.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, July 13, 2011

အလုပ်သမား ၄ ထောင်ကျော် တောင်ကိုရီးယားသို့ စေလွှတ်မည်

E-mail Print
အလုပ်သမား ၀န်ကြီးဌာနက ယခုနှစ်တွင် မြန်မာအလုပ်သမား ၄၁၀၉ ဦးကို EPS (Employment Permit System) စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

Korea-worker-01
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွင် တွေ့ရသော တောင် ကိုရီးယားသွားမည့် သူများ (ဓာတ်ပုံ - Popular News)
မရမ်းကုန်းမြို့နယ်ရှိ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ အရာရှိတဦးက “၄၁၀၉ ဦးဆိုတာက ကိုရီးယားအစိုးရက ရန်ကုန်မှာ စစ်ဆေးတဲ့ ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (Korera Language Test) အောင်ထားပြီးသားသူတွေပါ။ ကိုရီးယား အလုပ်ရှင်တွေဆီကို အလုပ်သမားတွေရဲ့ ကိုယ်ရေးအကျဉ်းတွေပို့ပြီး အလုပ်ရှင်ကြိုက်လို့ခေါ်တာနဲ့ ချက်ချင်း ကိုရီးယားသွားလို့ရအောင် စီစဉ်ပေးသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကိုးရီးယားအစိုးရနှင့် မြန်မာအစိုးရအကြား ၂၀၀၈ ခုနှစ်က ချုပ်ဆိုခဲ့သော နားလည်မှု

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ပဏာမဆန်းစစ်ခြင်း



၁၃-၇-၂၀၁၁          မင်းလွမ်းနောင်(ပန်းတနော်)






နေ.စဉ်နှင့်အမျှ စက်မှု.ပညာ နှင့်စီးပွားရေး တိုးတက်ကောင်းမွန်လျှက်ရှိသော ထိုင်းနိုင်ငံ အတွင်းသို.   တစ်ချိန်က သခင်မျိုးဟေ့ ဒို.ဗမာဟု ကြွေးကြော် ခဲ့ကြသော
ရွှေမြန်မာများ တစ်နေ.တစ်ခြား တိုးပွားဝင်ရောက်လျှက်ရှိသည်မှာ ယခုအခါ အလုပ်သမားရေး လေ့လာဆောင်ရွက်သူများအဆိုအားဖြင့် လူဦးရေ ၄သန်းကျော်မျှသော
ပမာဏသို.ရောက်ရှိနေပြီဖြစ်ပြီး ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁နှစ်ခံ အလုပ်လုပ်ကိုင်ခွင့်(ဘတ်) ၊ပြည်နယ်ဒေသများတွင်
(၁၀)နှစ်ခံ နေထိုင်ခွင့် နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပေသည်။သို.သော်အများစုမှာ မည်သည့် စာရွက်စာတမ်းမှ မရှိပဲ တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ လူ.အခွင့်အရေးကိုချိုးဖောက်ခံနေကြရသူများလဲဖြစ်သည်။ တရားဝင်စာရွက်စာတမ်းကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ ၊လူ.အခွင့်အရေးချိုးဖောက်ခံနေ ရဆဲဖြစ်သည်မှာ ငြင်းချက်ထုတ်မရသည့်အချက်တစ်ချက်ပင်။
အဘယ့်ကြောင့် ရွှေမြန်မာများ ထိုင်းနိုင်ငံအတွင်းသို. ၀င်ရောက်လာရပါသနည်း။
ယခုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အခြေခံ စားသောက်ကုန်စရိတ်ကြီးမြင့်ခြင်း၊အလုပ်အကိုင်ရှားပါးခြင်း၊ ရရှိသော လုပ်အားလစာနှင့် မိသားစုစားဝတ်နေရေးပြေ
လည်စေရန်ဖြေရှင်းနိုင်မှု.မရှိခြင်း၊ အလုပ်အကိုင်ရှိသော်လည်း ၀င်ရောက်မည့် အရည်အချင်း မရှိရှိခြင်း၊ ကောင်မွန်သောအလုပ်အကိုင်ရှာဖွေရန်ခက်ခဲသောအခြေအနေတစ်ရပ်  
တို.ကိုအခြေခံလျှက် မိမိတို.မြန်မာနိုင်ငံ`၏ ငွေကြေးထက်ထိုင်းငွေကြေးက ပိုမိုဈေးသာခြင်း၊ အလုပ်အကိုင်ရှာဖွေရလွယ်ကူခြင်း၊ ရရှိသောလုပ်အားလစာမှာ ပြည်တွင်းမှရရှိသောလုပ်အားလစာထက်များပြားခြင်း၊ အလုပ်အကိုင် ရရှိရန် အရည်အချင်းကန်.သတ်ချက် နည်းပါးခြင်း ၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အားလျော်စွာ တရားမ၀င်ဝင်ရောက်ရန်လွယ်ကူခြင်း တို.ကြောင့် ယနေ.ကာလတွင် ထိုင်းရောက်ရွှေမြန်မာများ ထူထပ်များပြားလာရခြင်းပင်ဖြစ်ပါသည်။
လာရောက်ကြသည့်နည်းလမ်းများ။
ရေလမ်း (ကော့သောင်းဘက်) မှ လာလျှင် လူပွဲစားများ တဆင့်ဆက်သွယ်ပြီး လူစုကာ အယောက် ၃၀ အထက် တွင် လှေတစ်စီးစာသတ်မှတ်ကာ ကော့သောင်းမှ ညလူခြေတိတ်ချိန်တွင် လှေပေါ်၌လှဲအိပ်စေပြီး အပေါ်မှ တာလဘတ်ခေါ် အမိုးဖြင့်ဖုံးအုပ်ပြီး သက်ဆိုင်ရာအာဏာပိုင်များအားလိုင်းကြေးပေးဆောင်လျှက် လူကုန်ကူးမှု.
များကိုပြုလုပ်လေ့ရှိသည်။ အသက်အန္တရာယ်အလွန်များသော ခရီင်္းလမ်းဖြစ်ပြီး လမ်းခရီးတွင် ကျွန်များ၌ နားခိုခြင်း အစာရေစာငတ်ပြတ်ခြင်း ဒဏ်များကိုခံကာ ထိုင်းနိုင်ငံတောင်ပိုင်း
နန်ယွန်၊ မီးသွေးဖောင်း အစရှိသော လှေဆိပ်များသို.သယ်ဆောင်ကာ ထိုင်းအာဏာပိုင်များနှင့်ချိတ်ဆက်လျှက် ပို.ဆောင်ရမည့်နယ်မြေဒေသများသို.ပို.ဆောင်ပေးလေ့ရှိပေသည်။
ကုန်းလမ်း(ကော့သောင်းဘက်မှ) လာလျှင်လဲ လူပွဲစားများတဆင့် (သို.) မိမိတို.`၏အသိမိတ်ဆွေများအကူအညီဖြင့် ရနောင်းဘက်ကမ်းသို.တရားဝင်(သို.)တရားမ၀င် ကူးကာ
ထိုင်းနိုင်ငံအတွင်းရှိ ပွဲစားများမှ တဆင့် သက်ဆိုင်ရာသွားလိုသည့်နယ်မြေများသို.သွားရောက်လျှက်ရှိပေသည်။ ကော့သောင်းဘက်မှ ရနောင်းဘက်သို.ကူးရာတွင် တရားဝင်
၇ ရက် အလည်အပါတ်စာအုပ်ပြုလုပ်ရန် မှတ်ပုံတင်မရှိသူများက ဘတ်ငွေ ၂၀၀၀ ဘတ် ၀န်ကျင်ခန်. ၊ မှတ်ပုံတင် (၆/မဟုတ်သူများ) ရှိသူများအနေနှင့် ဘတ်ငွေ ၁၃၀၀ ခန်.ကုန်ကျ ခံပြီး ပြုလုပ်ပေးသော လှေသမား(သို.)ပွဲစား များမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ လုပ်ဆောင်လျှက်ရှိနေပါသည်။
ရနောင်းမြို.ပေါ်သို.ရောက်လျှင် စုရပ်တစ်ခုအတွင်းစုဆောင်းပြီး ကားအမျိုးစုံဖြင် ထိုင်းနိုင်ငံအတွင်းသို. သယ်ဆောင်  လျှက်ရှိသည်မှာလဲ ယနေ.ထက်တိုင်ပင်။
အချို.ဆိုလျှင် လမ်းခရီး၌ အဖမ်းအဆီးခံရခြင်း ၊ ယာဉ်တိမ်းမှောက်ပြီး သေဆုံးခြင်း၊ ကားအတွင်း ကျပ်တည်းစွာ လိုက်ရပြီးလုံလောက်သော အသက်ရှူခွင့်မရသောကြောင့် သေဆုံးခြင်းများကလဲ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
မြ၀တီမှမဲဆောက်သို. တရားဝင် (သို.)တရားမ၀င် သွားရောက်ပြီး ကားလမ်းမှ တဆင့် ဘန်ကောက် နှင့်အခြားသော အလုပ်အကိုင်ရှိရာဒေများသို. ထိုင်းဘတ်ငွေ ၁၀၀၀၀ ကျော်ခန့် ပေးဆောင်ကာ ၀င်ရောက်ကြသူများလဲရှိပေသည်။ ထိုသို.ပို.ဆောင်ရာတွင်လဲ လူပွဲစားများ နှင့်ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ တာဝန်ရှိသူများ လက်ဝါးချင်းရိုက်ကာလုပ်ဆောင်ပေးနေသည်မှာလဲ အထင်အရှားပင်ဖြစ်ပါသည်။  ထိုကဲ့သို. နည်းမျိုးစုံဖြင့် မြန်မာပြည်သားများ ထိုင်းနိုင်ငံအတွင်းသို.၀င်ရောက်လာကြသည်မှာယခုအခါ တိတိကျကျပြောရန်ပင်ခက်ခဲသော ပမာဏ ဖြစ်နေပေသည်။
နောက်ဆက်တွဲ
ထိုသို.ဒုက္ခ ပေါင်းများစွာခံစားရပြီး မိမိတို.သွားလိုသော နေရပ်သို.ရောက်ရှိလျှင် ပြီးဆုံးသွားပါမည်လား ။ မပြီးဆုံးပါချေ အလုပ်ခွင် သို.ရောက်ရှိပြီး မကြာသောကာလမှာပင် ထိုင်းရဲများ`၏ဖမ်းဆီးခြင်းခံရပြီး မတန်တဆသောငွေကြေး ပေးဆောင်ပြီးလွတ်မြောက်သူ မပေးဆောင်နိုင်သောကြောင့် နယ်စပ်သို.ပြန်လည်ပို.ဆောင်သူ များမှာလဲဒုနဲ.ဒေးပင်။
အချို.ဆိုလျှင် အဆင့်ဆင့်ရောင်းစာခံရခြင်း၊ မိန်းကလေးများမှာလဲ အသွေးအသား ရောင်းစားရန်အလို.ငှာ ဆန္ဒအရ(သို.)အတင်းအကြပ် ရောင်းစားခံနေကြရသည်မှာလဲ သတင်းဌာနများမှဖော်ပြပြီးဖြစ်ပါသည်။
သာမန်သမ္မာအာဇီဝကျကျသောလုပ်ငန်များဖြစ်သော အိမ်ဖော်အလုပ်နှင့် အထွေထွေ လုပ်ငန်းများ ၊ စက်ရုံအလုပ်ရုံများတွင်လဲ အလုပ်ချိန် နှင့် အချိန်ပိုကြေးများ၊လုပ်အားလစာများခေါင်းပုံဖြတ်ခံရခြင်း လူ.အခွင့်အရေးချိုးဖောက်ခံရခြင်း၊အလုပ်သမားအခွင့်အရေး မရရှိခြင်းများဖြင့် ခေါင်းငုံခံကာ အလုပ်လုပ်ကိုင်နေလျှက်ရှိသည်မှာလဲ ဒုနဲ.ဒေးပင်။ အထွေထွေလုပ်ငန်းများထဲမှ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက် များ(သို.)အလုပ်ရှင် တို.`၏ လိမ်လည်မှု. ခေါင်းပုံဖြတ်မှု.များမှာလဲ ပြောမအဆုံးပေါင် တောသုံးထောင်သာဖြစ်ပေသည်။ ရော်ဘာခြံများတွင် လုပ်ကိုင်ကြသော သူများမှာလဲ အလုပ်ရှင်များ`၏ လှည့်ဖျားမှု.၊ နကလိန် ခေါ်
ဒါးပြ များများဧ။် ရန်ကိုကြုံတွေ.နေရသည်မှာလဲ ၆၀% ခန်.ရှိနေပေသေးသည်။ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူများအနေဖြင့် အဆင်ပြေခြင်းဆိုသည်မှာ လက်ရှိပမာဏ၏

ထိုင်းရောက်မြန်မာအလုပ်သမားများ သတိပြုရန်

  ၁၃.၇.၂၀၁၁

ထိုင်းနိုင်ငံအတွင်းတွင် ယာယီနိုင်ငံကူးလက်မှတ် (Pass Port)  ၊ အလုပ်ခွင့်လက်မှတ်  (၁)နှစ် (ဘတ်)၊ ကိုင်ဆောင်သူများ အား ယခုနှစ်  အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးခြင်း ပြီးဆုံးပါက သက်ဆိုင်ရာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ.များ နှင့် ထိုင်း လူဝင်မှု.ကြီးကြီးကြပ်ရေး(တာမော)  အဖွဲ.များသည် မြန်မာအလုပ်သမားများ အလုပ်သမားမှတ်ပုံတင်နှင့် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် (ပါတ်စပိုစ်ကိုင်ဆောင်သူ)များအား မှန်ကန်မှု.ရှိမရှိ ၊ အလုပ်ရှင်နာမည် နှင့် အလုပ် မှန်ကန်မှု.ရှိမရှိ ၊တိတိကျကျ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရှိရပြီး ၊ အကယ် ၍ စစ်ဆေးစဉ် အလုပ်ရှင် အမည် လွဲမှာခြင်း၊ ပါမစ်တွင်းမှ အလုပ်နှင့် လက်ရှိအလုပ် မတူညီခြင်း၊ အလုပ်ပြောင်းထားသော်လည်းအလုပ်ရှင်အမည် မပြောင်းထားခြင်း၊  ယာယီနိုင်ငံကူးလက်မှတ်များတွင် ၇ ရက်အတွင်း တာမော ရုံးသို.အကြောင်းကြားစာမရှိခြင်း၊
ရက်၉၀ တာမော တံဆိပ်ထုရန် ရက်ကျော်နေခြင်း  များအား  တွေ.ရှိပါက ထိရောက်စွာ ကိုင်တွယ် သွားမည်ဖြစ်ကြောင်း ကဘီခရိုင် ထိုင်းလူဝင်မှု.ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားလာပါတယ်။
 
ထို.ကြောင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားများအနေနှင့် မိမိတို.ကိုင်ဆောင်သော စာရွက်စာတမ်း များ ကိုကိုယ်နှင့်မကွာထားရှိရန် နှင့် မိမိတို.ကိုင်ဆောင်ထားသော ပါတ်စပိုစ့် နှင့် ၁နှစ်ခံဘတ်များကို အလုပ်ရှင် ၊အလုပ် နှင့် နယ်မြေ မှန်ကန်အောင် ပြုလုပ်ဆောင်ရွက်ထားသင့်ပါကြောင်း နှင့် မိမိတို.လက်လှမ်းမှီသမျှ လက်ဆင့်ကမ်းဖြန်.ဝေသွားပါရန် ။

မင်းလွမ်းနောင်(ပန်းတနော်)

မြန်မာ ၅ သိန်းကျော် ထိုင်းအလုပ်သမား မှတ်ပုံတင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ ရက်သာ လိုတော့သည့် ထိုင်းအလုပ်သမား မှတ်ပုံတင် Work permit ပြုလုပ်ပြီးချိန်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော် မှတ်ပုံတင်ပြီးပြီဟု လူ့အခွင့်အရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

“မနေ့ညထိတော့ ၄ သိန်း ၉ သောင်းကျော် လုပ်ပြီးပြီ၊ ဒီနေ့က ၅ သိန်းကျော်ပြီ” ဟု ထိုင်းနိုင်ငံတွင် လူအခွင့်အရေး
များ ဆောင်ရွက်နေသည့် ဘန်ကောက်အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေးပုဂ္ဂိုလ် အန်ဒီဟော Andy Hall က မဇ္ဈိမကို ပြောသည်။

ထိုင်းအစိုးရက ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တလတာအတွင်း မှတ်ပုံတင်ခွင့် ပြုထားပြီး၊ တရားဝင် မှတ်ပုံတင် ပြုလုပ်ခ ၃၉၈ဝ ဘတ် ကုန်ကျသည်။ သို့သော် အလုပ်သမား အများစုကမူ မြန်ဆန်လွယ်ကူသည့် ပွဲစားများဖြင့်သာ ပြုလုပ်ခဲ့ကြသည်။

ပွဲစားဖြင့် လုပ်ပါက ထိုင်းဘတ်ငွေ ၅ဝဝဝ ကျော်မှသည် ၇ဝဝဝ ထိ ကုန်ကျမှုများရှိသည်။

တရားဝင်လုပ်သား မှတ်ပုံတင် ပြုလုပ်ရာ၌ အလုပ်ရှင်၏ ထောက်ခံချက်၊ ဆေးစစ်ချက်အပြင်၊

ဖူးခက်တွင် ကျောင်းမနေနိုင်သည့် မြန်မာကလေးငယ် ၃ သောင်းရှိမည်ဟု ခန့်မှန်း

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သားမိသားစုများမှ ကျောင်းမနေနိုင်သော ကလေးငယ်မှာ ၃ သောင်းအထိ မြင့်တက်နေဖွယ်ရှိကြောင်း အာဏာပိုင်များက ခန့်မှန်းသည်ဟု ဖူးခက်ဝမ် ခရီးသွားသတင်းစဉ်တွင် ဖော်ပြထားသည်။ ဖူးခက်ရှိဆေးရုံတခုက ယခုနှစ်တွင် တလလျှင် မြန်မာရွှေ့ပြောင်းလုပ်သားစုမှ မိခင် ၅၀ မှ ၆၀ အထိ လာရောက် မီးဖွားကြပြီး ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ပြောထားသည်။ ဖူးခက်တွင် တရားဝင်နှင့် တရားမဝင် နေထိုင်သူ မြန်မာ ၁ သိန်းမှ ၂ သိန်းအထိ ရှိနိုင်ပြီး ၃ သောင်းမှာ ကလေးငယ်များဖြစ်သည်ဟု ခန့်မှန်းထားသည်။

ကျောက်မဲမြို့ ဗုံးကွဲ၊ ၄ ဦး ဒဏ်ရာရ

E-mail Print
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးတလုံးပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာရကြောင်း သတင်းရသည်။

News_Bomb_blast_t_13_July_2011_Yan_Pai
ကျောက်မဲမြို့ အဝင် မုခ်ဦး (ဓာတ်ပုံ - kyaukme.com)
ပေါက်ကွဲမှု ဖြစ်ပွားသည့် မြို့ဝင်ဂိတ်ကြေး ကောက်ခံသည့် နေရာအနီးတွင် စစ်သားတချို့နှင့် ရဲတပ်ဖွဲ့ဝင်တချို့ရှိကြောင်း ကျောက်မဲ မြို့ခံတဦးက ပြောသည်။

“ညဆိုတော့ ပေါက်ကွဲသံ ကျယ်တယ်၊ ဒဏ်ရာရတဲ့အထဲက ၃ ယောက်ကတော့ စိုးရိမ်ရတယ်ပြောတယ်” ဟု ဆိုသည်။

ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းသို့ ဧရာဝတီက

Tuesday, July 12, 2011

နိုင်ငံအုပ်ချုပ်ခဲ့သူများကို အစိုးရပိုင် သတင်းစာ ဆောင်းပါး တပုဒ်က ဝေဖန်

နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူတို့ အရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အစိုးရပိုင်သတင်း စာ တစ်စောင် ဖြစ်သော ကြေးမုံသတင်း စာပါ ဆောင်းပါး တပုဒ်က ဝေဖန် ရေးသားလိုက်သည်။
burmese-news-photoဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ " တိုင်းရင်းပီစွာ ရိုင်းပင်းညီကာ ၀ိုင်းဝန်း ပါဝင်ကြပါစို့ " ဆောင်းပါးတွင် ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင်

ရခိုင်တွင် နွားခိုးဂိုဏ်း သောင်းကျန်း

E-mail Print
ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ လယ်သမားများ၏ လယ်ယာလုပ်ငန်းခွင်မှ နွားများ ခိုးယူခံနေ၍ လယ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Burmese-cows-in-“နေခင်းဘက်တွေတောင် နွားတွေပျောက်နေပါတယ်။ ကျနော်တို့ရွာက ဦးစံသာကျော်ဆိုရင် တညတည်းမှာ ၃ ကောင် အခိုးခံလိုက်ရတယ်” ဟု စစ်တွေခရိုင် ကျောက်တော်မြို့နယ်၊ ဂုပ္ပီထောင့်ကျေးရွာသားတဦး က ဧရာဝတီသို့ ပြောသည်။

ဂုပ္ပီထောင့် ကျေးရွာတခုတည်းတွင် ဇွန်လကုန်မှ ဇူလိုင်လဆန်းအထိ နွား ၁၅ ကောင်အထိ အခိုးခံနေကြရကြောင်း၊ လယ်သမားတဦးလျှင် ၃ ကောင်၊ ၂ ကောင်၊ ၁ ကောင် စသည်ဖြင့် အခိုးခံနေရ၍ လယ်ယာလုပ်ငန်းခွင် ရပ်ဆိုင်းထားရသော လယ်သမားများရှိကြောင်း ၎င်းက ဆက်ရှင်းပြသည်။

ကျောက်တော်မြို့နယ် ကျေးရွာစု အများအပြား၌ နွားများပျောက်ဆုံးမှု ဇွန်၊ ဇူလိုင်

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သွားရောက်

2011-07-12
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ် Kim Aris ခေါ် ကိုထိန်လင်းနဲ့ ဒီမနက်ပိုင်းမှာ ရွှေတိဂုံ ဘုရားဖူးပြီး အာဇာနည် ဗိမာန်နဲ့ ရွှေတိဂုံ ဘုရားလမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်ကို သွားရောက် ကန်တော့ကြပါတယ်။ ဒီနေ့ ညနေပိုင်းမှာ ကိုထိန်လင်း ပြန်တော့မှာမို့ မပြန်ခင် မိခင်နဲ့ ဘုရားလည်း ဖူးမျှော် ကန်တော့ပြီး ကွယ်လွန်သူ ဘိုးဘွားတွေကို ဂူဗိမာန်တွေမှာ သွားရောက် ကန်တော့တာလို့ NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။
NLD
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် Kim Aris ခေါ် ကိုထိန်လင်းတို့ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အာဇာနည် ဗိမာန်ရှေ့တွင် တွေ့ရပုံ။ ဓါတ်ပုံ - NLD

ဝင်ရိုး


by Zay Yar on Wednesday, July 13, 2011 at 9:05am
ညနေ ၅ နာရီခွဲခန့်အချိန်….
“ဝေါ… ဂလုံး..ဂလုံး.. ဂျိမ်း..”
“အား.. သေပါပြီ”
“ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကယ်တော်မူပါ”
ပြင်းထန်လှတဲ့အရှိန်နဲ့ လဲပြိုသံ၊ ကမ္ဘာပျက်ခမန်း ငရဲခန်းတမျှ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အော်ဟစ် ညည်းတွားသံတွေက ကြက်သီးဖျင်းဖျင်း ထစေ၏။
“ဟိုက်.. ဘာဖြစ်တာပါလိမ့်” ဆိုတဲ့သိချင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် အပြေးလေးထွက်ကြည့်မိတော့.. မိုးလေ၀သ အခြေအနေကို စူးစမ်းနေတဲ့ကားဘီး.. မြေအပျော့အမာကိုစမ်းသပ်နေတဲ့ ကားအမိုး.. ခြေကျိုးလက် ကောက်၊ ထိပ်ပေါက်ခေါင်းကွဲ သွေးသံရဲရဲနဲ့ အော်ဟစ်ညည်းတွားနေတဲ့ အရွယ်စုံလူသားတွေရဲ့ ဖြစ်စဉ်က ယနေ့အထိ မြင်ကွင်းထဲကမထွက်၊ နီးစပ်ရာရပ်ဝန်းမှလူတွေက အခြေအနေမှန်သိလိုတာရယ်၊လူသားချင်း စာနာထောက်ထားစိတ်နဲ့ အကူအညီပေးရန် ပြေးလွှားလာကြတာ.. တချို့တချို့ ပုဆိုးတောင်ကျွတ်ကျ သည်ထိပင်။
          ဒဏ်ရာရ လွင့်စင်ကျလာတဲ့ ခရီးသည်တွေကို ဖေးကူ၊ ကားကြားညပ်နေသူတွေကိုဆွဲထုတ်၊ သက်ဆိုင်ရာကိုအကြောင်းကြား စသည့်အလုပ်တွေနဲ့ရှုပ်သွားကြလေတော့ အဖြေမှန်ကိုစပ်စုရန် အချိန်မရ။ ဒါကလည်း တကယ်တော့ အဓိကမကျဘူးလေ။ သက်ရှိတွေ ဘေးအန္တရာယ်ကင်းရှင်းရေးက

Monday, July 11, 2011

နိုင်ငံတကာ စက္ကူစွန်ပြပွဲ မြန်မာ ပါဝင်ပြသ

၂ ရက်တာကြာမြှင့်သည့် နိုင်ငံတကာ စက္ကူစွန်ပြပွဲကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်တွင် ယမန်နေ့က စတင်ကျင်းပရာ မြန်မာနိုင်ငံမှလည်း တခြား နိုင်ငံပေါင်း ၁၅ နိုင်ငံ အတူ ပါဝင် ပြသခဲ့သည်ဟု သတင်း ရရှိသည်။


Kite-Exhibition-in-Dhaka
အဆိုပါ စက္ကူစွန်ပြပွဲကို " The Prime Bank Asian Kite Exhibition" ဟု အမည်ပေးထားပြီး ဒက္ကားမြို့ရှိ အမျိုးသား ပြတိုက်ရှိ နာလီနိကန်တာ ဘာတာ ချာလီ ပြခန်းတွင် ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။

အဆိုပါ စွန်ပြပွဲ အခမ်းအနားကို ဘင်္ဂလာဒေခ်ျ့ ယဉ်ကျေးမူရေးရာ ၀န်ကြီး Promad Mankin တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အင်ဒိုနီးရှား သံအမတ်၊ တရုတ်သံအမတ်၊ Bangladesh Kite federation ဥက္ကဌ နှင့် တခြား ထိပ်တန်း အရာရှိများ တက်ရောက်ခဲ့ကြသည်။

မြန်မာနှင့် အတူ စက္ကူစွန်များ ပြသခဲ့သော နိုင်ငံများမှာ

တပ်​ပြေး​ က​လေး​စစ်သား​ကို ပြန်လည်ဖမ်း​ဆီး​နှိပ်စက်

Published on July 11, 2011 by နော်နိုရင်း   ·  (ဒီဗွီဗီ မှ ကူးယူဖေိာပြသည်)
က ​လေး​စစ်သား​အဖြစ် အဓမ္မစု​ဆောင်း​ခံရပြီး​ မိဘဆီ ပြန်လည်ထွက်​ပြေး​လာတဲ့​ အသက် ၁၅ နှစ်အရွယ် ​မောင်​ရေချမ်း​ကို တပ်က ပြန်လည်ဖမ်း​ဆီး​နှိပ်စက်​နေတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။
ရန်ကုန်တိုင်း ​ လှိုင်သာယာ အမှတ် ၁၂ ရပ်ကွက်မှာ​နေတဲ့​ ဦး​ညီညီနိုင်နဲ့​ ​ဒေါ်စပယ်ရဲ့​သား​ကြီး​ ​မောင်​ရေချမ်း​ဟာ ဖခင်နဲ့​စကား​များ​ပြီး​ အိမ်က​နေထွက်​ပြေး​ချိန် က​လေး​စစ်သား​အဖြစ် စု​ဆောင်း​ခံခဲ့​ရပါတယ်။
အိမ်ကထွက်သွား ​ပြီး​ ၄ လကြာမှ မိဘ​တွေကို သူဟာ သထုံ​လေ့​ကျင့်​ရေး​ တပ်စု ၁ မှာ ​ရောက်ရှိ​နေ​ကြောင်း​ ​ပြောပါတယ်။ ၂၀၀၉ ခုနှစ်က စစ်တပ်ထဲ သွတ်သွင်း​ခံရချိန် ​မောင်​ရေချမ်း​ဟာ အသက် ၁၃ နှစ်သာ ရှိ​သေး​ပေမယ့်​ စစ်တပ်က ပြန်လည်​ခေါ်ယူခွင့်​ မ​ပေး​ဘဲ ရှမ်း​ပြည် ခမရ ၃၁၂ ကို ပို့​ခဲ့​တယ်လို့​ မိခင်ဖြစ်သူ ​ဒေါ်စပယ် က ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ် ​မေလမှာ ​မောင်​ရေချမ်း​ဟာ တပ်က​နေ အိမ်ကို ပြန်​ရောက်လာခဲ့​ပြီး​ ၁၂ ရက်အကြာမှာ လှိုင်သာယာရဲနဲ့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​က ဖမ်း​ဆီး​ပြီး​ လှိုင်သာယာ ရဲအချုပ်မှာ မိခင်နဲ့​ ​တွေ့​ခွင့်​မ​ပေး​ဘဲ ချုပ်​နှောင်ပြီး​ တပ်ထဲ ပြန်သွင်း​ခဲ့​ပါတယ်။
ဇွန်လမှာ ​မောင်​ရေချမ်း​ဟာ ​နောက်ခါ တပ်က​နေ ပြန်ထွက်​ပြေး​လာခဲ့​ပြီး​ အိမ်မှာ ၁ လ​လောက် ​နေရချိန် ဇူလိုင်လ ၅ ရက်​နေ့​မှာ လှိုင်သာယာရဲ၊​ ကြက်​ခြေနီ၊​ မီး​သတ်နဲ့​ ရယက​တွေ အပါအဝင် အင်အား​ ၅ဝ ​လောက်နဲ့​ ​နေအိမ်မှာ လာ​ရောက် ဝိုင်း​ဝန်း​ဖမ်း​ဆီး​သွား​ပြီး​ ခုချိန်ထိ သား​ဖြစ်သူကို ​တွေ့​ခွင့်​မရဘူး​လို့​ ​မောင်​ရေချမ်း​ရဲ့​ အ​မေ ​ဒေါ်စပယ်က ​ပြောပါတယ်။
“၇ လပိုင်း​၊​ ၅ ရက်​နေ့​ ည ၁၁ နာရီမှာ ဖမ်း​ဆီး​သွား​ခဲ့​ပါတယ်။ ရပ်ကွက် လူကြီး​ရယ်၊​ ​နောက် မီး​သတ်တပ်ကြပ်ကြီး​တွေရယ် ဝိုင်း​ပြီး​ ရိုက်ပုတ်၊​ ဖမ်း​ဆီး​ပြီး​တော့​ လှိုင်သာယာရဲစခန်း​ကို ပို့​လိုက်ပါတယ်။ ရဲစခန်း​က​နေ ၃ ရက်အကြာမှာ အုတ်ကျင်း​အကျဉ်း​စခန်း​ကို ​မောင်​ရေချမ်း​ကို ပို့​ခဲ့​ပါတယ်။ အချုပ်ခန်း​ကို ကျမက ​တောင်း​ပန်ပြီး​တော့​ လိုက်သွား​ပါတယ်။ စစ်တပ်ထဲကို ပြန်​ခေါ်သွား​ရင် သူ့​ကိုယ်သူ သတ်​သေမယ်လို့​ ကျမသား​လေး​က ​ပြောခဲ့​ပါတယ်။ အဲဒီမှာလည်း​ နှိပ်စက်ညှဉ်း​ပန်း​ခံရတယ်။”
မောင်​ရေချမ်း ​ဟာ တပ်က​နေ ထွက်​ပြေး​တာ ဒီတကြိမ်နဲ့​ဆိုရင် သုံး​ကြိမ်ရှိသွား​ပြီ ဖြစ်ပြီး​ ပထမနဲ့​ ဒုတိယအကြိမ်​တွေမှာလည်း​ ပြန်လည် ဖမ်း​ဆီး​သွား​ပြီး​ ညှဉ်း​ပန်း​နှိပ်စက်တာကို ခံခဲ့​ရတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။
အသက် ၁၅ နှစ်ပဲရှိ​သေး​တဲ့​ ​မောင်​ရေချမ်း​ကို တပ်မ​တော်အရာရှိ​တွေက ပြန်လွှတ်​ပေး​ဖို့​လည်း

ဒေါ်စု အာဇာနည်ဗိမာန် သွားမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သားငယ် ကိုထိန်လင်းနှင့် အတူ အင်္ဂါနေ့မနက်တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက
 ပြောသည်။

မနက် ၇ နာရီတွင် ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်
အနီးရှိ ကွယ်လွန်သူ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုမည်။ ထို့နောက် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က အလည်အပတ် ရောက်ရှိလာသည့် သားဖြစ်သူ ကိုထိန်လင်းမှာ မနက်ဖြန် ညပိုင်းတွင် နေရပ်ရင်း ဗြိတိန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

ထို့အပြင် အာဏာပိုင်များက ဖိတ်ကြားလျှင် ဇူလိုင် ၁၉
rzarnipatmann
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း သွားရောက်ရန် စီစဉ်ထား (ဓါတ်ပုံ မဇ္ဈိမ)

ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုမည်ဟု တနင်္လာနေ့ မနက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြုလုပ်သည့်
သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို
 ပြောကြားခဲ့သေးသည်။

“မနက်က သတင်းထောက်က မေးတော့ ဖိတ်ရင်သွားမှာပေါ့တဲ့။ အခုထက်ထိ ဖိတ်သေးပုံ မပေါ်ဘူးခင်ဗျ။ NLD ကတော့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ရှိပါတယ်။ အခမ်းအနားလုပ်မယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။



သို့သော် မနက်ဖြန် အာဇာနည်ဗိမာန် သွားရောက်မည့် အစီအစဉ်ကိုမူ သေချာစွာ မသိရသေးဟုဆိုကာ သူက “ကျနော်ကြားတာက နက်ဖြန် ခရီးစဉ်တခု ရှိတယ်လို့ပဲ ကြားပါတယ်။ ဘယ်ရယ်ဘာညာ မသိပါဘူး” ဟု ဆိုသည်။

၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်ဗိမာန်သို့
သွားရောက် ဂါရဝပြုခွင့်မှာ ၈ ကြိမ်သာ ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် နောက်ဆုံးအကြိမ်

ABSDF ကို ကချင်နယ်ထဲ ပြန်ဖွဲ့ရန် ကြိုးပမ်းနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲသံများ ပြန်ကြားလာရချိန်တွင်
 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်း ကချင်ပြည်နယ်တွင်း တပ်ပြန်ဖွဲ့ရန် ကြိုးပမ်းနေသည်။

ကချင်နှင့်အတူတွဲပြီး တိုက်မည့် အစီအစဉ်အရ တပ်ပြန်ဖွဲ့မှုတွင် မြန်မာ-တရုတ် နယ်စပ်တွင် နေထိုင်နေသော ABSDF အဖွဲ့ဝင်ဟောင်းများကို အဓိကထားကာ

စစ်ကား ၅၂ စီးစာ အိန္ဒိယ စစ်လက်နက်များ မြန်မာစစ်တပ်က သယ်ဆောင်သွား

အိန္ဒိယ နိုင်ငံအရှေ့မြောက်ဖက်မဏိပူရ်ပြည်နယ် မိုးရေးမြို့ မှ စစ်လက်နက်အပြည့်တင်ဆောင်လာသော မြန်မာစစ်တပ်သုံး စစ်ကား ၅၂ စီးသည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့မှ တဆင့် မြန်မာပြည်တွင်းသို့ ထွက်ခွါသွား ကြောင်း သိရသည်။
” မြန်မာ စစ်ကားတွေဟာ ဇူလိုင်လ ၃ ရက်နေ့က မိုးရေးမြို့ကို ၀င်သွားပြီးတော့ ဇူလိုင် ၇ ရက်နေ့မှာ မိုးရေးကနေ လက် နက် အပြည့်နဲ့ပြန်ထွက်လာ တယ်၊ မိုးကာအုပ်ထားပေမဲ့ လက်နက်သေတ္တာတွေ အပြည့်ပဲ” ဟု တမူးမြို့မှ အမည်မ ဖော်လို သူတဦးက ပြောသည်။
ဆက်လက်ပြီး ”  မိုးရေးမြို့မှ ချင်းအမျိုးသား ကုန်သည်တဦးက မြန်မာစစ်ကားတွေ မိုးရေးမြို့ကနေ လက်နက်တင် ဆောင်လာလိမ့်မယ်လို့ ဖုန်းထဲကနေ လာပြောတယ် ၊ လက်နက်အမျိုးအစားတော့ မသိရပါ ” ဟု ပြောသည်။
အဆိုပါ စစ်ကားများသည် တမူးမြို့မှ တဆင့် ကလေးမြို့ကို ညတွင်းချင်းဝင်ပြီး တဆက်တည်း နတ်ချောင်းကနေ မကွေး တိုင်း ဂန့်ဂေါ လမ်းဖက်သို့ ထွက်သွားကြောင်း သိရသည်။
” မန္တလေးမြို့ကို ထွက်သွားပုံရတယ်၊ ကားရှေ့မှာ ကားဒရိုင်ဗာနဲ့ တခြားစစ်သားတဦးထိုင်ကြတယ်” ဟု ကလေးမြို့မှ ဒေသခံမျက်မြင် တဦးက ပြောသည်။
အဆိုပါလက်နက်များသည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ဖက်ကို တင်ပို့ဖို့ဖြစ်နိုင်ကြောင်း ကလေးမြို့မှ ကုန်သည် တဦးက ဆိုသည်။
ဇွန်လ ၁၄ ရက်နေ့က ကချင်ပြည်သို့ စစ်ကူပို့မည့် ချင်းပြည်နယ် မှ စစ်အစိုးရစစ် သားများသယ် ဆောင်သော ဘာစ်ကား တစီး တိမ်း မှောက်ခဲ့ပြီး စစ်သား ၄၀ ဦး ဒါဏ်ရာ ရရှိခဲ့သည်။
မြန်မာစစ်အစိုးရ နှင့် ၁၇ နှစ်ကြာမျှ ငြိမ်းချမ်းရေး ရယူခဲ့သော ကေအိုင်အို သည် စစ် အစိုးရ နှင့် ယခုနှစ်အတွင်း စစ်ရေး တင်းမာခဲ့ လာခဲ့ရာ ဇွန် ၉ ရက် နေ့က စပြီး တိုက်ပွဲများ ဆက်တိုက်  ဖြစ်ပွားနေသည်။

Work permit လုပ်ချိန် ၃ ရက်သာ ကျန်တော့သည်(ထိုင်း)

July 11th, 2011(လွတ်လပ်သောမွန်သတင်းအေဂျင်စီမှကူးယူဖော်ပြသည်) ကျလွန်းထော – ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တရားဝင်လုပ်သားမှတ်ပုံတင် (Work permit) လုပ်ရန် ၃ ရက်သာ ကျန်တော့ကြောင်း ထိုင်းအစိုးရ၏ ကြေငြာချက်အရ သိရသည်။
ပြီးခဲ့သည့်ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အတွင်း အချိန်တစ်လတိတိ ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားများကို တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင်ခွင့် ပေးနေခြင်းဖြစ်သည်။
တရားဝင်လုပ်သားမှတ်ပုံတင် ပြုလုပ်ရာတွင် ထိုင်းငွေ ၆၀၀၀ ဘတ် ကုန်ကျခဲ့သည်ဟု ထိုင်းနိုင်ငံ စံခလပူရီမြို့နယ်မှ အလုပ်သမားတစ်ဦးက ပြောသည်။
“ကျမတို့က ပွဲစားနဲ့လုပ်တာ အကုန်အကျများပါတယ်၊ တကယ်လို့ ကိုယ်တိုင်သွားရင် ဘတ် ၄၀၀၀ လောက်ပဲကုန်မယ်၊ အလုပ်လည်းမရှုပ်ရအောင် အချိန်ကနည်းနေတော့ မြန်ဆန်အောင်ဆိုပြီး ပွဲစားကတဆင့်လုပ်လိုက်တာ၊ ပတ်စပို့ဆက်လုပ်ဖို့ ကျန်သေးတယ်” ဟု သူမက ပြောသည်။
တရားဝင်လုပ်သားမှတ်ပုံတင်အတွက် ထိုင်းအစိုးရက တနေ့ချင်း one stop service လုပ်ရာတွင် ဘတ် ၃၈၀၀ သတ်မှတ်ခဲ့သော်လည်း ကြားပွဲစားများအနေဖြင့် ဘတ် ၆၀၀၀၊ ၇၀၀၀ အထိ ကုန်ကျနိုင်သည်ဟု သိရသည်။
တရားဝင်လုပ်သား မှတ်ပုံတင် ပြုလုပ်ရာတွင် အလုပ်ရှင်၏ ထောက်ခံချက်၊ ဆေးစစ်ချက်အပြင်၊ အမည်နေရပ်လိပ်စာ အပြည့်အစုံကို Form ဖြည့်ပေးသည်ဟု သိရသည်။
လက်ရှိအခြေအနေတွင် မြန်မာအလုပ်သမား စုစုပေါင်း ၅ သိန်းကျော် တရားဝင်လုပ်သားမှတ်ပုံတင် လာရောက်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက် မှတ်ပုံတင်သူများလည်း ရှိနေသေးကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားများ ကူညီစောင့်ရှောက်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြန်မာအလုပ်သမားတွေ ဒီ (Work Permit) မလုပ်တဲ့သူ မရှိကြတော့ဘူး၊ (Work permit) မရှိရင် ယာယီနိုင်ငံကူးလက်မှတ် လုပ်လို့လည်းမရဘူးဆိုတော့၊ အကုန်လာလုပ်ကြတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာအလုပ်သမားများမှာ ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီးသူနှင့် တရားဝင်လုပ်သားမှတ်ပုံတင် (Work permit) ပြုလုပ်ပြီးသူစာရင်းအရ ၁၆ သိန်းကျော်ရှိပြီးဟု ၄င်းအလုပ်သမားကူညီစောင့်ရှောက်ရေးအေဂျင်စီ၏ စာရင်းအရ သိရသည်။
တစ်လအတွင်း တရားဝင်လုပ်သားမှတ်ပုံတင်ခွင့် ပြုလုပ်ရန် ထိုင်းအစိုးရမှ ခွင့်ပြုချက်ပေးထားပြီး ၄င်းတစ်လတာ ကာလအတွင်း အလုပ်သမားဦးရေး တစ်သန်းအထိ မှတ်ပုံတင်နိုင်ရန် ခန့်မှန်းထားသည်။ ထို့အပြင် အလုပ်သမားများ မှတ်ပုံတင်နေစဉ်ကာလအတွင်း ဖမ်းဆီးမှုမပြုလုပ်ရန် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးနှင့် အလုပ်သမားဝန်ကြီးဌာနများက ညွှန်ကြားထားသည်

ကော့ကရိတ်မြို့နယ်တွင် ရွှေဆိုင်ဓါးပြတိုက်လူသတ်မှုဖြစ်

July 11th, 2011(မွန်းသတင်းအေဂျင်စီမှကူးယူဖော်ပြသည်) မင်းသုတ - လွန်ခဲ့သည့်စနေနေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာ၌ ရွှေဆိုင်ဓါးပြတိုက်မှုတရပ် ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လက်နက်ငယ်ကိုင် ဓါးပြသုံးဦးတို့သည် မော်တော်ဆိုင်ကယ်ဦးထုပ် ကိုယ်စီဆောင်းထားကြပြီး ကမ်းနီကျေးရွာဈေးကြီးရှိ နိုင်ထွန်းဝင်းရွှေဆိုင်နှင့် မနန်းမြရွှေဆိုင်နှစ်ဆိုင်အား ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။
မနန်းမြက ဓါးပြတိုက်တာကို အော်လိုက်တော့ ခေါင်းကို သေနတ်ပစ်ခံထိသွားတယ်၊ ပွဲချင်းပြီး သေသွားတယ်” ဟု ကမ်းနီကျေးရွာသူ မိအေးက ပြောသည်။
ထို့အတူ နိုင်ထွန်းဝင်းရွှေဆိုင်မှ ရွှေသားအထည် ၅၀ ကျပ်သားခန့်နှင့် မနန်းမြရွှေဆိုင်မှ ရွှေသားအထည် ၂၅၀ ကျပ်သားခန့် ဓါးပြများလက်ထဲ ပါသွားသည်ဟု ကမ်းနီကျေးရွာသားအချို့ ခန့်မှန်းပြောဆိုနေသည်။
အဆိုပါ ဓါးပြသုံးဦးအနက် အခင်းဖြစ်ပွားပြီး မကြာမီအချိန်တွင်း ပါဝင်ခဲ့သူဓါးပြတစ်ဦးကို ကမ်းနီကျေးရွာ ရဲစခန်းမှ ဖမ်းဆီးရမိသော်လည်း ကျန်နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရွာသားအချို့ မှ သိရသည်။
ရွာမှာနေထိုင်ရတာ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်တော့ဘူး၊ ဟိုလိုလို ဒီလိုလို သတင်းထွက်နေပြီး ကြောက်နေကြရတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ကမ်းနီကျေးရွာသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာဖြစ်ပြီး မွန်၊ ကရင်တိုင်းရင်းသားများ နေထိုင်ကြသည်ဟု သိရသည်။ ကမ်းနီကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ခန့် ရှိမည်ဟုခန့် မှန်းရပါသည်။
စစ်အစိုးရနှင့်အပစ်ရပ်စဲခဲ့သည့် ကာလများတွင် အဆိုပါ ကမ်းနီကျေးရွာ၌ မွန်ပြည်သစ်ပါတီ၊ သထုံခရိုင်တပ်ရင်းလက်အောက်ခံတပ်များ လှုပ်ရှားရာ နယ်မြေဖြစ်ခဲ့သော်လည်း လက်ရှိ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ဆဲကာလ၌ မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ မသွားရောက်နိုင်တော့ပေ။ မွန်ပြည်သစ်ပါတီမှ ပြည့်ပြည့်ဝဝနှင့် လုံခြုံရေး မပေးနိုင်သည့်အတွက် ဓါးပြများ သောင်းကျန်းလာခြင်း ဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ဆဲကာလ၌ မွန်နှင့်ကရင်ပြည်နယ် ဒေသအချို့တွင် ဗုံးပေါက်ကွဲခြင်း၊ ဈေးဆိုင်၊ ရွှေဆိုင်အချို့ လုယက်တိုက်ခိုက်ခံရသည့် ကိစ္စရပ်များ မကြာမကြာ ဖြစ်ပေါ်နေပေသည်။ ပြည်သူတို့မှာလည်း လုံခြုံမှု မရှိတော့ကြောင်း ပြောဆိုနေပေသည်။

KIA စခန်းများ လက်နက်ကြီးဒဏ်ခံရ

E-mail Print
အစိုးရတပ်က ကချင်လက်နက်ကိုင် အဖွဲ့၏ စခန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက် ရှိပြီ ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ယနေ့ ပြောလိုက်သည်။

general-kachin-mm
ပြီးခဲ့သည့်လက လိုင်ဇာမြို့အနီး တွေ့ရသော KIA ခေါင်းဆောင် တချို့ (ဓာတ်ပုံ - ဧရာဝတီ)
ပစ်မှတ်ထားခံနေရသည့် စခန်းများမှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်စခန်း ၂ ခု ဖြစ်သည်ဟု ဆိုသည်။

“သူတို့ကို ပြန်ပစ်မယ် ဆိုရင်တော့ သူတို့ရဲ့ ရေအား လျှပ်စစ်စီမံကိန်း အဆောက်အအုံ၊ စက်ရုံတွေကို ထိနိုင်တယ်၊ အဲဒါကို သူတို့က အကာအကွယ် ယူပြီးတော့ စက်ရုံဝန်းထဲကနေ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်” ဟု ဦးလနန်က ပြောသည်။

လက်နက်ကြီးကျည်တချို့ KIA တပ်စခန်း အနီးတွင် ကျခဲ့သော်လည်း စခန်းကို ထိခိုက်မှု မရှိကြောင်း၊ အခြေအနေကို စောင့်ကြည့်လေ့လာပြီး ခုခံ တိုက်ခိုက်မည် ဖြစ်ကြောင်း ဦးလနန်က ဧရာဝတီကို  ပြောသည်။  

ပြီးခဲ့သည့် တပတ်ကလည်း လိုင်ဇာမြို့နယ် အတွင်းရှိ KIA ရှေ့တန်း တပ်စခန်းတခု လက်နက်ကြီးများဖြင့်

နိုင်ငံကူးလက်မှတ် သုံးပတ်နှင့် ရမည်

E-mail Print
နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ပိုမို မြန်ဆန်စွာ ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ လက်မှတ် ထုတ်ပေးရေး အဖွဲ့ ထံမှ သိရသည်။

“သုံးပတ်နဲ့ ထုတ်ပေးဖို့ ကျနော်တို့မှာ အစီအစဉ် ရှိပါတယ်၊ အကောင်အထည် ဖော်နိုင်အောင်လည်း ကြိုးစားနေတယ်” ဟု နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုအစီအစဉ် မည်သည့် အချိန်တွင် စတင်မည်ကို အတိအကျ မသိရသော်လည်း မကြာမီ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

စာအုပ် ဟု အများက ခေါ်ကြသည့် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် ပုံမှန် စောင့်ဆိုင်းရသည့် ကာလမှာ တလ ဖြစ်သည်။

“တလ ကြာတယ် ဆိုတာကလဲ လျှောက်ထားသူရဲ့ နောက်ကြောင်း ပြစ်မှု ရှိမရှိ စစ်တာတွေ လုပ်ရတယ်၊ ပြစ်မှုကင်းတဲ့လူဆို တလ ဆိုတာနဲ့ စာအုပ် ထွက်ပါတယ်” ဟု နိုင်ငံကူးလက်မှတ် လျှောက်လွှာများ စိစစ်ရေး ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

စာအုပ်ရရှိရေး ခက်ခဲနေသူများထဲတွင် အမှု ရင်ဆိုင်နေရသူများ၊ အမည်ပျက်စာရင်း ၀င်နေသူများ ပါဝင်သည်ဟု သိရသည်။

ဇူလိုင် ၁ ရက်နေ့က ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းရှိ နိုင်ငံကူးလက်မှတ်ရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့သွားပြီး ရက်ပိုင်းအတွင်း လုပ်ငန်းများ ပိုမို မြန်ဆန်စွာ ဆောင်ရွက်မည် ဟူသော သတင်း ထွက်လာခြင်း  ဖြစ်သည်။

ရုံးသစ်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားသည်ကို တွေ့ရကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူတဦးက ပြောသည်။

“ရုံး အ၀မှာ မှတ်ပုံတင် နဲ့ လူကို ကွန်ပျူတာစနစ်နဲ့ စစ်ပြီး မှတ်တမ်း တင်တယ်၊ ဓာတ်ပုံ ရိုက်ယူတယ်၊ ပြီးမှ အထဲကို ပေးဝင်တော့တယ်” ဟု သူက ရှင်းပြသည်။

ရန်ကုန် တမြို့တည်းတွင်သာ နိုင်ငံကူးလက်မှတ်ရုံးရှိပြီး လက်မှတ်ရလိုသူ ကိုယ်တိုင် ရုံးသို့ ကိုယ်တိုင် သွားရောက် လျှောက်လွှာတင်ရမည်ဖြစ်သည်။

မြဝတီ ကြံ့ဖွံ့ရုံးအနီး ဗုံးကွဲ

E-mail Print
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ အမှတ် ၄ ရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရုံးအနီးတွင် ယမန်နေ့ညက ဗုံးတလုံး ပေါက်ကွဲ ခဲ့သည်။

Myawaddy_street-mwd
မြဝတီမြို့

ည ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကြောင့် အဆောက်အဦးအနည်းငယ် ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးခြင်းမရှိဟု မြတီမြို့ခံ အစိုးရ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “မနေ့ညက ပေါက်တာ ဟုတ်တယ်။ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ပြည်ခိုင်ဖြိုးရုံးနားမှာ ပေါက်တာ။ ကွဲတဲ့အသံကို တမြို့လုံးကြားရတယ်။ တမြို့လုံး ထိပ်လန့်တာတွေ ရှိနေပေမယ့် မြို့ထဲမှာတော့ အားလုံး ပုံမှန်အတိုင်း သွားလာနေကြတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းကိုမူ

ရဲတံခွန်လုပ်ကွက်တွင် ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦးသေဆုံး

E-mail Print
တနင်္သာရီ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တူးဖော်နေသည့် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် အတွင်း ပျက်ကျသွားရာ လူ ၃ ဦး သေဆုံးသွားသည်။

yetagun-blog
ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ လုပ်ကွက်တခု မြင်ကွင်း (ဓာတ်ပုံ - 3kachin.blogspot.com)
ရဟတ်ယာဉ်မှာ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ရေနံကုမ္ပဏီက သယ်ယူပို့ဆောင်ရေးအတွက် ပြင်သစ်အခြေစိုက် ဟယ်လီ ယူနီယံ Heli Union ကုမ္ပဏီမှ ငှားရမ်းသုံးစွဲထားသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် လူ ၁၄ ယောက် လိုက်ပါ လာကြောင်း ပက်ထရိုနပ်စ်နှင့် နီးစပ်သူတဦးက ပြောသည်။

“တွင်းတူးစင်ကို အသွား ၃ မိနစ်အတွင်းမှာ ပျက်ကျတာ၊ ရေထဲရောက်တော့ စောက်ထိုးဖြစ်နေတယ်၊ ဒါပေမယ့် ဗော့တွေပါတော့ နစ်မသွားဘူး ပေါ်နေသေးတယ်” ဟု ၎င်းကဆိုသည်။

တွင်းတူးစင်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် လူချင်းလဲလှယ်ရန် အသွားတွင် ပျက်ကျသွားခြင်းဖြစ်ပြီး ၁၁ ဦးကို ကယ်ဆယ် နိုင်ပြီး ရဟတ်ယာဉ်မောင်းသူ အပါအ၀င် မြန်မာ ၃ ဦးသေဆုံးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Heli Union ရဟတ်ယာဉ်

Sunday, July 10, 2011

ထိုင်းသွားမည့် ရွှေ့ပြောင်းလုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်


ဝင်းကိုကိုလတ်(မြန်မာတိုမ်းမှကူးယူဖော်ပြသည်)
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၏ ယာယီနိုင်ငံကူး လက်မှတ်သက်တမ်းကို ယခင်က သုံးနှစ်သတ်မှတ်ခဲ့ရာမှ ဇူလိုင်လမှစတင်၍ ခြောက်နှစ်သက်တမ်းသို့ တိုးမြှင့်ပေးသွားမည်ဖြစ် ကြောင်း ရွှေ့ ပြောင်းလုပ်သားရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။

"ဇူလိုင်လမတိုင်ခင်က ထုတ်ပေးထားတဲ့ သုံးနှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်ကိုင်ထားတဲ့သူတွေကို သက်တမ်းတိုးရင် နောက်ထပ် သုံးနှစ်ထပ်တိုး ပေးမယ်။ အသစ်လျှောက်မယ့် သူတွေကို ခြောက်နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေး သွားမှာပါ"ဟု ၎င်း ကျွမ်းကျင်သူက ပြောသည်။

ထိုင်းအစိုးရကလည်း မြန်မာရွှေ့ ပြောင်းလုပ်သားများကို မှတ်ပုံတင်နိုင် ရန် နိုင်ငံတစ်ဝန်းတွင် ဌာန ၈၅ ခု ဖွင့်လှစ် ပြီး ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၄ ရက် အထိ မှတ်ပုံတင်ခွင့်ပေးထားရာ ဇွန်လ ၂၉ ရက်အထိ မြန်မာလုပ်သားပေါင်း ၂၈၆,၅၆၂ ဦး မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင် ခွင့် နောက်ဆုံးရက်မတိုင်မီ လူတစ်သန်း အထိ မှတ်ပုံတင်နိုင်လိမ့်မည်ဟု ထိုင်း အစိုးရက ခန့်မှန်းထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးခြင်းနှင့် ယခင်ကကဲ့သို့ ငွေညှစ် ခြင်းများမပြုလုပ်ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ထိုင်းရဲတပ်ဖွဲ့ကို အရေးပေါ် အကြောင်းကြားစာထုတ်ပြန်ထားပြီး ထိုင်းအလုပ်ရှင်များကိုလည်း ပွဲစားနှင့် ကြားခံလုပ်ပေးပါက အလုပ်ရှင်၏ ကိုယ်စားလှယ်သာဖြစ်ရမည်ဟု သတိပေးထားကြောင်း သိရသည်။

"အလုပ်ရှင်အစစ်မဟုတ်တာ၊ အလုပ် သမားတွေ ကိုယ်စားလှယ်လုပ်တာတို့၊ အလုပ်သမားတွေအပေါ် ပွဲစားခ အဆ မတန်တောင်းမှာ စိုးတဲ့အတွက် ခုလိုလုပ်တာလို့ သိရပါတယ်"ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြောသည်။

ထို့ပြင် ထိုင်းဗီဇာခကိုလည်း ယခင် အတိုင်း ဘတ် ၅၀၀ သာ ဆက်လက် ကောက်ခံရန် ထိုင်းနိုင်ငံ၊ လူဝင်မှုကြီး ကြပ်ရေး၊ နိုင်ငံခြား ရေးနှင့် အလုပ်သမား ၀န်ကြီးဌာနတို့ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ထိုင်းနိုင်ငံဥပဒေအရ ပြည်ပ အလုပ်သမားများသည် လေးနှစ်သာ အလုပ်လုပ်ခွင့်ရရှိပြီးနောက် သုံးနှစ်ကို မိခင်နိုင်ငံသို့ ပြန်ကြရသည်။

ယင်းသုံး နှစ်ကျော်လွန်မှသာ ထိုင်းနိုင်ငံသို့ ပြန် လည်ဝင်ရောက်ကာ ထပ်မံ အလုပ်လုပ် ပိုင်ခွင့်ရရှိကြသော်လည်း ယင်းစနစ် သည် ပြောင်းလဲဖွယ်ရှိကြောင်း ဆရာ ၀င်းနိုင်ထွန်းက ပြောကြားသည်။

"ထိုင်းဥပဒေအရ ပြည်ပအလုပ် သမားတွေဟာ ထိုင်းမှာ လေးနှစ် အလုပ် လုပ်၊ သုံးနှစ် မိခင်နိုင်ငံ ပြန်နားရပေမယ့် မြန်မာလုပ်သား တွေအဖို့တော့ သုံးနှစ် ပြန်စရာမလိုဘဲ လပိုင်းသာ ပြန်လာပြီး အလုပ်ပြန်ဆင်းရရေးကို ထိုင်းအစိုးရက ကြိုးစားပေးမယ်လို့ သိထား ပါတယ်"ဟု ၎င်းက ပြောသည်။

KIA စခန်းတွေကို ပစ်ခတ်မှု ရန်စတဲ့ လုပ်ရပ်ဟု KIA သုံးသပ်

မြန်မာအစိုးရ တပ်တွေက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ တပ်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်ပြီး လုပ်နေတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ တာပိန်မြစ်အနီးမှာရှိတဲ့ KIA တပ်ရင်း ၂၅ ကို ပစ်ခတ် တိုက်ခိုက်တာတွေ ဒီနေ့ နေ့ခင်းပိုင်းမှာ ပြုလုပ်ခဲ့သလိုပဲ အရှေ့ဘက် တရုတ်၊ မြန်မာ နယ်စပ်က ရှေ့တန်းစခန်းကိုလည်း မနေ့ညပိုင်းတုန်းက ပစ်ခတ်ရာမှာ တရုတ်နိုင်ငံ နယ်နိမိတ်ထဲ ထိအောင် ကျရောက် ပေါက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြပေးထား ပါတယ်။
နေ့လယ် ၁၂ နာရီလောက်ကနေ ညနေ ၃ နာရီဝန်းကျင်အထိ တာပိန်မြစ် မြောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၂၅ တည်ရှိတဲ့ နေရာကို လှမ်းပြီး ပစ်ခတ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာမှ ထိခိုက်တာ မရှိတဲ့အတွက် KIA ဘက်က တုံ့ပြန် ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ မနေ့ ညဘက်ကတော့ တရုတ်၊ မြန်မာ နယ်စပ် ဖြစ်တဲ့ ဘဒန်ဂေါင်နဲ့ ဘုံဂျောင်း ရှေ့တန်းစခန်းတွေကို လက်နက်ကြီး အလုံးရေ ၁၀ လုံးကျော် ပစ်ခတ်ခဲ့တယ် လို့ KIO အဖွဲ့ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးလနန်က ဗွီအိုအေကို ပြောပါတယ်။
“ဒီနေ့ နေ့လယ် ၁၂ နာရီ ပတ်ဝန်းကျင်ကနေပြီးတော့ တာပိန် ရေအားလျှပ်စစ်ရှေ့မှာ တာဝန်ယူထားတဲ့ သူတို့ လုံခြုံရေးတပ်ဖွဲ့က နေပြီးတော့ ကျနော်တို့ KIA တပ်ရင်း ၂၅ ရဲ့ ရှေ့တန်းစခန်းကို လက်နက်ကြီးနဲ့ ပစ်တာ ၃ နာရီ ပတ်ဝန်းကျင်လောက်အထိ ကြိုးကြား ကြိုးကြား ပစ်နေတာ ရှိတယ်။
“နောက်တခုက မနေ့ည နဖွတ်စခန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတော့ အားလုံး ၁၄ လုံး ရှိတယ်။ နပွတ်စခန်းကနေပြီးတော့ ဘဒန်ဂေါင်ဆိုတဲ့ ကျနော်တို့ ရှေ့တန်းစခန်းကို ၇ လုံးပစ်တယ်။ ပြီးတော့

မြန်မာ့ခရီးသွားလုပ်ငန်း ၂၅% တိုးလာ

မြန်မာနိုင်ငံကို ဒီနှစ်အတွင်း နိုင်ငံခြား ခရီးသည်တွေ လာတာ ၂၅% လောက် တိုးလာတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်လာရတာက မြန်မာပြည်ကိုလာဖို့ ပြည်ဝင်ခွင့် ဗီဇာတွေ အရင်ကထက် လွယ်ကူလာတာတွေရယ်၊ မြန်မာပြည်နဲ့ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ တိုးလာတာရယ်ကြောင့်လို့ ဆိုပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ အခု ၂၀၁၁ ခုနှစ် ပထမ ၅ လအတွင်း နိုင်ငံတကာ ခရီးသည်ပေါင်း ၁၅၀,၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ဒီပမာဏက အရင် ၂၀၁၀ နဲ့စာရင် ၂၅% လောက် တိုးလာတာလို့ မြန်မာ့ခရီးသွား လုပ်ငန်းရှင် တဦးက ပြောပါတယ်။
“မနှစ်ကနဲ့ ယှဉ်ရင်တော့ ၂၅% လောက် တက်တယ်လို့ ပြောရမှာပေါ့။ အိမ်နီးချင်း နိုင်ငံတွေကလည်း Tourism၊ အထူးသဖြင့် ထိုင်းကလည်း လူတွေက သိပ်မသွားချင်ကြတဲ့အခါ မြန်မာပြည်ကလည်း Awareness ဖြစ်လာတာပေါ့။ Destination Awareness ဖြစ်လာတဲ့

မြန်မာစစ်တပ်နှင့် SSA နောက်ဆက်တွဲ တိုက်ပွဲကြောင့် ကိုးဦး သေဆုံး

2011-07-10
ရှမ်းပြည်တောင်ပိုင်း တောင်ကြီး- လွိုင်လင်ကားလမ်းပေါ်ရှိ ခေါင်နွဲ့ရွာ အနီးမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ယာဉ်တန်းတတန်းကို ဆက်ကြေးတောင်းခံနေတဲ့ SSA တပ်ဖွဲ့နဲ့ မိုင်းပွန် အခြေစိုက် ခမရ (၅၁၃) တပ်ဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။
(Photo: AFP)
စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA ရှမ်းလက်နက်ကိုင် တပ်သားများကို စက်သေနတ် လက်နက်ကြီးမျြားဖင့် အသင့်အနေအထား တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောကြားချက်အရ လွိုင်လင်ကနေ ၆ မိုင်ခန့်အကွာ ခေါင်နွဲ့ရွာမှာ SSA တပ်ဖွဲ့ဝင်တချို့က ကားတွေကို ရပ်ခိုင်းပြီး ဆက်ကြေးကောက်ခံနေချိန်မှာ တောင်ကြီး တောင်လေးလုံး ရဲဘက်စခန်းကို ထောင်ကျတရားခံ ၂ ဦး သွားပို့တဲ့ ရဲလုံခြုံရေးကား ရောက်ရှိသွားပြီး

အရှေ့တောင်အာရှတစ်လွှား စစ်ရေးအားပြိုင်မှု

by Seaman Nayminthu on Sunday, July 10, 2011 at 9:18am(ဆောင်းပါးရှင်နေမင်းသူ)
 တရုတ်ပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ မည်သည့်နိုင်ငံ မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်စေဘဲ၊ ထာဝရငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကိုသာ ဆောင်ကျဉ်းလာကြောင်း တရုတ်ခေါင်းဆောင်တို့ စဉ်ဆက်မပြတ် ဂုဏ်ယူဝံ့ကြွား ပြောဆိုလေ့ရှိသော်ငြားလည်း….။
၂၀၁၀ အတွင်း အရှေ့တောင်အာရှနိုင်ငံများမှ စစ်ဗိုလ်ချုပ်တွေ စစ်လက်နက်ပစ္စည်းအ၀ယ်သွက်နေပုံ၊ ကာကွယ်ရေးအသုံးစရိတ် ရက်ရက်ရောရောသုံးစွဲနေပုံတွေကိုကြည့်ရတာ ခရစ်စမတ်ဈေးပွဲတော်လား အမှတ်မှားလောက် စရာပင်။
နိုင်ငံအသီးသီးအလိုက် စစ်ရေးအသုံးစရိတ်တွေကိုလေ့လာကြည့်လိုက်တဲ့အခါ-
အင်ဒိုနီးရှားက ရုရှားလုပ် ဂျက်တိုက်လေယာဉ် ၆ စီး (အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဘိုး) ၀ယ်ယူထားပြီး၊ ထိုင်းကလည်း အားကျမခံ ယူကရိန်းလုပ်တင့်ကား ၉၆ စီး ($ ၁၂၅ သန်း) လက်ဝယ်ရရှိထားပြီး၊ ဆွိဒင်လုပ် ဂျက်တိုက်လေယာဉ် ၆ စီးနဲ့ လေယာဉ် ၂ စီး($ ၅၇၄ သန်း) မှာယူခဲ့တာ ၂၀၁၁ နှစ်ဆန်းပိုင်းမှာ ရရှိခဲ့ပါတယ်။ စင်္ကာပူကတော့ ဆွီဒင်လုပ် ရေငုပ်သင်္ဘော ၂ စီး( $ ၁၂၈ သန်း)၊ မလေးရှားက ပြင်သစ်-စပိန်လုပ် ရေငုပ်စစ် သင်္ဘော ၂ စီးအတွက် $ ၂ ဘီလီယံ အကုန်အကျခံထားတယ်။
ဒီလိုလက်နက်ဆန်းတွေ သူ့ထက်ငါအပြိုင်ကြဲစုဆောင်းနေခြင်းက အကြောင်းအရာနှစ်ရပ်ကို ညွှန်ပြနေပါသတဲ့။ ပထမအချက်က အာဆီယံအစည်းအဝေးတွေမှာ ညီအစ်ကိုတော်ချစ်ကြည်ရေးကြေညာချက်တွေကို အဖွဲ့ဝင် နိုင်ငံတွေ လက်မှတ်ရေးထိုးကြပေမယ့် တစ်ဘက်မှာတော့ အချင်းချင်း သူ့မယုံကိုယ့်မယုံ သတိထား ဆက်ဆံမှု တွေရှိနေတယ်။ နောက်တစ်ချက်ကတော့ ဒေသတွင်းမှာ တရုတ်ပြည်ကြီးအင်အားကြီးထွားလာတာ ကို အာဆီယံက လူသိရှင်ကြားကြိုဆိုသမှုပြုထားသော်လည်း ဖြစ်ပေါ်လာနိုင်တဲ့ တင်းမာမှုတွေအတွက် ကြိုတင် ပြင်ဆင်ထားတာလည်း ဖြစ်နိုင်ပါတယ်။
၂၀၀၀-၂၀၀၄ နဲ့ ၂၀၀၅-၂၀၀၉ ကာလနှစ်ခုအကြားမှာ အင်ဒိုနီးရှားက လက်နက်တင်သွင်းမှုနှုန်း ၈၄ ရာခိုင်နှုန်း၊ စင်္ကာပူက ၁၂၅ ရာခိုင်နှုန်း၊ မလေးရှားက ၇၂၂ ရာခိုင်နှုန်း အသီးသီးတိုးတက်လာတယ်လို့ Stockholm International Peace Research Institute (SIPRI) ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆင့်မြင့်ဒုံးစနစ်တပ်ဆင်အသုံးပြုထားသော တာဝေးသုံး ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများက တင်သွင်းလာတဲ့လက်နက်ပမာဏဟာ ဒေသတွင်းတည်ငြိမ်မှု ကို ထိခိုက်စေတယ်၊ ဆယ်စုနှစ်ကြာခိုင်မြဲလာတဲ့ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်တယ်လို့ အထက်ပါအဖွဲ့ရဲ့ အာရှ ရေးရာကျွမ်းကျင်သူ Siemon Wezeman ကဆို ပါတယ်။
ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့နောက်ပိုင်း SIPRI ကဖော်ပြတဲ့ လက်နက်တင်သွင်းမှုအများဆုံး ဆယ်နိုင်ငံစာရင်းမှာ စင်္ကာပူနိုင်ငံဟာ အရှေုတောင်အာရှနိုင်ငံများထဲမှ ပထမဆုံးနိုင်ငံအဖြစ် စာရင်းချိတ်လာတယ်လို့ဆိုပါတယ်။ မကြာသေးခင်ကပဲ စင်္ကပူနိုင်ငံဟာ စတိလသ်ဖရီဂိတ်စစ်ရေယာဉ်တွေ အပါအ၀င် အဆင့်မြင့်ကာကွယ်ရေးသုံး စစ်ပစ္စည်းတွေဝယ်ယူလိုက်ပါတယ်။ ဒါဟာ

တင်အောင်မြင့်ဦး (Shit Lone) တိုင်းပြည်ကို သစ္စာဖေါက်နေခြင်း

shit lone
တင်အောင်မြင့်ဦး (  Shit Lone)  တရုပ်ပြည်အတွက် သူလျှိုလုပ်နေ တယ်။ မြန်မာပြည်ကမြေတွေကို နာမည်မျိုးစုံနဲ့ တရုပ်ပြည်ကို ရောင်းပေးနေတယ်။ ပဒုံမာကွင်းကိုဝယ်လိုက်တဲ့ ဒေါက်တာကိုကိုကြီး နောက်မှာ ထွန်းမြင့်နိုင် ရှိတယ်။ ထွန်းမြင့်နိင်နောက်မှာတရုပ်ရှိတယ်။ တရုပ်ကလုပ်နိုင်အောင် တင်အောင်မြင့်ဦးက

မြန်မာတပ်မှ ဘွမ်ဆဲန်တောင် ပြန်တိုက် ယူရန် KIA အသင့်ရှိ

E-mail Print PDF
DSC00460-1
ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတနေရမှာ နေရာယူထားသော ကေအိုင်အေ စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန

မြန်မာအစိုးရစစ်တပ် သိမ်းပိုက်ထားသည့် ဘွမ်ဆဲန်တောင်ကို ပြန်တိုက်ယူရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ အဆင်သင့် ရှိနေသည်ဟု KIA တပ်ရင်း ၁၅ အရာရှိတစ်ဦးက ပြောသည်။

“အဲဒီတောင်ကိုပေးလိုက်တာမဟုတ်ဘူး။ ခဏ ရှောင်ပေးထားတာပါ။ စစ်တိုက်တုန်းက

KIA ရှေ့တန်းဌာနချုပ်ကို မြန်မာအစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ ရှေ့တန်းဗဟိုဌာနချုပ်နေရာကို အစိုးရ စစ်တပ်ဘက်က ဒီကနေ့ ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အခု အစိုးရ စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ KIA ဗဟိုဌာနချုပ် စခန်းအတွင်းထဲ ကျလာတာမရှိဘဲ တဖက် တရုတ်နယ်စပ်ထဲကိုသာ ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ KIA အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကချင်ပြည်နယ်တွင်းက နောက်ဆုံးအခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။
ဒီကနေ့ ညနေ ၃ နာရီခွဲကနေ ညနေ ၅ နာရီခွဲကျော်လောက်အထိ ကချင်ပြည်နယ်ထဲက မြန်မာအစိုးရ စစ်တပ်အဖွဲ့ဟာ  KIA ကချင်လွတ်လပ်ရေးအဖွဲရဲ့ ရှေ့တန်းဗဟိုဌာနချုပ်ရှိတဲ့ ပါဂျောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ၅

ထိုင်းအစိုးရသစ် နဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) ရဲ့  လက်ထက်မှာ စီးပွားရေးတိုးချဲ့  လုပ်ကိုင်လာတာနဲ့အတူ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုလာပြီး နိုင်ငံရပ်ခြားက ကျွမ်းကျင်အလုပ်သမားတွေ နေရာရလာမယ့် အခြေအနေရှိမယ်လို့ ဆိုပါတယ်။ ထိုင်းအခြေခံ အလုပ်သမားတွေရဲ့  လစာတွေကို မြှင့်တင်ပေးဖို့လည်း ရှိတာမို့ ဈေးနှုန်းသက်သာမယ့် ရွှေ့ ပြောင်းအလုပ်သမားတွေ ပိုသုံးလာဖို့လည်း ဖြစ်နိုင်တယ်လို့ ဘန်ကောက်မြို့ မှာရှိတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးမြင့်ဝေ က သုံးသပ်ပြောဆိုပါတယ်။
ဦးမြင့်ဝေ ။ ။ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေက ဒီ အနီရောင်ဆန္ဒပြကြသူတွေနဲ့ တော်တော်နီးစပ်ကြတယ်။ အနီရောင်တွေကလည်း အောက်ခြေလူတန်းစာတွေ ဖြစ်တာကို။ သူတို့ကြားထဲမှာ

တွေ.ရှိခဲ့သောသစ္စာ



တမာန်တော်ရဲ. ငြိမ့်ညောင်းတဲ့တယောသံ
ငါ့ထံကိုလွင့်ပျံ့လာတယ်.....
ဒါကြောင့် ...တစ်ခွက် ငါသောက်တယ်.......း)
မာဃနတ်မင်းရဲ. ကြွေးကြော်သံ..ဘ၀ဂ်ကိုညံနေတာငြါ​ကားတယ်..
သူရာပြည်ကိုအောင်နိုင်တယ်ဆိုပဲ.​..
ဒါကြောင့်.......တစ်ခွက်ငါသောက်​တယ်........း)
ကမ္ဘာကျော်အီစွတ်ပုံပြင်စာအုပ်ကိုဖတ်ရင်း .စိတ်ထဲမှာပျော်ရွှင်လာတယ်...
ဒါကြောင့် တစ်ခွက်ငါသောက်တယ်.............း)
တာရာမင်းဝေရဲ.ကဗျာစာအုပိ...ငါ့​နှလုံးသားကိုကိုင်လှုပ်လိုက်နို​င်တယ်..
ခံစားချက်တွေထပ်တူညီလို.
ဒါကြောင့် တစ်ခွက်ငါသောက်တယ်...........း)
ဒီလိုနဲ.......ဒီလိုနဲ. ............အကြောင်းပြချက်တွေများစွာ
ကြယ်ကြွေသလိုကြွေကျ...သောက်ဖြစ်​ရတဲ့အကြောင်းတွေ....
အာဒံနဲ.ဧ၀ ဗြဟ္မာကြီးလေးဦး ..စုန်းကိုက်တဲ့သစ်သီး
ပိုးဟပ်ကိုက်တဲ့ကျမ်းစာ ...အားလုံးပါကုန်တာပဲ......
ဒါ့ကြောင့် တစ်ခွက်ငါသောက်တယ်.............​...း)
ရှာရင်နဲ.မူး မူးရင်းနဲ.ရှာ ငါတွေ.လိုက်တာ သစ္စာတရား ......
သောက်ရင်မူးတဲ့အရက်.....ငါ့အတွက်တော့ လိုအပ်ချက်တစ်ခုလိုပါပဲ.....း)
ဒါကြောင့် တစ်ခွက် ငါသောက်တယ်.............
ဒါကြောင့်တစ်ခွက် ငါသောက်တယ်.......
ဟောပြောရင်းသစ္စာပြလာပြီ .....
သောက်ရင်းနဲ.မူး.......မူးရင်းေ​မှာက်...........
ငါ့ရှေ. သစ္စာတရားရောက်နေပြီပဲ..........​.............း)
 
မင်းလွမ်းနောင်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ