.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 16, 2011

ပဲလှော်ကြားကဆား


အုန်း...ဒိုင်း..ဘုန်း....ဂွမ်း အသံ
သောသောညံ တို.ပြည်သူတွေကြားကခံ

ကိုယ်ချင်းတရားသူတို.နည်းပါး
အပြစ်မဲ့သူတွေပြေးစို.လား

ရွားထဲမှာလဲနေမရပြန်
ရွာနီးချုပ်စပ်ပြေးဖို.ကြံ

ပြေးပြန်ရင်လဲငါ့ကျွဲနွား
သူတို.ဟင်းစားဖြစ်ဖို.များ

မပြေးလို.လဲမဖြစ်ပြန်
ပြေးပြန်တော့လဲ မိုင်းကွင်းထဲ

ပဲလှော်ကြားမှာဆားညပ်ဆဲ
တို.ပြည်သူတွေ သေမှာပဲ

ညှာတာစိတ်ထားမရှိပါ
ပဲလှော်ကြားဆားသူထပ်နွှာ

တို.အိုးအိမ်တွေ ရှိပါ့မလား
သူတို.တက်လို.ကုန်ပြီလား

တို. ဆား တွေရဲ. အတွေးများးးး
ပဲလှော်ကြားကဆားးးးးးးး
 

ငဆော်ပွကြီး

အဖေ့စကားသံ နားခံခြင်း



အဖေ..ကျတော်တို.တိုင်းပြည်မှာ သေနတ်သံတွေ ညံနေပြီအဖေရယ်
အဖေသာရှိမယ်ဆိုရင်လေ အဖေရဲ.ဖြေရှင်းပုံလေးတွေ သားတို.အတုယူလိုရမှာပဲအဖေရယ်..
အဖေပြောခဲ့မိန့်ခွန်းထဲကလိုပဲ ဗမာဗမာချင်းချကုန်ကြပြီအဖေ
ကျဉ်းမြောင်းတဲ့လူမျိုးရေးဝါဒကိုစွဲကိုင်သူဟာ ဖက်ဆစ်ဝါဒလို.အဖေပြောခဲ့တယ်နော်...ခုဆို ကျနော်တို.တိုင်းပြည်မှာ ဖက်ဆစ်ဝါဒတွေ များနေပြီအဖေ.....
အဖေပြောခဲ့သလိုပါပဲ ကရင်ကတစ်မျိုး ကချင်ကတစ်သွယ် အကွဲကွဲအပြားပြားဖြစ်နေပါပြီအဖေ.....ကျနော် ဖတ်ဖူးခဲ့ပါတယ် အဖေ..အဖေပြောတဲ့ညီညွတ်ရေး ဆိုတာကိုပေါ့ ...ကွန်တော်လိုချင်တဲ့ ညီညွတ်ရေးကတစ်တိုင်းတစ်ပြည်လုံး လူတစ်မျိုးလုံးရဲ.လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ. အကျိုး ။အဲဒီတူညီတဲ့ ရည်မရွယ်ချက် ။တူညီတဲ့အကျိုး။တူညီတဲ့အလုပ် ဒါတွေတိုင်းသူပြည်သားတွေရအောင်တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်..ပါးစပ်ကနေပြောနေရုံနဲ.မပြီးဘူး၊ ပါးစပ်က ညီညွတ်ချင်ပါတယ်ပြောလို.မဖြစ်ဘူး ။ အလုပ်မှာလဲတူရမယ် ။အကျိုးမှာလဲတူရမယ် အဲဒါမျိုးကိုမှ ညီညွတ်ရေးလို.ခေါ်ထိုက် တယ်..................လို. အဖေ ပြောခဲ့တာ မှတ်မိပါတယ်အဖေ...ဒါပေမဲ့အဖေရယ် ကျနော်တို. တိုင်းပြည် ညီညွတ်ခြင်းတွေ မရှိခဲ့ပါဘူး...
နောက်ပြီးအဖေပြောခဲ့တဲ့တော်လှန်ရေးဆိုတာကိုလဲ ကျနော် အရမ်းနှစ်သက်ခဲ့ရပါတယ်....တော်လှန်ရေးဆိုတာ အကြမ်းပတမ်း တိုက်ခိုက်မှု.ကိစ္စကိုမှ တော်လှန်ရေးလို. ဆိုလိုတာမဟုတ်ဘူး ။ လက်ရှိစနစ်ဟောင်းကိုတော်လှန်ပြီး စနစ်သစ်ကိုဘွားခနဲပေါ်ပေါက်လာတာကိုဆိုတာပဲ...........လို.အဖေပြောခဲ့တဲ့တော်လှန်ရေးအကြောင်းလေ စွဲစွဲမြဲမြဲ မှတ်သားမိပါရဲ. အဖေရယ်....
ခုတော့အဖေရယ် ကျနော်တို.တိုင်းပြည်မှာ အဖေပြောတဲ့ ညီညွတ်ခြင်းလဲမရှိ အဖေပြောတဲ့ တော်လှန်ရေးကို လိုက်နာလုပ်ဆောင်သူ လဲ နည်းပါးလှပါတယ်အဖေ...ဒီတော့အဖေရာ ကျနော်ရင်ထဲမှာပြောပြစရာတွေအများကြီး ကျန်ပါသေးတယ် ..နောက်ထပ် ရင်ဖွင့်စရာတွေ ရှိပါသေးတယ် အဖေ.....
 
 

အညတရ သူရဲကောင်းဆု အကြောင်း

ဒီဗွီဘီ မှ ထုတ်လွင့်ချက်

ဒါတွေပြောရင်ဒေါတွေပါလိမ့်မယ်

ဒါတွေပြောရင်ဒေါတွေပါလိမ့်မယ်

တံတားကိုမိုင်းခွဲဖျက်ဆီးပြီး ပြည်သူလူထု ပိုင်အဆောက်အဦးတွေကို တိုက်ခိုက်ဖျက်ဆီးတာကို အားပေးနေကြလေရဲ....ကောင်းပဗျာ...ပြည် သူတွေရဲ.အခက်အခဲကိုမှ မကြည့် စစ်ရေးအရဆိုပဲ..ကောင်းရောဗျာ ရွှေဥဏ်တော် စူးရောက်လို. မိုင်းဖေါက်တဲ့ကောင်တွေ အရင်ကတည်းကမျ ဂိတ်တွေကများ လမ်းပန်းဆက်သွယ်ရေးမကောင်းလို. ကျနော်တို.ပြည်သူတွေ ဆင်းရဲ ကြပ်တည်းမှု.တွေ ကြုံနေရတဲ့အထဲ ဒီလို လုပ်တော့ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းပြီး အိုးအိမ်ရပ်ရွာကို စွန်.ခွားပြေးကြရပြန်ပေါ့..ဘယ်ကိုပြေးမလဲ မောင်ရေခဲ ဆိုသလို နီးစပ်ရာ နယ်ခြားတွေကို ဖြတ်ပြီး သူတပါးနိုင်ငံအတွင်းပြေးကြရ..စားဝတ်နေရေးတွေ ဆင်းရဲကြ ကူညီသူတွေ မဲ့ကြနဲ. စစ်မီးကိုဖော်ဆောင်တဲ့ လက်နက်ကိုင် နှစ်ဖက်စလုံးက ပြည်သူတွေမျက်နာကိုမကြည့်ပဲ လုပ်ရပ် ကတော့ အံဖွယ် ပါပဲ...ခက်တာက ဗျူဟာတွေ မူယာတွေ ဆိုပြီး တံတားတွေ ကိုချိုး တာပိုအဆိုးဆုံးပဲပေါ့...ကုန်စည်လည်ပါတ်မှု. နှောင့်နှေးလို. ပြည်သူတွေ ဈေးကြီးကြီးနဲ.၀ယ်စားရမှာမြင်ယောင်မိပါသေးရဲ...၀ယ်စားဖို.ဆိုတာကလဲ ငွေရှိအုံးမျလေ..ဆင်းရဲတဲ့သာမန်ပြည်သူတစ်ယောက်က ဘယ်က၀င်ငွေနဲ.၀ယ်စားရမှာလဲ စဉ်းစားကြပါအုံး ဒီတော့ ၀မ်းရေးအတွက် အကျင့်စာရိတ္တတွေ ဖောက်ပြားကုန်မှာလဲမြင်ယောင်မိပါသေးရဲ. ...သားနဲ.သမီး အမိနဲ.အဖ တကွဲတပြားစီ မဖြစ်နိုင်ဘူးလို. ဘယ်အဖွဲ.အာမခံချက်ပေးလဲ..ဒီကြားထဲ ပဲလှော်ကြားဆားညှပ် သေဆုံးရတဲ့အပြစ်တဲ့တို.ပြည်သူတွေ ဘယ်လောက်တောင်ရှိနေပြီလဲ..တွေးကြည့်ရင် ရင်ထဲမချိစရာ ပြည်တွင်းစစ်မီးပါပဲ...မူဝါဒတွေ အာဏာတွေ အမြင်မတူတွေ ကိုကိုင်စွဲထားတဲ့ နှစ်ဖွဲ.စလုံး ရှင်းရှင်းပြော၇ရင် တိုင်းချစ်ပြည်ချစ် တပ်မတော်ကြီးနဲ. အမျိုးကိုချစ်လှပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.တွေ ကြား ဗျာများနေရတဲ့ ပြည်သူတွေမှ မထောက်ထား ပြည်တွင်းစစ်မီးကို မွှေးနေတာကတော့ ဘယ်ပြည်သူမှ ကြိုက်မယ်မထင်ပါဘူး....လူထုကိုထိခိုက်စေတဲ့ ဗုံးထောင်ဖေါက်ခွဲမှု.တွေ လုပ် ပြည်သူတွေ အခက်တွေ.စေပြီး ကြောက်ရွံ.ခြင်းတွေကို ခံစားနေရတဲ့ ဒဏ်ကို ဘယ်သူမျ နားလည်မပေးတော့ဘူးလားဗျာ...။ ရထားပေါ်မှာ ဗုံးပေါက်လို.သေတာလဲပြည်သူပဲ..မြ၀တီမှာ ဗုံးပေါက်လို.သေတာလဲ ပြည်သူပဲ..ဒီလိုပြည်သူတွေကြားကနေခံနေရတာကိုက ဒေါသထွက်စရာပါပဲ..အကြမ်းဖက်ဝါဒတွေကိုကိုင်စွဲထားတာကို ပြည်သူတွေကို ချစ်တယ်ဆိုလား ပြောနေတာကတော့ ရှက်စရာပါပဲ...တကယ်တန်း ထိခိုက်နစ်နာ နေရတာ ဘယ်သူတွေပါလဲ ..ပြည်သူတွေပါပဲ..ရီစရာလေးပြောရရင် လမ်းပေါ်မှာ ရွှေထုပ်တွေ.လို. ကောက်မရဲအောင် ဖြစ်နေရတဲ့ ပြညိသူတွေပေါ့ဗျာ...သွားလဲကြောက်ရ လာလဲကြောက်ရ သားသမီးတွေ ကျောင်းသွားရင်တောင် စိတ်မချရတဲ့ မိဘတွေ ကိုရော ကိုယ်ချင်းစာနာနိုင်ကြပါရဲ.လား အသင် ဖောက်ခွဲရေးသမားတို.။ မျိုးချစ်ပါတယ်ဆိုတဲ့ လက်နက်ကိုင် ခေါင်းဆောင်ကြီးတွေ ရဲ. သားသမီးတွေကတော့ ပြည်ပတိုင်းပြည်အသီးသီးမှာ အေးချမ်းစွာပညာတွေသင်ကြားနေလေရဲ. ။။ နှစ်ဖက်စလုံးကိုပြောပါတယ်...လေးစားဖွယ်ရာ အမျိုးချစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ. တိုင်းပြည်ချစ်တဲ့ တပ်မတော်ပါပဲ...ပြောရင်တော့အများကြီးပေါ့ဗျာ..ပြည်သူတွေခံစားနေရတာကို ပြည်တွင်းစစ်ဖော်ဆောင်နေတဲ့ နှစ်ဘက်သော အဖွဲ.တွေ သိကြပါရဲ.လား သိလျှက်နဲ. ၀ါဒတွေအမြင်တွေကြောင့် ကမ္ဘာမီးလောင်သားတောင် ချနင်းလုပ်နေကြတာလား....တကယ်တမ်းဆင်းရဲဒုက္ခရောက်နေရတဲ့ပြည်သူတွေကို သနားတတ်ကြပါရဲ.လား.....တော်ပါပြီလေ..လက်လဲညောင်းလှပြီ...ပြောပြစရာတွေတပုံကြီးကျန်သေးတယ်ဆိုတဲ့ ဒေါ်မာမာအေးရဲ.အစီအစဉ်တော့မဟုတ်ပါဘူး ..ဒါပေမဲ့ ဒါတွေပြောရင်တော့ ဒေါတွေ ပါတော့မှာတော့ သေချာ ပါရဲ. ဗျာ......

မြန်မာပြည်သားတစ်ဦး

Wednesday, June 15, 2011

ကော့ကရိတ်နဲ့ လှိုင်းဘွဲမြို့နယ်တွေထဲက တိုက်ပွဲ ၂ ပွဲ

http://www.demotix.com/photo/538254/jungle-war-between-dkba-and-spdc-burma
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရန်ကုတ်ကျေးရွာအနီးမှာ ဒီကေဘီအေ စစ်ဗျူဟာ (၂) ဗိုလ်မှူး ကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေက ကြံ့ဖွတ်အစိုးရ တပ်တို့ ဒီကနေ့ ဇွန်လ ၁၅ ရက် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ ဘက်က ထိခိုက်မှု မရှိဆိုတာ သိရှိရပြီး ကြံ့ဖွတ် အစိုးရ စစ်တပ်ဘက်မှ ထိခိုက်မှုအခြေအနေကို မသိရှိရသေးပါ။

အလားတူး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ပိန်းနွယ်ကုန်းရွာအနီးမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာပဲ မနက် ၈ နာရီမှ ၉ နာရီခန့်အထိ ဒီကေဘီအေ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နဖူး စခန်းထိုင်တပ် ကြံ့ဖွတ် အစိုးရ စစ်တပ် အင်အားတချို့နဲ့ တိုက်ပွဲတပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီပွဲမှာ ကြံ့ဖွတ်စစ်တပ်ဘက်မှ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဒီကေဘီအေ သတင်းရပ်ကွက် ပြောပြချက်အရ သိရှိရပါတယ်။

ကျပ်ငွေဈေး အနည်းငယ် ပြန်ဆင်း

Thursday, June 16, 2011

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ စံချိန်တင် ဈေးမြင့်တက်သွားခဲ့သော မြန်မာကျပ်ငွေ ဈေးနှုန်းသည် အင်္ဂါနေ့တွင် အနည်းငယ် ပြန်လည် ကျဆင်းလာပြီး အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျင် ကျပ် ၇၈ဝ ဈေးပေါက်သည်။

တလခန့် ဆက်တိုက် တက်သွားခဲ့သော မြန်မာငွေဈေးမှာ အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျှင် ၇၅ဝ ကျပ် အထိပင် မြင့်တက်ခဲ့သည်။ ထိုင်းဘတ်ငွေနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေ တသိန်းလျှင် ဘတ် ၄၂ဝဝ အထိ ဈေးပေါက်သည်။

ကျပ်ငွေဈေးတက်မှုက ပို့ကုန် လုပ်ငန်းရှင်များ၊ ပြည်ပတွင် အလုပ်လုပ်သူများကို မှီခိုနေရသော အိမ်ထောင်စုများနှင့် ဒေါ်လာနှင့် ဝင်ငွေ ရရှိသူများကို ထိခိုက်စေသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဗုဒ္ဒဟူးနေ့နံနက် အမေရိကန် ဒေါ်လာဈေးမှ ၇၈ဝ-၇၉ဝ ကျပ် ဈေးပေါက်ပြီး၊ အက်ဖ်အီးစီမှ ၇ဝ၅-၇၂ဝ ကျပ် ဈေးပေါက်သည်ဟု ရေးသားထားသည်။

“ ဒေါ်လာကျတာ ရပ်သွားပြီးတော့ ကုန်ဈေးတွေ တက်လာပြန်ပြီ ” ဟုလည်း ပါရှိသည်။

ထူးထူးကဲကဲ ငွေဈေးတက်မှု အပေါ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေက ကျောက်မျက်ရောင်းရငွေများနှင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းနှင့် မြေယာ အဆောက်အဦးများ လေလံရောင်းချမှု၏ အကျိုးဆက် တခုဟု ပြောသည်။

“နံပါတ်တစ်ကတော့ ကျောက်မျက်က ပြီးခဲ့တဲ့အပတ်က သန်း ၂ဝဝဝ ကျော်ကျော်လောက် ရောင်းရတယ်။ အဲဒီထဲက ၄ဝ ရာခိုင်နှုန်းလောက် ဝင်လာတယ် ကြားတာပဲ။ ဝင်တော့ ဗမာငွေ ပြန်ဖော်တာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

“နိုင်ငံတော်ကလည်း မြေတွေ၊ အဆောက်အဦးတွေ လေလံပစ်ထားတာ ရှိတယ်။ ဗမာငွေသွင်းဖို့ ရက်တွေက နီးလာပြီ။ ရတဲ့ ဒေါ်လာကို ရောင်းပြီးတော့ ဖော်ရတာပေါ့။ ရောင်းလို့ရတဲ့ ပမာဏနဲ့ပဲ ရောင်းသွားတော့ ဈေးကွက်ထဲမှာ ဒေါ်လာ များသွားတယ်။ ဗမာ ငွေ နည်းနည်း ကျပ်သွားတယ်” ဟု သူကပြောသည်။

ဦးခင်ရွှေက လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ ခရီးသွား ရာသီကာလတွင် ခရီးသွား လုပ်ငန်များကို ထိခိုက် စေလိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။

“လာမယ့် ရာသီအတွက်ကို ခရီးသွား ကုမ္ပဏီတွေကနေ တခြားကုမ္ပဏီတွေကို ပုဂံသွားမယ်ဆိုရင် လူတယောက်ကို ဥပမာ ဒေါ်လာ ၅ဝဝ ကို အခြေခံက ၁ဝဝဝ နဲ့ တွက်ထားတယ်။ ဒိုင်းဆို ၈ဝဝ ကျသွားရင် တဒေါ်လာကို ၂ဝဝ ရှုံးတာပေါ့ဗျာ။ ဟိုတယ်တွေသာ ဒေါ်လာနဲ့ ပေးရတယ်၊ ကျွေးတာ မွေးတာ ကျပ်တွေနဲ့ ပေးတဲ့ အခါကျတော့ ဒီပြဿနာ ရှိတာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

အစိုးရက ငွေလဲနှုန်း စံနှုန်းတခု သတ်မှတ်ပေးမည့် အစီအစဉ် မရှိသေးဟု သူသိထားသော်လည်း “၇ဝဝ နှင့် ၈ဝဝ အကြား ဈေးနဲ့ ထိန်းလိုက်ရင် ဒီအချိန် အကောင်းဆုံးဖြစ်မယ်” ဟု ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။

နိုင်ငံတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ်နှုန်းအဖြစ် တရားဝင် သတ်မှတ်ထားသော်လည်း အမှန်တကယ် တွင်ကျယ် နေသည်က မှောင်ခိုဈေးကွက် ဖြစ်သည်။


Ref: မဇ္ဈိမ

HIV ရှိလို့ ကလေးတဦး ကျောင်းထုတ်ခံရ (BBC)

Sunday, 12 June 2011

တောင်ဒဂုံ မြို့နယ် ၅၇ ရပ်ကွက်မှာ ရှိတဲ့ အမက (၇) မူလတန်းကျောင်း စတတ်နေတဲ့ သူငယ်တန်း ကျောင်းသားကလေး တဦးဟာ HIV ရောဂါရှိလို့ ကျောင်းကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ကလေးဟာ ကျောင်းတက်ချင်တဲ့အတွက် မနက် အစောကြီး စာထကျက်နေတဲ့အတွက် သူ့မိသားစုမှာ စိတ်မကောင်း ဖြစ်နေရပါတယ်။ ကလေးဟာ ၃ ရက်တိတိ ကျောင်းတက်ပြီးမှ ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသား မိဘတွေက ဖိအားပေး ပြောဆိုတာကြောင့် ကလေးကို ကျောင်းကထုတ်လိုက်တာ ဖြစ်ပါတယ်။

ကျောင်းထုတ်ခံလိုက်ရတဲ့ ကလေးဟာ ခန္ဓာကိုယ်မှာ ဘာရောဂါမှ မရှိဘဲ ကျန်းကျန်းမာမာ ရှိနေတဲ့အတွက် တခြား ကျောင်းသားတွေနဲ့ ရောနှောနေထိုင်ရုံနဲ့ ရောဂါမကူးစက်နိုင်ဘူးဆိုတာ သေချာတယ်လို့ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ တာဝန်ခံတဦးက ဆိုပါတယ်။

လာမယ့် တနင်းလာနေ့မှာ အမက (၇) ကျောင်းအုပ်ဆရာမကြီးကို ပညာသင်ကြားဖို့ ကျောင်းမှာ လက်ခံဖို့အတွက် သွားရောက် ပြောဆိုမယ်လို့လဲ သူက ပြောပါတယ်။

HIV ရောဂါရှိတဲ့ ကျောင်းတွေကို အာဏာပိုင် အဖွဲ့အစည်းက ဖိအားပေးတာတွေ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက် ပေးနေသူတွေကိုလဲ အာဏာပိုင်တွေက နှောင့်ယှက်နေတာတွေ ရှိနေတာကြောင့် ပညာသင်ကြားချင်စိတ် အားပြင်းနေတဲ့ ဝေဒနာသည် ကလေးတွေအတွက် အခက်တွေ့နေရပါတယ်။
BBC မှ

ကချင် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် တရုတ်နယ်စပ်ဘက် တိမ်းရှောင်

ကချင်ဒေသ တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် တရုတ်နယ်စပ်လက်ကို တိမ်းရှောင်ကြရသည်။ တရုတ်ဘက်မှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို လက်ခံထားပြီး စစ်ပြေးဒုက္ခသည်များထံမှ မိုဘိုင်းဖုန်းများကို သိမ်းဆည်းထားကာ ပြင်ပသို့ အဆက်အသွယ်လုပ်ခွင့် မပြုကြောင်း သတင်းရရှိသည်။ တရုတ်နယ်စပ်ရှိ လဂျားယန်မြို့သို့ ဒုက္ခသည်များ ရောက်ရှိလာပြီး NGO များနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့များက ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေကြောင်း၊ အစာရေစာ မလုံမလောက်ဖြစ်နေပြီး ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တံတား ၂ စင်း KIA ဖျက်ဆီး

  
ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှ ဗုံးပေါက်ဖျက်ဆီးခဲ့သည်ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အရာရှိများပြောသည်။

ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုန်းစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။
ns_bridge_explosion
ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။

ဆန်ဂန် တိုက်ပွဲတွင် မြန်မာတပ်ရင်း ၂ ရင်းပြုတ်

ဇွန် ၁၅၊ ၂၀၁၁- ဆန်ဂန် တိုက်ပွဲတွင် မိုးမိတ် အခြေစိုက် ခမရ ၃၄၈ နှင့် အင်မောက် (မိုးမောက်)အခြေစိုက် ခမရ ၄၃၇ တပ်ရင်း ၂ ခုပြုတ်သွားကြောင်း KIA အရာရှိများပြောသည်။
sang_gang_war

မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလှမ်းချက် ထုတ်ပြန်


 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ ပူးပေါင်းရန် ဆန္ဒရှိသူအား ကြိုဆိုလျက်ရှိကြောင်း ကြေညာချက်အား ယနေ့ ထုတ်ပြန်လိုက်သည်။

“ရှေ့တန်းစစ်မျက်နှာပြင်၌ မလွှဲမရှောင်ရင်ဆိုင်တိုက်ခိုက်စဉ် KIA တပ်မတော်ထံသို့ ပူးပေါင်းဝင်ရောက်လာသော မြန်မာ့တပ်မတော်သားများအားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြိုဆိုလက်ခံသွားမည် ဖြစ်ပါသည်။” ဟု ရေးသားဖော်ပြထားသည်။
kio-statement
ယင်းကြေညာချက်နှင့်ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ နိုင်ငံရေးပြောရေးဆိုခွင့်ရှိသူ ဒူကဘာလနန်မှ “ကျတော်တို့ တပ်အသီးသီးကို ပေးပို့ထားလိုက်ပြီ။ ဒါဟာ ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။” ဟု ဆိုသည်။

ရှေ့တန်းရောက် KIA အရာရှိတစ်ဦးကမူ “မနက်က ၀rder ကျတယ်၊ ပူးပေါင်းလာတဲ့လူတွေကို ကောင်းကောင်းမွန်မွန်လက်ခံဖို့၊ ဒဏ်ရာရလာတဲ့သူတွေကို နောက်တန်းကို အမြန်ဆုံးပို့ဖို့” ဟု ပြောသည်။

ကြေညာချက်တွင် အချက် (၆)ချက်ကို ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား စစ်ရေးဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့် စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရ တော်လှန်နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

တစ်ဆက်တည်းမှာပင် လွတ်လပ်၍ တရားမျှတသော ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့ လျင်မြန်စွာရောက်ရှိရေး အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။

နောင်တာလော နန့်မြစ်တံတားတွင် ဗုံးပေါက်

ဇွန် ၁၄၊ ၂၀၁၁ မြန်မာစံတော်ချိန် ည ၈ နာရီ ကျော်- မြစ်ကြီးနား-၀ိုင်းမော် ကားလမ်းပေါ်ရှိ နောင်တာလော ကျေးရွာနှင့် ၀ိုင်းမော်အစပ် ဧရာဝတီ မြစ်တွင်းထဲစီးဝင်သည့် နန့်မြစ်ချောင်းကူး ပေ၁၅၀ရှိ တန် ၆၀ ခံ သံဘောင်တံတားပေါ် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသည်။
nat-myint-bridge
ဒေသခံများနှင့် ခိုင်လုံသောသတင်းများအရ တံတားပျက်စီးသွားကြောင်း သိရသည်။ မည်သူ့လက်ချက်ဖြစ်ကြောင်း ယခုချိန် ထိ မသိရကြောင်းသိရသည်။
Last Updated ( Tuesday, 14 June 2011 21:48 )

မြန်မာတပ်တွေ အသုံးမပြုနိုင်ဖို့ KIA တံတားတွေ ဖျက်ဆီး

2011-06-15
မြန်မာ အစိုးရတပ်တွေ အတွက် အရေးပါတယ်လို့ ယူဆရတဲ့ ဗန်းမော်နဲ့ မိုးမောက်မြို့ကြားက နမ်ဖတ်ခချောင်း တံတားကို KIA ကချင်ပြည် လွတ်မြောက်ရေး တပ်တွေက ဗုံးခွဲ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
kachinnew
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၂၀၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်နိုင်ငံ လိုင်ဇာမြို့ကို ၀င်ရောက် ခိုလုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
မနေ့က ထုတ်ပြန်တဲ့ လွတ်လပ်တဲ့ ကချင် သတင်းဌာန အဆိုအရ နောက်ထပ် တံတားတစင်းကို အလားတူ ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။ မြန်မာ စစ်တပ်ဖက်က အဲဒီ တံတားတွေကို အသုံးပြုပြီး KIA ထိန်းချုပ် ဒေသတွင်းကို တပ်အင်အားတွေ တိုးချလာနေတာကြောင့် သူတို့ဖက်က အဲဒီတံတား ကို ဇွန်လ ၁၂ ရက်နေ့က ဖျက်ဆီးလိုက်ရတာ ဖြစ်ကြောင်း KIO ကချင်လွတ်မြောက်ရေး အဖွဲ့ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က RFA ကို ပြောပါတယ်။ B0614NWA1 အခု အဖြိုချခံလိုက်ရတဲ့ နမ်ဖတ်ခချောင်း တံတားဟာ ရေအား လျှပ်စစ်အတွက် လည်ပတ်နေတဲ့ တာပိန် ရေကာတာ အမှတ် (၁) နဲ့ (၂) နှစ်ခုကြား ဆက်သွယ်နေတဲ့ တံတားလည်း ဖြစ်ပါတယ်။ ပြဿနာတွေကို KIO/KIA ဖက်က ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းချင်ပေမယ့် မြန်မာ အစိုးရဖက်က စစ်ရေးနည်း သုံးပြီး ဖြေရှင်းလာတာကြောင့် နောက်ဆုံးမှာ KIA ဖက်ကလည်း စစ်ရေးနည်းတွေ ပြန်သုံးရတာပဲ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က ပြောပါတယ်။

အစိုးရတပ်က ဗျူဟာမှူး ဒဏ်ရာရကြောင်း KIO ပြောဆို

2011-06-14
အစိုးရတပ်တွေနဲ့ KIO ကချင်တပ်ဖွဲ့ တိုက်ပွဲ အတွင်းမှာ မနေ့က အစိုးရတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး တဦး ထိခိုက် ဒါဏ်ရာ ရရှိတယ်လို့ KIO ဖက်က ပြောဆိုပါတယ်။ ထိခိုက် ဒါဏ်ရာရသူ မိုးမိတ် ဗျူဟာက ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်တိုးဟာ နယ်ကျွံပြီး KIO တပ်တွေ အတွင်းမှာ ပိတ်မိခဲ့တာ ဖြစ်တယ်လို့ KIO အရာရှိတွေက ပြောပါတယ်။
www.kachinnews.com
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဆန်ဂန် KIA တပ်ရင်း ၁၅ နယ်မြေအတွင်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က KIO ကချင် လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားသည့်နေရာကို ပြသထားသည့် မြေပုံ။ (www.kachinnews.com)
မနေ့က ဗိုလ်မှုးကြီး အောင်တိုး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး KIO အဖွဲ့ ပြောခွင့်ရ ဦးလနန်းက "ထိခိုက်ဒါဏ်ရာ ရတယ်ဆိုတာတော့ ကြားတယ်။ ကျသွားပြီဆိုတာကတော့ တဆင့်စကားနဲ့ တဆင့် ပြောတာ ဖြစ်ပါလိမ့်မယ်။ သိပ်တော့ မသေချာဘူး ထင်တယ် ထိခိုက်တယ် ဆိုတာတော့ သေချာတယ်" တဆက်တည်း KIO ဖက်က ကျဆုံးသူ ၃ဦး ရှိပြီး ၃ ဦး ဒါဏ်ရာရတယ်လို့ ပြောပါတယ်။ အစိုးရဘက်က ကျဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူများကို အတည်မပြုနိုင်ပေမဲ့ များပြားတယ်လို့ ပြောပါတယ်။ "မိုးမောက်ဖက်က ပြောလာတာရယ် တယ်လီဖုံးက တဆင့် ပြောလာတာတွေကတော့ ဆေးရုံမှာ အရေးပေါ်မှာ ဒဏ်ရာ ရတဲ့ လူနာတွေက အနဲဆုံး ၈၀ ကနေ ၁၀၀ နီးပါး ရှိနေပြီ လို့ ခန့်မှန်း ပြောနေကြတယ်။ ဆုံးသွားတဲ့ ရဲဘော်တွေ သွားမြုပ်နှံတယ်ဆိုတာလည်း ကြားနေရတယ်။ ထိခိုက် ဒဏ်ရာရတာ အတော်များတယ်ဆိုတာတော့ သေချာတယ်။" အစိုးရတပ်ဖက်က ထိခိုက် ဒါဏ်ရာ ရတာတွေနဲ့ ပတ်သက်ပြီး အစိုးရက တရားဝင် ထုတ်ပြန်တာ မရှိသလို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ အစိုးရတပ်ဖက်က ၃၀ လောက် ကျဆုံးပြီး ဒါဏ်ရာရရှိသူ ၁၀၀ လောက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်


ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်မှာ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နဲ့ မြန်မာ့အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ TACDB တို့ ပူးပေါင်းပြီး လူကုန်ကူးတဲ့ အဖွဲ့ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲသလို ဖမ်းဆီးရာမှာ ပိတ်လှောင်ခံထားရသူ မြန်မာ ၅၇ ဦးကို ယမန်နေ့နံနက်က ကယ်တင်လိုက်ကြောင်း သိရပါတယ်။ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦး၊ မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာမှာ သုံးတဲ့ ငွေစာရင်း စာရွက်စာတမ်းများကိုပါ ဖမ်းဆီးရမိပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရန်။ (ဓာတ်ပုံ - TACBD)








“ထိုးစစ်တွေကို ရပ်လိုက်ပါ”

မြန်မာ့တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အပစ်အခတ် ရပ်စဲပြီး ၁၇ နှစ် အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ် လာသည်။

kia_soldier_0906_sm
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တွေ့ရသော KIA စစ်သားတဦး (ဓာတ်ပုံ - KNG)
လအတန်ကြာ စစ်ရေး တင်းမာမှုများနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် အစပြုခဲ့ပြီး၊ KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးတချို့ကို ပိတ်လိုက်ရသည်။


ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ဝေမိုးက KIO ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကို တနင်္လာနေ့က ဆက်သွယ် မေးမြန်းထားသည်။

မေး ။     ။ တိုက်ပွဲတွေ ဘယ်လို စပြီး ဖြစ်တာလဲ။

ဖြေ ။     ။ တိုက်ပွဲက ၉ ရက်နေ့ မနက် ၃ နာရီလောက် ကတည်းက အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခွင်းပြီးတော့ ကျနော်တို့ တပ်ဘက်ကို ချဉ်းကပ်လာတယ်။ မနက် ၇ နာရီလောက်မှာ ကျနော်တို့ဘက်က ပြန်ပြီးတော့ ပစ်ခတ်ကြတာပေါ့။ အဲဒီနေ့ကပွဲကတော့ ကျနော်တို့ဘက်က ၁၁ နာရီ ၄၅ မှာ အပစ်ရပ်လိုက်တယ်။ ဒါပေမယ့် သူတို့ဘက်ကတော့ ၁၂ ခွဲလောက် အထိ ဆက်ပြီးတော့ ပစ်နေကြတယ်။ ၉ ရက်နေ့ တိုက်ပွဲကတော့ အဲဒီမှာ ပြီးသွားပြီ။ အဲ့ဒါပြီးတော့ သူတို့ဘက်က လိုက်လျောပေးတဲ့အပိုင်းတွေ မရှိဘူးပေါ့။ သုံ့ပန်းတွေကို ပြန်အပ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ပြောတဲ့ အချက်တွေကို လိုက်လျောခြင်း မရှိဘဲနဲ့ ပြန်ပြီးတော့ ဖိတင်းတဲ့ အခြေအနေ ဖြစ်လာတယ်။ အဲ့ဒီလို ဖိတင်းရင်းနဲ့ ၁၀ ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်လောက်မှာ သူတို့ ဘက်က စပြီးတော့ ထိုးစစ် ပြန်ဆင်တယ်။ အခုချိန်ထိပါပဲ။ တပ်ရင်း ၁၅ ကို သူတို့တွေ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်တာ။ တပ်ရင်း ၁၅ ဆိုတာက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က တာပိန်မြစ်ရဲ့

ကေအိုင်အေ သုံ့ပန်းဓာတ်ပုံ

(ဧရာဝတီင်္မှ ကူးယူဖော်ပြသည်)


ဒီ ဓာတ်ပုံကို AP နဲ့ Reuters သတင်းဌာနတွေကလည်း ဖြန့်နေကြပါတယ်။
(ကချင်ဘာသာနဲ့ ဖော်ပြတဲ့ http://jinghpawkasa.blogspot.com/ မှာလည်း တွေ့ရပါတယ်။
သေဆုံးသူရဲ့ ဒဏ်ရာဒဏ်ချက် အနီးကပ်ပုံတွေလည်း တင်ထားပါတယ်။ နှလုံးရောဂါ ရှိသူများ မကြည့်သင့်ပါ။)

ဒီဓာတ်ပုံအကြောင်းကို
KIO ခေါင်းဆောင် ဦးလနန် နဲ့ ဧရာဝတီ အင်တာဗျူးမှာ အခုလို တွေ့ရပါတယ်။

ဆန်ဂမ် မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဘေးမှာရှိတဲ့ ဆက်ဆံရေးရုံးတခုရှိတယ်။ ၉ ရက်နေ့တုန်းက အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်က ရန်သူရဲ့ လက်ထဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ရန်သူရဲ့ လက်ထဲမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်တယ် -----

Tuesday, June 14, 2011

နေပြည်တော် ဈေးအိမ်သာ ဗုံးကွဲမှု မသင်္ကာသူ ဖမ်းဆီး

နေပြည်တော် မြို့မဈေး အိမ်သာအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပဲခူးတိုင်း ရေနီမြို့ အမှတ် (၅) စစ်အခြေခံ လေ့ကျင့်ရေး တပ်နေ မသင်္ကာသူ ကိုအောင်ကိုလတ် ဆိုသူအား ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်း၌ နေပြည်တော် အထူး သတင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

Nay-Pyi-Taw-market
နေပြည်တော် မြို့မဈေး (ဓာတ်ပုံ - panoramio.com)

အဖမ်းခံရသူ ကိုအောင်ကိုလတ်မှာ အသက် ၃၀ ခန့်ရှိ၍ ရေနီမြို့နှင့် အနီးတ၀ိုက်တွင် နှစ်လုံးထီ ရောင်းချသူတဦးဖြစ်ပြီး ဖခင်မှာ လေ့ကျင့်ရေးတပ်မှ ရဲဘော်တဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် စနေနေ့ အခင်းဖြစ်ပွားစဉ်က မြို့မ ဈေးအိမ်သာအတွင်း ၎င်း၏ မှတ်ပုံ တင် ကျန်ရစ်ခဲ့သည်ကို တွေ့ရသည့်အပြင် မသင်္ကာဖွယ်ရာ လူနှစ်ဦးကိုလည်း ဖမ်းဆီးမိကြောင်း၊ အဆိုပါ ကွင်းဆက်အရ ကိုအောင်ကိုလတ် ကိုလည်း ဆက်လက် ဖမ်းဆီးခြင်းဖြစ်ကြောင်း နေပြည်တော် သတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောပြသည်။

“ဗုံးပေါက်ပြီးတဲ့နောက်ပိုင်း သူကပုန်းနေတာ၊ သူ့ဓာတ်ပုံတွေ ဖြန့်ပြီး ရဲစခန်းတိုင်းကို ပို့ထားတယ်၊ သူက အားလုံးငြိမ်ပြီဆိုပြီး အိမ်ပြန် ပိုက်ဆံယူတော့မှ ကင်းပုန်းဝပ်ပြီး ဖမ်းလိုက်တာ”ဟု ၎င်းက ဆိုသည်။

ရေနီမြို့ခံတဦးကလည်း ကိုအောင်ကိုလတ်သည် ဗုံးဖောက်ခွဲမှု မသင်္ကာ၍ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ည ကိုးနာရီ နောက်ပိုင်း တပ်တွင်းရှိ ဖခင်ထံသို့အလာ စောင့်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ နေပြည်တော် အထူးသတင်းတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်အလွန် ဆင်သေဘူတာ၌ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် ရထားပေါ်တွင် ဗုံး  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရခဲ့သည်။

ယင်းဖောက်ခွဲမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် သံတောင်မြို့နယ်မှ လူတဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ လက်ချက်ဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာများက စွပ်စွဲရေးသားခဲ့သည်။

ယခု အကြိမ် ဗုံးပေါက်ကွဲမှုသည် အစိုးရသစ်တက်လာပြီးနောက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင်မူ တတိယအကြိမ်မြောက် ဗုံးကွဲခြင်းဖြစ်သည်။

Monday, June 13, 2011

တိုက်ပွဲဖြစ်နေတဲ့ KIA စခန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ တိုင်းမှူးထံ KIA စာပို့


2011-06-12(အာရ်အက်ဖ်အေ မှ ကူးယူဖော်ပြသည်)
ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ် စက်ရုံ အနီးမှာရှိတဲ့ KIA ကချင် လွတ်မြောက်ရေးတပ်စခန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ဆီကို KIA က စာတစောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။
တာပိန် ရေကာတာအနီး ဆန်ဂန်ဒေသမှာ ရှိတဲ့ KIA စခန်းတခုကို မြန်မာအစိုးရတပ်တွေက မနေ့က မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှာ လက်နက်ကြီးတွေနဲ့ စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်နေစဉ် KIO ဗဟို ကော်မတီ အစည်းအဝေး ထိုင်ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းဖို့ ဆုံးဖြတ်ချက် ချလိုက်တာလို့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

KIA က ပေးပို့တဲ့စာမှာ ဆန်ဂန်မှာ အခုလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်းမှူးရဲ့ သံတမန်နည်းအရ ဖြေရှင်းဖို့ ညှိနှိုင်းချက်အရ KIA က ဖမ်းဆီးထားတဲ့ ခမရ (၄၃၇) က ဗိုလ်ကြီးမြတ်ကိုကိုနဲ့ အရာရှိတဦးကို ပြန်လည် လွှဲပြောင်းအပ်နှံခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

တိုင်းမှူးက ဒီလို ပြန်လည်အပ်နှံပြီးရင် အပစ်အခတ်ရပ်ပြီး တပ်တွေ ပြန်ဆုတ်ခွာမယ်လို့ ကတိပေးတာကို လူကြီးစကား ဖြစ်တဲ့အလျှောက် ယုံကြည် လက်ခံခဲ့တယ်လို့လည်း RFA က လက်ခံရရှိတဲ့ စာမိတ္တူမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဇွန်လ ၁ဝ ရက်နေ့မှာ ဆက်လက် ပစ်ခတ်တဲ့အကြောင်း၊ ဒါ့အပြင် တပ်အင်အား တိုးချဲ့ချထားပြီး ထုံးဖိုစခန်းကနေ KIA တပ်တွေ ဆုတ်ခွာဖို့နဲ့ မဆုတ်ခွာရင် အင်အားသုံး ဖယ်ရှားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ အကြောင်းကြားချက်တွေ ရှိနေပါတယ်လို့ စာမှာ ပါရှိပါတယ်။

ဒါကြောင့် တိုင်းမှူးအနေနဲ့ အမှန်တကယ် အင်အားသုံး ဖြေရှင်းဖို့ ယတိပြတ် ဆုံးဖြတ်ချက် ရှိမရှိ သိလိုတဲ့အကြောင်း၊ KIA အနေနဲ့ လုံးဝ ဆုတ်ခွာပေးဖို့ မရှိကြောင်းနဲ့ တကယ်လို့ အင်အားသုံးမယ်ဆိုရင် တိုင်းမှူးရဲ့တာဝန်သာ ဖြစ်မယ့်အကြောင်းလည်း စာမှာ ဖော်ပြထားပါတယ်။

KIA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ နယ်စပ်ကို ရောက်နေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးကို ကိုဥာဏ်ဝင်းအောင်က တိုက်ရိုက် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်



ဇွန် ၁၂၊ ၂၀၁၁ ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ဆန်ဂန်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား နှစ်ရက် ဆက်တိုက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲစတင်နေသည်ဟု KIA အရာရှိများပြောသည်။
sang-gang-wa-bur
နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတိအကျကို မသိရပါ။

မြဝတီကားလမ်း လုံခြုံရေး နေရာ (၄) ခု တိုက်ခိုက်ခံရ

http://www.demotix.com/photo/538275/jungle-war-between-dkba-and-spdc-burma
မြဝတီမြို့ကိုလာမယ့် တိုင်းမှူးခရီးစဉ်အတွက် မြဝတီ အဝေးပြေးကားလမ်းပေါ်က ကားလမ်းလုံခြုံရေးယူထားတဲ့ ကြံ့ဖွံ့ အစိုးရ စစ်တပ်တွေကို တနင်ငူး၊ တံတားကြီးရှေ့၊ တံတားညီနောင်၊ သစ်ချောက်ပင် စတဲ့ နေရာလေးနေရာမှာ ဒီကေ ဘီအေ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ည ၉ နာရီ မိနစ် ၃၀ လောက်မှာ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ ယမန်နေ့ညက အခြေအနေကို ဆက်သွယ်မေးမြန်ခဲ့ရာ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကော်ဒို စိုး က ယခုလို ပြောကြားလာပါတယ်။
“ကျနော်တို့ဘက်က ညတုန်းက လမ်းလုံခြုံရေးတွေကို နေရာ လေးခုမှာ တပြိုင်တည်းဝင်တိုက်တယ်။ ဒီကေဘီအေက ဗိုလ်မှူးကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ (၇) တပ်ရင်း ၁၀၁ တပ်ဖွဲ့တွေ ပူးပေါင်းပီး စစ် ဆင်ခဲ့တာဖြစ်တယ်။ ည ၉ နာရီခွဲလောက်က စတိုက်တာ ည ၁၂ လောက်မှ ပြီးတယ်။ ကျနော်တို့ ဘက်က ထိခိုက်မရှိ ဘူး။ သူတို့ ဘက်က ထိလား မထိလား မသိရသေးဘူး။ အရှေ့တောင်တိုင်း တိုင်းမှူး မြဝတီလာဖို့ရှိတော့ မြဝတီကုန် သည် ကားလမ်းမှာ ကြံ့ဖွံ့အစိုးရ စစ်တပ်တွေ လုံခြုံရေး အပြည့်ချထားတယ်လေ။”
အရှေတောင်တိုင်း တိုင်းမှူး မြဝတီမြို့ကိုလာမယ့် ခရီးစဉ်ရှိနေတဲ့အတွက် ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်ရင်း ၁၀ ရင်းနဲ့ လမ်းလုံခြုံရေးယူထားတယ်လို့ မြဝတီဒေသခံ ကုန်သည်တွေ ပြောပြချက်အရ သိရှိရပါတယ်။

Sunday, June 12, 2011

ဆဋ္ဌသင်္ဂါယနာတင် မြန်မာဘာသာပြန် ပိဋကတ်သုံးပုံ

ပိဋကတ်သုံးပုံ ဆိုသည်မှာ  ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓ၀စန) များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ တနည်းအားဖြင့်  ၀ိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်း
အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်း
သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ် ၌ ထည့်သွင်းသည်။ (၃၇)ကျမ်း


စုစုပေါင်း (၄၉)ကျမ်း ဖြစ်သည်။ ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာ အရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် (၂၁၀၀၀) ၀ိနည်းပိဋကတ်တွင် (၂၁၀၀၀) အဘိဓမ္မာပိဋကတ်တွင် (၄၂၀၀၀) စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ရှိသည်
ထို(ဗုဒ္ဓ၀စန) တရားတော်များတွင် ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ၀ိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြားဆုံးမချက်များကို `၀ိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓ၀စန များကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ၀ိနယမှ ကြွင်းသော ဗုဒ္ဓ၀စနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်လျက် ရှိသည်။
ဝိနည်းပိဋက (မြန်မာပြန်)
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် န၀ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ၀ိမာန၀တ္ထုပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတ၀တ္ထုပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓ၀ံသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဥှာပါဠိတော် မြန်မာပြန်

အဘိဓမ္မာပိဋက (မြန်မာပြန်)

ရပ်ပြစ်ရှစ်ပါး

ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ
….



(၁) ငရဲ။


(၂) တိရစ္ဆာန်။


(၃) ပြိတ္တာ (အသူရကာယ် - အပါအ၀င်)။


(၄) အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံ။


(၅) ဘုရားနဲ့ ရဟန္တာများ မရောက်သော ပစ္စန္တရာဇ်အရပ်။


(၆) မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း။


(၇) တရားကို
နားလည်နိုင်အောင် ဥာဏ်မရှိသူဖြစ်ခြင်း။



(၈) ဥာဏ်ရှိသော်လည်း
ဘုရားမပွင့်သည့်အခါ လူဖြစ်ရခြင်းတို့ ဖြစ်သည်တဲ့။


မင်းလွမ်းနောင်(ပန်းတနော်)

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ