.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, July 23, 2011

ထိုင်းမှ တရားမ၀င်အလုပ်သမ တီဘီ ရောဂါသည် အားကူညီပေးမှု.


၂၅-၇-၂၀၁၁

ယနေ. နံနက် ၉ နာရီကျော်လောက်မှာ ကဘီခရိုင် အောက်လစ်မြို.နယ်အတွင်းမှာရှိတဲ့ ဘီလိုက် ရော်ဘာစက်ရုံမှ အလုပ်သမား တစ်ဦး ဖုန်းဆက်လာပါတယ်..အကြောင်းရင်းကတော့ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ သူဧ။်ဇနီး ဒေါ်ထွန်းကြည် ဟာ မြန်မာပြည်မှ ထိုင်းနိုင်ငံသို. ရောက်ရှိခဲ့သည်မှာ ၂ လကျော်ကျော် ခန်.သာရှိပြီး အလုပ်သမားလက်မှတ်ပြုလုပ်ရာတွင် ဆေးရုံမှ ဆေးစစ်ချက်အရ တီဘီ ရောဂါပိုး ကိုတွေ.ရှိရပြီး ချောင်းဆိုးတိုင်သွေးပါ ခြင်း ကိုယ်အလေးချိန်ကျခြင်းတို.ခံစားနေရကြောင်း ဆေးရုံမှ လဲ တရားဝင်လက်မှတ်မရှိသည့်အတွက် ၄ ရက်မျှသာ လက်ခံပေးပြီး ယခုအခါ ဆေးရုံမှလဲ လက်မခံတော့ကြောင်း ဒါ့အပြင် စက်ရုံမှ မန်နေဂျာက တီဘီ ရောဂါပိုးရှိသူ ကို အလုပ်ရုံမှာဆက်မထားလိုကြောင်းမြန်မာပြည်သို. ပြန်လည်ပို.ဆောင်ပြီး ဆေးကုသစေလိုကြောင်းပြောပြီး စက်ရုံမှာနေထိုင်ခွင့်မပေးသည့်အတွက် အလွန်အမင်

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)

စစ် ဆိုရင် ရေတောင် စစ်မသောက်ဘူးဆိုတဲ့ မိတ်ဆွေတွေ ကိုတော့ မဖတ်ဘဲ ကျော်သာ သွားလိုက်ပါလို့ ..။

(အခု ဆောင်းပါးကို တင်ရတာဟာ ၂၀၀၃ ခုနှစ်က ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ စစ်တပ်တွေကြား ပဋိပက္ခဖြစ်ခဲ့တဲ့ အခြေအနေကို လက်လှမ်းမှီသလောက် တင်ပြလိုရင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို စော်ကားတိုက်​ခိုက်လိုခြင်း မရှိပါကြောင်း ကြိုတင် ပြောကြား လိုပါသည်။ အခုချိန်မှာ တဖက်နဲ့ တဖက် တိုက်ခိုက်နေရပေမယ့် ညီအစ်ကိုတွေဖြစ်လို့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်မယ့် နေ့တွေကို မျှော်လင့်လျက် ရှိနေကြောင်းပါ)   http://www.mmdefence.blogspot.​com/ မှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။    ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)   (ဒီအကြောင်း ရေးသားရတာက ပြည့်ပြည့်စုံစုံ သိလို့ မှီလို့ ရေးတာ မဟုတ်ဘူးဆိုတာ ကြိုတောင်းပန်ပါရစေ။ ကျွန်တော် သိသလောက် ရေးတဲ့ထဲမှာ လွဲမှားတာတွေ အများကြီး ရှိနိုင်ပါတယ်။  Blog C-box ထဲမှာ ကိုsawkofan မေးထားတာကို ပြန်ဖြေ ပေးတဲ့သူ မတွေ့သေးတဲ့ အတွက် တကယ်နားလည်တဲ့ သိတဲ့ လူတွေ မပြောခင် သိသလောက်လေး နည်းနည်း ပြောပြတာပါ။ လွဲမှားနေတာတွေ ရှိရင် သိတဲ့လူတွေက ထောက်ပြ ပြုပြင်ပေးကြပါ ခင်ဗျား။)   ထိုင်း-မြန်မာ နယ်စပ် ၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့တော့ ကျွန်တော် အနည်းအကျဉ်းပဲ ကြားဖူးပါတယ်။ တိုက်ပွဲမှာ ပါခဲ့ဖူးတဲ့ တပ်မတော်သားအချို့နဲ့၊ သူတို့ဆီက တဆင့်စကားကြားဖူးသူတွေ ဆီကနေ ထပ်ဆင့်ပြီး အနည်းအကျဉ်းသာ ကြားဖူးနားဝ ရှိပါတယ်၊ ထင်ရှားတဲ့ တိုက်ပွဲတွေက အို-၇ တောင်ကုန်းတိုက်ပွဲ၊ ပါချီးစခန်း တိုက်ပွဲ၊ ဘီပီ-၁ စခန်းတိုက်ပွဲ၊ လွယ်တော်ခန်းတိုက်ပွဲ၊ လွယ်ခန်းရှိုးတိုက်ပွဲ၊ စတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း များစွာ ပါပါတယ်။ မိုးသီးဇွန် ဘလော့မှာ ကိုsawkofan ဖတ်ဖူးတဲ့ ကျောက်ခေတ်တပ်မတော် ဆိုတဲ့ ဆောင်းပါးက ဆောင်းပါးရှင် ဂါမဏိ ရေးတာပါ။ ကျွန်တော်လည်း ဖတ်ဖူးတယ်၊ သူ့ဆောင်းပါးမှာတဲ့ တချို့အချက်တွေကို ကြည့်လိုက်တာနဲ့တင် အရမ်းလွဲနေမှန်း သိသာပါတယ်၊ (ထိုင်းစစ်တပ်ရဲ့ ရုပ်သံလိုင်းကလွှင့်တဲ့ အချက်အလက်တွေကို ယူပြီး ရေးခဲ့သလားတော့ မသိပါ)။ မြန်မာဘက်က တိုက်ပ်-၆၉ တင့်ကားတွေ သုံးပြီး ထိုင်းဘက်က အမ်-၆၀ တင့်ကားတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုတယ်၊ ရှမ်းပြည် အရှေ့ပိုင်း

Friday, July 22, 2011

တပ်နေပျော်လို.စစ်တိုက်တော်ရမည် ဆိုသော်လည်း



မင်းလွမ်းနောင်(ပန်းတနော်)


မြန်မာ့ တပ်မတော် တပ်ရင်းတပ်ဖွဲ.များတွင် တွေ.မြင်နိုင်သော ဆောင်ပုဒ်လေးဖြစ်ပြီး တပ်မတော်သားများ နှင့် တပ်ရင်းတပ်ဖွဲ.များနှင့်နီးစပ်သူများ စစ်တပ်အကြောင်းလေ့လာသူများအများစုကြားဖူးသော ဆောင်ပုဒ်လေးဖြစ်ပါတယ်။တပ်ေ၇ှ.ကိုဖြတ်သွားကြဖူးသူတိုင်း ထိုဆောင်ပုဒ်လေးကို တွေ.မြင်ဖတ်ရှု.မိမှာလဲ မလွဲဧကန်ပင် ဖြစ်ပါတယ်။ တပ်မတော်သားတို.သည် အမှန်ပင် တပ်နေပျော်လို. စစ်တိုက်တော်ကြရဲ.လား။သူတို.ရဲ.ဘ၀လေးတွေနဲ.သူတို.ရဲ.ခံစားချက်တွေက ထိုဆောင်ပုဒ်နဲ.ညီပါရဲလား တွေးတောမိပါတယ်။

“တပ်နေပျော်လို.စစ်တိုက်တော်ရမည်’

တပ်နေပျာ်ရန် ဆိုရာတွင် စားဝတ်နေရေး နှင့် တာဝန်ယူ ဆောင်ရွက်ပေးမှု.သည်အခန်းတစ်ခုအနေနှင့်ပါဝင်ပါတယ်။ အရာရှိအရာခံ အကြပ်စစ်သည် များအား စားဝတ်နေရေး ဖူလုံစေရန် အထက်မှအမိန်.အရ တပ်တွင်းသက်သာဆိုင် ဆယ်မျိုးဆယ်ဘောင် တပ်တွင်းထောက်ပံ့ ရေး များကို လုပ်ဆောင်ပေးနေသည်ဆိုသော်လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးမှု.မရှိခြင်း များကို တပ်မတော်သားတိုင်း သိရှိကြမည်မှာလဲအသေအချာပင်။

ဆယ်မျိုးဆယ်ဘောင် ဆိုရာဝယ် မိမိတို.ရရှိထားသော လိုင်းခန်းများတွင် ပါရှိသော မြေလွတ်များတွင် ရာသီအသီးအနှံ ဆယ်မျိုး ကို ဘောင်ဆယ်ဘောင်ပြူလုပ်လျှက်စိုက်ပျိုးပြီး ဟင်းသီးဟင်းရွက် ၀ယ်စားခြင်း အပိုကုန်ငွေများကို သက်သာစေခြင်းပင်ဖြစ်ပါတယ်။ သို.သော် ရေရှားသောအရပ်ဒေသ များတွင် တာဝန်ကျသော စစ်သည်များမှာ မိမိစိုက်ပျိုးထားသော အပင်များအတွက် လောင်းရန်ရေကိုအသာထားလို. မိမိတို. သုံးရန် ချိုးရန် ရေကိုပင် အနိုင်နိုင် ပင် ။ တပ်မှ ရေပေးဝေသည်ဆိုသော်လည်း အချိန်ပိုင်းမျှသာ ပေးသည့်အချိန်တွင်လဲ စစ်သည် ရဲမေ များမှာ အလုအယက် တိုးဝှေ.နေရလေ့ရှိသည်မှာလဲ ပွဲလမ်းသဘင်ကဲ့သို.ပင်။
ရိက္ခာ ထုတ်ယူရာတွင်လည်း ထောက်ပို. တပ်မှစပြီးအဆင့်ဆင့် ခေါင်းပုံဖြတ်လာကြသည်မှာ စစ်သည် ရဲမေများဧ။် လက်တွင်းသို. လေးဖက်လေတန် ပိန်လိမ်နေသော ဟန်ကောချိုင့်ဖြင့်လည်းကောင်း

ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ


ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ

မင်းလွမ်းနောင်  (ပန်းတနော်)

ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင်
လာရ သည်မှာ နေ.စဉ်လိုလိုဖြစ်လာပြီး  လက်ခံသူလက်မခံသူများအကြားလဲစိတ်ဝမ်းကွဲမှု.များဖြစ်ပေါ်နေပါတယ်။

ဒီတော့ကျနော့်အနေနဲ. ဗမာစစ်တပ်နဲ.ဗမာစစ်သားဆိုတာလေးကို ထုတ်နုတ်ပြီးတော့ ပြောချင်ပါတယ်...(ဆရာလုပ်ခြင်းမဟုတ်ပါ ပညာရှိသတိဖြစ်ခဲ ဆိုသလို ထောက်ပြပေးခြင်းသာဖြစ်ပါတယ်) ကျွန်တော်အမြင်အရတော့ ကြံ့ဖွံ့အစိုးရကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ တပ်မတော်သည် တိုင်းရင်းသားအားလုံးနှင့်ပေါင်းစပ်ဖွဲ.စည်းထားသော တပ်မတော်(၀ါ) စစ်တပ်ဖြစ်ပါသည်။
မည်သည့်အစိုးရတက်တက် တပ်မတော်သည် တိုင်းပြည်ဧ။်လိုအပ်ချက်အရ တည်ရှိနေရမည်သာဖြစ်ပါသည်။
ဒီနေရာမှာ ပြောပြချင်တာကတော့ ကျွန်တော်ဟာ စာရေးဆရာမဟုတ်သလို ဝေဖန်ရေးသမားလဲမဟုတ်ပါဘူး အားလုံးဟာ အသိဥာဏ်ပညာရှိသူတွေပါ ..ဒီတော့ကျွန်တော့်ဘက်ကလဲ အပြုသဘောဆောင်တဲ့ ဖြစ်ရပ်မှန်လေးတွေကို ပြောပြထောက်ပြပေးဖို. ရေးချင်လာတာကြောင့် ဆောင်းပါးလေးကိုရေးသားတင်ပြရခြင်းပါ...။....။
ဒီတော့ ဗမာစစ်တပ် ဗမာစစ်သား လို. သုံးနှုံးခဲ့တာတွေကိုပြန်လေ့လာကြရပါမယ်...ယခုလက်ရှိတပ်မတော်(၀ါ)စစ်တပ်သည် တိုင်းရင်းသားများပါဝင် သည့်တပ်မတော်ဖြစ်ပါတယ်..ဒီလိုပြောလို. ကျွန်တော်အနေနဲ.ကိုယ်တွေ.လေးတစ်ခုပြောပြချင်ပါတယ် ကျွန်တော်တပ်ထဲဝင်တော့ အသက်က ၁၉ နှစ်ပါ တပ်ထဲကိုစ၀င်တော့ တွေ.ရတဲ့အတွေ.အကြုံလေးတွေကတော့မမေ့စရာပါပဲ (မှတ်မှတ်ရရတသသဆောင်းပါးမှာ တင်ပေးထားပါတယ်..) ကျွန်တော် တို.အသုတ်မှာ တသသလို.ခေါ်တဲ့ တပ်သားသစ်တွေဟာ ၂၅၀ ယောက်ပါ တပ်စု(၃)စုနဲ. ခွဲပြီး ထားပါတယ်...အဲဒီမှာ ကျွန်တော် မြင်တွေ.ခဲ့ရတဲ့ တိုင်းရင်းသားတွေပေါ့ဗျာ..ရခိုင် ပါတယ်(ကျွန်တော့်တပ်စုက) ကရင်ပါတယ် မွန်ပါတယ် ..နောက်ပြီး ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ ယောနယ်တို.ဆောနယ်တို.ဘက်က

ဆယ်ယူ၍မရရှိသော ဓမ္မစေတီခေါင်းလောင်းတော်ကြီး

အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာ ပိုကောင်းတယ်။

Thursday, 21 July 2011


   ဒီတလော စဉ်းစားစရာ တခုပေါ်လာတယ် ဒါကလည်း မြန်မာနိုင်ငံအတွက်ရော မြန်မာပြည်သူပြည်သားများအတွက်ပါ  အရမ်းကိုတန်းဖိုးရှိပြီး မြန်မာ့သမိုင်းကိုပါ မှတ်တန်းတင်းနိုင်မဲ့ တခုဖြစ်နေတယ် ဒါကိုလည်းတော်တော် များများ ရယူဖို့ကြိုးစားကြတယ် မရကြဘူးဖြစ်နေတယ် ၊ ထင်တာနဲ့မြင်တာကိုပြောရရင်တော့ နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့ မင်းညစ်မင်းစိုးကြောင့်လား ဒါမှမဟုတ် အကျင့်တွေပျက်နေတဲ့ တိုင်းသူပြည်သားကြောင့်လား ဒါမှမဟုတ် မထိုက်တန်လိုလား စဉ်းစားမရဖြစ်လာတယ်၊ 
မြန်မာပြည်သူအပေါင်းတို့ တစ်စိုက်တမတ် ၊ တမ်းတမ်းတတ ၊ တမတ်တမော၊ ကြာရှည်လေးမြင့်စွာ စိတ်ဝင်စားခံသောအရာ  ထိုအရာသည် မြန်မာပြည်သုတို့၏ နလုံးသား နက်ရှိုင်းစွာ ၊ အသည်းခိုက်အောင် အမှတ်တရ ရှိနေပါတယ် ၊ တစ်ချို့သော်လူတွေ သိသလို မသိသေးတဲ့လူတွေလဲရှိပါတယ် ၊ဒါကတော့ ရန်ကုန်မြစ် နှင့် ငမိုးရိပ်ချောင်း အဆုံးနာတွင်ရှိသော် ဓမ္မစေတီခေါင်းလောင်းကြီးဖြစ်ပါတယ် ။

ဓမ္မစေတီခေါင်းလောင်းတော် ကို ခရစ်နှစ် ၁၄၇၆ ဓမ္မစေတီမင်းသွန်းလုပ်ခဲ့ပါတယ်။ အဝ ၁၈ တောင် ၊ အစောက် ၁၂ တောင်ရှိပြီး အလေးချိုန်

ကိုရီးယားခင်ပွန်းသည်ကို ဘုရားအဖြစ်ကိုးကွယ်နေကြရတဲ့ ရွှေ့ပြောင်းအမျိုးသမီးအိမ်ထောင်သည်များ


ကိုရီးယားနိုင်ငံသားများနဲ့ လက်ထပ်ထားသူ ရွှေ့ပြောင်းအမျိုးသမီး အိမ်ထောင်သည်များဟာ
ခင်ပွန်းဖြစ်သူနှင့်သော်လည်းကောင်း၊ ခင်ပွန်းဖြစ် သူရဲ့ ဆွေမျိုးများကြောင့်သော်လည်းကောင်း  စိတ် သဘောထား မတိုက်ဆိုင်မှု ပြဿနာများ ဖြစ်ပွား ကာ အတိုင်ပင်ခံဌာနများကို လာရောက် ဆွေးနွေး တိုင်ပင်ကြ အကူအညီတောင်းယူကြတဲ့နှုန်းဟာ တဖြေးဖြေး မြင့်မား လာနေကြောင်း သိရှိရပါတယ်။

ဂျွန်ဘို့နယ် ဂျွန်ဂျူးမြို့ရှိ ရွှေ့ပြောင်းအမျိုးသမီး အရေးပေါ်ကူညီရေးစင်တာရဲ့ စစ်တမ်းများအရ စင်တာတည်ထောင်တဲ့ ကာလ တနှစ်တာအတွင်း လင်မယားကြား သဘောထားကွဲပြားမှု ၉၁၃မှု၊ မိသားစုတွင်း သဘောထားကွဲပြားမှု ၂၆၅မှု၊ ခင်ပွန်းသည်ရဲ့ရိုက်နှုက်မှု ၂၅၉မှု ရှိခဲ့ကြောင်း သိရှိရပါတယ်။

သူတို့ဟာ ဘာသာစကား မတူမှုကြောင့် ဖြစ်ပွားတဲ့ အသေးအဖွဲပြဿနာမှတဆင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ အဖြစ်သို့ ဖြစ်ပွားကြကာ ထိုမှတဆင့် အိမ်မှထွက်သွားခြင်း၊ ကွာရှင်းပြတ်စဲခြင်းအထိ ပြဿ နာများဟာ ကြီးထွားလာနေကြပါတယ်။ အိမ်ထောင်စုတွင်း ပြဿနာများကြောင့် တိုင်ပင်ရန်လာရောက်ကြ တဲ့သူများဟာ နိုင်ငံအလိုက် ဗီယက်နမ်က ၃၀%ဖြစ်ပြီး တရုတ်၂၁%၊ မွန်ဂိုလ် ၁၇%၊ ကမ်ဘောဒီးယား ၁၄% နဲ့ ဖိလစ်ပိုင် ၁၂%ဖြစ်ကြပါတယ်။
တိုင်ပင်သူများအနက် ခင်ပွန်းသည်နဲ့ ပြတ်စဲလိုသူ ရွှေ့ပြောင်းအမျိုးသမီးနဲ့ သူတို့ရဲ့ကလေးငယ်များ အပါအ၀င် စုစုပေါင်း ၆၇ဦးကို စင်တာရှိ နားနေဆောင်တွင် ထိမ်းသိမ်းစောင့်ရှောက်ထားပါတယ်။

စင်တာမှ တာဝန်ရှိသူက ကိုရီးယားလူမျိုးများရဲ့ လင်ဖြစ်သူက အိမ်ထောင်စုတွင်း ဗိုလ်ကျတဲ့ ဓလေ့၊ ဘာသာ စကားအခက်အခဲ၊ ကိုယ်ကျိုးသက်သက်သာကြည့်တဲ့အိမ်ထောင်ရေးအကျိုးဆောင်ပွဲစားများကြောင့် မိသားစု အချင်းချင်း စိတ် သဘောထားကွဲပြားမှုများ ဖြစ်ပွားကြကာ ကွာရှင်းပြတ်စဲတဲ့ အထိဖြစ်ပွားနေကြတာကြောင့် ဒီပြဿနာတွေ ကို တားဆီးပြီး ဒေသတွင်း ညီညွတ်ရေးကို တည်ဆောက်ရန်အတွက် သင့်တော်တဲ့ ထောက်ပံ့မှုတွေကို ပြုလုပ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

သတင်း ဂျွန်ဘို့သတင်းစာ
ဘာသာပြန် စိုးမိုးသူ


စစ်တပ်၏ လမ်းပိတ်ဆို့မှုကြောင့် ရွာသားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

Submitted by on Friday, 22 July 2011--
စစ်တပ်၏ လမ်းပိတ်ဆို့မှုကြောင့် ရွာသားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် 
(ကေအိုင်စီ) မှကူးယူဖော်ပြသည်
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ရွာသားများ၏ ၀င်ထွက်သွားလာမှု ကို ပိတ်ဆို့လိုက်သောကြောင့် ယခုအချိန်တွင် ရွာသားများသည် စားဝတ်နေရေး အခက်အခဲ ပြဿနာနှင့် ကြုံနေရသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။
ယခုလဆန်းပိုင်းမှစ၍ တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသော အစိုးရတပ် စစ်ကွပ်ကဲရေးဌာန ချုပ် စကခ(၉) လက်အောက်ခံ ခလရ(၇၃)၊ ခမရ(၅၃၉)တပ်ရင်းတို့သည် တိပ်ပု၊ ဘောကလိကြီး၊ ဘောဂလိလေးရှိ ဒေသခံ ရွာသားများ၏ တနေရာနှင့် တနေရာ ၀င်ထွက်သွားလာမှုကို တားမြစ်ပိတ်ပင်လိုက်သောကြောင့် ရွာသားများသည် စားနပ် ရိက္ခာ အခက်အခဲ ပြဿနာ အလွန်ကြုံနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ရွာသားတွေ သွားဝင်ထွက်သွားလာမှုကို ပိတ်ဆို့တယ်။ ဆန်တွေဘာတွေ သယ်ခွင့်မပြုဘူး။ နောက်ပြီးတော့ ရွာသား တွေ လယ်ယာ၊ တောင်ယာသွားတဲ့အချိန်မှာ ဆန်ကို နို့ဆီဗူး ၂လုံးထက် ပိုမသယ်ရဘူး။ သယ်တာတွေ့လို့ရှိရင် အရေးယူ မယ်။ အပြစ်ပေးမယ် ပြောထားတော့ ဒူးရင်းသီး၊ ဓညှင်းသီး၊ ကွမ်းရွက်တွေ အကုန်လုံး ပုပ်သွားတယ်။ အခု

နယ်စပ်တွင် ပျက်ကျသည့် ရဟတ်ယာဉ်တွင်ပါသွားသူ အားလုံးသေဆုံး

သန်းထိုက်ဦး Friday, 22 July 2011 15:58(ဧရာဝတီမှကူးယူဖော်ပြသည်)
မြန်မာနိုင်ငံ ဘက်ခြမ်းတွင် မကြာခင် ရက်ပိုင်းက ပျက်ကျခဲ့သော ထိုင်း စစ်တပ်ပိုင် ဘလက်ဟော့ခ် ရဟတ်ယာဉ်ကို ယနေ့ ရှာဖွေတွေ့ရှိခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ၉ ဦးစလုံး သေဆုံးသွားကြောင်း ထိုင်း သတင်းများအရ သိရသည်။

Thai_helicopter_crash_photo400ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များသည် မြန်မာစစ်တပ်၏ အကူအညီဖြင့် ဘလက်ဟော့ခ် ပျက်ကျသည့် နေရာသို့ ယခုလ ၂၀ ရက် နေ့က စတင်၍ သွားရောက်ခဲ့ရာ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဖက်ချဘူရီ ခရိုင်ရှိ ကန်ကရာချန် အမျိုးသား ဥယျာဉ်တွင် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်နှင့် မီတာ ၅၀၀ အကွာအဝေးတွင် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းများက ဆိုသည်။

ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ပျက်ကျခဲ့သော်လည်း မြန်မာ အစိုးရတပ်များက ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ထိုင်းစစ်တပ် လုံခြုံရေး သတင်းရပ်ကွက်က ပြောသည်။

ရဟတ်ယာဉ် ပျက်ကျခဲ့သည့် ယင်း နေရာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များနှင့်

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

E-mail Print
မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

Arms_News
ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။

သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန်

Net work for IP address အခြေခံ


Original Writer : ကိုသက်နောင်

Special Copywrite : Mr. Zaw

(၁) IP address ဆိုတာ ဘာလဲ ?

TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို့ ခေါ်ပါတယ် ။
Example; 140.179.220.200 (Dotted decimal)
                    10001100.10110011.11011100.11001000 (Binary)

(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။

Class Range of Address

keylogger Hacking ကိုကာကွယ်ဖို့


Original writer :~ သံလုံငယ်
Super Copy Write : Mr. Zaw


Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable  သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။
အားလုံးပဲ Hacker ရန်မှကင်းဝေးကြပါစေ...
/မောင်ဇော်မင်းအောင်

Task bar ကိုမြန်မာဖောင့်ပေါ်အောင်


Task bar ကို မြန်မာဖောင့် ပေါ်အောင် ဘယ်လိုလုပ်မလဲလို့ မေးခဲ့ကြတဲ့လူတွေ တော်တော်များတယ်။ အဲဒီအတွက် windows မှာ ဖောင့် ပြောင်းဖို့ ပေးမထားပါဘူး။ ပြောင်းလို့ရတာတွေက အောက်က ၈ နေရာဖြစ်ပါတယ်။ Desktop မှာ right click လုပ်ပြီး properties ကို နှိပ်ပါတယ်။ Appearence ဆိုတဲ့ tab မှာ

proxy များနှင့် ကျော်ခွခြင်း..

.

Original writer : ကိုကိုရဲ

Special copywriter: Mr.zaw

Mozilla Firefox လေးလဲရှိနေတယ်ဆိုရင် Phproxy လေးသုံးကြတာပေါ့။ Size က 110 KB လေးပဲလေ။ Dialup ကနေဖြစ်ဖြစ် ယူလို့လွယ်ပါတယ်။  Install လုပ် Firefox ကို Restart ချပြီးရင် အောက်က Status Bar က P ပုံစံလေးကို Right Click လေးနဲ့ Option ကိုဝင Proxy Setup မှာ http://www.proxy2net.com လေးထည့် Apply လေး Ok လေးလုပ်။ ပြီးရင် နောက်ပိုင်း တောက်လျှောက် သက်သာပြီမှတ်။ ကျော်ချင်တဲ့ဆိုက်ဆိုမှ အဲဒP ပုံလေးကို Click လိုက်ရုံပဲဗျို့။

အပေါ်ကလိပ်စာမှာ PH:: ဆိုတာလေး ထပ်ပေါ်လာမယ်။ နောက်က Original Address ကိုပြပေး သဗျ။


နောက် Right Click ရဲ့ Popup မှာ Phproxy နဲ့သွားမလား Original Link ကိုသွားမလားလဲ မေး တယ်။ Download လဲ ထို့နည်းလည်းကောင်းပဲ။ တော်တော်လေး

Blog တစ်ခုရေးတော့မယ် ဆိုရင်..

.

Blog မလုပ်ခင် အရင်စဉ်းစားပါ

Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ် လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြ တာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေ ကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။

နံပါတ်တစ်- ရေးမည့်အကြောင်းအရာကို သေချာရွေးချယ်ပါ
Blog ရေးမယ်လို့ ပထမဆုံးစဉ်းစားလိုက်တာနဲ့ ဘယ်အကြောင်းအရာကို ရေးမှာလဲဆိုတာကို စဉ်းစားပါ။ ဟိုဟာလျှောက်ရေး၊ ဒီဟာလျှောက်ရေးနေလို့တော့ မဖြစ်ပါဘူး။ ကိုယ်ဟာ

မြေမြုပ်မိုင်းဒဏ် ၂ ဦးခံရသူအနက် ၁ ဦး ခြေတစ်ဖက်ဖြတ်ခံရ

၂၀-၇-၂၀၁၁
ဂျူရီချိုင်း - ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ၄ မိုင်အကွာခန့်ရှိ တဲသုံးလုံးရွာတွင် ဒေသခံ ၂ ဦး ရက်ခြားပြီး မြေမြုပ်မိုင်းနင်းမိသည့်အနက် ၁ ဦး ခြေထောက်တစ်ဖက်ဖြတ်ခံလိုက်ရသည်ဟု သိရသည်။

မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက်ဖြတ်ခံရသူမှာ အသက် ၃၀ အရွယ်ရှိ မြန်မာလူမျိုး ကိုသက်နိုင်မြင့် ဟုသိရပြီး ဘုရားသုံးဆူမြို့ပေါ် ဦးမြင့်ဦး၏ ရာဘာခြံအလုပ်သမားဖြစ်ကြောင်း၊ အခြားမိုင်းဒဏ်ခံရသူ အမည်မသိ ကရင်လူမျိုးတစ်ဦးအား ဘုရားသုံးဆူမြို့ပေါ် ဆေးရုံတင်ထားနေရဆဲဖြစ်သည်။
“ကိုသက်နိုင်မြင့် သစ်သွားခုတ်ရင်းနဲ့ လမ်းမှာမိုင်းနင်းမိတယ်၊ ခြေဖနောင့်ကိုထိသွားတယ်” ဟု ကိုသက်နိုင်မြင့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုသက်နိုင်မြင့်သည် အဆိုပါမြေမြုပ်မိုင်းဒဏ်ရာကြောင့် ယမန်နေ့တွင် ထိုင်းနိုင်ငံ၊

မြန်မာ အစိုးရမှာ ဘဏ္ဍာရေးပြဿနာ ပေါ်နေပြီ လို့ NCUB က ထောက်ပြ

၂၀-၇-၂၀၁၁ RFA  မှ ကူးယူဖော်ပြသည်
နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးလ အတွင်း လူနှစ်သောင်းကျော် အလုပ် လက်မဲ့ ဖြစ်သွားရတာဟာ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး ပြဿနာ ပေါ်ပေါက်နေပြီ ဆိုတာ ညွှန်ပြနေတာ ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ NCUB က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဘဏ္ဍာရေး ပြဿနာကြောင့် ငွေကြေး ဖေါင်းပွမှုနဲ့အတူ ဈေးကွက် ထိခိုက်မှုတွေ ပေါ်ပေါက်လြာ့ပီး လစာနည်း အစိုးရ၀န်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေ အပါအ၀င် ပြည်သူအများ စားဝတ်နေရေး ဒုက္ခတွေ ပိုမို ဖိစီးလာနိုင်ကြောင်း၊ စစ်တပ်တွင်းမှာလည်း

တပ်သားသစ်များ စုဆောင်းရန် ညွှန်ကြား


by မင်းလွင် ၂၀-၇-၂၀၁၁
မြန်မာတပ်မတော် စစ်ရုံးကနေပြီးတော့ အောက်ခြေ ခြေလျင် ခြေမြန်တပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်စုဆောင်းဖို့ ညွှန်ကြား အမိန့်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကကကြည်းကနေ အောက်ခြေတပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်တွေ မဖြစ်မနေ စုဆောင်းဖို့ ယခုရက်ပိုင်းမှာ ညွှန်ကြားထားတယ်လို့ စုံးစမ်းသိရပါတယ်။
ခြေလျင် ခြေမြန်တပ်ရင်းတွေဟာ တလကို အနည်းဆုံး တပ်သားသစ် ၄ ဦးကို မဖြစ်မနေ

မတရားရောင်းစားခံရသည့်မြေကိစ္စ အုပ်ချုပ်ရေးရုံးက အရေးမယူ

၂၀-၇-၂၀၁၁
ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲက ရွာသားပိုင် မြေလွတ်မြေရိုင်းတွေကို ဒီကေဘီအေ တပ်မှူးတချို့နဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းပြီး ရောင်းချခဲ့တဲ့ကိစ္စမှာ နစ်နာကြေးတွေ ပြန်ရဖို့အတွက် ရွာသားတွေက အုပ်ချုပ်ရေးရုံးမှာ အဆင့်ဆင့်တိုင်ကြားခဲ့ပေမယ့် ဒီကနေ့အထိ အရေးယူဖြေရှင်းပေးတာ မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၇ ကနေ ၂၀၁၀ ခုနှစ် အတွင်းမှာ နောင်လုံအခြေစိုက် ဒီကေဘီအေ တပ်မဟာ ၉၉၉ တပ်ရင်း ၄ က ဗိုလ်ကျော်ရွှေ၊ ဗိုလ်ကြာဝင်း၊ ရွာသား ဦးကြာဟဲနဲ့ ပြည်နယ်မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစောသန်းစိန်၊ မြေတိုင်းစာရေး ဦးစ၀င်းထွန်း၊ ဦးပါပီိတို့က ပူးပေါင်းပြီးတော့ ဘားအံမြို့နယ် နတ်ထိပ် ကျေးရွာ အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း မှာရှိတဲ့ မြေလွတ်မြေရိုင်း ဧကပေါင်း ၃ ထောင်ကျော်ကို အကွက်ရိုက်ပြီး ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်တွေကို ရောင်းချပေးခဲ့ပါတယ်။
မြေတကွက်ကို ကာလပေါက်ဈေး ကျပ်ငွေသိန်းနဲ့ချီပြီး ရခဲ့ပေမယ့် ရွာသားတွေအတွက် ဘာမှ

DKBA အချင်းချင်း တိုက်ပွဲဖြစ်

E-mail Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

dkba-dec-25-10-01နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့်

လိုင်ဇာအဝင်အထွက် နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​မှု ရပ်ဆိုင်း

Published on July 22, 2011 by ဒီဗွီဘီ   ·  
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (ကေအိုင်အို) ဗဟိုဌာနချုပ် လိုင်ဇာနဲ့​ ကပ်လျက်ရှိတဲ့​ လဂျား​ယန်နယ်စပ်စစ်​ဆေး​ရေး​ဂိတ်က နယ်စပ်ဖြတ်သန်း​သွား​လာခွင့်​ စာအုပ်ထုတ်​ပေး​မှုကို ဒီက​နေ့​ ရပ်ဆိုင်း​လိုက်တယ်လို့​ လိုင်ဇာကလာတဲ့

မြန်မာငွေတန်ဖိုးမြင့်တက်မှုကြောင့် ပုစွန်တင်ပို့နှုန်း ကျဆင်း

Published on July 22, 2011 by သူရိန်စိုး   ·  
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ကတဆင့် တရားမဝင်တင်ပို့နေတဲ့ ပုစွန်ကျားဟာ အခုနှစ်မှာ အရင်နှစ်တွေနဲ့မတူ အဝင်နည်းနေပါတယ်။
ပုစွန်ကျားဈေးဟာ အတက်အကျမရှိပေမယ့် မြန်မာငွေတန်ဖိုးတက်နေတဲ့အတွက် အခုလို တင်ပို့နိုင်တဲ့နှုန်း ကျသွားရတာလို့ မောင်တောမြို့ ပုစွန်ကုန်သည်တဦးက ပြောပါတယ်။
“ဒီနှစ်က ကျနော်တို့ဘက်က ပုစွန်ဈေးကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဘင်္ဂလားဘက်ကို တင်သွင်းရတဲ့ အခါမှာ ငွေလဲနှုန်းကျတာကြောင့် ပုစွန်လုပ်ငန်းက ကျနော်တို့မှာ အထိနာနေပါတယ်။ အရှုံးပေါ်နေပါတယ်။ အဲ့ဒီအတွက် ပုစွန်တင်ပို့တာ လျှော့သွားတာဖြစ်ပါတယ်။”
ဘင်္ဂလားဘက်မှာ ပုစွန်ကျားအကောင် ၂၀ ပါ တကီလိုဆိုရင် တာကာငွေ ၇၀၀ ပေါက်ဈေးရှိပြီး

ထောက်လှမ်းရေး ၆ မှ အရာရှိဟောင်းဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သတ်ခဲ့သည်ဟုဆိုသူ ဦးထူးထူးဟန်ဧ။် ၀န်ခံစကား


ချင်းလူမျိုးတဦးထံမှ AK 56 တလက် ပြန်လည်ဖမ်းမိ

ယခုလ ၁၆ ရက်နေ့ညနေ ၆း၃၀ နာရီခန့်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရဲက လောင်တလို့ မြို့နယ် sangau 11 တွင်နေထိုင်သူ ချင်းအမျိုးသား ဦး Ngunthawng lian (၅၈) ထံမှ AK – 56 သေနတ် တလက် ဖမ်းဆီးထား ကြောင်း သိရသည်။
အဆိုပါ လက်နက်ကိစ္စကို BSF( G) Branch Durtlang SHQ က တလ ကြိုတင်သတင်းရပြီး DSB Aizawl Branch ကို သတင်းပို့ကြောင်း ပြီးမှ တရားခံအား Vanlaiphai ရွာ Abdulmalik နေအိမ်တွင် တည်းခိုစဉ် လက်ပူး လက်ကြပ် ဖမ်းဆီးပြီး  Arm Act 25(1A) ဖြင့် အရေးယူထားကြောင်း သိရသည်။
တရားခံထွက်ဆိုသည်မှာ အဆိုပါ သေနတ်သည် မိမိ သေနတ်မဟုတ်ကြောင်း သေနတ်ရောင်းရငွေ ရူပီး ၂၈၀၀၀၀ ထဲက ရူပီး ၅၀၀၀ ရမှာဖြစ်ကြောင်း ပြောသည်။
” Kaplamthang ( paite လူမျိုး) က Abdulmalik (ကုလား) ထံသေနတ်သွားပေးပြီး ရူပီး ငွေ

ဒေ၀ူးသို့ တိုင်းမှူးဟောင်း မောင်ဦး ရောင်းစားသော သမ၀ါယမပိုင် မြေကွက် ကျေးရွာသားများ အရေးဆိုမည်

Font size: Decrease font Enlarge font
ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရမှ ဆင်းရဲ နွမ်းပါးမူ လျှော့ကျရေး အတွက် လယ်ယာကုန်ထုတ် သမ၀ါယမ အသင်းများဖွဲ့စည်းနေရာ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာသားများက ယခင် တိုင်းမှူးဟောင်း ဦးမောင်ဦးမှ ဇနီးနာမည် ဖေါက်ကာ ဒေ၀ူးကုမ္ပဏီသို့ ရောင်းစားထားသော သူတို့ ရွာသားများ ပိုင်ဆိုင်သော သမ၀ါယ မြေကွက်အား ပြန်လည်ရယူရန် အရေးဆိုသွားမည် ဟု သိရသည်။


bill-board-Arakan မြေကွက်များ ဈေးမြင့်တက်နေသောကျောက်ဖြူ မြို့ပြင်တစ်နေရာ
" တိုင်းမှူး မောင်ဦးက အဲဒီမြေကွက်ကို သူလိုချင်တယ်ဆိုပြီး သူတိုင်းမှူး တာဝန်ကျစဉ်မှာ ရယကတွေကို ကျပ် ၂၅ သိန်းပေးပြီး ကျေးရွာသားတွေ သဘောမတူဘဲ အတင်းယူသွားပါတယ်။ အဲဒီမြေကွက်ကို သူဇနီး ဒေါ်ညွန့်ညွန့်ဦး နာမည် ဖေါက်ပြီး မနှစ်က သိန်း ၄၅၀ နဲ့ ဒေ၀ူး ကုမ္ပဏီကို ရောင်းစားပါတယ်။ အခု ကျွန်တော်တို့ရွာမှာ သမ၀ါယမ ကုန်ထုတ် အသင်းဖွဲ့မယ်ဆိုတော့ ဒီမြေကို

ဓါတ်ငွေ့ပိုက်လုံးချထားဖို့ သီပေါမှာ မြေယာသိမ်း

2011-07-21
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းမယ့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွားမည့် ဒေသက လယ်ယာ ခြံမြေတွေ သိမ်းဆည်းခံရကြောင်း သိရပါတယ်။
ဓါတ်ပုံ - တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို သွယ်တန်းမည့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နေ့စဉ်နဲ့အမျှ သယ်ယူလာသော ပိုက်လုံးတင် ကားကြီးများကို တွေ့ရစဉ်။
ဒီစီမံကိန်းအတွက် တရုတ် ကုမ္ပဏီတွေက စတင် ပြင်ဆင်နေရာမှာ ရှမ်းပြည် မြောက်ပိုင်း

ရန်ပွဲကို ဖျန်ဖြေသော ထိုင်းကျောင်းဆရာ ဖေါင်တိန်သေနတ်ဖြင့် ပစ်ခံရ

E-mail Print PDF
နွန်သာဘူရီပြည်နယ်ရှိ ဘတ်စ်ကား မှတ်တိုင်တွင် သက်မွေးကျောင်းသား ၅၀ ခန့် ခိုက်ရန် ဖြစ်ပွားနေစဉ် ၀င်ရောက် ဖျန်ဖြေပေးသည့် ကျောင်းဆရာမှာ မျက်နှာတွင် သေနတ်ပစ်ခံခဲ့ရသည်။

တပ်မတော် သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာကျောင်းမှ ဆရာ ၀ီချိယန်ပတ်ချာခီအော်မှာ ကျောင်းသားတစ်ဦးက ဖေါင်တိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မျက်လုံးအောက်နားတွင် ဒဏ်ရာရရှိခဲ့သည်။ ကျောင်း ၂ ကျောင်း အကြား ခိုက်ရန် ဖြစ်ပွားနေစဉ် တစ်ခါသုံး သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက် ခံရခြင်းဖြစ်သည်။ ဖရာရမ်ဟော့နှင့် နာကောင်လွန် နည်းပညာကျောင်းများမှ ကျောင်းသား ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးထားသည်။ ဖေါင်တိန်သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာမူ လွတ်မြောက်သွားသည်။

ဓါး ၂၁ လက်၊ ပေါက်ဆိန်နှင့် ပင်ပေါင်လက်ပစ် ဗုံး တစ်လုံးတို့ကို ရဲများက သိမ်းဆည်းခဲ့ရသည်။
ကျောင်းသားများ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် လက်နက် ကိုင်ဆောင်သည့်အတွက်

လုမ္ဗနီ ဘာသာရေး လုပ်ငန်းစီမံကိန်း၊ တရုတ် ဒေါ်လာ ၃ ဘီလီယံ မြှုပ်နှံ

E-mail Print PDF

ဗုဒ္ဓဘုရားရှင် ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က နီပေါနိုင်ငံ လုမ္ဗနီမြို့လေးတွင် ဖွားမြင်ခဲ့သည်။ ယခု တရုတ်အစိုးရက
ကမ္ဘာအနှံမှ ဘုရားဖူးများကို စွဲဆောင်မည့် ထို ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗနီမြို့လေး ပြုပြင်ဖို့အတွက်၊ ဒေါ်လာ ၃ ဘီလီယံ အကုန်ကျခံပြီး နီပေါနိုင်ငံမှာ ပရောဂျက်တစ်ခု စတင်တော့မည် ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းတွင် လေဆိပ်တစ်ခု၊ အဝေးပြေးလမ်းမ၊ ဟိုတယ်များ၊ ကွန့်ဖရင့်စင်တာများ၊

အိန္ဒိယ ရွာသားများနှင့် သစ်တောစောင့်များကို တိုက်ခိုက်တဲ့ ကျားသစ်


E-mail Print PDF

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ် ဒေသရှိ ဖရာခရှာ ကျေးရွာမှ သစ်တော အစောင့်ဝန်ထမ်းတစ်ဦးကို

မွန်ပြည်နယ်ရှိ ရာဘာခြံများ အစိုးရစစ်တပ် အဓမ္မသိမ်း

E-mail Print
မွန်ပြည်နယ်အတွင်း ရေးမြို့နယ်အနီးရှိ ကျွဲသုံးညီမ ကျွန်းပေါ်မှ ရာဘာခြံ ဧက ၃၀၀၀ ကျော်အား အစိုးရ၏ ဒေသခံစစ်တပ်က လျော်ကြေး တစုံတရာမပေးဘဲ အဓ္ဓမသိမ်းယူ လိုက်ကြောင်း သိရသည်။

ကျွဲသုံးညီမ (အရှေ့၊ အနောက်)၊ မင်းသား စသည့် ကျေးရွာများရှိ ဒေသခံများ၏ ရာဘာခြံများအား နယ်မြေခံ ရေတပ်၏ တပ်ရင်း ၄၃ က သိမ်းပိုက်လိုက်၍ ဒေသခံများအတွက် အလုပ်အကိုင်ရှားပါး သွားခြင်းကြောင့် အိမ်ထောင်စု ၂၀ ကျော်သည် ထိုင်းနိုင်ငံဘက် အခြမ်းသို့ မကြာခင်က ပြောင်းရွှေ့ခဲ့ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက်၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း အဖွဲ့ တာဝန်ခံ ကိုနိုင်ဦးမွန်က ဧရာဝတီကို ပြောသည်။

“ကျွဲသုံးညီမ ကျွန်းပေါ်က ဧက ၃၀၀၀ ကျော်ကို ပြီးခဲ့တဲ့လတွေကပဲ အပြီး သိမ်းယူလိုက်ပါတယ်။ အလုပ်တွေ မရှိတော့တဲ့ အတွက် စိတ်ဓာတ်ကျပြီး နေရပ်စွန့်ခွာသူတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်ရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ရာဘာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ကြကြောင်း၊

ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နှင့်​အစိုး​ရပူး​ပေါင်း​တပ် လက်နက်ကြီး​ဖြင့်​ပစ်

Published on July 22, 2011 by နော်နိုရင်း   · (DVB မှကူးယူဖော်ပြသည်)
ကရင်ပြည်နယ် လှိုင်း​ဘွဲမြို့​နယ်မြိုင်ကြီး​ငူ​ဒေသနဲ့​ ၄-၅ မိုင်အကွာမှာ အ​ခြေစိုက်တဲ့​ ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက လက်နက်ကြီး​တွေနဲ့​ ဆက်လက်ပစ်ခတ်​နေပါတယ်။
ဒီကေဘီအေ တပ်စခန်းတခု (ဓာတ်ပုံ - ဒီဗွီဘီ)
ပြီး​ခဲ့​ ဇူလိုင် ၂၀ ရက်ကစပြီး​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​ဘက် ၅ မိုင်အကွာ ဝါကလယ်​တောင်မှာရှိတဲ့​ ဒီ​ကေဘီ​အေတပ်စခန်း​ကို ဗိုလ်ချုပ်ဖား​နွံဦး​ဆောင်နဲ့​ နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက စတင် ထိုး​စစ်ဆင်တာဖြစ်ပါတယ်။
မ​နေ့​ကလည်း​ တိုက်ခိုက်​နေပြီး​ ဒီ​နေ့​မှာလည်း​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​တောင်ဘက် ၄ မိုင်​လောက်အကွာမှာရှိတဲ့​ ထီး​လာနဲ ရွာကို အဆိုပါ ပူး​ပေါင်း​တပ် ​တွေက လက်နက်ကြီး​နဲ့​ လှမ်ပစ်​နေတယ်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ဘား​အံခရိုင် ဥက္ကဋ္ဌ ပဒို​စော​အောင်​မောင်​အေး​က ​ပြောပါတယ်။
“ဒီ​နေ့​က​ တော့​ မြိုင်ကြီး​ငူနား​မှာ ရှိတဲ့​ ထီး​လာနဲရွာကို ဘီဒီအက်ဖ် တပ်ရင်း​ ဗိုလ်ချုပ်ဖား​နွံဦး​ဆောင် ဦး

မန္တ​လေး​ မူး​ယစ်ရဲအုပ်က ​ငွေ​ပေး​ပြီး​ လူသတ်ခိုင်း

Published on July 22, 2011 by ရွှေအောင်   ·DVB မှကူးယူဖော်ပြသည်
မန္တ ​လေး​မြို့​၊​ ၈၈ လမ်း​၊​ ၂၃ လမ်း​နဲ့​ ၂၄ လမ်း​ကြား​၊​ သီရိမာလာ ရပ်ကွက်ရုံး​ရှေ့​မှာ ဇူလိုင် ၁၉ ရက်​နေ့​ ည ၆ နာရီခွဲ​လောက်က အမျိုး​သမီး​တဦး​ကို အမျိုး​သား​တဦး​က ဓား​နဲ့​ထိုး​သတ်ခဲ့​ပါတယ်။
အမျိုး​သမီး​ ရဲ့​အော်သံ​ကြောင့်​ ရပ်ကွက်က ဝိုင်း​ဝန်း​ဖမ်း​မ်း​မိခဲ့​ပြီး​ အဲ့​ဒီလူရဲ့​ ထွက်ဆိုချက်အရ မန္တ​လေး​မြို့​ ​မြောက်ပိုင်း​ခရိုင် မူး​ယစ်အထူး​ရဲတပ်ဖွဲ့​က ရဲအုပ်သန်း​စိုး​က ​ငွေဆယ်သိန်း​ပေး​ သတ်ခိုင်း​တာ ဖြစ်​ကြောင်း​ ​ဖြောင့်​ချက်​ပေး​တယ်လို့​ မျက်မြင်တဦး​က ​ပြောပြပါတယ်။
အသတ်ခံရတဲ့​ အမျိုး​သမီး​ဟာ ရဲအုပ်သန်း​စိုး​ရဲ့​ မယား​ပြိုင်ဖြစ်ပြီး​ မန္တ​လေး​မှာ ကွာရှင်း​စရိတ် လာ​တောင်း​တုန်း​ အခုလိုအသတ်ခံရတာ ဖြစ်​ကြောင်း​ မျက်မြင်က ​ပြောပါတယ်။
“သူ့​က​လေး​ နဲ့​ အဲဒီ​ကောင်မ​လေး​ကို ပိုက်ဆံမ​ထောက်လို့​ အဲဒီ​ကောင်မ​လေး​က ဗန်း​မော်က​နေ မန္တ​လေး​ကို လာပြီး​ အဲဒီ မူး​ယစ်အရာရှိ စိုး​သန်း​ဆီမှာ ပိုက်ဆံ​တောင်း​တဲ့​အခါမှာ စိုး​သန်း​က မ​ပေး​ဘဲနဲ့​ ​ကျောက်သပိတ်ဘက်က လူသတ်သမား​ကို ငှား​ပြီး​ သတ်လိုက်တယ်။ အဲဒီ ​ကောင်မ​လေး​လည်း​ ဓား​နဲ့​ ထိုး

သေဒဏ်ချမှတ်ခံထား​သည့် က​လေး​စစ်သား​ကို ပြန်လွှတ်ရန် ​တောင်း​ဆို

Published on July 22, 2011 by မင်းလွင်   · (ဒီဗွီဘီ မှကူးယူဖော်ပြသည်)
တပ်မ ​တော်အရာရှိတဦး​ကို ပစ်သတ်ခဲ့​တဲ့​အတွက် က​လေး​မြို့​ အကျဉ်း​ထောင်မှာ ​သေဒဏ်ကျခံ​နေရတဲ့​ က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ​သေဒဏ်ပြစ်ဒဏ်မှတဆင့်​ ကလေး​ဥပ​ဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ် ​လျှော့​ပေါ့​ပေး​ဖို့​ မိသား​စုဝင်​တွေက ​တောင်း​ဆိုလိုက်ပါတယ်။
မောင်ဖြိုး​ စည်သူဟာ အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အဓမ္မ စု​ဆောင်း​ခံရပြီး​နောက် စစ်ကိုင်း​တိုင်း​ဒေသကြီး​ အရာ​တော်မြို့​နယ်မှာရှိတဲ့​ အမှတ် ၁၀ တပ်မ​တော်​လေ့​ကျင့်​ရေး​ကျောင်း​မှာ အ​ခြေခံစစ်သင်တန်း​ တက်​ရောက်ခဲ့​ပြီး​တဲ့​နောက်မှာ ချင်း​ပြည်နယ်အတွင်း​ စစ်ဆင်​ရေး​မှာ မိမိအထက်အရာရှိကို ပစ်ခဲ့​တဲ့​အတွက် က​လေး​မြို့​မှာရှိတဲ့​ အမှတ် ၉၄၃ ​ထောက်ပံ့​ရေး​တပ် စစ်တရား​ရုံး​က​နေ ​သေဒဏ်ချမှတ်ခဲ့​တာလို့​ မိခင်ဖြစ်သူ ​ဒေါ်သန်း​သန်း​ရီက ​ပြောပြပါတယ်။
မောင်ဖြိုး​စည်သူ ​သေဒဏ်ချမှတ်ခံခဲ့​ရတဲ့​ အချိန်တုန်း​က အသက် ၁၅ နှစ်ပဲရှိ​သေး​ပါတယ်။
ဒါ​ကြောင့်​ ၁၉၉၃ က​လေး​ သူငယ်ဥပ​ဒေပုဒ်မ ၄၆ အရ ​သေဒဏ် (သို့​မဟုတ်) တသက်တကျွန်း​ချမှတ်နိုင်တဲ့​ ပြစ်မှုကို ကျူး​လွန်ရင်​တောင်မှ အများ​ဆုံး​ ​ထောင်ဒဏ် ၇ နှစ်အထိပဲ ချမှတ်နိုင်တယ်လို့​ ပါရှိတဲ့

မီး​လောင်​သေဆုံး​သည့်​ အဖွား​အိုကိစ္စ မ​ဖြေရှင်း​ပေး​သည့်​အတွက် ရွာသား​များ​ မ​ကျေနပ်

Published on July 22, 2011 by ​အေး​နိုင်   · ဒီဗွီဘီ မှ ကူးယူဖေိာပြသည်
စစ်ကိုင်း ​တိုင်း​ဒေသကြီး​ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့​နယ်ထဲက သီလုံး​စံပြ​ကျေး​ရွာမှာ အသက် ၈၃ နှစ်အရွယ်အဖွား​အို ​ဒေါ်သိန်း​ရီဟာ ဒီလဆန်း​ (၃) ရက်​နေ့​က အိမ်မှာ မီး​လောင်ဒဏ်ရာနဲ့​ ​သေဆုံး​ခဲ့​ပါတယ်။
ဒီ​သေဆုံး​ မှုဟာ အဖွား​ရဲ့​မြေး​က ဓာတ်ဆီ​လောင်း​မီး​ရှို့​တာလို့​ ရွာသား​တွေက ယူဆပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နဲ့​ ရဲကအ​ရေး​မယူတဲ့​အ​ပေါ် မ​ကျေမနပ် ဖြစ်​နေကြပါတယ်။
ဒီလ ၃ ရက်​နေ့​ ည ခုနှစ်နာရီခန့်​ မီး​လောင်မှုကို ​ဘေး​အိမ်​တွေက သိလို့​ ငြိမ်း​သတ်နိုင်​ပေမယ့်​ နာရီပိုင်း​လောက်အကြာမှာ မီး​လောင်ဒဏ်ရာ​တွေရတဲ့​ အဖွား​ဟာ ​နောက်​နေ့​ မနက် ၂ နာရီ​လောက်မှာ ကွယ်လွန်ခဲ့​ပါတယ်။
သူ့​မြေး​ ကိုလှိုင်ဝင်း​က သူ့​ကို​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ချ မီး​ရှို့​လိုက်တာလို့​ အဖွား​က မ​သေခင်မှာ ရွာသား​တွေကို ​ပြောခဲ့​သလို ကိုလှိုင်ဝင်း​ကို ရဲကဖမ်း​သွား​ပြီဆိုမှ အသက်ထွက်သွား​တယ်လို့​ ရွာခံ အမျိုး​သမီး​တဦး​က ​ပြောပါတယ်။
အ​လောင်း​ကို ၁၁ နာရီ​လောက်မှာ သင်္ဂြီုဟ်ပြီး​မှ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က ဒီအဖွား​ဟာ အနာကြီး​ရောဂါရှိလို့​ ဓာတ်ဆီနဲ့​အရက်ပျံ​ရောပြီး​ လိမ်း​ရာက ​ဆေး​လိပ်ဖွာလိုက်လို့​ မီး​ကူး​စက်​လောင်သွား​တာလို့​ ​ဖြေဆိုပြီး​တဲ့

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို

E-mail Print
မြန်မာနိုင်ငံတွင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းမရှိလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ဆုံးရှုံးနေမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြားလိုက်သည်။

HillaryRodham“ကျမတို့ အလေးအနက်ထားတာက အကျဉ်းထောင်တွေထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ အစိုးရက လွှတ်ပေးဖို့ပဲ” ဟု ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည် ဖော်သင့်ကြောင်းလည်း ဟီလာရီ ကလင်တန်က ပြောသည်။

ဟီလာရီ ကလင်တန်က စစ်လက်နက် ထိမ်းချုပ်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်မားလာကြောင်းလည်း

ပျက်ကျသွား​တဲ့​ ထိုင်း​ရဟတ်ယာဉ် ပြန်​တွေ့​ပြီ

Published on July 22, 2011 by DVB မှ ကူးယူဖော်ပြသည်
ဇူလိုင် ၁၉ ရက်​နေ့​က ပျက်ကျသွား​တဲ့​ ထိုင်း​ကြည်း​တပ်ပိုင် ဘလက်​ဟော့​ ရဟတ်ယာဉ်ကို ဒီက​နေ့​ နံနက် ၁၁ နာရီမှာ​တွေ့​ရှိပြီလို့​ ထိုင်း​ရုပ်သံသတင်း​တွေမှာ ​ကြေညာသွား​ပါတယ်။
ဘလက်​ဟော့​ ရဟတ်ယာဉ်ဟာ ထိုင်း​နယ်စပ်နဲ့​ မီတာ ၃၀၀ အကွာ မြိတ်ခရိုင်အတွင်း​မှာ ပျက်ကျတာဖြစ်ပြီး​ စ​နေ​နေ့​က ထိုင်း​ပိုင်နက်ထဲမှာ ပထမတစီး​ပျက်ကျတဲ့​နေရာနဲ့​ မီတာ ၅၀၀ ​လောက်သာ ​ဝေး​ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်က ရုပ်အလောင်းကို သယ်ယူရန် ကြိုးစားနေစဉ် (ဓာတ်ပုံ - www.jamjung.com)
ရဟတ်ယာဉ်နဲ့​ ပါသွား​သူ ၉ ဦး​ရဲ့​ ခန္ဓာအစိတ်အပိုင်း​တွေကို ရဟတ်ယာဉ် အစိတ်အပိုင်း​တွေကြား​မှာ ​တွေ့​ရပြီး​ ခန္ဓာကိုယ်အစိတ်အပိုင်း​ ပြည့်​ပြည့်​စုံစုံမရှိဘူး​လို့​ ဆိုပါတယ်။
လေယာဉ်ပျက်ကျ​ နေတဲ့​နေရာဟာ မီတာ ၁၁၀၀ ​လောက်နက်တဲ့​ ​တောင်ကမ်း​ပါး​ဆန်ဆန် ဆင်​ခြေ

အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ

E-mail Print
ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

khinnyuantနိုင်ငံတော် အကြီးအကဲများအနေဖြင့် ၎င်းအား တချိန်က လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် တယောက်အနေဖြင့် သဘောထားကာ လက်ရှိစားဝတ်နေရေး အခက်အခဲကို စဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် မြေးများ၏

Thursday, July 21, 2011

မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို ၀န်ကြီး ကလင်တန် တိုက်တွန်း

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေဟာ ဆက်လက်ပြီး အခြေအနေ ဆိုးဝါးနေဆဲ ဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာအာဏာပိုင်တွေကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းစေချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တိုက်တွန်းပေးဖို့ကိုလည်း အိန္ဒိယအစိုးရကို ၀န်ကြီး ကလင်တန်က သူမရဲ့ ၂ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း ချနိုင်းမြို့မှာ ဒီကနေ့ တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာရှ၊ ပစိဖိတ် ဒေသတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုးလို တာဝန်ယူမှု အသစ်တွေကို အိန္ဒိယက လုပ်ဆောင်သင့်တဲ့အကြောင်း၊ ဒေသတွင်း နိုင်ငံတွေရဲ့ အနာဂတ် အပြုသဘောဆောင်ပြီး တိုးတက်လာဖို့ အရေးမှာ အိန္ဒိယနိုင်ငံက အလားအလာကောင်း ရှိတဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် နရန် ပန်ဘာရောင်းတို့ တွေ့ဆုံခဲ့တဲ့ ကိစ္စဟာ တကယ်ပဲ ထူးခြားတဲ့ ကိစ္စတခုဖြစ်ပြီး ဆက်ပြီးတော့လည်း မြန်မာပြည်မှာ လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာအောင် အိန္ဒိယက

ဗန်း​မော်-မြစ်ကြီး​နား​လမ်း​ပေါ်က တံတား​မိုင်း​ခွဲခံရ

Published on July 21, 2011 by ဒီဗွီဘီ   ·   No Comments
ဇူလိုင် ၂ဝ ရက်​နေ့​ ညသန်း​ခေါင်အချိန်က ဗန်း​မော်-မြစ်ကြီး​နား​ လမ်း​ပေါ်ရှိ ဂါး​ဒါယန်တံတား​ မိုင်း​ခွဲဖျက်ဆီး​ခံရ၍ လုံး​ဝပျက်စီး​သွား​ကာ ယာဉ်သွား​လာမှုများ​ ရပ်နား​လိုက်ရပါတယ်။
ဝိုင်း​ မော်မြို့​နယ် ဂါး​ဒါယန်​ကျေး​ရွာနှင့်​ ကဇူး​ကျေး​ရွာကို ဆက်သွယ်ထား​တဲ့​ လွယ်​မွေ​ချောင်း​ကူး​ ကွန်ကရစ်တံတား​မှာ ​ပေ ၂ဝ ဝန်း​ကျင်ရှိပြီး​ မိုင်း​ခွဲခံရသဖြင့်​ တံတား​တခုလုံး​ ​ရေ​ချောင်း​ထဲ ပြုတ်ကျသဖြင့်​ လူပင် ဖြတ်သန်း​၍ မရဖြစ်​နေ​ကြောင်း​ မျက်မြင် ကား​သမား​တဦး​က ​ပြောပါတယ်။
လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်က ကွန်ကရစ်တံတားတခု
“ဂါး​ ဒါယန်အထွက်မှာ ကွန်ကရစ်တံတား​ကြီး​ကို မိုင်း​ခွဲတာ ကျိုး​သွား​တဲ့​ခါကျ​တော့​ ဗန်း​မော်-မြစ်ကြီး​နား​-လိုင်ဇာ လုံး​ဝ ပြတ်​တောက်သွား​ပြီ။ ည ၁၂ နာရီကို ချိုး​တယ်​ပြောတယ်။ အရင်တုန်း​က ချိုး​ထား​တယ်ဆိုတာ နည်း​နည်း​ပဲ ​ပေါက်တာ​လေ။ ဒီတ​ခေါက် ပြန်သွား​တော့​ တံတား​ရှစ်စင်း​ချိုး​ထား​တယ်။ ဘာပြဿနာမရှိဘူး​။ ကား​မောင်း​လို့​ရတယ်။ အခုက လုံး​ဝကို မရ​တော့​ဘူး။ တံတား​ကြီး​ ကျိုး​ကျသွား​ပြီ။ လူကူး​လို့​တောင် မလွယ်ဘူး​၊​ ​ချောင်း​နဲ့​ဆို​တော့​။ ကွန်ကရစ်တိုင်မဟုတ်ဘူး​။ အလုံး​လိုက်ပါ ပြုတ်ကျသွား​ပြီ။ ဆိုး​ဆိုး​ဝါး​ဝါး

ဧရာဝတီတိုင်း​တွင် ဆည်​ရေ​ဖောက်ချသဖြင့်​ လယ်ဧကနှစ်​သောင်း​ဝန်း​ကျင် ​ရေနစ်မြုပ်

Published on July 21, 2011 by ​အေး​နိုင်   ·(DVB မှကူးယူဖော်ပြသည်)
ဧရာဝတီတိုင်း ​ဒေသကြီး​တွင်း​မှာ ဆည်​ရေ​ဖောက်ချလိုက်တဲ့​အတွက် ဆည်က​နေကျဆင်း​လာတဲ့​ရေ​တွေ​ကြောင့်​ ပန်း​တ​နော်မြို့​နယ်တွင်း​ ​ကျေး​ရွာအုပ်စု (၉) ခုက လယ်ဧက (၂) ​သောင်း​ဝန်း​ကျင် ​ရေနစ်မြုပ်​နေသလို ရခိုင်ပြည်နယ်က မြို့​နယ်တချု့​မှာလည်း​ မိုး​သည်း​ပြီး​ လယ်ကွက်​တွေ ​ရေနစ်မြုပ်​နေတယ်လို့​ ပန်း​တ​နော်မြို့​ ရပ်မိရပ်ဖတဦး​က ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ ​မေ၊​ ဇွန်လပိုင်း​မှာ မိုး​သည်း​ထန်ပြီး​ ကျုံ​ပျော်မြို့​နယ်ထဲမှာ လယ်ဧက ၃ ​ထောင်​လောက် ​ရေနစ်မြုပ်ခဲ့​တာကို လယ်သမား​တွေက သက်ဆိုင်ရာ မြို့​နယ်ခရိုင် တိုင်း​ဒေသကြီး​အဆင့်​ဆင့်​ အုပ်ချုပ်​ရေး​ အာဏာပိုင်ကို တင်ပြခဲ့​ကြတယ်လို့​ ဆိုပါတယ်။
ဧရာဝတီတိုင်း အတွင်းရှိ လယ်ကွက်တခု (ဓာတ်ပုံ - ဒီဗွီဘီ)
ကျုံ​ ပျော်မြို့​က လယ်​တွေ ​ရေမြုပ်တာဟာ ပန်း​တ​နော်နဲ့​ ကျုံ​ပျော်နယ်စပ်မှာ ရှိတဲ့​ ​ကော်သလဲ တာတမံခံ​နေတာ​ကြောင့်​ ဖြစ်ရမယ်လို့​ ယူဆပြီး​ ဆည်​မြောင်း​ဌာနက တာဝန်ရှိသူ​တွေရဲ့​ တား​မြစ်တဲ့​ကြား​က ဆည်​ရေ​ဖောက်ချဖို့​ သက်ဆိုင်ရာက ဆုံး​ဖြတ်ခဲ့​ပါတယ်။
ဒီ​နောက် ဧရာဝတီတိုင်း​ဒေသကြီး​ စိုက်ပျိုး​ရေး​နဲ့​ ​မွေး​မြူ​ရေး​ဝန်ကြီး​ ဦး​တင်စိုး​ကိုယ်တိုင် ဆင်း​လာပြီး​ အခုလ

မြောက်ဦးမြို့ ရေမြုပ်၍ မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့

Font size: Decrease font Enlarge font
မြောက်ဦးမြို့တွင် မိုးအဆက် မပြတ် ရွာသွန်းပြီး ရေတက်လာသဖြင့် မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေကြရသည်ဟု သတင်း ရရှိသည်။

ဒေသခံ လူငယ် တစ်ဦးက "ရပ်ကွက်တိုင်းလိုလို ရေမြုပ်နေပါတယ်။ အခု ရပ်ကွက်တိုင်းက မြေနိမ့်တဲ့ နေရာက မိသားစုတွေကို စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ ဘေးလွှတ်ရာကို ပြောင်းရွှေ့ နေကြရပါတယ်" ဟု ပြောသည်။


flooding-Arakan
လွန်ခဲ့သော ခုနှစ်ရက်ခန့်က စပြီး မိုးအဆက် မပြတ်ရွာသွန်းနေသဖြင့် ကုန်းမြင့်ပိုင်း တောင်ရပ်ထိ ရေတက်လာခဲ့သည်ဟု သိရသည်။ ဆန်ဈီး (ဈေး) ၊ အလယ်ဈီး (ဈေး) ၊ ဆန်ချဆိပ်၊ ကြက်ဈီး (ဈေး) လက်ကောက်ဈီး (ဈေး) ရှိ မြေနိမ့်ပိုင်း အိမ်များ အားလုံးမှာ ရေမြုပ်နေကြောင်း သူက ပြောသည်။

" အခု ကျောင်းတွေလည်း ပိတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ လူတွေကတော့

မြန်မာနိုင်ငံ အနှံ့အပြား မိုးကြီးသဖြင့် လယ်မြေများ ရေမြုပ်

E-mail Print
မြန်မာတနိုင်ငံလုံး၌ မိုးအဆက်မပြတ်ရွာသွန်းနေပြီး တိုင်းနှင့်ပြည်နယ် အများအပြား၌ ရေလွှမ်းမှုများ ဖြစ်ပေါ်နေကာ ဒေသတချို့တွင် လယ်မြေများစွာ ရေမြုပ်နေကြောင်း ကြားသိရသည်။

tunlun400
ဇူလိုင် ၁၇ ရက်နေ့က မိုး/ ဇလ ပညာရှင် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်တွင် တွေ့ရသည့် မြန်မာပြည် မိုးလေဝသ အခြေအနေပြ မြေပုံ
ဧရာဝတီတိုင်းအတွင်း မိုးကြီးမှုကြောင့် ကျုံပျော်မြို့နယ်မှ တာတမံတခုအား ဒေသအာဏာပိုင်များက ဖောက်ချလိုက်ရာ လယ်ဧက ၁ သောင်းဝန်းကျင် ရေမြုပ်သွားခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျုံပျော်မြို့နယ်အတွင်းမှ ခရေကန်အမည်ရှိသော တာတမံအား ဇူလိုင်လ ၆ ရက်နေ့တွင် ပေ ၂၀ ခန့် စတင်ဖောက်ချလိုက်ရာမှ ယခုအခါ ပေ ၁၀၀ ၀န်းကျင် ကျိုးသွားပြီး ကျုံပျော်နှင့်နီးစပ်ရာ မြို့နယ်များ ဖြစ်သော ပန်းတနော်၊ ကျောင်းကုန်း စသည့်မြို့နယ်၊ ကျေးရွာများမှ လယ်မြေများ၊ စပါးခင်းများ၊ ငါးကန်များ ရေလွှမ်း ခံလိုက်ရသည်ဟု ကျုံပျော်ဒေသခံ တဦးက ရှင်းပြသည်။

ဒေသအာဏာပိုင်များ၏ လုပ်ရပ်အား ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ရာ ၀န်ကြီးချုပ်၏ အမိန့်ဖြင့်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ