.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, July 25, 2011

မြန်မာအစိုးရတပ်တွေ SSA ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းရံပိတ်ဆို့

သတင်း RSS Feeds RSS Feed

 တနင်္ဂနွေ, 24 ဇူလိုင် 2011

တိုက်ပွဲဖြစ်နေတာ သီတင်း ၂ ပတ်နီးပါး ရှိပြီဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ၀မ့်ဟိုင်းဌာနချုပ် စခန်းကို မြန်မာအစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ၀ိုင်းရံပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မြန်မာစစ်တပ်ဟာ ၀မ့်ဟိုင်းဌာနချုပ်နဲ့ တဖာလုံကွာမှာ ရောက်နေပြီ ဖြစ်ပေမဲ့ SSPP အနေနဲ့ကတော့ ဘယ်သူ့ဆီကမှ အကူအညီတွေ မရလည်း ဆက်ပြီး ခုခံ တိုက်ခိုက်သွားမယ်လို့

အလုပ်သမားအခွင့်ရေးဆိုင်ရာ ဆွေးနွေးပွဲ ထန်းတပင်မှာ ပြုလုပ်


2011-07-24
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် မငေးစု ကျေးရွာမှာ ဒီကနေ့ ညနေပိုင်း က အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ကုလသမဂ္ဂ ပြဌာန်းချက်ပါ အခြေခံ အလုပ်သမား အခွင့်အရေးတွေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ရရှိ ခံစားနိုင်မယ့် အလုပ်သမား အခွင့်အရေးတွေကို ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဦးဆောင်ဆွေးနွေးရာမှာ ပါဝင်တဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများ အဖွဲ့က

မြန်မာနိုင်ငံမှာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း သြစတြေလျရောက် နောက်ထပ် ဒုက္ခသည်တဦး ဝန်ခံ

2011-07-24 RFA  မှ ကူးယူဖော်ပြသည်
သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံ နေထိုင်သူ မြန်မာစစ်ထောက်လှမ်းရေးဟောင်း ဆိုသူ နောက်တဦးက မြန်မာနိုင်ငံမှာ လူ ၄ဝ နဲ့ ၅ဝ ကြား သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဒီကနေ့ ဝန်ခံ ပြောကြားလိုက်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ အမိန့်ပေး ခိုင်းစေမှုကြောင့် ၁၉၈၄ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အတွင်း ကရင် တော်လှန်ရေးသမား ၅ဝ နီးပါး သတ်ဖြတ်ခံခဲ့ရမှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ အသက် ၄၄ နှစ်အရွယ် ကရင်တိုင်းရင်းသား ကိုမွန်းဆာ ဆိုသူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီ ကျူးလွန်ခဲ့မှုတွေအတွက် မိမိမှာ အပြစ်ရှိကြောင်း၊ စစ်အစိုးရက ကရင်လူမျိုး အချင်းချင်း သတ်ဖြတ်ဖို့ မိမိကို ဓားတချောင်းသဖွယ် အသုံးချခဲ့ကြောင်း အဲဒီ ကိုမွန်းဆာ ဆိုသူက ပြောပါတယ်။

ရှစ်လေးလုံး အရေးအခင်းအတွင်း လူတွေ ရာနဲ့ချီ သတ်ဖြတ်ခဲ့မှုမှာ ပါဝင် ကျူးလွန်ခဲ့ကြောင်း ကိုထူးထူးဟန်

ADSLအင်တာနက် လိုင်းကို ကနဦးတပ်ဆင်ခ ငွေ ကျပ် ၁၅ သိန်းမှ ငွေကျပ် ငါးသိန်း နှုန်းသို့ လျှော့ချ


PDF Print
Sunday, 24 July 2011 13:29
AddThis Social Bookmark Button
6434
ADSL စနစ်ဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုပုံကို တွေ့ရစဉ်
ADSL အင်တာနက်လိုင်းကို ကနဦးတပ်ဆင်ခငွေကျပ် ၁၅ သိန်း နှုန်းမှ ငွေကျပ်ငါးသိန်းနှုန်းသို့ ယခုနှစ်အတွင်း လျှော့ချအသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
ယခင်က ADSL အင်တာနက်လိုင်း လျှောက်ထားရာတွင် ကနဦး တပ်ဆင်ခအဖြစ်ငွေကျပ် ၁၅ သိန်းကို ပေးသွင်းခဲ့ရသော်လည်း ယခုအခါ ငွေကျပ် ငါးသိန်းနှုန်းသို့ လျှော့ချ အသုံးပြုခွင့် ပေးသွားရန်ရှိကြောင်း အဆိုပါ ADSL အင်တာနက်လိုင်း အပြင် အခြားအင်တာနက်လိုင်း အမျိုးအစားများကိုလည်း ဈေးနှုန်းလျှော့ချ ကာ ၀န်ဆောင်မှုများ ပေးသွားရန်ရှိကြောင်း သိရှိရသည်။
“ADSL အင်တာနက်လိုင်းတွေ ရဲ့ အရင်မူရင်းဈေးက ငွေကျပ် ၁၅ သိန်းဖြစ်ပါတယ်။ ကြိုးဖုန်းရှိမှ လျှောက်ထားလို့ရပါတယ်။ အခု နောက်ပိုင်းမှာ အင်တာနက်ကို ပြည်သူတွေ ပိုမို

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေး ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်


PDF Print
Monday, 25 July 2011 16:17
AddThis Social Bookmark Button

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့်

ဥရုချောင်းဖျားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးခင်း ဖားကန့်တွင် ဒုတိယအကြိမ် ရေကြီးပြီး လူနေအိမ်များ ရေနစ်မြုပ်


PDF Print
Monday, 25 July 2011 01:18
AddThis Social Bookmark Button
w64324
w64325
ဖားကန့်မြို့နယ် ဥရုချောင်းဖျား ကံဆီး-အောင်ဘာလေရွာ တို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းက မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးခင်း-ဖားကန့် တို့တွင် ဒုတိယ အကြိမ် ရေကြီးပြီး

ကထစမှူး ဗိုလ်ချုပ် တင်ငွေ အနားပေးခံရ


E-mail Print
ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေကို ဇူလိုင်လ ၂၂ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်မှ သိရသည်။

News-Tin-Nge--25-July-2011
ဗိုလ်ချုပ်တင်ငွေကို မည်သည့် ပြစ်ချက်ကြောင့် တာဝန်မှ ရပ်စဲသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း စစ်ဘက်နှင့်နီးစပ်သူတဦးက ယခင် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည်အတွက်

စက္ကူလေယာဉ် ရွှေတံဆိပ်ဆုရှင် မောင်သောင်းဒီ ထိုင်းနိုင်ငံသားကဒ် လုပ်ခွင့်မရ


PDF Print E-mail
Written by မြတ်ညို   
Thursday, 21 July 2011 00:00
20110721a
မောင်သောင်းဒီ (ဓာတ်ပုံ- မြတ်ညို)
စက္ကူလေယာဉ် ရွှေတံဆိပ်ဆုရှင် မောင်သောင်းဒီ ထိုင်းနိုင်ငံသားကဒ် လုပ်ခွင့် မရရှိသေးကြောင်း သူ့ဖခင်က ပြောသည်။ ဇူလိုင်လ (၁၄)ရက်နေ့က သူနေထိုင်ရာ ချင်းမိုင်မြို့ ထိုင်းစာသင်ကျောင်းတွင် အသက် (၁၅)နှစ်အောက် ကျောင်းသားများအား ထိုင်းအစိုးရက နိုင်ငံသားကဒ် လုပ်ပေးခဲ့သော်လည်း မောင်သောင်းဒီမှာ ပြုလုပ်ခွင့် မရရှိခဲ့ပေ။
“အစီအစဉ်က ထိုင်းနိုင်ငံသားများအတွက် ထော်ရော(၁၄) ကိုင်ဆောင်ထားသူများ အတွက်သာ ဖြစ်တယ်။ တောင်ပေါ်သားကဒ် အပါအ၀င် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ မဆိုင်ဘူးဗျ”ဟု ချင်းမိုင် အခြေစိုက် MAP ဖောင်ဒေးရှင်း ရွှေ့ပြောင်း အလုပ်သမားရေး ဌာနမှ တာဝန်ရှိသူ စိုင်းနီက ပြောသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမား မိဘများမှ မွေးဖွားပြီး မြန်မာနိုင်ငံဘက်တွင်လည်း မှတ်ပုံတင် မရှိသလို မွေးဖွားရာ ထိုင်းနိုင်ငံတွင်လည်း ထိုင်းနိုင်ငံသား လက်မှတ်မရရှိသူ ကလေးများစွာ အနက်   မောင်သောင်းဒီလည်း တစ်ဦး အပါအ၀င် ဖြစ်သည်။
မောင်သောင်းဒီသည် ၂၀၀၉ ခုနှစ်က ဂျပန်နိုင်ငံတွင်  နိုင်ငံတကာ စက္ကူ လေယာဉ်လွှတ် ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ကိုယ်စားပြု အဖွဲ့လိုက် ရွှေတံဆိပ်နှင့် တစ်ဦးချင်း တတိယဆု ရရှိခဲ့သည်။ ထိုစဉ်က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝေ့ချာချီဝက မောင်သောင်းဒီ၏ အဆင့်မြင့် ပညာရေး ဆုံးခန်းတိုင်အောင်  နိုင်ငံတော် စရိတ်ဖြင့် သင်ကြားခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော် ထိုင်းနိုင်ငံသား လက်မှတ် ကိုင်ဆောင်ခွင့် မရရှိသေးသဖြင့် ပညာရေးတွင် အခက်အခဲ ဖြစ်လာမည်ကို သူ၏ မိဘများက စိတ်ပူနေသည်။
ဖခင်ဖြစ်သူက “ကျနော့်သားက လေကြောင်း စက်မှုသိပ္ပံ အင်ဂျီနီယာ ဖြစ်ချင်တယ်။ ထိုင်းအစိုးရကသာ တာဝန်ယူပြီး သင်ကြား မပေးရင် ကျနော်တို့ အနေနဲ့ အဆင့်မြင့် ပညာတွေကို သင်ပေးနိုင်မှာ မဟုတ်ဘူး” ဟုပြောသည်။
ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကလည်း “ပညာရေး ထူးချွန်လို့ ထိုင်းနိုင်ငံ ကိုယ်စားပြုပြီး သွားရောက် သင်ကြားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားတဲ့ နိုင်ငံကူး လက်မှတ်တို့ မဲပေးခွင့်တို့ မရထားတာကြောင့်” ဟုပြောသည်။
ရှမ်းပြည်နယ် နန့်စန်မြို့မှ ဦးစိုင်းညွန့်နှင့် ဒေါ်မွန်တို့က ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဝှေ့ဆိုင် ရပ်ကွက်၌ မောင်သောင်းဒီအား မွေးဖွားခဲ့သည်။
မောင်သောင်းဒီအနေဖြင့် တချိန်ချိန်တွင် ထိုင်းနိုင်ငံသား လက်မှတ်ရမည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။
20110721b
မောင်သောင်းဒီ မိသားစု (ဓာတ်ပုံ- မြတ်ညို)
  http://www.ghre.org/en/index.php?start=15 မှ ကူးယူဖော်ပြသည်

Sunday, July 24, 2011

ဟောလီဝုဒ်မှ မြန်မာအကြောင်းရိုက်ထားသောဇာတ်ကား ကြေငြာလေးပါ


မဲဆောက်ဆေးရုံကြီး တိုးချဲ့ ဆောက်လုပ်ရေးဆိုဒ်ထဲက မြန်မာအလုပ်သမားတွေ တယောက်ပြီးတယောက် ခေါ်ယူ ရိုက်နှက်စစ်ဆေးခံနေရ

 မဲဆောက် ဆေးရုံကြီးမှာ ၆ ထပ်ဆေးရုံအဆောင်သစ် တိုးချဲ့ဆောက်နေတဲ့ ဆောက်လုပ်ရေးဆိုဒ်ထဲ က မြန်မာအလုပ်သမားတွေကို ထိုင်းရဲထောက်လှမ်းရေးတွေက တယောက်ပြီး တယောက် ခေါ်ထုပ်ပြီး ရိုက်နှက်စစ်ဆေးတာကို ခံနေရတယ်။ လာခေါ်တာကလည်း အလုပ်ထဲမှာရော အိမ်တွေမှာပါ လာခေါ်စစ်နေတယ်။

ဖြစ်ပုံက အသစ်တိုးချဲဆောက်နေတဲ့ အဆောင်ဘေးက ဆေးရုံဝန်ထမ်းနေတဲ့ အိမ်တလုံးကို ပြုပြင်ပေးတဲ့ အလုပ်ကိုပါ လုပ်ကိုင်နေရစဉ် အဲဒီ ဝန်ထမ်းအိမ်က ရွှေငါးကျပ်သားပြောက်တယ်ဆိုပြီး ဖြစ်လာတဲ့ ကိစ္စက စတာပါပဲ။ အခု ဆေးရုံ ဆောက်လုပ်ရေး အလုပ်ဆိုက်ထဲမှာ မြန်မာနဲ့ ထိုင်းအလုပ်သမား အားလုံး ငါးဆယ်လောက်ရှိတယ်။


ဒီလ ၁၃ ရက်နေ့ကစပြီ ပန်ရံဆိုက်ထဲက အလုပ်သမားတဦးကို ရွှေငါးကျပ်သား ပြောက်မှုနဲ့ စဖမ်းသွားပါတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေက ဘတ်ငွေ လေးထောင်နဲ့ လိုက်ရွေးတော့ ၁၄ ရက်နေ့မှ ပြန်လွှတ်ပေးလိုက်တယ်။


ဇူလိုင်လ ၁၉ ရက်နေ့မှာလဲ မဲဆောက်ဆေးရုံ ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်လုပ်နေတုန်း မြန်မာအလုပ်သမား ၃ ဦးကို အထက်ပါ အမှုနဲ့ပဲ ရဲထောက်လှမ်းရေးတွေက လာရောက်ဖမ်းခေါ်သွားပါတယ်။ ချက်ချင်းဆိုသလို မိသားစုတွေက လိုက်တော့ ဘတ်ငွေ ၅၀၀၀ ပေးရပြီး နေ့လည်လောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီနေ့ ညနေ ၆ နာရီမှာပဲ ဘတ်ငွေ ၅၀၀၀ နဲ့ ရွေးလို့ လွှတ်လိုက်တဲ့ အလုပ်သမား ၃ ဦးကို အိမ်မှာ လာရောက်ဖမ်းခေါ်တာကို ခံခဲ့ရပါတယ်။


ဖမ်းခေါ်သွားတဲ့ အလုပ်သမား ၃ ဦးကို ၂၀ ရက်နေ့မှာ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ ပြန်လွှတ်လာသူ သုံးဦးကတော့ တညလုံး ရိုက်နှက်ထိုးကြိတ်ထားတဲ့ ဒဏ်နဲ့ မျက်နှာတွေမှာ စုတ်ပြတ်ဖူးရောင်နေပြီး အရင်ဘတ်အတွင်းက နာကျင်နေလို့ အလုပ်ရှင်ကို ပြောပြပြီး မဲဆောက်ဆေးရုံမှာ ဆေးကုသမှုကို ခံယူခဲ့ရတယ်။

ပထမဆုံး ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းသွားတာ ခံရဖူးတဲ့  အလုပ်သမားကို ဒီနေ့ ၂၁ ရက်နေ့ ညနေမှာ အိမ်ကနေ လာဖမ်းသွားပါတယ်။

ဆေးရုံဆောက်လုပ်ရေး အလုပ်သမားတွေက သူတို့ အလုပ်ရှင်ကို ပြောပြတော့လည်း အလုပ်ရှင်က

အလုပ်ဖြုတ်ခံ လင်းထက်သိုးမွှေးစက်ရုံ ၀န်ထမ်းများ မကျေနပ်မှုများ​ကို​ တိုင်ကြား

Published on July 24, 2011 by အံ့ဘုန်းမြတ်   ·   1 Comment
သင်္ဃန်းကျွန်းမြို့နယ်၊ (ဂ) ရပ်ကွက်၊ သစ်စက်ရုံလမ်း၊ ခြံအမှတ် (၆ A) မှာ ဖွင့်လှစ်ထားတဲ့  လင်းထက်သိုးမွှေးစက်ရုံက ၀န်ထမ်းအယောက် ၁၅၀ ကို အလုပ်ဖြုတ်တဲ့ နေရာမှာ နစ်နာကြေးအဖြစ် အနိမ့်ဆုံး အခြေခံလစာနဲ့ပဲ တွက်ချက် ပေးတဲ့အပေါ် အဲ့ဒီဝန်ထမ်းတွေက မကျေနပ်တာကြောင့် သက်ဆိုင်ရာကို တိုင်ကြားဖို့ ရှိနေကြပါတယ်။
အလုပ်သမားများ နစ်နာမှုများအား အမျိုးသားဒီမိုကရေစီပါတီတွင် တိုင်ကြားမှု ပြုလုပ်နေစဉ်
ဒီလို တိုင်ကြားနိုင်ဖို့အတွက် သင်္ဃန်းကျွန်း​မြို့နယ်က ဦးသိန်းညွှန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ကို ဆက်သွယ်ပြီး အလုပ်သမားဝန်ကြီးဌာန အပါအ၀င် သက်ဆိုင်ရာကို တိုင်ကြားဖို့ စီစဉ်နေကြတာလည်း ဖြစ်ပါတယ်။
ဒီလ ၂၂ ရက်နေ့က လုပ်ငန်အရှုံးပေါ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ စက်ရုံဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်ဖို့ ပြောကြားပြီး ၀န်ထမ်းတယောက်ချင်း​ကို အနိမ့်ဆုံးလစာ ကျပ် ၇၀၀၀ နှုန်းပေးမယ်လို့

ထိုင်း ရဟတ်ယာဉ်များ ခဏ ခဏ ပျက်ကျခြင်း (စဉ်းစားမိသလောက်ပါ)

ဆောင်းပါးရှင်  Hawk Hunter on Sunday, July 24, 2011 at 4:17pm(ဖေ့ဘွတ်စာမျက်နာမှကူးယူဖော်ပြသည်)

တစ်ပါတ်အတွင်း ထိုင်းစစ်တပ်မှ ရဟတ်ယာဉ် ၃ စင်း ပျက်ကျမှု.အပေါ် သုံးသပ်ထားခြင်းပါ...
အဖြစ်နိုင်ဆုံးကတော့ ရာသီဥတုပါ။ တနင်္သာရီ ကမ်းရိုးတန်းဒေသဟာ မိုးများပြီး စိုစွတ်တဲ့ ဒေသ၊ တောင်းကုန်းတောင်တန်း ထူထပ်ပြီး မိုးမရွာတဲ့ အချိန်တောင် အခါမလပ် မြူဆိုင်းနေတတ်လို့ ရဟတ်ယာဉ်တွေ လေယာဉ်တွေ အတွက် ကန့်သတ်ချက် အများဆုံး ဒေသတစ်ခုလည်း ဖြစ်တယ်။ Bell 212 လို ရဟတ်ယာဉ်မျိုးက ခေတ်မမှီတော့ဘဲ တချို့နိုင်ငံတွေမှာ အရပ်သုံး အနေနဲ့ပဲ သုံးပါတော့တယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံက Bell 212 တွေက

အမျိုးသမီးများ သတိပြုဆင်ခြင်စရာ (1)( ၁၀ ကျော်သက်များဖတ်သင့်သောအကြောင်းများပါ)


April Ko(ဖေ့ဘွတ် မှ ကူးယူဖော်ပြလိုက်ပါတယ်..အပျိုကြီးလူပျိုကြီးများဂရုတွင် ဖတ်ရှု.နိုင်ပါတယ်)

အမျိုးသမီးများ သတိပြုဆင်ခြင်စရာ (1)
ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ကိုယ်ဝန်သွားဖျက်တာ ကလေးက မကျလို့ တဲ့ ထိုင်းလက်သည်အိမ်ကနေပြန်လာပြီး မဲဆောက်က မြန်မာလက်သည်နဲ့  သွားပြန်ဖျက်ဖို့  ကားစီးတာ အဲ့ဒီကားပေါ်မှာပဲ ဆုံးသွားတယ်။ သူထိုင်နေတဲ့ထိုင်ခုံက ဒရိုင်ဘာနောက်က ခုံလေးမှ...ာ ။ကားပေါ်စတက်တော့ မျက်နှာသွေးမရှိသလိုဖြူဖျော့ နေလို့ ဒရိုင်ဘာက ညီမ နေမကောင်းဘူးလားလို့ မေးတယ်တဲ့ အမျိုးသမီးက ဟုတ်တယ် ကိုယ်ဝန်သွားဖျက်တာ မကျလို့ မဲဆောက်ကမြန်မာလက်သည်မှာသွားပြ​န်ဖျက်မယ်လို့ ပြောပြီး စောင်ကို ခေါင်းမြီးခြုံအိပ်လိုက်တာ ကားရပ်သွားတာတောင် လုံးဝပြန်မနိုးလာတော့ဘူးတဲ့။ ကားပေါ်မှာ လူသေတယ်လို့ သတင်းကြားရောတစ်ကားလုံးလန့် ဖြန့် ပြီးထွက်ပြေးကြတာပေါ့။ အဲ့ဒါ ရဲတွေရောက်လာလို့ အလောင်းကိုသယ်တာ အလောင်းကို လုံးဝ သယ်ထုတ်လို့ မရဘူး၊အလောင်းက တအားလေးတာတဲ့။ ယောကျာ်းအားနဲ့ လေးငါးယောက်လောက်ဝိုင်းပြီးမတာ​တောင် လုံးဝ မလို့ မရဘူးတဲ့ ၊အဲ့ဒါနဲ့ ရဲတွေက ထိုင်းဘုန်းကြီး ၂ပါးပင့်လာပြီး ဘုန်းကြီးတွေက ပရိတ်ရွတ်၊ပရိတ်ရေဖြန်းတော့မှ အလောင်းသယ်လို့ ရသွားတာ။အဲ့ဒီသတင်းကြည့်ပြီး အလောင်းသယ်ထုတ်သွားတာကိုမြင်တော့​ ကြက်သီးတွေတောင် ထသွားတယ်။တော်တော်လဲ သံဝေဂရတယ်။     တစ် နေ့ က အသိအစ်မတစ်ယောက် အိမ်သွားလည်ရင်း နဲ့ အစ်မပြောပြတဲ့သတင်းလေးပါ။ ချမ်းချမ်းတို့ မြို့ က ကောင်လေးတစ်ယောက် အလုပ်လုပ်ရင်း စက်ရုံကိုအသစ်ပြောင်းလာတဲ့ ကောင်မလေးနဲ့ ရီးစားသက်တမ်း ၇ ရက်အတွင်းမှာ ယူလိုက်ပါတယ်။မင်္ဂလာလဲ မြန်မာလိုသေချာဆောင်လိုက်ပါတယ်။မင်္ဂလာဆောင်ပြီး ၈ ရက်မြောက်နေ့ မှာ ကွဲသွားပါတယ်။အကြောင်းရင်းက ကောင်မလေး အလုပ်လုပ်နေရင်း မူးလဲလို့ စက်ရုံထဲက ဆေးပေးခန်းမှာ သွားစစ်တော့ ကိုယ်ဝန်သုံးလ ၇ှိနေလို့ တဲ့။ ကောင်မလေးနဲ့ ကောင်လေး ရီးစားသက်တမ်းက ၇ ရက် လက်ထပ်ပြီးတာက ၈ ရက် စုစုပေါင်းတွေ့ ရတဲ့ရက်က တစ်လတောင်မပြည့်သေးဘူး ၁၅ ရက်ပဲရှိသေးတယ်။ အခု ဗိုက်ထဲက ကလေးက ၃ လတောင်ဆိုတော့ ဒီကိုယ်ဝန်ဟာ သူနဲ့ ရတာမဟုတ်လို့ ကောင်လေးက လှည်းကျိုးထမ်းတဲ့ နွားတော့ အဖြစ်မခံဘူးဆိုပြီး ကောင်မလေးနဲ့ ချက်ချင်း ကွာလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုယ့်ဇနီးဖြစ်နေပြီမို့  မကွဲသင့်ဘူး ပြီးတော့ ကောင်မလေးက ကိုယ်ဝန်နဲ့ အားကိုစရာလဲ မရှိတော့ ညီမချင်းစာနာပြီး ပြန်ပေါင်းဖို့  ပတ်ဝန်းကျင်က ဖြောင်းဖျပါတယ်။ ကောင်လေးက ဘာပြန်ပြောလဲဆိုတော့ သူနဲ့ မရခင် မုဆိုးမ တစ်ခုလပ် ကလေး၃ယောက်အမေ ဖြစ်ခဲ့ရင်တောင် လက်ခံလို့ ရသေးတယ် ။ အခုက ဘယ်သူယ်ဝါနဲ့ ရမှန်းမသိတဲ့ ဗိုက်ကို အပျိုလို့ လိမ်ပြီး သူ့ ကို တမင်နဖားကြိုးထိုးခိုင်းတာတော့

ပဲခူးမြို့ ရေကြီးနေပုံ မြင်ကွင်းများ ဓာတ်ပုံသတင်း


ဇူလိုင် ၂၃၊ ၂၀၁၁
 
 ယခုလအတွင်း မြန်မာပြည်အနှံ့ မိုးအဆက်မပြတ် ရွာသဖြင့် ဒေသ အများအပြားတွင် ရေလွှမ်းလျက်ရှိသည်။ စပါးခင်းများလည်း အများအပြား

၂၀၃၀ ခုနှစ် ပင်လယ် ရေအောက် ရောက်တော့မည့် ဘန်ကောက်မြို့

  

တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများစုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့
ပင်လယ်ရေအောက် နစ်မြှုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူများက ဖြစ်လာမယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့

မဲဆောက်မှ တောင်းစားသူများ

ကောင်မလေးက အသက် ၈ နှစ်ခန့်သာ ရှိဦးမည်။ မဲဆောက်ဈေးထဲ ၀ယ်သူတွေရဲ့ လက်ကို အတင်းတို့ကာ ကုတ်ကာနှင့် ပါးစပ်မှလည်း တတွတ်တွတ်
တောင်းပန်နေပြီး ပိုက်ဆံမရမချင်းအနားမှ မခွာတော့…။
ဈေးအနီးတ၀ိုက်မှာလည်း သူ့လို အလားတူပုံစံမျိုးတွေ။ ကလေးလေးများ၊ ဒုက္ခိတ လူလတ်ပိုင်းများ၊ မျက်မမြင် အမယ်ကြီးများ၊ ခြေထောက်မရှိတော့သည့် အဖိုးအို၊ ယောဂီဝတ်စုံနှင့် အမျိုးသမီး။ သူတို့အားလုံး တောင်းရမ်းသည့် အလုပ်ကို သဲကြီးမဲကြီး လုပ်ကိုင်နေပါသည်။ ဈေးသွားဈေးလာ တွေကလည်း သူတို့ကို မနည်းဖြတ်ကျော်သွားနေရသည်။
ရုတ်တရက် သူက ကျမ အနားရောက်လာပြီး ပိုက်ဆံတောင်းပါတော့သည်။ ပိုက်ဆံအိတ်ထဲ လက်နှိုက်ပြီးမှ၊ ပိုက်ဆံပေးမည့်အစား မုန့်ဝယ်ကျွေးလိုက်မည်ဟု စိတ်ကူးတမျိုး ပေါက်သွားသည်။
"သမီး မုန့်စားပါလား… မမ ၀ယ်ကျွေးမယ်လေ" ဟု ပြောတော့၊ ကလေးမလေးက ခေါင်းရမ်းသည်။
"ထမင်းစားမလား… ထမင်းမဆာဘူးလား" မေးတော့ ခေါင်းရမ်းပြသည်။
ခုမှ သေချာကြည့်မိပါသည်။ ညစ်ပေနေသည့် ဂါဝန်စုတ်လေးကို ၀တ်ထားသော်လည်း သူ့မျက်နှာလေးမှာ ပကတိ အပြစ်ကင်းစင်နေသည်။ ရိုးပုံကပေါ်နေသည်။ သို့သော် ပိုက်ဆံမရမချင်း ကျမ အနားက ခွာမည့်ပုံ မပေါ်…။
"သမီး ကျောင်းမနေဘူးလား" ဟု ကျမက မနေနိုင်ဘဲ စပ်စုတော့..၊ ဖြေရန် တွန့်ဆုတ်နေပြီးမှ..

မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှု တရုတ် ချီးကျူး

မြန်မာနိုင်ငံက သူ့နိုင်ငံအခြေအနေအရ ရွေးချယ်တဲ့လမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လေးစားသင့်တယ်လို့ ARF အာဆီယံ ဒေသတွင်း လုံခြုံရေးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ (Yang Jiechi) က ပြောကြားခဲ့ပါတယ်။
လွှတ်တော်ကရွေးချယ်တဲ့ အစိုးရသစ်နဲ့ အရပ်သားအစိုးရအသွင်ကို ငြိမ်းငြိမ်းချမ်းချမ်း ကူးပြောင်းခဲ့တာဟာ ထူးခြားပြီး ဒီတိုးတက်မှုအပေါ်မှာ တရုတ်နိုင်ငံက ကြိုဆိုတယ်လို့လဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အတွက် အာဆီယံအဖွဲ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ တရုတ်နိုင်ငံက လက်တွဲလုပ်သွားဖို့

၃ စင်းမြောက် ထိုင်းရဟတ်ယာဉ် မြန်မာနယ်စပ်မှာ ပျက်ကျပြန်


ထိုင်းတော်ဝင် လေတပ်မှ Bell 212 (ဓာတ်ပုံ - Flickr)

တပတ်အတွင်းမှာ ၃ စင်းမြောက်အဖြစ် Bell 212 ရဟတ်ယာဉ် တစင်း ထိုင်း-မြန်မာ နယ်စပ်မှာ ထပ်ပြီး ပျက်ကျပြန်ပြီလို့ ထိုင်းစစ်တပ်က ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ တစင်းဇူလိုင်လ ၁၉ ရက်နေ့မှာ ဘလက်ဟော့ခ် ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ပြီး ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

ဖလမ်းမြို့ပေါ်တွင် တလလျှင် တောအရက် ပုလင်း ၂၀၀၀၀ ခန့် အရောင်းသွက်


ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တလအတွင်း တောအရက် ပုလင်းပေါင်း ၂၀၀၀၀ ခန့် ရောင်းထွက်ကြောင်း သိရသည်။
အရက်ချက်လုပ်သူများသည် အရက်လုပ်ခွင့်လိုင်စင်ပိုင်ရှင်ထံ အခွန်ဆောင်ပြီးအရက်ချက်ကို အကောင်း စား၊ အလတ်စား အညံ့စား ဆိုပြီး သုံးမျိုးဖြင့် ချက်လုပ်ကြ ကြောင်း ဖလမ်းမြို့ပေါ်တွင် တရားဝင်တော

မြန်မာစစ်အစိုးရအား လက်နက်ပစ္စည်းထောက်ပံ့သည့် အိန္ဒိယအစိုးရကို ဆန္ဒပြခဲ့


အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို စစ်လက်နက်များ ထောက်ပံ့ခဲ့သည့် အတွက် ဇူလိုင် ၂၂ ရက်က ဂျန်တားမန်တား (Jantamanta) တွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို ဘားမားစင်တာ Burma Center Delhi က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဒေလီရောက် ကချင်၊ ရခိုင်၊ ကရင်တိုင်းရင်းသားများနှင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသည့် အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ နီးပါးခန့် ပါဝင်ခဲ့ကြသည်။
ဆန္ဒပြသူများအနေဖြင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးလိုလားကြောင်း၊ အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို

ကချင်ဒုက္ခသည်များကို ကူညီရန် NDF ပါတီ ပြည်နယ်ရုံးချုပ် ဖွင့်လှစ်


ကချင်ပြည်နယ် တရုတ်နယ်စပ်အနီးရှိ စစ်ပြေးဒုက္ခသည် များအား ကူညီသွားရန် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ(NDF)ပြည်နယ်ရုံးချုပ်ဖွင့်ပွဲအခမ်းအနား ကို မြစ်ကြီးနားမြို့တွင် ဇူလိုင်၂၃၊ ယနေ့ ပြုလုပ်ခဲ့သည်။

“ကော်မတီတွေဖွဲ့သွားပြီး စစ်ပြေးဒုက္ခသည်တွေကို ကူညီသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ဆွေးနွေးပြီး လုပ်သွားဖို့ရှိတယ်။” ဟု ပါတီ၏ပြည်နယ်

မြန်မာအစိုးရ ကြိုက်ရာလမ်းရွေးဖို့ ဟီလာရီ် ပြောဆို


လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။ အရပ်သားအစိုးရ လမ်းကြောင်းကို

ဟင်္သာတရေဘေး ကျန်းမာရေးစိုးရိမ်ရ


By မနန္ဒာချမ်း     VOAမှကူးယူဖော်ပြသည်
အခုရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဟင်္သာတမြို့မှာတော့ မိုး ၂ ရက်ဆက်တိုက် ရွာသွန်းပြီး ရေကြီးခဲ့တာကြောင့် လမ်းတွေ၊

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ