခြင်းတိုက်ချွတ်ခြင်း စစ်သည်တော်ကျင့်ဝတ် မိုင်း နဲ.အထွေထွေ ဗဟုသုတအတော်များများကိုလဲ အစွမ်းကုန်ကြိုးစားရင်းကျနော်တို. တပ်ခွဲ လဲ သင်တန်းသက် (၂) လ နီးပါရှိလာခဲ့ပါပြီ ။နေ.လည်စာသင်ချိန်မှာတော့ ဆရာကြီး ကျော်ဦးမှ တသသ များအားလုံးကို အိတ်ကိုယ်စီပေးကာ နွားချေးလိုက်ကောက်ရန် အမိန့်ပေးလာပါတယ် ၊ ဒီတော့ကျနော်တို.အားလုံး လေ့ကျင့်ရေးတပ်နားမှာရှိတဲ့ ငွေပို စံပြကျေးရွာအတွင်းမှာ အိတ်ကိုယ်စီ ယူလျှက် နွားချေးလိုက်ကောက်ကြရပြန်ပါတယ် ။ အချို.ရွာသားတွေက ကျနော်တို. ကိုသနားပြီး သူတို.နွားခြံထဲမှာရှိတဲ့ နွားချေးတွေကို ပေးပြီး အေးအေးဆေးဆေး နားခိုင်းကာ နွေးကြမ်းနဲ. ထန်းလျှက် ပဲလှော်တို.ကို ၀လင်အောင်ကျွေးမွေးကြပြီး အတန်ကြာမှ နွားချေးအိတ်ထမ်းကာ လေ့ကျင့်ရေးတပ်သို.ပြန်လာကြပါတယ် ။အဲဒီနွားချေးအိတ်တွေကိုတော့ တပ်ခွဲ စိုက်ခင်းမှာ မြေသြဇာအဖြစ်သုံးပြီး စိုက်ခင်းမှ ရရှိလာသော ၀င်ငွေကို တော့ကျနော်တို.တသသ တွေအတွက် ရိက္ခာစိုငွေမှာပေါင်းပြီး ကျွေးတယ်လို.ပြောပါတယ် ၊ဒါပေမဲ့ ကျွေးတာကတော့ အရင်ထက်ဘာမှ ထူးခြားမလာတာတော့ အမှန်ပါ ။ ထူးခြားတာတစ်ခုကတော့ တပ်ခွဲမှဆရာများ ညစဉ် ပျားရိုင်းအရက်ကို မှီဝဲနိုင်ခြင်းပါပဲခင်ဗျာ။
ဒီလိုနဲ. ကျနော်တို. တပ်ခွဲလဲ အရေထူရင်း မိုင်ရှည်ခရီးစဉ်အတွက် လေ့ကျင့်ခန်း စပါပြီ (အမှန်ကတော့ တောင်ပေါ်တက်ကာ ၀ါးသွားခုတ်ပြီး ရောင်းစားခြင်းပါပဲ) ကျနော်တို.တွေအားလုံးလဲပျော်နေကြတာပေါ့ (၀ါးသယ်ရမယ်ဆိုတာ သိပေမဲ့ အပြင်ကိုသွားရမယ်ဆိုတဲ့အသိကြောင့်ပါ) ကျနော်တို.အားလုံး မနက် (၄)နာရီမှာ တန်းစီပြီး ဟန်ကောထဲကို ထမင်းထညိ့ ရေဗူးရေဖြည့် ၀တ်စံအပိုမပါ နဲ.  ခရီးစထွက်ပါပြီ ၊ တပ်ခွဲအရာခံဗိုလ်အပါအ၀င် ယောနယ်ဘက်မှ တသသ များ နှင့် မွန်လူမျိုးတသသ အယောက် (၃၀)ခန်.ကတော့ တောင်ပေါ်တက်နှင့်ကာ ၀ါးခုတ်နေကြပါပြီ ကျနော်တို.ကတော့ ခုတ်ပြီးသားဝါးလုံးကို သွားရောက်သယ်ယူရမှာပါ။ ကျသောင်းဝါး များမှာ ပေါ့ပါးသော်လည်း တစ်ယောက်ကို (၂)လုံးကျစီ အရှည်လိုက်ထမ်းရပြီး ခရီးမှာလဲမိုင်ရှည်ဖြစ်တဲ့အတွက် အတော်လေးတော့ ပခုံးနာအောင်ထမ်းခဲ့ရပါတယ်။
ကျနော်တို. ၀ါးထမ်းအဖွဲ. စထွက်ပြီး ၁ နာရီခန်.အကြာ ငမင် ရေလှောင်တမံကို ရောက်ပြီး အမောဖြေကြပါတယ် ပြီးတော့ထမင်းစား ဆေးလိပ်သောက် ကြရင်း ပဲခူးရိုးမတောင်တန်းတွေရဲ.အလှအပကို မခံစားနေကြတော့ပါဘူး ဒီရေလှောင်တမံကို လာတဲ့ခရီးမှာတင် အတော်လေး ပင်ပန်းနေကြပြီလေ ၊ နောက်ထပ်ကလဲတောင်ပဲတက်ရတော့မှာဆိုတော့ ခဏနားပြီး ဆက်ထွက်ကြပြန်တာပေါ့ ။  
လျှိုတွေ ကိုဖြတ် တောင်ကုန်းတွေကိုကျော်ရင်း ကျောင်းစာထဲမှာသာသင်ခဲ့ဖူးတဲ့ ပဲခူးရိုးမတောင်တန်းကြီး ရဲ.အတွင်းပိုင်းကို ကျော်ဖြတ်ရင်း ရေတံခွန် သေးသေး လေးတစ်ခုရှိတဲ့ ၀ါးခုတ်စခန်းကို ရောက်ရှိလာပါတယ် ၊အားလုံးလဲံ ပင်ပန်းနွမ်းနယ်နေကြပြီး ခြေလက်များကိုလဲမသယ်ချင်တော့ ပါ။ ဒါပေမဲ့ ဆရာများရဲ. ဆဲသံဆိုသံ တွေ နဲ. ပြည့်လျှံနေတဲ့ အမိန်. တွေကြောင့်ပဲ အသေးဆုံးဝါးကို လိုက်ရှာနေမိပေမဲ့  ယောနယ်သားတို.ရဲ. လက်စွမ်းပြခုတ်ထားတဲ့ဝါးများကတော့ ရောင်းတန်းဝင် အလုံးကြီးတွေချည်းဖြစ်နေတော့ ရွေးနေလို.လဲမထူးပါ  ဒီတော့ ၀ါးနှစ်လုံးကို ပူးချည် ပြီး အိုဂျီ အင်္ကျီ နဲ့ ပခုံးခံပြီး ထမ်းကာ တပ်ခွဲသို. ပြန်လည်ချီတက်လာခဲ့ကြပါတော့တယ် ။
လမ်းခရီးတစ်လျှောက်တွင် ရှိသမျှသော ငရုတ် သီး ချဉ်ပေါင်ရွက် နှင့် ဟင်းသီးဟင်းရွက်များကို ခူးယူခဲ့ပြီး သစ်ပင်များပေါ်တွင် လူမကြောက်တတ်သောပုတ်သင်ညိုများကို ကျနော်ရှေ.မှ တသသ တစ်ဦးမှ အမြီးကိုင်ကာ ရိုက်သတ်လိုက် ဘေးလွယ်အိတ်ထဲထည့်လိုက်နှင့် ညစာအတွက် ဟင်းကောင်းတစ်ခွက်ကို ရှာဖွေနေပါတယ်။ခက်ခဲပင်ပန်းစွာ ၀ါးများကိုသယ်ယူရင်း တပ်ခွဲသို. ပြန်ရောက်ခဲ့ပါပြီ ။ တပ်ခွဲရှေ.မှာတော့ ခြေပစ်လက်ပစ် အနားယူနေကြသော ဘ၀တူ တသသ များကို တွေ.လိုက်ရပြီး ကျနော်လဲ သူတို.နဲ.အတူ အနားယူခဲ့ပါတော့တယ်။(၀ါးသယ်ရာမှာ အဖွဲ.ခွဲပြီး နေ.စဉ် ရက်သတ်မှတ်ခါ သယ်ရခြင်းဖြစ်ပါသည်) ကျနော်ကတော့ နောက် နှစ်ရက်လောက်အထိ  တောင်ပေါ်တက်ရန်မလိုတော့ပါ အလှည့် ပြီးသွားပါပြီ ။ အလှည့်ရောက်ရင်တော့လဲ မနွဲ.စတမ်း တက်ပြန်ရတာပေါ့ခင်ဗျာ။

ကျနော်တပ်ခွဲမှ ကလေးစစ်သားများကိုတော့ ၀ါးသယ်ရာမှာ မခိုင်းခဲ့ပါဘူး၊ တပ်ခွဲအတွက် တိုလီမီုလီ လေးတွေကို လုပ်ခိုင်းဖို. ချန်ထားခဲ့ပေးပါတယ် ၊ နောက်ပြီး ဆရာတွေကို နှိပ်ပေးဖို.ပါ ပါပါတယ်။
တစ်နေ. ကျနော်တို. တပ်ခွဲမှ မြင့် ဆွေ ဆိုသူ တသသ တစ်ယောက် အသက် (၃၀) ကျော်ခန်. ငှက်ဖျားဖြင့် ရူးသလို ဂေါက်သလိုဖြစ်ပြီး အရူးဘုတ်ဖြင့် ထုတ်ပါယ်လုပ်ခြင်း ခံရပါတယ် ။ အဲဒီ တသသ  မြင့်ဆွေ ကောင်းကျိုးပေးလိုက်ပုံများကတော့ ကျနော်တို. စားဆောင်နားမှာ အီအီး တစ်ပုံ ပါထားခြင်းပါပဲ ။ပထမတော့ ဆရာတွေက ဘယ်သူဒီနေရာမှာ အီးပါသလဲ မေးပေမဲ့ တသသ အားလုံးကအဆောင်ထဲမှာ တံခါးပိတ်ပြီး အီးပုံးနဲ.ပါနေရတာပါ ပြောတော့ ပိုင်ရှင်မရှိတဲ့အီးပုံကို ကျနော်တို. တပ်ခွဲ တပ်ခွဲလုံး တစ်ယောက်ကို လက် တစ်ကော် ကော်ပြီး အိမ်သာမှာ သွားလွှတ်ပစ်ရပါတော့တယ် ။ နေ.လည် ထမင်းစားချိန် မှာ ဖြစ်ပါတယ်။
ဆရာ ရှင်းလား မြင့်မော် က ကျောင်းသားတပ်ခွဲမှူးနဲ. ကျောင်းသားတပ်စုမှူးတွေကို ဦးစားပေးပြီး မင်းတို.အရင်ကျုံးကြ ကျန်တာကို ကျန်တဲ့တသသ တွေကျုံးခိုင်းမယ်ဆိုပြီးပြောတော့  အားလုံးသော ကျောင်းသားတပ်စုမှူးတွေ လက်ညှိုးလေးတွေနဲ. (ညာဘက်) ကော်ပြီး အိမ်သာထဲလွှတ်ပစ် ပြီး ဆပ်ပြာနဲ. လက် ဆေးကြတာပေါ့ ။ ကျနော်အလှည်.ရောက်လာတော့  လူလည်ကျနော် က လျှင်မြန်စွာ အီးပုံ ဘေးက ရွှံ ကို အမြန် လက်ညှိုးနဲ. ကော်ပြီး အိမ်သာကိုပြေးသွားတော့ ရှင်းလား မြင့်မော်က  တပ်စု(၄) က လူလည် မင်းလာခဲ့ ငါ့ဘေးမှာလာရပ်နေ ဒီအီးပုံကို ၂၀၀ ကျော်တဲ့ တသသ တွေ ကျုံးလို.မကုန်ရင် မင်းလက်နှစ်ဖက်နဲ.ကျုံးရမယ် ဆိုပြီး ဒဏ်ခတ်ပါတော့တယ် ။ကျနော်စဉ်းစားမိတာက လက်တစ်သာသာ အီးပုံကို တသသ အယောက် (၂၀၀) ကျော်က တစ်ယောက်တစ်ကော်ဆိုရင် ကုန်ပြီပေါ့ ဆိုပြီး ကြိတ်ပြီးပျော်နေခဲ့တာပါ ။ ဒါပေမဲ့ အထင်နဲ.အမြင် တက်တက်စင်အောင်လွဲပြီး လူတွေသာကုန်သွားတယ် ဒင်းကတော့မကုန်နိုင်ခဲ့လို. လူလည်လုပ်မိတဲ့ကျနော် ကျန်ရှင်းဖြစ်ပြီး လက်နဲ.ကျုံးပြီး ရှင်းခဲ့ရပါတော့တယ် ။ တစ်သက်စာမေ့မရတဲ့အဖြစ်အပျက်လေးပါ ။
နောက်ဆုံးတော့လဲ ကျနော်တို. ကျန်စစ်သားတပ်ခွဲလဲ ကျောင်းဆင်းတပ်ခွဲ ဖြစ်ရန် လပိုင်းသာလိုပါတော့တယ် ။ နံနက်တိုင်းပီတီပြေးတိုင်း  ကျောင်းဆင်းတပ်ခွဲ အော်ရတာကိုက အားအင် တစ်မျိုးပါ (လေ့ကျင့်ရေးမှ ထပ်မံလွပ်မြောက်မည်ဖြစ်ပြီး သက်ဆိုင်ရာတပ်အသီးသီးသို. သွားရမှာ ဖြစ်ပါတယ်) ဘာပဲဖြစ်ဖြစ် ဆင်းရဲခြင်းမှ ထပ်မံလွပ်မြောက်ရန် အတွက် ၀မ်းမြောက်ခြင်းပါပေ။
ကျနော်တို. ကျောင်းဆင်းတပ်ခွဲလဲ ဖြစ်ခဲ့ပါပြီ ၊ စက်ပစ်ကွင်းလဲဝင်ခဲ့ပါပြီ ၊သင်တန်းတွေလဲ ပြီးဆုံးလုနီးလာပါပြီ ဒီတော့ ကျနော်တို. အားလုံး လွပ်လပ်စွာ နေခွင့်ရှိလာပါတယ် ညဘက် အိမ်သာသွားရောက်ခွင့် ပြတင်းတံခါးများ ဖွင့်ခွင့် သင်တန်းပြီးချိန်တွင် သက်သာ ဆိုင်တွင် သွားရောက်ခွင့် စားသောက်ခွင့် လစာ ငွေ (ဖြတ်တောက်ပြီး ကျန်ငွေ ) သုံးစွဲခွင့် တို.ရရှိလာပါပြီ ။ ဒီတော့ ကျနော်တို.အားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်လာခဲ့ကြပါပြီ  ၊ ထွက်ပြေးသူများလဲမရှိတော့ အေးချမ်းသွားပေပြီ ။
ဒီလိုနှင့်ပင် ကျနော်တို. တပ်ခွဲ ကျောင်းဆင်းရန်အတွက် ကြိုတင် လေ့ကျင့်ကြပါပြီ ပြိုင်ပွဲတွေလဲဝင်ခဲ့ကြပါပြီ ၊ကျောင်းဆင်းမည့်နေ.တွင် ကျောင်းအုပ်ကြီးမှ ဆုချီးမြှင့်မည်ဖြစ်ပါတယ် ။
ကျောင်းဆင်းမည့်ရက်မတိုင်မီကပင် မိဘများကို စာဖြင့် အကြောင်းကြားကာ ကျောင်းဆင်းပွဲတက်ရောက်ဖို. ဖိတ်ကြားပြီး စားရေး နေရေး ကို တပ်ခွဲမှ စီစဉ်ပေးပြီး မိဘ နှင့် သား များ တွေ.ဆုံကြပုံမှာ မျက်ရည်များနှင့် ပင် ။ တချို.က ၀မ်းသာလို. တချို.က ၀မ်းနည်းလို. ကျနော်ကတော့  တစ်ကောင်ကြွက် မည်သူမှမလာ ထို.အတူ ကျနော့်ဘ၀တူ တသသများ လဲ အမြောက်အများ ဆိုတော့ အားငယ်စရာမလိုတော့ ပါ။
ကျောင်းဆင်းရက်မှာတော့ တသသ များအားလုံး ကျောင်းဆင်းဝတ်စုံအပြည့်နှင့် ကြည့်ကောင်းနေပါတယ် (ယူနီဖောင်းအသစ် နဲ. သေတ္တာ က တော့ လစာထဲမှ အဖြတ်ခံထားရတဲ့ အရာတွေပါ)   ။
ကျောင်းရဲ. စစ်ရေးပြကွင်းထဲမှာ ဘင်ခရာသံ စစ်သီချင်းသံတွေ ပျံ့လွင့်နေပြီး ကျနော်တို. တသသ များက အလေးပြု သစ္စာ ဆို ချီတက်အလေးပြု အားလုံးပြီးဆုံးပြီး အလံ ကိုင် ကာ တပ်မတော်သားအဖြစ်ရောက်ရှိခဲ့ပါတော့တယ် (ခုတော့ ကျနော်တို. ကိုင်ကာ သစ္စာပြုခဲ့သော အလံတော်သည် .........၀မ်းနည်းစရာဖြစ်ခဲ့ပါပြီ)  ။
အားလုံးပြီးတော့မှ ဆုရရှိသူတွေကို ကြေငြာပါတော့တယ် ကျနော်ကတော့ စံပြတပ်သားဆု နဲ. လွဲခဲ့ရပါတော့တယ် ။ဒါပေမဲ့ ကျနော် တပ်စု တိုက်ပွဲ ပုံဖော် ခြင်းမှာ ပထမဆု (တပ်စု လိုက်ဆု) ၊စစ်ရေးပြ အကောင်းဆုံးဆု  နှစ်ခုကို ရရှိခဲ့ပြီး တသသ လို. ခေါ်တဲ့ တပ်သားသစ် ဘ၀မှ ကိုယ်ပိုင်နံပါတ် တပ်ပြီး တပ်သားအဖြစ်သို. အခက်အခဲ ပေါင်းများစွာ ဖိနှိပ်ခံရမှု.များစွာ ၀မ်းနည်းခြင်းများစွာ ပျော်ရွှင်ခြင်းများစွာ တို.နှင့်အတူ တပ်မတော်သားတို.ဧ။် ပထမ ခြေလှမ်းကို ကျောင်းဆင်းဖော် သူငယ်ချင်းများနှင့်အတူ လျှောက်လှမ်းနိုင်ခဲ့ပါပြီ ။ ကျောင်းဆင်းပွဲပြီးတော့မှ သက်ဆိုင်ရာတပ်တွေလာမခေါ်ခင် လေ့ကျင့်ရေးတပ်မှာပင် ဆက်လက်နေထိုင်ရင်း သင်တန်းဆရာများဧ။်အိမ်များသို.သွားရောက်လည်ပါတ်ကာ ဆရာများဧ။် ဘ၀တစ်စိတ်တစ်ဒေသကို တွေ.ခဲ့ရပါတော့တယ် ။ ဆရာများထဲမှ ဆရာကြီးကျော်ဦး  သာ စီပွားရေးအနည်းငယ်အဆင်ပြေပြီး ကျန်ဆရာများမှာတော့ စီးပွားရေးကြပ်တည်းသူများ ဖြစ်ကြပါတယ် ။ဒါပေမဲ့ သူတို.အားလုံးဟာကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျနော်တို. တသသ များအားလုံး ရဲ. ဆရာ တွေဖြစ်ခဲ့ကြပါတယ်။
ကျနော်တို.ကျောင်းဆင်းပြီးအဖွဲ.တွေကို  သက်ဆိုင်ရာတပ်တွေလာခေါ်ရာမှာတော့ ကလေးစစ်သားအများစုဟာ အမြှောက်တပ်နဲ. သံချပ်ကာ ယန္တယား တပ်ဘက်ကို ပါသွားကြတာ တွေ.ရပါတယ် ။ကျနော်တို. အဖွဲ.ကတော့ အများဆုံးပေါ့ ကကယာ ခေါ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ပါတဲ့ ခင်ဗျာ။  နောက်ဆုံးတော့လဲ ကျနော်တို. အားလုံး တပ်သား ဘ၀ကို ရောက်ခဲ့ကြပါပြီ၊ လာရောက် ခေါ်ယူသွားကြမဲ့ တပ်မှ ဆရာများကို စောင့်ရင်း ကျနော်တို. အချင်းချင်း ဘီအီးလား ဂျီင်္အီးလား ဆိုတာကို ငြင်းခုန်နေမိကြပါတော့တယ် ။ ဒါကလဲအကြောင်းရှိပါတယ် ဘီအီဆိုရင် မိုင်း ဂျီအီးဆိုရင် လိုင်း  ပေါ့ဗျာ  ဂျီအီမှာက လိုင်းကောင်းဝင်ရင် ၀င်ငွေရတာကိုး ၊ဒီတော့ အတွေးအမျိုးအမျိုး တွေးရင်းငြင်းခုန်ရင်း ကျနော်တို. တပ်သား ပူပူနွေးနွေး အသစ်ချပ်ချွတ်လေးတွေရင်ခုန်စွာ စောင့်မျှော်ရင်း ဂျီအီးကိုရောက်ပါစေလို. ဆုတောင်းနေကြတဲ့ သူတွေအထဲမှာ ကျနော်ကတော့ ဆေးပေါ့လိပ်လေးကိုဖွာရင်း ရှေ.ဆက်ကြုံတွေ.လာရမဲ့ အခက်အခဲတွေကို ဒီထက်မဆိုးပါစေနဲ.လို. စိတ်ထဲကနေ ကြိတ်ပြီးဆုတောင်းနေတာကတော့ မည်သူမှ သိနိုင်မယ် မထင်ပါ။ကျနော်ဖြစ်ချင်ခဲ့သော တပ်မတော်သားလဲဖြစ်ခဲ့ပါပြီ ဒါပေမဲ့ ကျနော် တာဝန်ကျမဲ့တပ်ကို အမြန် လဲသွားချင်နေမိပါတယ် ဒါကြောင့်လဲ ကျနော်အပါအ၀င် ကျနော်နဲ. တပ်ခြင်းအတူတူတာဝန်ကျသော သူငယ်များအားလုံး လာရောက်ခေါ်မည့်သူများကို စောင့်မျှော်ရင်း မှတ်မှတ်ရရ တပသားသစ် ဘ၀ လေးကို ဘ၀တစ်သက်တာ မမေ့မလျှော့ ရှိနေမှာကတော့ မှန်သောသစ္စာတရားပင်ဖြစ်ပါတော့တယ် ခင်ဗျာ  ။


အားလုံးကိုလေးစားစွာဖြင့် မင်းလွမ်းနောင်  (ပန်းတနော်)

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ