.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, June 25, 2011

တိုက်ပွဲများ​ကြောင့်​ နယ်စပ်ကုန်သွယ်​ရေး ကျဆင်း


Published on June 24, 2011 by သူရိန်စိုး   ·   (ဒီမီုကရက်တစ်မြန်မာ့အသံမှ)
ကချင်ပြည်နယ်အတွင်း ​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်​ရေး​တွေ ကျဆင်း​နေသလို ကုန်သွယ်​ရေး​ကို မှီခို​နေတဲ့​ ​ထောင်နဲ့​ချီတဲ့​ ပြည်သူ​တွေရဲ့​ ဝင်​ငွေ​တွေလည်း​ ထိခိုက်​နေပါတယ်။
တိုက်ပွဲဖြစ်တဲ့ ​ ခွင်​တွေဖြစ်တဲ့​ လွယ်ဂျယ်၊​ ဗန်း​မော်လမ်း​၊​ နန့်​ခမ်း​- ဗန်း​မော်လမ်း​၊​ လိုင်ဇာ၊​ မြစ်ကြီး​နား​၊​ ဗန်း​မော်လမ်း​တွေက တဆင့်​ ​မှောင်ခိုတင်သွင်း​နေတဲ့​ အိမ်သုံး​ပစ္စည်း​၊​ အဝတ်အထည်၊​ ဆိုင်ကယ်၊​ ဟင်း​ချိုမှုန့်​၊​ လျှပ်စစ်ပစ္စည်း​၊​ ဘီယာ၊​ ကြက်သွန်ဖြူ အစရှိတဲ့​ တရုတ်ကုန်ပစ္စည်း​တွေ တင်သွင်း​နေတာကို ရပ်ဆိုင်း​ထား​ရတယ်လို့​ ​ဒေသခံ ကုန်သည်တဦး​က ​ပြောပါတယ်။
“အဲဒီဘက်​တွေက တိုက်ပွဲဖြစ်တဲ့​ခွင် ဖြစ်​နေ​တော့​ တနိုင်တပိုင်လုပ်စား​တဲ့​ ဆိုင်ကယ်သမား​တွေ၊​ ​မှောင်ခိုကား​လေး​တွေ၊​ ဝပ်​သောက် ကား​လေး​တွေနဲ့​ တနိုင်တပိုင် လုပ်စား​တဲ့​ ကုန်သည်​တွေ လုံး​ဝသွား​လို့​မရဘူး​။”
တရုတ်နိုင်ငံက​နေ ဗန်း​မော်အထိ ​နေ့​စဉ်ကုန်သွယ်မှု တန်ဖိုး​က ကျပ်သိန်း​ထောင်ချီ ရှိတယ်လို့​ ​ဒေသခံကုန်သည်က ​ပြောပါတယ်။
လွယ်ဂျယ်၊​ ဗန်း​မော် နယ်စပ်ကုန်သွယ်​ရေး​ လမ်း​ကြောင်း​လည်း​ အခုလ ၁၅ ရက်ကစပြီး​ လမ်း​တံတား​၊​ ဗုံး​ခွဲတိုက်ခိုက်ခံရလို့​ ပျက်စီး​နေပြီး​ ကုန်တင်ကား​ အသွား​အလာ ရပ်ဆိုင်း​ထား​ရပါတယ်။
ဒါ​ကြောင့်​ ဗန်း​မော်ကို တရုတ်ကုန်ပစ္စည်း​တွေ မ​ရောက်ရှိတာနဲ့​ အမျှ ဗန်း​မော်ကတဆင့်​ သ​င်္ဘောနဲ့​ ကုန်ဖြန့်​ဖြူး​တာ​တွေပါ ရပ်တန့်​ပြီး​ ဗန်း​မော်သ​င်္ဘောဆိပ်ကို မှီခို​နေကြသူ​တွေပါ ဝင်​ငွေထိခိုက်ကုန်တယ်လို့​ ဆိုပါတယ်။
“ဗန်း​ မော်လူဦး​ရေရဲ့​ တဝက်နီး​ပါး​လောက်က အဲဒီက နယ်စပ်ကုန်သွယ်​ရေး​မှာ ရပ်တည်ပြီး​နေတာပဲ။ အဲဒီမှာ ​ဈေး​သည်​တွေ၊​ ကုန်တင်ကုန်ချ အလုပ်သမား​တွေ၊​ ​နောက်ထပ်ကုန်သည်​တွေရှိမယ်။ သယ်ယူပို့​ဆောင်​ရေး​ပေါ့​၊​ သ​င်္ဘောဆိပ်နဲ့​ကလည်း​ ​ဝေး​တဲ့​အခါကျ​တော့​ ​ထော်လာဂျီတို့​၊​ ဆိုက္ကား​တို့​လိုမျိုး​ ယာဉ်​လေး​တွေပါ ရပ်ဆိုင်း​ကုန်တယ်။”
မူဆယ်၊​ မန္တ​လေး​ လမ်း​ကြောင်း​က​တော့​ တိုက်ပွဲ​တွေနဲ့​ အလှမ်း​ဝေး​လို့​ နယ်စပ်ကုန်သွယ်​ရေး​ကို ထိခိုက်မှု မရှိ​ပေမယ့်​ မြန်မာ​ငွေတန်ဖိုး​ တက်​နေ​သေး​လို့​ တရုတ်ဘက်ပို့​ကုန်​တွေ မရှိသ​လောက် နည်း​ပါး​နေပါတယ်။
ဒီက​နေ့​ တရုတ်-မြန်မာ ​ငွေလဲနှုန်း​က​တော့​ တယွမ်ကို ၁၂၃ ကျပ် ၄၅ ပြား​ ​ဈေး​ ​ပေါက်ပါတယ်။

လူကုန်ကူးခံရသူများအားဆက်သွယ်မေးမြန်ချက် (အသံဖိုင်)


၄၀၅ တပ်ရင်းမှူး ဆိုသူက (၁၄) နှစ်အရွယ် (၉) တန်းကျောင်းသူလေး တဦးကို ဓားနဲ့ ထိုး အကြောင်းစုံကို မိခင်ဖြစ်သူနဲ့ မျက်မြင်တဦးက ရုပ်သံမှာ ပြောပြထားပါတယ်။

အစိုးရ၏ စွပ်စွဲမှုများ အခြေအမြစ်မရှိဟု KNU ပြောဆို

Submitted by admin on Saturday, 25 June 2011--(ကေအိုင်စီမှ)
ဇွန်လ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မွန်ပြည်နယ်၊ ဝေါလေမြို့နယ် ရွှေအေးမြိုင်ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ ၂၃ရက်နေ့က တောင်ယာသွားရင်း နင်းမိ သည့်မိုင်းမှာ KNU မှ ထောင်ထားခြင်းဖြစ်ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြမှုများမှာ အခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောဆိုလိုက်သည်။
ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးလှစိန်သည် ထိုနေ့မနက်က တောင်ယာသို့သွားစဉ် ရွာ၏အရှေ့တောင် ဘက် တစ်မိုင်ခန့်အကွာရှိ လမ်းဆုံတစ်နေရာ၌ KNU ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဖက်ခြေကျင်းဝတ် ပြတ်သွားခဲ့ သည်ဟု ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
အဆိုပါ စွပ်စွဲထားခြင်းအပေါ် KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “မြန်မာအစိုးရကတော့ မီးရထားတွဲမှာ၊ အမှိုက်ပုံးမှာ၊ အိမ်သာထဲမှာ ပေါက်တဲ့ ဗုံးတွေတိုင်း KNU လက်ချက်လို့ စွပ်စွဲပြောနေတာပဲ။ ကျနော်တို့ ကို ဒီလို အခြေအမြစ်မရှိဘဲ စွပ်စွဲတာတော့ ကျနော်တို့ KNU အနေနဲ့ လိုက်ပြီး ဂရုစိုက်စရာ မလိုဘူး။ တကယ်တမ်း ဒီလို ကိစ္စတွေ အဖြစ်အမှန်သိဖို့ ပြည်သူသာ အသိဆုံး ဖြစ်လိမ့်မယ်။”ဟု ကေအိုင်စီကို ပြောသည်။
ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍ အ ပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာ ခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင် ကိုလတ် (ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု ၁၈ရက်နေ့ထုတ် အစိုးရသတင်းစာတွင် စွပ်စွဲဖော်ပြခဲ့သေး သည်။

တပ်ရိက္ခာထမ်းပေးရသဖြင့် ကိုယ်ပိုင်တောင်ယာခင်း ၃၀ကျော် ပျက်စီးခဲ့

Submitted by admin on Friday, 24 June 2011--(ကေအိုင်စီမှ)
တပ်ရိက္ခာထမ်းပေးရသဖြင့် ကိုယ်ပိုင်တောင်ယာခင်း ၃၀ကျော် ပျက်စီးခဲ့ ဇွန်လ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်းရှိ မြန်မာစစ်တပ်၏ တပ်ရိက္ခာ အဓမ္မထမ်းခိုင်းခြင်းကြောင့် ဒေသခံ လူထု၏ တောင်ယာခင်း ၃၀ကျော်မှာ မလုပ်ကိုင်ရဘဲ ပျက်စီးခဲ့ရသည်ဟု KNU ၏ ယခုလ သတင်းထုတ်ပြန်ချက် မှတ်တမ်းအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလက အဆိုပါ ဒေသအတွင်းရှိ လူထုမှာ မြန်မာအစိုးရစစ်တပ်၏ လှုပ်ရှားတပ်ဖွဲ့ တပ်မ(၁၁) လက်အောက်ခံ ခလရ(၂၁၄)တပ်များ၏ ခိုင်းစေမှုကြောင့် ရိက္ခာများ ထမ်းပေးခဲ့ရပြီး ကိုယ်ပိုင် တောင်ယာအလုပ်ကို အချိန်မီ မလုပ်နိုင်တော့သ ဖြင့် ထို့ဖိုး ထာ့ပါဒဲနှင့် ခေါပို့ကျေးရွာများမှ တောင်ယာ ၂၉ခင်းနှင့် ခေးထာ့ရွာမှ တောင်ယာ ၆ခင်းမှာ ယခုလို ပျက်စီးရခြင်းဖြစ် သည်ဟု KNU ဖာပွန်ခရိုင် ဥက္ကဌ ပဒိုစောထဲဒယ်က ကေအိုင်စီကို ပြောသည်။
ပဒိုစောထဲဒယ်က “အဲဒီမှာရှိတဲ့ ကျေးရွာလူထုတွေက စစ်တပ်အတွက် ပျမ်းမျှအားဖြင့် တအိမ်ကို ဆန်အိတ်ကြီး ၅အိတ်နှုန်း ထမ်းပေးရတယ်လေ။ မသွားမနေရစနစ်ပဲ။ သူတို့(မြန်မာစစ်တပ်)တွေက တောင်ယာမီးရှို့ဖို့ အချိန်မတန်သေးခင်မှာ မီးရှို့ပစ် တယ်။ လမ်းဘေးမှာရှိတဲ့ တောင်ယာတွေဆိုရင် ပိုမီးရှို့ခံရတာပေါ့။ အဲလိုရှို့တော့ တခြမ်းပဲ လောင်တယ်လေ။”ဟု ဆိုသည်။
မီးလောင်ပျက်စီးသွားသည့် တောင်ယာခင်းများ၏ ဧကပမာဏကို တွက်ချက်ရန် ခက်ခဲသော်လည်း တောင်ယာတစ်ခင်းလျှင် ပျမ်းမျှအားဖြင့် မျိုးစေ့ ၃တင်းမှ ၄တင်းအထိ ရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“တချို့ဒေသခံတွေဆိုရင် တောင်ယာခင်းကို ရသလောက် ပြန်ရှင်းပြီး အဲလို စပါးစူးထိုးစိုက်လိုက်တာပဲ။ တချို့ဆိုရင် တောင် ယာတစ်ခင်းကို နှစ်ယောက်သုံးယောက် ပေါင်းပြီး ပြန်လုပ်ရတာ ရှိတယ်။ တချို့ကျတော့လည်း လုံးဝကို ပြန်လုပ်လို့ မဖြစ် တော့ဘူး။”ဟု ပြောသည်။
ဖာပွန်ဒေသမှ စပါးခင်းနှင့် ဒေသခံ (Photo - KIC)
ယင်းသို့ တောင်ယာခင်းများ ပျက်စီးသွားရသည့် ဒေသခံပြည်သူများအနေဖြင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာပြဿနာနှင့် ရင် ဆိုင်ကြုံတွေ့ရနိုင်ပြီး မြန်မာစစ်တပ်၏ လူထုအား ခိုင်းစေမှုကြောင့် ၎င်းတို့ဒေသအတွင်း နောက်ဆက်တွဲ ဒုက္ခရောက်ရသည့် အပေါ် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများအား တင်ပြပေးပါရန် KNU ဖာပွန်ခရိုင်ထံ တောင်းဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်းက မြန်မာစစ်တပ် တပ်မ(၁၁) လက်အောက်ခံတပ်ရင်းများနှင့်တကွ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၄၃၄)နှင့် ခြေလျင်တပ်ရင်း ခလရ(၁၉)တို့သည် ဘူးသိုမြို့နယ်အတွင်းရှိ ၎င်းတို့ တပ်စခန်းရှိရာ ခေါပို့၊ ကဟီးကျိုး၊ နတ်တောင်(လယ်တိုး)၊ ကျောက်ညှပ်၊ ၀ါ့လူ၊ မဲ့တရိထာ့စခန်းသို့ တပ်ရိက္ခာထမ်းရန် ဒေသခံ လူထုများကို အဓမ္မခေါ်ယူ ခိုင်းစေခဲ့သည်။

ကချင်ပြည်နယ် ပုံမှန်အ​ခြေအ​နေ ပြန်ဖြစ်​နေပြီဟု ဦး​ရွှေမန်း​ပြောကြား


Published on June 24, 2011 by အံ့ဘုန်းမြတ်   ·   (ဒီမီုကရက်တစ်)မှ
အေ (​ခေါ်) ကချင်လွတ်လပ်ရေး​တပ်မ​တော်နဲ့​ မြန်မာ့​ တပ်မ​တော်အကြား​ တိုက်ပွဲ​တွေကို မြစ်ကြီး​နား​အမတ် ဦးသိန်းဇော် ကြား​ဝင်​ဆောင်ရွက်​ပေး​လို့​ ပုံမှန်အ​ခြေအ​နေကို ပြန်​ရောက်​နေပြီလို့​ ကာလုံလို့​ခေါ်တဲ့​ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီဝင် ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​က ​ပြောကြား​လိုက်ပါတယ်။
ရန်ကုန်မြို့​ က ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရလွှတ်​တော် အ​ဆောက်အဦမှာ လွှတ်​တော်ကိုယ်စား​လှယ်​တွေ၊​ ဂျာနယ်အယ်ဒီတာချုပ်​တွေနဲ့​ ဒီက​နေ့ ​တွေ့​ဆုံပွဲမှာ သူရဦး​ရွှေမန်း​က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။
သူရဲ့​ ပြောကြား​ချက်ဟာ အာဏာပိုင်​တွေဘက်က တိုက်ပွဲ​တွေနဲ့​ပတ်သက်လို့​ အဆင့်​မြင့်​တာဝန်ရှိပုဂ္ဂိုလ်တဦးရဲ့​ ပထမဆုံး​ ​ပြောကြား​ချက် ဖြစ်ပါတယ်။
ဦး​ရွှေမန်း​က ပြည်သူ့​လွှတ်​တော်ရဲ့​ ​ဆောင်ရွက်ချက်​တွေကို ရှင်း​လင်း​စဉ် ထည့်​သွင်း​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။
သူက ဥပမာ​ပေး​ပြောရာမှာ ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​၊​ ဗိုလ်ချုပ်​ဟောင်း​ ဦး​သိန်း​ဇော်ရဲ့​ ​ကေအိုင်​အေနဲ့​ မြန်မာ့​တပ်မ​တော်အကြား​ ပဋိပက္ခ​တွေကို ကြား​ဝင်​စေ့​စပ်​ဆောင်ရွက်ပုံ​တွေကို ထည့်​သွင်း​ပြောကြား​ခဲ့​တာလို့​ ကိုယ်တိုင်တက်​ရောက်ခဲ့​သူ ရန်ကုန်တိုင်း​ လသာမြို့​နယ် ပြည်သူ့​လွှတ်တော်ကိုယ်စား​လှယ် ဦး​ကြည်မြင့်​က ​ပြောပါတယ်။
“ပြည်သူ့​လွှတ် ​တော်ကိုယ်စား​လှယ်​တွေက ​ရေး​ရာ​ကော်မတီဝင်​တွေ အ​နေနဲ့​ ​နေပြည်​တော်မှာသွား​ပြီး​တော့​ capacity building အတွက် သင်ယူ​လေ့​ကျင့်​ခံရခြင်း​ မရှိ​ပေမယ့်​လို့​ ကျန်တဲ့​ပုဂ္ဂိုလ်​တွေက ဒီ​အောက်​ခြေကလူ​တွေနဲ့​ ဆက်ဆံပြီး​တော့​ လုပ်​ပေး​ကိုင်​ပေး​စရာရှိတာ လုပ်​ပေး​ကိုင်​ပေး​ခဲ့​တဲ့​အတွက်ကို ထည့်​ပြောသွား​တယ်။ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေ ​လော​လောဆယ် ဘာလုပ်​နေသလဲဆိုတဲ့​ ​မေး​ခွန်း​အ​ပေါ်မှာ သူ့​အ​နေနဲ့​ ​တွေ့​ရှိတာ​တွေကို ထည့်​ပြောသွား​တာပါ။ အဲဒါက​တော့​ အပြင်မှာဆိုရင် ​ကေအိုင်​အေနဲ့​ တပ်မ​တော်တိုက်ပွဲဖြစ်​တော့​ မိဘပြည်သူ​တွေ ကြား​က​နေ အခက်အခဲ​တွေ ရှိတယ်​ပေါ့​။ အဲဒီကိစ္စမျိုး​တွေကို ပြည်နယ်မှာရှိတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ဇော်က ဝင်​ရောက်ပြီး​တော့​ အ​ရေး​တယူ ​ဆောင်ရွက်​ပေး​တဲ့​အတွက်​ကြောင့်​ လူ​တွေက ထိပါး​မှုနည်း​သွား​ပြီး​တော့​ ယခင်က အ​ခြေအ​နေနီး​ပါး​ ပြန်လည်​ရောက်ရှိသွား​ပါတယ်လို့​ ​ပြောသွား​ပါတယ်။”
အခုလ ၉ ရက်​နေ့​က နှစ်ဘက်တိုက်ပွဲ​တွေပြန်စခဲ့​ပြီး​ ရက်ပိုင်း​အကြာမှာ မြစ်ကြီးနား​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ဇော်က ​ကေအိုင်​အေနဲ့​ အစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​အောင် မြစ်ကြီး​နား​မြို့​မှာ ကချင်ပြည်နယ်အစိုး​ရအဖွဲ့​နဲ့​ ကချင်အမျိုး​သား​ အတိုင်ပင်ခံအဖွဲ့​တွေကို ​တွေ့​ဆုံပြီး​ ကချင်အမျိုး​သား​အတိုင်ပင်ခံ ကိုယ်စားလှယ် အဖွဲ့​တဖွဲ့​ကို ​ကေအိုင်အိဌာန​ချုပ် လိုင်ဇာကို ​စေလွှတ်ကမ်း​လှမ်း​ခဲ့​ပါတယ်။
ကေအိုင်အိုဘက်က စာနဲ့​ပေနဲ့​ အ​ထောက်အထား​ ​တောင်း​တဲ့​အခါ ကိုယ်စား​လှယ်​တွေဟာ မပြသနိုင်တာ​ကြောင့်​ အ​ထောက်အထား​ပေး​ဖို့​ ​ကေအိုင်အိုက ​တောင်း​ဆိုထား​ပါတယ်။
ကေအိုင်အိုဘက်က ​တော့​ ကချင်ပြည်နယ်တွင်း​ ပဋိပက္ခတွေနဲ့​ ပတ်သက်ပြီး​ လုပ်ပိုင်ခွင့်​ရှိတဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​နဲ့​ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီ​တွေကိုယ်တိုင် တာဝန်ယူမှုအပြည့်​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ လိုလား​နေပါတယ်။
ဒီလို ပြည်နယ်တွင်း​ ပဋိပက္ခ​တွေ ပြီး​ဆုံး​သွား​ပြီလို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​ရဲ့​ ​ပြောကြား​ချက်​နဲ့​ပတ်သက်ပြီး​ ​ကေအိုင်အိုရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က အခုချိန်မှာ မှတ်ချက်မပေးဖို့ ငြင်းဆိုပါတယ်။
“ကျ​နော်တို့​ အဲဒီထင်မြင်ချက်​ပြောဖို့​တော့​ အထက်လူကြီး​နဲ့​ အများ​ကြီး​ ​ဆွေး​နွေး​မှု ရှိရဦး​မယ်။ အဲ​ဒီတော့​ ပြောနိုင်မယ် မပြောနိုင်ဘူးဆိုတာ အာမခံချက်​တော့​ မရဘူး​လေ။ အဲဒါက ​ပေါ်လစီပိုင်း​နဲ့​ ဆိုင်သွား​တယ်။ အဲဒါ​တော့​ ဒီလိုမျိုး​ အလွတ်သ​ဘော​ပြောလို့​ မဖြစ်ဘူး​။ အဲ​တော့​ဒါက အထက်လူကြီး​တွေရဲ့​ မှတ်ချက်ချမယ်ဆိုတဲ့​အ​ပေါ်မှာ ​စောင့်​ရဦး​မှာပါ”
လွှတ်​တော်အမတ် ဦးသိန်းဇော်​ဟာ အစိုး​ရနဲ့​ ​တော်လှန်​ရေး​အဖွဲ့​အကြား​ တိုက်ပွဲ​တွေရပ်အောင် ကြိုး​ပမ်း​နေတယ်လို့​ ​ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ပြောဆို​ပေမယ့်​ ဦး​သိန်း​ဇော်လို အခွင့်​အလမ်း​ လုပ်ပိုင်ခွင့်​မျိုး​ကို ကရင်ပြည်နယ်အတွင်း​က အမတ်​တွေက​တော့​ ရခဲ့​ကြတာ မဟုတ်ပါဘူး​။
ကရင်ပြည်နယ်​ ငြိမ်း​ချမ်း​ရေး​အတွက် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေက လွှတ်​တော်မှာ အဆိုတင်သွင်း​တာကို ပယ်ချခံခဲ့​ရဖူး​ပါတယ်။ အဲဒီအဆိုတင်ခဲ့​တဲ့​ ဖလုံ-စ​ဝေါ်ဒီမိုကရက်တစ် ပါတီကပဲ ငြိမ်း​ချမ်း​ရေး​အတွက် သမ္မတဆီကို ပြီး​ခဲ့​တဲ့​ လပိုင်း​က အိပ်ဖွင့်​ပေး​စာ ထပ်မံ ​ပေး​ပို့​ခဲ့​ပါတယ်။
ဒါ့​အပြင် ​ဒေသတွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ​တော်လှန်​ရေး​အဖွဲ့​တွေနဲ့​ အစိုး​ရကြား​ ​စေ့စပ်ညှိနှိုင်း​ဖို့​အတွက် ​ကရင်ငြိမ်း​ချမ်း​ရေး​ကော်မတီတရပ်ကို ဘာသာ​ရေး​ခေါင်း​ဆောင်တွေ၊​ နိုင်ငံ​ရေး​ အင်အား​စု​တွေနဲ့​ ဖွဲ့​စည်း​ပြီး​ ကြား​ဝင်​ဆောင်ရွက်​နေ​ပေမယ့်​လည်း​ အစိုး​ရက လိုလိုလား​လား​မရှိတဲ့​ အမူအရာ ပြသခဲ့​သလို ​ခေါ်ယူသတိ​ပေး​တာ​တောင် လုပ်ခဲ့​ပါတယ်။
ဒီလိုတိုင်း​ ရင်း​သား​ဒေသ​တွေက ပဋိပက္ခ​တွေနဲ့​ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် အပါအဝင် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ နိုင်တကာက ​တွေ့​ဆုံး​ဆွေး​နွေး​အဖြေရှာဖို့​ အစိုး​ရကို တိုက်တွန်း​ပြောဆိုနေပါတယ်။

ထိုင်း​တောင်ပိုင်း​ ယာဉ်တိုက်မှု မြန်မာ ၄ ဦး​သေဆုံး

Published on June 24, 2011 by နော်နိုရင်း  

ထိုင်း ​နိုင်ငံ​တောင်ပိုင်း​ ပရာချွတ်ခီရီခမ် ခရိုင်အတွင်း​ မ​နေ့​ည​နေက မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေ တင်​ဆောင်တဲ့​ ကား​တစီး​နဲ့​ ၁၀ ဘီကား​တစီး​နဲ့​ တိုက်မိရာမှာ ၅ ဦး​ ​သေဆုံး​ပြီး​ ၉ ​ယောက်ဒဏ်ရာရသွား​ပါတယ်။
ပရာချွတ် ခီရီခမ်ခရိုင် ဘန်း​စဖန်း​မြို့​နယ်အတွင်း​မှာ မြန်မာ​တွေစီး​နင်း​လာတဲ့​ ​တောင်း​အေ့​စ် အမျိုး​အစား​ မှန်လုံကား​နဲ့​ ၁၀ ဘီး​ကား​တစီး​ တိုက်မှုဖြစ်ပွား​ခဲ့​တာပါ။ ကား​ပေါ်ပါ မြန်မာ​တွေဟာ ထိုင်း​-မြန်မာနယ်စပ် ရ​နောင်း​မြို့​မှာ အလုပ်သမား​ ယာယီနိုင်ငံကူး​ လက်မှတ်သွား​လုပ်ကြတာဖြစ်ပြီး​ အပြန်မှာ ယာဉ်တိုက်မှု ဖြစ်တာပါ။
ရ​နောင်း​က အပြန်ကား​ပေါ်မှာ ထိုင်း​ယာဉ်​မောင်း​တဦး​နဲ့​ မြန်မာအလုပ်သမား​ ၁၃ ဦး​ လိုက်ပါလာတာပါ။ ယာဉ်တိုက်မှု​ကြောင့်​ ထိုင်း​ယာဉ်​မောင်း​နဲ့​ မြန်မာ​လေး​ဦး​ ​သေဆုံး​ပြီး​ ဒဏ်ရာရသူ ၉ ဦး​ကို ကုသ​နေတယ်လို့​ ဘန်း​စဖန်း​ဆေး​ရုံက ​ဖြေဆိုပါတယ်။
“၅ ​ယောက်​သေပြီး​ ၉ ဦး​ ဒဏ်ရာရပါတယ်။ မ​နေ့​ည​နေ ၄ နာရီခွဲက ကား​တိုက်မှု ဖြစ်ပွား​ခဲ့​တာ ဖြစ်ပါတယ်။ ​ဆေး​ရုံက အ​ရေး​ပေါ်ကား​နဲ့​ ကယ်ဆယ်​ရေး​ကား​တွေက သွား​ခေါ်တာ ဖြစ်ပါတယ်။ အလုပ်ရှင်က​တော့​ သူတို့​ကို လာကြည့်​ပါတယ်။ သူတို့​ ​ဆွေမျိုး​ လာကြိုလား​၊​ မကြိုလား​တော့​ မ​ပြောတတ်ဘူး​။ တချို့​လူ​တွေက အိမ်ပြန်လို့​ရ​တော့​ ပြန်သွား​ကြပါပြီ။”
ဆေး​ ရုံတာဝန်ရှိသူရဲ့​ ​ပြောဆိုချက်အရ ဒဏ်ရသူတချို့​တော့​ အိမ်ပြန်နိုင်​ပေမယ့်​ တချို့​က အတွင်း​လူနာအဖြစ် ကုသမှု ခံယူ​နေရတယ်လို့​ ​ပြောပါတယ်။

Who kill General Aung San?



စာအုပ်လေးကောင်းလို့ မျှဝေတာနော်မသိလို့ မဖတ်ဖြစ်မှာစိုးလို့ ပါကျနော်တို့ တွေ
မသိခဲ့တဲ့အကြောင်းတွေကိုဒီစာအုပ်လေးထဲမှာအသေးစိတ်ရေးထားပါတယ်ကိုယ်
တိုင်သာဖတ်ကြည့်လိုက်ပါဗိုလ်ချုပ်အောင်ဆန်းသေဆုံးရပုံဘယ်သူတွေကဘယ်လို
လုပ်ကြံကြသလဲဆိုတာ...Who Kill  General Aung San ? ကပြောပြပါလိမ့်မယ်
အခုမှပဲအသေအချာသိတော့တယ်အရင်ကတော့ဦးစောလို့ ပဲအကြမ်းသိထားတာ
ကဲလက်တို့ လိုက်တယ်နော်......(စာအုပ်ကိုကျနော်ပြန်တင်ထားပါတယ်...)

ဒီမှာDownload  - Who kill General Aung San?

လောကနီတိအကြောင်းဖတ်ချင်သူများအတွက်စာအုပ်ကောင်းလေးတစ်အုပ်


လောကနီတိအကြောင်းဖတ်ချင်သူများအတွက်စာအုပ်ကောင်းလေးတစ်အုပ်တင်
ထားပေးပါတယ်စာအုပ်ထဲကစာတွေကတော့မှတ်သားစရာတွေပါပဲဖတ်ချင်မှတ်
ချင်သူများအတွက်အလွယ်တကူအဆင်ပြေစေဖို့ မျှဝေလိုက်ပါတယ်။
Download - လောကနီတိအကြောင်း

Friday, June 24, 2011

မန္တလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင် မြို့များတွင် ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွား


 မန္တလေး ဈေးချိုအနီးမှပေါက်ကွဲမှု ( ဓါတ်ပုံ The Voice Weekly )
  မန္တလေး
မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ အဆိုပါကား၏ ယာဉ်အမှတ်မှာ ၃ခ/  ၁၉၀၄ ဖြစ်ကြောင်းနှင့် ထိခိုက်မှုအသေးစိတ်ကိုမူ သက်ဆိုင်ရာမှ စုံစမ်းဆဲဖြစ်ကြောင်း သတင်းရရှိပါသည် ။
နောက်ဆုံးရရှိသော သတင်းအရ မန္တလေးတွင် မွန်းလွဲ ၃နာရီခန်.က ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြီး ၈၄လမ်း ၃၁၊ ၃၂ ကြား  ပရိယတ္တိသာသနအသင်း အနီးတွင်ဖြစ်ကြောင်း သိရှိရပါသည် ။ 

မန္တလေး ဒေသခံတစ်ဦးက " ဈေးချိုဘက်မှာ ၁၂ နာရီလောက်ကကွဲတယ် ဒီတော့သက်ဆိုင်ရာက ၈၄ လမ်းကို ၂၆ ကနေ ၂၈ ထိ ပိတ်ပြီး စစ်ဆေးမှုတွေလုပ်နေတုန်း ထပ်ကွဲတာ ..စိန်စံပယ်ဖူး ရွှေဆိုင် နားလောက်မှာ "ဟု ပြောကြားသွားပါသည် ။
နေပြည်တော် 
မန္တလေးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပင် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေးတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ဒေသခံများက ဆက်သွယ်ပြောကြားကြောင်း ၊ နေပြည်တော် သပြေကုန်းဈေး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဗုံးပေါက်ကွဲသည်မှာ မှန်ကန်ပြီး ပိတ်ထားသည့် ဈေးဆိုင်ခန်းမှ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး ဆိုင်ခန်းအမိုး ပွင့်ထွက်သွားကြောင်းပြည်တွင်းထုတ် The Voice Weekly ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြသည် ။
ပြင်ဦးလွင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့တွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်ကြီး ၄ ထောက်ပို့ပန်းခြံအနီးတွင်ဖြစ်ကြောင်း သိရှိရပါသည် ။ 
ပြင်ဦးလွင်ဒေသခံတစ်ဦးက " ထောက်ပို့ပန်းခြံနားမှာဖြစ်တာ..ဗုံကွဲတာလား ဘာကွဲတာလဲတော့မသိဘူး ဗုံးဆိုရင်တော့တော်တော်ပြင်းတဲ့ဗုံး ဖြစ်မယ် ဘာလို့လဲဆိုတော့ အဲဒီအိမ်တစ်ခုလုံးနီးပါးပြိုသွားတာ " ဟုပြောကြားသွားခဲ့ပါသည် ။ 

အိုင်တီသမားများသိသင့်သော ဥပဒေ ကွန်ပျူတာဆိုင်ရာ ကျင့်ဝတ်များ



၁။ ကွန်ပျူတာအား အခြားသူများကို ထိခိုက်နစ်နာစေရန်အတွက် အသုံးမပြုရ။
(ကွန်ပျူတာကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဖြစ်သည်)

၂။ အခြားသူများ၏ ကွန်ပျူတာလုပ်ငန်းများကို အနှောင့်အယှက်မပေးရ။
(ဥပမာ- အဓိပ္ပာယ်မဲ့ အီးမေးလ်များကို မတန်တဆပေးပို့ခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်များပေးပို့ခြင်း)

၃။ အခြားသူများ၏ ကွန်ပျူတာဖိုင်များကို ခိုးမကြည့်ရ။
(တစုံတယောက်က ခွင့်ပြုချက်မပေးဘဲ ထိုသူ၏ကွန်ပျူတာဖိုင်များကို ဖွင့်မကြည့်ရ)

၎။ ကွန်ပျူတာကို ခိုးမှုကျူးလွန်ရန်အတွက် အသုံးမပြုရ။

၅။ ကွန်ပျူတာကို လွဲမှားသောသက်သေခံရန်အတွက် အသုံးမပြုရ။
(ဥပမာ- ကောလာဟလများပေးပို့ခြင်း၊ မိမိအီးမေးလ်လိပ်စာများကို လွဲမှားစွာပေးပို့ခြင်း)

၆။ ကုမ္ပဏီတစ်ခုခုမှ ထုတ်လုပ်သည့်ဆော့ဖ်ဝဲများကို သတ်မှတ်ထားသည့် အခကြေးငွေများပေးဆောင်ခြင်းမပြုဘဲ
ကူးယူသုံးစွဲခြင်းမပြုရ။
ဆော့ဖ်ဝဲ၊ တေးသီချင်း စီဒီသို့မဟုတ် ဒီဗွီဒီများကို မူပွားကူးယူပြီး သူငယ်ချင်းများအား လက်ဆင့်ကမ်းပေးဝေခြင်းမပြုရ)

၇။ တစ်ဦးတစ်ယောက် ပိုင်ဆိုင်သည့် ကွန်ပျူတာဖြင့် ထိုသူ၏တရားဝင်ခွင့်ပြုချက်မရဘဲ ထိုက်တန်သည့်
အခကြေးငွေပေးဆောင်ခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံးမပြုရ။

၈။ တစ်ဦးတစ်ယောက်၏အသိဥာဏ်ဖြင့် ပြုလုပ်ဖန်တီးထားချက်များကို အပိုင်စီးကာချုပ်ကိုင်ထားခြင်းမပြုရ။
(သီချင်း၊ဂီတ၊စာ၊ရုပ်ပုံများကို မူပိုင်ရှင်ခွင့်ပြုချက်မရဘဲ အပိုင်စီးကာ ထင်သလိုပြုလုပ်ခြင်း)

၉။
မိမိရေးသားထားသည့် ကွန်ပျူတာပရိုဂရမ်စနစ် သို့မဟုတ် ဒီဇိုင်းတစ်ခုသည်
လူ့ဘောင်အဖွဲ့အစည်းနှင့် ပြဿနာဖြစ်စေမည့်အချက်များမဖြစ်စေရန်
ထည့်သွင့်စဉ်းစားရမည်။

၁၀။ ကွန်ပျူတာကို လူ့ဘောင်က အထင်ကြီးလေးစားစေမည့် အချက်များအပေါ်တွင်သာ အခြေခံပြီးသုံးစွဲရမည်။
(တစ်ဦးတစ်ယောက်က
မလုပ်ပါနှင့်ဟု အမိန့်ပေးစေခိုင်းမှ ရှောင်ကြဉ်ရခြင်းထက်
ကိုယ်တိုင်ကမလုပ်သင့် မလုပ်ထိုက်သည့်ကိစ္စတစ်ခုအနေဖြင့်
ရှောင်ကြဉ်ရန်ဖြစ်သည်)

ကိုရီးယား အလုပ်သမားဥပဒေ


၁. ကိုရီးယားအလုပ်သမားဥပဒေ
အလုပ်သမားအခွင့်အရေးအား အခြေခံဥပဒေဖြင့် အကာအကွယ် ပေးထားသည်။



အလုပ်သမားမရသင့်သည့် အခံအခွင့်အရေးများအား ဥပဒေဖြင့်သတ်မှတ်ပေးထားသည်။



အလုပ်သမားတိုင်းသညအလုပ်သမား အခွင့်အရေး၃-ရပ်အား တောင်းဆိုပိုင်ခွင့်ရှိသည်။
    အလုပ်သမားအခွင့်အရေး ၃ရပ်မှာ ၁) လွပ်လပ်စွာ စုရုံး ပိုင်ခွင့်၊
                                              ၂) လွပ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်၊
                                              ၃) လွပ်လပ်စွာ အဖွဲ့အစည်းဖြင့် လှုပ်ရှားပိုင်ခွင့်၊

 
၂၀၁၁ခုနှစ် အခြေခံ လစာ

#ဥပဒေအရ အလုပ်ချိန် တနေ့၈နာရီ
 (အလုပ်ရှင်က အလုပ်သမားရဲ့ သဘောတူညီချက် ရယူပြီးမှ အချိန်ပို အလုပ်ခိုင်းနိုင်သည်)
ဥပဒေအရ တနာရီ အလုပ်လုပ်ခ ၄၃၂၀ ၀မ်
              တရက်လုပ်ခ ၃၄ ၅၆၀ ၀မ်               (ပိုပေးလို့ ရသော်လည်း သတ်မှန်နှုန်းအောက် လျှော့ပေးလို့ မရပါ)



# တနေ့ အလုပ်ချိန် ၈နာရီ(ထမင်စားချိန်၁နာရီကို ထည့်မတွက်ရ)
တပတ်ကို နာရီ ၄၀လုပ်ရင်(စနေအလုပ်မလုပ်)                         တလ လစာ ၉၀၂ ၈၈၀ ၀မ်

# တနေ့ အလုပ်ချိန် ၈နာရီ(ထမင်စားချိန်၁နာရီကို ထည့်မတွက်ရ)

တပတ်ကို နာရီ ၄၄လုပ်ရင်(စနေနေ့တွင် ၄နာရီ လုပ်)                တလ လစာ ၉၇၆ ၃၂၀ ၀မ်

# အချိန်ပို လုပ်ခ= တနာရီလုပ်ခ×1.5ဆ= ၄၃၂၀×၁.၅=   ၆၄၈၀ ၀မ်
# အထူးလုပ်ခ= တနာရီလုပ်ခ× ၂ဆ= ၄၃၂၀× ၂= ၈၆၄၀ ၀မ်

တပတ်နာရီ ၄၀လုပ်သူဟာ စနေနေ့တွင် အလုပ်လုပ်ရပါက အချိန်ပိုလုပ်ခနှုန်းဖြင့် တွက်ယူနိုင်သည်။
တပတ်နာရီ ၄၄နာရီလုပ်သူဟာ စနေနေ့တွင် ၄နာရီအထက် အလုပ်လုပ်ချိန်ကို အချိန်ပိုလုပ်ခနှုန်းဖြင့်
တွက်ယူပါ။

စက်ရုံမှာ တရားဝင်သတ်မှတ်ထားတဲ့ ပိတ်ရက်(အများအားဖြင့် တနင်္ဂနွေ)၊ အစိုးရသတ်မှတ်ရုံးပိတ်ရက်(အနီရောင်ရက်)၊ နွေရာသီပိတ်ရက်များတွင် အလုပ်လုပ်ရပါက အထူးလုပ်ခနှုန်းဖြင့် တွက်ယူပါ။
အထူးလုပ်ခဖြင့်တွက်ပါက တရက် ၈နာရီ×၈၆၄၀ ၀မ်= ၆၉ ၁၂၀ ၀မ် (ပိတ်ရက်တရက်အတွက် လုပ်ခ)

ရေလွှာလျှောစီးရင်း လက် ၃ ချောင်းပြတ်သွားသူ ဆေးဖိုးထောက်ပံ့ငွေ ကျပ် ၉ သိန်းရရှိ


Posted by Popular News on Jun 22nd, 2011 and filed under Features. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry
ရေလွှာလျှောစီးရင်း လက် ၃ ချောင်းပြတ်သွားသူ ဆေးဖိုးထောက်ပံ့ငွေ ကျပ် ၉ သိန်းရရှိ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ် ပြည်သူ့ရင်ပြင် ကစားကွင်း တွင် ရေလွှာလျှောစီး ကစားရင်း လက်ချောင်း ၃ ချောင်းပြတ်သွား သူ မောင်တင်အောင်ဖြိုးမှာ ဆေးဖိုး ထောက်ပံ့ငွေကြေး ကျပ် ၉ သိန်း ရရှိပြီးသော်လည်း သေဆုံးသူ ဖိုး ခွားခွား(ခ) စန်းဝင်းထွန်း၏ ကျန်ရစ် သူမိဘများအား မည်သို့ ကူညီ ထောက်ပံ့နေသည်ကိုမူ မသိရှိသေး ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ဇွန်လ ၁ ရက်နေ့က ဖြစ်ပေါ် ခဲ့သော ယင်းဖြစ်စဉ်တွင် နာရီဝက် သာခြား ၍ ရေလွှာလျှောစီး လာ ရောက်ကစားသူ လူငယ် ၂ ဦးအ နက် တစ်ဦးသေ၊ တစ်ဦးမှာ လက်ချောင်း ၃ ချောင်းပြတ်သွား သည့်အပေါ် ကာယကံရှင် ကစား ကွင်းဘက်မှ တစ်ပတ်ခန့်ကြာ သည်အထိ အကူအညီ အထောက် အပံ့တစ်စုံတစ်ရာ ပေးခြင်းမရှိခဲ့ဟု နစ်နာသူများဘက်က ဝင်ရောက်ကူညီသူ ဦးဖုန်းမြင့် အောင် က ပြောသည်။ ”မောင်တင်အောင်ဖြိုးအတွက် ဆေးဖိုးထောက်ပံ့ငွေရတယ် ဆိုလို့ ဝမ်းသာပါ တယ်။ သေဆုံးတဲ့ စန်းဝင်းထွန်းဆိုတဲ့ ကလေးရဲ့မိဘ တွေကိုတော့ တစ်သိန်းပေးပြီး နောက်ပိုင်း ဘယ် လောက်ထပ်ပေး တယ်ဆိုတာ မသိရသေးဘူး။ အဲဒီ မိသားစုက ဆင်းရဲသလို ဘာမှ လည်း မသိကြပါဘူး။” ဟု ဦးဖုန်း မြင့်အောင်က ဆက်လက်ပြော သည်။ လက်ချောင်း ၃ ချောင်း ပြတ်သွားသူ မောင်တင်အောင် ဖြိုးသည် ဆေးရုံတွင် ၁၄ ရက်ကြာ ဆေးဝါးကုသမှုခံယူ ပြီးနောက် ယခု အခါနေအိမ်သို့ ပြန်လည်ရောက်ရှိ နေပြီဖြစ်ကြောင်း၊ ဆေးရုံက ဆင်းပြီး နောက်တစ်နေ့တွင် ကျပ် ၉ သိန်း လာရောက်ပေးခဲ့ပြီးနောက် ယင်းကစား ကွင်းတာဝန်ရှိသူများ ထပ်မံ ဆက်သွယ်မှုမရှိတော့ကြောင်း မောင်တင်အောင်ဖြိုး၏ ဖခင်ဦးလှသောင်းက ပြောသည်။ ”ပိုက်ဆံ ကျပ် ၉ သိန်းလာ ပေးသွားတာ ကျွန်တော်တို့ကိုးကွယ် တဲ့ ဘုန်းကြီးကတစ်ဆင့် လာပေးသွားတာပါ။ ဆေးရုံမှာရောက်ပြီး တစ်ပတ်နေတော့မှ သူတို့ဘက်က လာတွေ့တယ်။ ၅ သောင်းပေး လိုက် ၃ သိန်းပေးမယ်ပြောလိုက်နဲ့ ကျွန်တော်တို့ဘက်က လက်မခံတော့တဲ့အခါကျမှ ဆေးဖိုး ၉ သိန်း လာပေးသွားတယ်။ ကျွန်တော့်သား က ဆယ်တန်းတောင်မအောင်သေး ဘူး။ အဲဒီ့ကလေးရဲ့ ရှေ့ရေးတွေ၊ အလုပ်အကိုင်ဘယ်လိုလုပ် စား မယ်ဆိုတာတွေကို သူတို့က ထည့် မတွက်ကြဘူး။ လက်ချောင်း ၃ ချောင်းမရှိတော့တဲ့ ကလေးကို သူတို့ကစားကွင်းမှာ အလုပ်ခန့် မလားဘဲ ကျွန်တော်မေးချင်ပါ တယ်” ဟု ဦးလှသောင်းက ပြောသည်။ မောင်တင်အောင်ဖြိုးပါသူ ငယ်ချင်း ၄ ဦးသည် ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ပြည်သူ့ရင် ပြင် ရေလွှာလျှောစီးကစားကွင်း သို့ သွားရောက်ဆော့ကစားရင်း ၄င်း၏ ညာလက်ချောင်း ၃ ချောင်း ပြတ်သွားခဲ့သလို၊ မောင်တင်အောင် ဖြိုးတို့ သူငယ်ချင်းတစ်စု မဖြစ်မီ နာရီဝက်ခန့်က အဆိုပါ ရေလွှာလျှောစီး၌ပင် မရမ်းကုန်းမြို့နယ်မှ ဖိုးခွားခွား(ခ)စန်းဝင်းထွန်းမှာလည်း ရေလွှာလျှောစီးပေါ်မှ အကျတွင် ဦးခေါင်းနောက်စေ့နှင့် ရိုက်မိကာ သေဆုံးသွားခဲ့သည်။
မိုးမြင့်မြတ်

မန္တလေး၌ ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာ၌ နေပြည်တော်နှင့် ပြင်ဦးလွင် တို့၌ ပေါက်ကွဲမှု ဖြစ်ပွား


PDF  | Print |
AddThis Social Bookmark Button
မန္တလေးဈေးချိုဟိုတယ်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်း အကြာ၌ နေပြည်တော်နှင့် ပြင်ဦးလွင်တို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိပါသည်။
နေပြည်တော် သပြေကုန်းရပ်ကွက် ငုဝါလမ်းရှိ အိမ်တစ်အိမ်၌ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိမ်မှာ လူမနေသည့်အိမ် ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သိရှိရပါသည်။
"ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အပျက်အစီးတွေက အနီးဝန်းကျင် ပေ ၈၀ ခန့်ထိ လွင့်စင်ခဲ့တာကို တွေ့ရပါတယ်၊ အခု အခင်းဖြစ်ပွားရာ နေရာမှာ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးနေတာကို တွေ့ရပြီး မိုင်းရှာတဲ့ခွေး ပါလာတာကိုလည်း တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာ နေရာ အနီးသို့ သွားရောက် ကြည့်ရူနေသည့် နေပြည်တော် သပြေကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ပြင်ဦးလွင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် နေရာမှာ ရပ်ကွက်ကြီး ၃ အကွက်အမှတ် ၄ တွင်ဖြစ်ကြောင်း၊ လူမနေသည့်အိမ်တွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုမှာ မွန်းတည့် ၁၂ နာရီဝန်းကျင်က
ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
bomb1

bomb1

မန္တလေးမြို့ ၈၄ လမ်း၊၂၈လမ်းနှင့်၂၇ လမ်းကြား ဈေးချိုမန်းမြန်မာပလာဇာမျက်နှာချင်းဆိုင် ဈေးချိုဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်သော စကားသံအချို့


PDF  | Print |
AddThis Social Bookmark Button
 "ဗုံးပေါက်ကွဲတဲ့ကားက မနက် ၁၀ ၀န်းကျင်လောက်ကတည်းက လာပြီးရပ်သွားတယ်လို့ သိရတယ်။ ဗုံးပေါက်ကွဲအားက တော်တော်ပြင်းပြီး ယမ်းငွေ့တွေက ဆိုင်ထဲထိဝင်လာတယ်။ မျက်လုံးတွေကြိမ်စပ်လာပြီး အာခေါင်ထဲမှာလည်း ခါးသက်သက်ဖြစ်လာပြီး အသက်ရူကြပ်လာတယ်။ အာလုတ်ကျင်း၊ ရေအ၀သောက်လိုက်မှ နေလို့ထိုင်လို့ ရသွားတယ်။ ဥပုသ်နေ့ ဈေးပိတ်တဲ့အတွက် လူရှင်းနေပြီး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မကြားမိဘူး" ဟု ၈၄ လမ်း ၂၈လမ်းထောင့်ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
"ဗုံးပေါက်ကွဲတဲ့အသံက တော်တော်ကျယ်ပြီး ဗုံးကွဲတဲ့တုန်ခါအားကလည်း ကျွန်တော်တို့နေရာကနေတောင် အရမ်းပြင်းတာ သိသိသာသာ ခံစားရတယ်။ ချက်ချင်းပြေးကြည့်တော့ မီးခိုးတွေလုံးနေတာကြောင့် ဘာမှသိပ်မမြင်ရဘူး။ မန်းမြန်မာပလာဇာ အပေါ်ထပ်တွေက မှန်တွေတော့ အကုန်ကွဲကုန်တယ်" ဟု ၂၇လမ်း ၈၃လမ်း၊၈၄ လမ်းကြားရှိ ဈေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပြပါသည်။
"၈၄ လမ်း ၂၇_၂၈ ကြားက ဗုံးကွဲတဲ့တုန်ခါမှုက လမ်း ၈၀၊၂၆ လမ်းထိတောင် ခံစားရတယ်။ ကျွန်တော်ရောက်သွားတော့ ပေါက်ကွဲတဲ့နားမှာ စက်ဘီးနဲ့ ကုန်ပစ္စည်းပို့တဲ့သူတစ်ယောက် လွင့်စင်ပြီး ဒဏ်ရာရတာ တွေ့ရတယ်။ ထိခိုက်မှုကြီးကြီးမားမားတော့ မတွေ့ရဘူး။ ဥပုသ်နေ့ ဈေးပိတ်တဲ့နေ့မို့ တော်သေးတာ" ဟု လမ်း ၈၀ တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
"အခုပေါက်ကွဲသွားတဲ့ ကားမှာတပ်ဆင်ထားတဲ့ နံပါတ် ၃ခ/၁၉၀၄ အက္ခရာကို မန္တလေး၊ အနှိပ်တော်ရပ်ကွက်မှာ တွေ့ရတယ်လို့ ကြားတယ်။ ဒီနေရာမှာ လာပြီးရပ်သွားတဲ့ ကားပိုင်ရှင်ကတော့ ဘယ်ရောက်သွားမှန်း မတွေ့တော့ဘူး။ မနက်ကတည်းက ကားကို လာရပ်သွားတယ်လို့ ပြောကြတာပဲ"ဟုလည်း မြို့ခံတစ်ဦးက ပြောပါသည်။

မန္တလေး ဈေးချိုဟိုတယ်ရှေ့တွင် ယနေ့(ဇွန် ၂၄ ရက်နေ့) မွန်းတည့်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

PDF  | Print |
AddThis Social Bookmark Button : မန္တလေးတွင် မွန်းလွဲ ၃ နာရီ အချိန်၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကာ  ၈၄လမ်း ၃၁၊ ၃၂ ကြား ရွှေနိုင်ငံ ရွှေဆိုင်နှင့် ပရိယတ္တိသာသနဟိတအသင်း ဓမ္မသာလာအနီး ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ဆက်လက် သိရှိရသော သတင်းများအရ ၈၄လမ်း ၃၁၊၃၂ ကြားတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ အမှိုက်ပုံအနီး ပြစ်ထားသော အမှိုက်ပုံးတွင် ဆောနစ်ဗုံး ဟုရေးသားပြီး ကပ်ထားသော အရာတစ်ခုကို တာဝန်ရှိသူများမှ တွေ့ရှိခဲ့ပြီးနောက်  ပေါက်ကွဲစေပြီး ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားခဲ့ပါသည်။

မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ ဂျစ်ကားမှာမူ ပျက်စီးသွားပြီး ထပ်မံ၍ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေကြောင်း သိရှိရသည်။
"၂၆ လမ်းကနေ ၂၈ လမ်းထိကို ယာယီ ကန့်သတ်လိုက်တယ် အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာ နေရာမှာ လာရောက် စစ်ဆေးလျက်ရှိတာကို တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာနေရာ အနီးသို့ သွားရောက် ကြည့်ရူနေသည့် မန္တလေးမြို့ခံ တစ်ဦးက မွန်းလွဲ ၁ နာရီခန့် တွင် ပြောကြားခဲ့သည်။

bomb1
မန္တလေးဈေးချိုဟိုတယ်ရှေ့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကို တွေ့ရစဉ်
m01
m02

m02
၈၄လမ်း ၃၁၊ ၃၂ ကြား ရွှေနိုင်ငံ ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်း အနီးတွင် ပေါက်ကွဲမှု
ဖြစ်ပွားအပြီးတွေ့ရစဉ်
m02

You tube နဲ့ Google ဗီဒီယိုတွေ Download လုပ်နိုင်သော Software

Save2pc Ultimate v4.19 Build 1341 Portable ဆော့(ဖ)၀ဲလေးက You tube နဲ့ Google ဗီဒီယိုတွေကို Download လုပ်နိုင်ပါတယ်။ သူ့ရဲ့ Link ဘား ထဲမှာ ဗီဒီယိုလိပ်စာကို Paste လုပ်ပေးပြီး GetVideo --> Start ကို နှိပ်ကာ Download လုပ်ပါ။ အရွယ်အစားက 4.3MB ဖြစ်ပါတယ်။



Xilisoft Movie Maker V6.04.1224 Portable


Movie ဖိုင်တွေ ဖန်တီးနိုင်၊ တည်းဖြတ်နိုင်တဲ့ ဆော့(ဖ)၀ဲ လေးဖြစ်ပါတယ်။ ဖိုင် Type အားလုံးနီးပါးကို လက်ခံပါတယ်။ အရွယ်အစားက 51.6MB ဖြစ်ပါတယ်။



Photodex ProShow Gold v4.52.3053 Portable




ဒီဆော့(ဖ)၀ဲလေးကတော့ ဓာတ်ပုံ Slide show လုပ်တဲ့ ဆော့(ဖ)၀ဲလေး ဖြစ်ပါတယ်။ စာသားလေးတွေ ထည့်လို့ ရသလို Transition effect တွေလည်း ထည့်လို့ရပါတယ်။
Output format ပုံစံအမျိုးနဲ့ ထုတ်ပေးနိုင်ပါတယ်။ DVD, Video CD, Flash တွေလည်း ထုတ်ပေးနိုင်ပါတယ်။
အရွယ်အစားကတော့ 33.6MB ဖြစ်ပါတယ်။

Browser Firefox Speed မြန်အောင်လုပ်နည်းလေးပါ။



Internet Speed ပိုမြန်အောင်လုပ်ရင်း Firefox ကိုလည်း Speed မြန်အောင် လုပ်ဖို့လိုတာပါပဲ။

images?q=tbn:ANd9GcQ3ok0ChavOrUG8HhKOCIZmLp0UmaBuoafv5_mCezpCaSBwHTI-

(1) Firefox Address bar မှာ aboutးconfig လို့ရိုက်ပါ။
(2) I'be careful,I promise! ကိုနှိပ်ပါ။ (သို့မဟုတ်) (Enter) ခေါက်လိုက်ပါ။
(3) network.http.proxy.pipelining > (2) Click > false ဆိုတဲ့ စာကြောင်းလေး True ဖြစ်သွားရင်ရပြီ။
(4) network.http.pipelining > (2) > false ဆိုတဲ့စာကြောင်းလေး True ဖြစ်သွားရင်ရပြီ။
(7) network.http.pipelining.maxrequests စာကြောင်းပေါ်မှာ (2) ချက်ဆက်တိုက်နှိပ်ပါ။
Box လေးတစ်ခုကျလာမည်။ ကျလာတဲ့ Box ထဲမှာ (30) ဂဏန်းရိုက်ပြီး Ok ပေးထွက်လိုက်ပါ။

 ကွန်နရှင်မကောင်းလို့ Gmail.Gtalk ၀င်မရလို့စိတ်ညစ်နေသူတွေအတွက်ပါ။

 http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။
 နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။
  နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။
       

  gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။

 http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။


အောက်ကလင့်ခ်လေးတွေက ကိုယ်ကြည့်ချင်တဲ့ ဆိုက်ဒ်တွေကို ကျော်ခွပြီးကြည့်နိုင်တဲ့ ဆိုက်ဒ်လေးတွေပါ။
http://mistakeproxyarea.appspot.com/
http://www.polysolve.com/
http://www.manawthar.com/
http://mmbloggershelpdesk.blogspot.com/
http://mmwordpress.com/
http://www.myanmargenius.com/
http://mysoftwares.2kool4u.net/
http://www.htunlinmyanmar.net/
http://www.mmitknowledge.org/index.php
http://sainatkha.blogspot.com/
http://www.appleak.net/
http://moezattko.wordpress.com/
http://www.moemyintshein.com/
http://www.myanmaritmen.com/
http://manawphyulay.wordpress.com/
http://www.saturngod.net/
http://phoelapyae.com/
http://proxbuzz.co.cc/
http://proxy4-free.tk/
http://falcon1.tk/
http://biebers.co.cc/
http://proxyplz.co.cc/
http://surfstreet.co.cc/
http://www.tech-faq.com/proxy.html
http://surfbeat.co.cc/
http://kingsurf.co.cc/
http://fellowcity.tk/
http://ninedead.co.cc/
http://tunnelboom.co.cc/
http://www.howtoplayonlineroulette.info/
http://p911.tk/
http://zoomsurf.co.cc/
http://tunnelgoat.co.cc/
http://www.speedgoal.co.cc/
http://dcottage.co.cc/
http://thrist.co.cc/
http://surfies.co.cc/
http://quicksurfurl.tk/
http://quicksurfurl.tk/
http://filterfail.info/
http://cyanhide.co.cc/





Water Reflection Generator V2.6 - ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံလေး ဖန်တီးပေးနိုင်တဲ့ ဆော့(ဖ)၀ဲ


မိမိတို့ရဲ့ ပုံလေးတွေကို ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံမျိုး ဖန်တီးချင်သူတွေအတွက် ဆော့(ဖ)၀ဲ လေးပါ။ Animation GIF တင်မကပဲ AVI ဗီဒီယိုဖိုင် အနေနဲ့ပါ ထုတ်ပေးနိုင်ပါတယ်။ လူပုံတင် မကပဲ ရှုခင်းပုံလေးတွေ၊ စာသားတွေကိုပါ စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိတို့ရဲ့ ဆိုက်မှာ လှုပ်ရှားရုပ်ပုံလေးတွေ ထည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။ Frame အရေအတွက်နဲ့ ရေလှိုင်းပုံစံတွေကို အမျိုးမျိုး သတ်မှတ်ပေးနိုင်ပါတယ်။ စမ်းကြည့်ပါဗျာ။ အရွယ်အစားက 435 KB ဖြစ်ပါတယ်။



Download လုပ်ရန်

Thursday, June 23, 2011

မလေးရှားနိုင်ငံရောက် တရားမ၀င်အလုပ်သမားများစီမံခန်.ခွဲရေး အကြောင်း


မေးလ်မှဝင်လာသောစာတစ်စောင် (၀တပ်ဖွဲ. အတွင်း အထက်အောက်အဆင်မပြေမှု.များ)




ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်

မဲဆောက် လွှဲငွေပမာဏ သိန်းပေါင်းများစွာ ကျဆင်းသွား


 
နိုင်ငံခြားငွေဈေးများ ကျဆင်းမှုကြောင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်ဒေသရှိ မြန်မာအလုပ်သမားများ နေရပ်သို့ ငွေပြန်ပို့သည့် ပမာဏမှာ တလအတွင်း ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ကျဆင်းသွားခဲ့ကြောင်း မဲဆောက်ရှိ ငွေလွှဲဆိုင်များက ပြောသည်။

mae-sot-mm-kyats
မဲဆောက်ဈေးထဲမှ ငွေလွှဲဆိုင်တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာအလုပ်သမား ၂ သိန်းခန့်ရှိသည့် မဲဆောက်ဒေသတွင် မြန်မာနိုင်ငံ ဒေသအနှံ့သို့ အိမ်တိုင်ရာရောက် ငွေလွှဲ ပေးပို့သော လုပ်ငန်း ၄၀ ခန့်ရှိနေပြီး လုပ်ငန်းတခုလျှင် လစဉ် အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၁၀၀ ခန့်ကို လွှဲပေးရသည်ဟု ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်က ပြောသည်။

“ကျနော်တို့လုပ်ငန်းက မြန်မာ အလုပ်သမားတွေအတွက် အဓိက အကျိုးဆောင် ပေးတာပါ။ ဒီလဆန်းက စပြီး မြန်မာငွေ ဈေးက တက်လာလိုက်တာ အရင်ကကျပ် ၁၀၀ ကို ၃ ဘတ်ကနေ အခုထိုင်းဘတ် ၄. ၁ အထိ ဖြစ်သွားတော့ ငွေမပို့နိုင်ကြတော့ဘူး။ မလွှဲမဖြစ်တဲ့ လူတွေပဲ ပို့ကြတော့ ဒီလဆိုရင် ငွေပို့တဲ့လူ ထက်ဝက်လောက်ကို နည်းသွားတယ်” ဟု သူက ဆိုသည်။

ယခင် လလယ်ခန့်မှ စတင်ဈေးတက်ခဲ့သည့် မြန်မာငွေဈေးမှာ ယခုလလယ်တွင် အနည်းငယ် ပြန်လည် ကျ ဆင်း လာသော်လည်း ယနေ့ မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေး မြန်မာငွေ ပေါက်ဈေးမှာ ကျပ် ၁၀၀ လျှင် ၃. ၈၂ ဘတ်ရှိသည်။

မဲဆောက်ရှိ တီကေဖက်ရှင် အထည်ချုပ်စက်ရုံမှ မသန်းသန်းက “အိမ်ကိုတလ ကျပ် ၁ သိန်းခွဲ လစဉ်ပို့တယ် အရင်လက ၁ သိန်းကို ဘတ် ၃၀၀၀ စွန်းရုံလေးပဲ။ ဒီလမှာ လစာထုတ်ပြီး ငွေပို့မယ်လုပ်တော့ ၁ သိန်းကို ဘတ် ၄၁၀၀ ဖြစ်သွားတော့ ကျမကော၊ စက်ရုံက တခြားလူတွေပါ မပို့ဖြစ်တော့ဘူး” ဟု ပြောသည်။

မြန်မာငွေဈေး တက်နေသောကြာင့် ထိုင်းဘက်သို့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တော ထွက်ကုန်များနှင့် ချည်ထည်များ တင်ပို့နေသည့် လုပ်ငန်းများကို မြန်မာကုန်သည်များ ရပ်နားထားကြပြီး ရေရှည် လုပ်ကိုင်နေသည့် လုပ်ငန်းတွင် မိတ်မပျက်စေရေး အတွက် မပို့မဖြစ်သည့် ကုန်ပစ္စည်း တချို့ကိုသာ တင်ပို့နေသည်ဟု ရေထွက်ကုန်ပစ္စည်း တင်ပို့သည့် မြန်မာ ကုန်သည် တဦးက ရှင်းပြသည်။

မြန်မာငွေဈေး မြင့်တက်မှုကြောင့် မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေးအရ နှစ်ဘက် အပြန်အလှန် ကုန်စည်တင်ပို့မှုမှာ ယခုလ ၅ ရက်နေ့မှ စတင်၍ ထက်ဝက်ကျော် ကျဆင်းသွားသည်ဟု ထိုင်း လှေဂိတ် ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “မြန်မာကုန်ပစ္စည်းတွေ မ၀င်တော့ ထိုင်းကုန်တွေလည်း မထွက်ဘူး။ ကျနော့်ဂိတ်မှာ မြန်မာဘက်ကို ပစ္စည်းပို့တဲ့ စက်လှေကြီး ၁၅ စင်းရှိတယ်။ အခု ပစ္စည်းမပို့ရတာ ၂ ပတ်ရှိပြီ။ လှေ ၄ စင်းပဲ လူအကြိုအပို့နဲ့ မြန်မာ ကုန်သည်တွေ မ၀ယ်မဖြစ် ၀ယ်နေကြတဲ့ ကုန်ပစ္စည်းတချို့လောက်ကို ပို့နေရတယ်။ အရင်ကဆို လှေ ၁၅ စင်း နားချိန်ကိုမရှိဘူး” ဟု ပြောသည်။

မြန်မာကုန်သည်များ မဖြစ်မနေ၀ယ်ယူနေရသည့် ထိုင်းပစ္စည်းများမှာ မော်တော်ယာဉ်နှင့် ဆိုင်ကယ် အပိုပစ္စည်းများ၊ စားသုံးဆီ၊ ဟင်းချိုမှုန့် အပါအ၀င် စားသောက်ကုန် တချို့ဖြစ်ကြောင်း သိရသည်။

မြန်မာအာဏာပိုင်များက ထိုင်းမြန်မာ ချစ်ကြည်ရေး တံတား တစင်းဖြစ်သော မြဝတီ - မဲဆောက် တံတားကို ယမန်နှစ် ဇူလိုင်လယ်ခန့်မှ စတင်၍ အကြောင်းပြချက်မပေးဘဲ ပိတ်ထားခဲ့ပြီးနောက် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကျဆင်းခဲ့သည်။

ချစ်ကြည်ရေး တံတား မပိတ်ခင်ကာလက ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ဖိုးသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံရှိပြီး မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိကာ ထိုင်း နိုင်ငံမှ မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိခဲ့သည်ဟု သိရသည်။

နယ်စပ် ဖြတ်ကျော်သည့် ချစ်ကြည်ရေးတံတား ပိတ်ထားခဲ့သောကြောင့် ထိုင်းကုန်သည်ကြီးများ ဘက်မှ ဘတ် သန်းပေါင်းများစွာ နစ်နာခဲ့ရသော်လည်း စက်လှေဆိပ်များမှ တဆင့် ထိုင်း ကုန်ပစ္စည်းများ တင်ပို့မှု တန်ဖိုးသည် တလလျှင် ဘတ် သန်း ၇၀၀ ဖိုးခန့် ရှိခဲ့ကြောင်း၊ ယခု မြန်မာငွေဈေး တက်ခြင်းကြောင့် ကုန်ပစ္စည်း စီးဆင်းမှု ကျဆင်းကာ တလလျှင် ဘတ် သန်း ၃၀၀ ဖိုးခန့်သာ တင်ပို့ရတော့ကြောင်း ထိုင်းကုန်သည်ကြီး တဦးက ပြောသည်။

“မြန်မာငွေ ၁၀၀ ကို ထိုင်း ၃ ဘတ်လောက်အထိ ကျသွားမှပဲ အားလုံးပုံမှန်ပြန်ဖြစ်မယ်” ဟု သူက ဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း တွေ့ဆုံပွဲ မီဒီယာ တက်ခွင့်ရမည်

Published on June 23, 2011 by အံ့ဘုန်းမြတ်   ·   No Comments
photo_reuters
အနှစ် ၂၀ ကျော်ကာလအတွင်း ပထမဆုံးပေါ်ပေါက်လာတဲ့ လွှတ်တော်တွေထဲက ပြည်သူ့လွှတ်တော်ရဲ့ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက သူရဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ့် အခမ်းအနားကို ပြည်တွင်းထုတ် ဂျာနယ်တွေက အယ်ဒီတာချုပ်တွေပါ တက်ရောက်ခွင့် ရရှိမယ်လို့ သိရပါတယ်။
မနက်ဖြန် နေ့လယ်ပိုင်း ပြည်လမ်းမပေါ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြုလုပ်မယ့် ဒီအခမ်းအနားမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက ကိုယ်စားလှယ်တွေနဲ့အတူ ဂျာနယ် အယ်ဒီတာချုပ်တွေပါ တက်ရောက်ကြရမှာလည်း ဖြစ်ပါတယ်။
ဒီလိုတက်ရောက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က စာပေစိစစ်ရေးကနေ ဂျာနယ်အယ်ဒီတာချုပ်တွေကို ဒီကနေ့မှာ တယ်လီးဖုန်းက တဆင့် လိုက်လံ ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ ဖိတ်ကြားခံရတဲ့ ဂျာနယ်အယ်ဒီတာချုပ် အချို့က ဆိုပါတယ်။
ဒီလို ဖိတ်ကြားထားပေမယ့်လည်း လွှတ်တော်ဥက္ကဋ္ဌကို မေးမြန်း သတင်းယူခွင့်တော့ ရနိုင်မှာ မဟုတ်ဘူးလို့ ဂျာနယ်တာဝန်ခံ အယ်ဒီတာတဦးက ဆိုပါတယ်။
“မနက်ဖြန် ဦးရွှေမန်း ဒီကိုလာမယ်ဆိုတော့ ဒီက တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ တွေ့တဲ့အချိန်မှာ ဒီက အယ်ဒီတာချုပ်တွေတော့ ဖိတ်တယ်။ သတင်းယူဖို့တော့ မဟုတ်ဘူး။ ဧည့်သည်အနေနဲ့ တက်ဖို့ပေါ့။ ဧည့်သည်တက်တဲ့စာရင်းမှာ စာရင်းမှာ ဂျာနယ်အယ်ဒီတာချုပ်တွေ ပါတယ်။ မင်းပွဲစိုးပွဲတွေကို ခေါ်တယ်ဆိုတဲ့ သဘောပေါ့။ လူကြီးတွေဆိုတော့ ဖွင့်ပေးလိုက်ရင် အကုန်လုံးက sensitive ဖြစ်မယ့်​ဟာ​တွေကို သိပ်ပြီးတော့ မေးမြန်းမယ့်သူတော့ မပါဘူးလေ။ အယ်ဒီတာချုပ်တွေဆိုတော့။”
စာပေစိစစ်ရေးကနေ ပြည်တွင်းထုတ်ဂျာနယ်အတော်များများက အယ်ဒီတာချုပ်တွေကို ဖိတ်ကြားထားပေမယ့် ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်တွေကိုတော့ ဖိတ်ကြားတာ မရှိတဲ့အပေါ် ခွဲခြားမှုတွေရှိတယ်လို့ ဝေဖန်ကြတာမျိုးတွေလည်း ရှိနေပါတယ်။
မနက်ဖြန်လုပ်မယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့တွေ့ဆုံပွဲ အခမ်းအနားအစီအစဉ်တွေကို ဖိတ်ကြားခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က အခုလိုပြောပြပါတယ်။
“သူက မနက်ဖြန်အစီအစဉ်မှာ ၁၂ နာရီကို ပြည်သူ့ရင်ပြင်မှာ ဆုံရပ်ပါ။ အဲဒီကနေ အစည်းအဝေးကို တနာရီကြိုရောက်ရမယ်။ တနာရီမှာ ကျနော်တို့ကို focus လုပ်ပါမယ်။ ခေါင်းပေါင်းမလိုပါဘူး၊ တိုက်ပုံနဲ့ စိစစ်ရေးကတ်ပြား ယူဖို့ ပြောပါတယ်။ လွှတ်တော်ရုံးကတော့ ကျနော်တို့ကို မူအရဖိတ်တာပါ။ ဦးရွှေမန်းလို့ပဲ ပြောပါတယ်။ ကျန်တာ သူတို့ ဘာမှ မပြောပါဘူး။”
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအနေနဲ့ ဒီအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဂျာနယ် အယ်ဒီတာချုပ်တွေကို ဘယ်လို အကြောင်းအရာတွေ ရှင်းလင်းပြောကြားမယ် ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူးရာထူး ကမ်းလှမ်း

Published on June 23, 2011 by နော်နိုရင်း   ·   1 Comment
ဗိုလ်မှူး စောချစ်သူ
ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်ရင်း ၄ ခု ဒီကေဘီအေကို ပြန်လည် အသွင်ပြောင်းပြီးတဲ့နောက် လက်ကျန်တပ်တွေကို စုစည်းကွပ်ကဲဖို့ အစိုးရက  တပ်နယ်မှူး ဗိုလ်မှူးကြီး စောချစ်သူကို တာဝန်ပေးပါတယ်။
ကရင်ပြည် မြိုင်ကြီးငူဒေသအခြေစိုက်  နယ်ခြားစောင့်တပ်ရင်း ၄ ရင်းဟာ သူတို့ရဲ့ မူလအဖွဲ့အစည်း ဒီကေဘီအေတံဆိပ်တွေ ပြန်လည်တပ်ဆင် အသွင်ပြောင်းခဲ့ပြီးတဲ့နောက်  လက်ကျန်တပ်တွေကို ကွပ်ကဲဖို့ ပြီးခဲ့ရက်ပိုင်းက အစိုးရအရာရှိတွေက ဗိုလ်မှူးကြီးစောချစ်သူကို ကမ်းလှမ်းခဲ့ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်အုန်းတို့က ဗိုလ်မှူးကြီးစောချစ်သူကို ပြီးခဲ့ရက်ပိုင်းတွေတုန်းက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီကေဘီအေတပ်ကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းတဲ့ တပ်ရင်း ၁၁ ရင်း အနက် ၄ ရင်း မရှိတော့တာကြောင့် လက်ကျန် ၇ ရင်းကို ကွပ်ကဲပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ တပ်ရင်း ၄ ရင်းကို ကိုင်တွယ် တာဝန်ယူထားတဲ့ တပ်နယ်မှူးဗိုလ်မှူးကြီး စောချစ်သူဟာ မနေ့က လက်ကျန် နယ်ခြားစောင့်တပ်ရင်းမှူးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။
“အခုလက်ရှိကျန်နေတဲ့ နယ်ခြားစောင့်တပ်တွေကို စောင့်ရှောက်ထားဖို့၊ ဗိုလ်ချုပ်ကျော်သန်းတို့က ပြဿနာတက်တာ။ အဲဒီမှာ ဒီကေဘီအေလည်း ရှိတာကို။ အခုသူ့ကို နိုင်ငံတော်ကနေ အားလုံးကို တာဝန်ခံအနေနဲ့ထားမယ်။ ကျန်တဲ့နယ်ခြားစောင့်တပ်တွေကို အကုန်လုံး သူကွပ်ကဲရမယ်။ အဲဒါတပ်ရင်းမှူးတွေ အကုန်လုံးခေါ်ပြီးတော့ ၉၉၉ ဂိတ်ထဲမှာ အစည်းအဝေးလုပ်တယ်။ သူ့ကိုအားလုံးတာဝန်ပေးတာ။ အဲဒီလူတွေကို သူကဘယ်လိုသဘောရလဲ၊ လုပ်ရင်ကောင်းမလား၊ မကောင်းဘူးလား တိုင်ပင်တာပေါ့။ ဆွေးနွေးပြီးတော့ ဟိုဘက်မှာ အဖြေပြန်ပေးရမယ်။ သူကတော့ သိပ်မလုပ်ချင်ဘူး။ အားလုံးတာဝန်မခံချင်ဘူး။ အခုရှိတဲ့ တပ်တွေအနေနဲ့ပဲ ဆက်နေချင်တာပေါ့။ ဒါပေမယ့် နိုင်ငံတော်က သူ့ကိုလုပ်ခိုင်းတာ။ ဗိုလ်ချုပ်ကျော်သန်းတို့ကို တာဝန်မပေးတော့ဘူး။ ဗိုလ်ဘိတို့လည်း သူ့ဟာသူ လာနေလည်းနေပေါ့။ နောက်တော့မှ ဖြည်းဖြည်း ပြန်စည်းရုံးမယ်ပေါ့။”
ဗိုလ်မှူးကြီးစောချစ်သူဟာ နယ်ခြားစောင့်တပ်အသွင်းပြောင်းချိန်ကစလို့ နယ်စပ်စီးပွားရေးနဲ့ ကုန်သွယ်ရေး တာဝန်ခံ ဖြစ်သလို တပ်ရင်း ၁၀၁၇ ကနေ ၁၀၂၀ အထိ တပ်ရင်း ၄ ရင်းကို ချုပ်ကိုင်တာဝန်ယူရတဲ့ တပ်နယ်မှူးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတော့ ကရင်ပြည်နယ်ဝန်ကြီးက ကရင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ နယ်ခြားစောင့်တပ် အားလုံးကို ကွပ်ကဲဖို့ တာဝန်ပေးတာ ဖြစ်တဲ့အတွက် ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်တွေမှာ အကြီးဆုံးအဆင့် ကွတ်ကဲရေးမှူး ဖြစ်လာမှာပါ။
ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းချိန်မှာ ဖွဲ့တဲ့ တပ်ရင်း ၁၁ ရင်းကို နာယက အဖွဲ့ဝင် ၃ ဦးနဲ့ တပ်နယ်မှူးအဆင့် ၄ ဦးရှိပြီး ကွပ်ကဲခဲ့ပါတယ်။   နာယက ၃ ဦးကတော့ ဒီကေဘီအေ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသာထူးကျော်၊ ဦးကျော်သန်း၊ ဦးလှဘတို့ဖြစ်ပြီး တပ်နယ်မှူးတွေကတော့ ဗိုလ်မှူးကြီး စောချစ်သူ၊   ဗိုလ်မှူး ဘသိန်း၊ ဗိုလ်မှူး ကြာအင်းနဲ့ နောက်တဦး ဖြစ်ပါတယ်။
အခုလလယ်ပိုင်းက မြိုင်ကြီးငူဒေသမှာ ပုန်ကုန်မှုဖြစ်လာပြီးနောက် နာယကနဲ့ တပ်နယ်မှူးတွေကို ဖြုတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူး တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းနှင့် ဆက်သွယ်မေးမြန်းချက်


ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်သူပြည်သူများအကြောင်း


ပြည်သူ.ထံမှပေးစာများ (ဒီဗွီဘီ) သတင်း


မေးလ်ထဲလာသောစာတစ်စောင် ၀တပ်ဖွဲ.အကြောင်း

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ