.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, August 6, 2011

ဘ၀ဧ။်မှတ်တမ်း

ဖိနှိပ်ခဲ့ကြ၊ နှိမ့်ချကြ၍
နိုးထရုန်းကန်၊ သည်အားမာန်တွေ
ငါ့ထံရောက်ရှိခဲ့လေပြီ  .................။

နှောင့်ယှက်ဆီးတား၊ ခကိခဲများလည်း
ငါ့အားကြုံစေ၊ ဟန်.တားလေလဲ
မရွှေ.မပျောက်၊ ပန်းတိုင်ရောက်အောင်
သွားရဲသတ္တိရှိခဲ့ပြီ    .............................။

စကားတင်းဖွဲ.၊  ဆိုကဲ့ရဲ.လည်း
မသွေမစောင်း၊ ငါ့လမ်းကြောင်းကို
ဆိုးကောင်းဆင်ခြင်၊ သတိယှဉ်၍
ပန်းတိုင်အရောက်၊  ငါဆက်လျှောက်အံ့
ငါဧ။် ခြေထောက်၊  သန်ခဲ့ပြီ ................................။

ထုထောင်းထိုးနှက်၊ ဒီဒဏ်ချက်တွေ
ငါကားမမှု.၊ တွန်းလှန်ပြုရင်း
အသိနဲ.ဥဏ်၊ ငါ့လမ်းမှန်ကို
ငါလျှင်ဆက်လျှောက်၊ ပန်းတိုင်ရောက်အောင်
ခံနိုင်ရည်သားပြည့်ခဲ့ပြီ ...........................................။

ဖိနှိပ်ခဲ့သူ၊ နှိမ့်ချသူနှင့်
ထုထောင်းခဲ့သူ၊  ကဲ့ရဲ.သူကို
ကြည်ဖြူလေးစား၊ မုးဒိတာပွားသည်
ငါဧ။်ဘ၀၊ အောင်ပွဲရဖို.
စွမ်းအင်ပေးသူ၊ ချီးမြှောက်သူဟု
ငါလျှင်ယူဆ၊  ငါ့ဆန္ဒသည်
ငါဧ။်ဘ၀တာ၊ မှတ်တမ်းလွှာ၌
ထာဝရစဉ်ဂုဏ်ပြုနေမည်သာ...............။...........................။


မင်းလွမ်းနောင်(ပန်းတနော်)
၇-၈-၂၀၁၁  နေ.လည် ၁၂း၅၀  












KIA ပစ်ခတ်မှုနောက်ဆက်တွဲ

(ဗန်းမော် Group မှ မုန်တိုင်းနီ ရေးထားသမျှအားလုံး မဖြတ်မတောက်ပဲ ပြန်လည် ဝေမျှပါသည်။)

 
        သေတဲ့လူတွေလည်းသေခဲ့ရပါပီ။
ဒါပေမယ့် ထပ်ကြားရတဲ့သတင်းတွေကတော့ တော်တော် အံ့သြဖွယ်ကောင်းလွန်းလို့ထပ်ရေးပီးတင်လိုက်ပါတယ်။ အလောင်းတွေကိုစစ်တပ်က သွားကောက်မပေးတဲ့အတွက် ခရစ်ယာန်ဖာသာတွေ၊ လခြမ်းနီ၊ကြက်ခြေနီ အစရှိသဖြင့်အဲ့လိုလူတွေဦးဆောင်ပီး သွားကောက်ရပါသတဲ့။ ကံကောင်းသွားတာက ၁၅မိုင်ရွာသားတချို့လိုက်လာပီး အတွေ့အကြုံရှိသူတွေပီပီ အသင့်ကြိုးတုပ်ပီးသယ်တွေသွားခွေးနဲ့ဝက်အုပ်ကို
အရင်လွှတ်လိုက်ရာ.. အလောင်းတွေပတ်ချာလည် က နင်းမိုင်းတွေထပေါက်ပါတယ်။
         ဒါဟာ အောက်တန်းကျတဲ့လုပ်ရပ်မဟုတ်ဘူးလား။

 ဘာလို့နောက်ထပ် လူတွေထပ်သေအောင်လုပ်ထားခဲ့တာလဲဗျာ။ အဲ့လိုလုပ်ရပ်တွေဟာ လူမျိုးရေးမုန်းတီးမှုဆီ
ဦးတည်နေပါတယ်ဆိုတာ အဲ့ဒီကေအိုင်အေတွေ နားမလည်ဘူးလား။ ပစ်သတ်ခံလိုက်ရတဲ့ကားဒရိုင်ဘာဟာ..
ကချင်တစ်ယောက်.. တရုတ်စကားပြန်အဖြစ်လိုက်သွားပီးသေသွားရှာတာကလည်း ကချင်တရုတ်ကပြားအရပ်သား ဆိုတော့ ခွေးမသားတွေဇာတ်တူသားစားတာပဲလို့ယူဆရပါတယ်။ မီဒီယာတွေမှာ ရေးနေသလို ရဲဆိုလို့အရပ်ဝတ်ဒုရဲအုပ်တစ်ယောက်သာပါတယ်လို့သတင်းရထားပါတယ်။ ကျန်တာတွေက ကျနော်တို့သိထားတဲ့ ကိုနေမျိုး၊ သူ့တပည့်၂ယောက်ဖြစ်တဲ့ ရမည်းသင်းကတစ်ယောက်ရယ်..
မင်းမနိုင်က ကောင်လေး(ကျနော့်ညီသူငယ်ချင်း) ဇော်မင်းပါ။ အဲ့ဒီကောင်လေးဟာသေနတ်ထိပီးသွေးရူးသွေး
တန်းထွက်ပြေး သွားပီး တာပိန်ရေအားလျှပ်စစ် ခြံစည်းရိုးနားမှာသေနေရှာတယ်လို့ အလောင်းကောက်တဲ့လူတွေဆီက ထပ်မံကြားသိရပါတယ်။

          ကျန်ရစ်ခဲ့တယ်ဆိုတဲ့လူကလည်း ရဲမဟုတ်ပါ..ရဲဝင်လုပ်ဖို့လျှောက်လွှာတင်ထားဆဲလို့သိရပါတယ်။
သူ့အပြောအရ သေနတ်ထိထားပေမယ့် သေချင်ဟန်ဆောင်နေလို့ လွတ်မြောက်ခဲ့ပါသတဲ့။ ကေအိုင်အေက ဘာတစ်ခုမှမတောင်းပန်သေးဘူးလားဆိုတာလေးသိချင်ပါသေးတယ်။

          တစ်ခုတော့ပြောလိုက်ချင်တယ်။ အဲ့ဒီလိုသာများများထပ်လုပ်ပါ။ ကေအိုင်အေ ဆိုတာကိုလူတွေမုန်းတီးတာပိုမိုပြင်းထန်လာမယ်ဆိုတာပါပဲ။  အသားလွှတ်လူသတ်တာကိုတော့

Facebook မှာ စာရေးတော့မလို့လား၊ သတိထား၊ မေမေ ကြည့်နေတယ်။

E-mail Print PDF
မျက်မှောက်ခေတ် မိဘ ထက်ဝက်ခန့်မှာ FACEBOOk ထောက်လှမ်းရေး အလုပ်ကို နေ့တိုင်းနီးပါး လုပ်နေရသည်။ သူတို့၏ ရင်နှစ်သည်းချာ သားသမီးများ အွန်လိုင်း “လူမှုစာမျက်နှာ” ပေါ်တွင် ဘာတွေ လုပ်နေသနည်း ဆိုတာကို သိဖို့ရာအတွက်ပင်။
 ဗြိတိန်ဖေဖေ၊ မေမေများ ၅၅ ရာခိုင်နှုန်းက သူတို့ သားသမီးများ၏ ဖေ့ဘွတ်တွင်ရှိသော ကိုယ်ရေး အချက်အလက်များကို ကြည့်ရှု စစ်ဆေးခြင်းမှာ သီလမကျိုးဟု ခံယူထားသည်။
ကွန်ပျူတာ ကုမ္ပဏီ Bullguard Internet Security ၏ လေ့လာချက်အရ မိဘများက ဤသို့

NLD နဲ့ မိမိ တသားတည်း ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

2011-08-05
အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီကနေ သီးခြား ခွဲထုတ် နေတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အစည်းအဝေးမှာ ငြင်းဆို သွားတယ်လို့ သိရပါတယ်။
(Photo: AFP)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာပြီး ပြည်သူများကို နှုတ်ဆက်နေစဉ်။ (Photo: AFP)

မလေးရှား မြန်မာသံရုံးက အလုပ်သမား အေဂျင်စီတွေကို ရှင်းပြ

2011-08-05
မလေးရှားအစိုးရက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြား အလုပ်သမားတွေ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် Legalization အစီအစဉ် အတွက် ပတ်စပို့စာအုပ် လုပ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်လို မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက အလုပ်သမား အေးဂျင်စီတွေနဲ့ ဂျာနယ် ထုတ်ဝေသူတွေကို မနေ့က ရှင်းပြတယ်လို့ သိရပါတယ်။
(Photo: AFP)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)
ပတ်စပို့ စာအုပ်ဖိုးနဲ့ စာရွက်စာတမ်း ကြေးအတွက် ကုန်ကျစရိတ် အခွန်ပေးဆောင်မှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံး တာဝန်ရှိသူက ရှင်းလင်း ပြောပြတာကို သွားရောက် နားထောင်ခဲ့တဲ့ အမျိုးသမီး တဦးက အခုလို ပြောပါတယ် ။ “သံရုံးဘက်က ပတ်စပို့တွေ ရပြီဆိုရင် စာအုပ်ဖိုးပဲ ယူမယ်။ အခွန်ကြေး ပေးစရာ မလိုဘူးပေါ့။ စာအုပ်ဖိုးက မလေးရှား ရင်းဂစ် ၃၂၀။ ၁၅ နှစ် နေခဲ့လို့ အခွန် ဘယ်လောက်၊ ဒဏ်ကြေး ဘယ်လောက် မသတ်မှတ် ဘူးပေါ့။ အဲဒါက စာအုပ် ပြန်လျှောက် သူတွေအတွက်၊ ပြန်မယ့် လူတွေ အတွက်တော့ နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံစာ ထုတ်ပေးမယ်။ ကျမတို့က ထပ်မေးတယ် ဒီ ၃၂၀ က အတည်ဖြစ်ပြီလား မေးတော့ အဲဒါကို အတိအကျ မပြောရဲ ပြန်ဘူး” NLD လူငယ်အဖွဲ့ အတွင်းရေးမှူး ဦးကိုကိုကျော်က မလေးရှား အစိုးရရဲ့ Legalization လုပ်ငန်းစဉ်တွေကြောင့် မလေးရှား UNHCR ဒုက္ခသည် မဟာမင်းကြီးရုံးက စာရင်းဝင်သူ တွေအပေါ် ဘယ်လိုဖြစ်လာ နိုင်မလဲ ဆိုတာ ပြောပြပါတယ်။ “မလေးရှား ပြည်ထဲရေး ၀န်ကြီးက ကြေညာချက်

Friday, August 5, 2011

KIA ရဲ. ပစ်ခတ်မှု.ကြောင့် သေဆုံးသွားရသူများ

တာပိန်ရေအားလျှပ်စစ်စက်ရုံမှာ လေအေးပေးစနစ်များ ပြုပြင်ပြီးပြန်လာတဲ့ မော်တော်ယာဉ်ကို သြဂုတ်လ ၂ ရက်နေ့မှ ကေအိုင်အေတပ်ဖွဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၇ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့တဲ့ သတင်းကို ဖော်ပြထားပါတယ်။ သေဆုံးသွားသူတွေထဲမှာ ဒုရဲအုပ်တစ်ဦးပါဝင်ပြီး ကျန်တဲ့ သူများဟာ အရပ်သား ပညာရှင်များ၊ယာဉ်မောင်းများနဲ့ တရုတ်စကားပြန်တစ်ဦးဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး သြဂုတ်လ ၃ ရက်နေ့ ဘီဘီစီသတင်းမှာတော့ ကေအိုင်အေထောင်ထားတဲ့မိုင်းကို နင်းမိတာ ဖြစ်တယ်လို့ ဆိုတဲ့ ကေအိုင်အေရဲ့ပြောကြားချက်ကို ထုတ်လွှင့်သွားခဲ့ပါတယ်။
အစိုးရထုတ်ပြန်ချက်မှာတော့ မိုင်းနင်းပေါက်ကွဲတာမဟုတ်ဘဲ လက်နက်ငယ်များနဲ့ ၀ိုင်းပစ်ခဲ့တာဖြစ်ပါတယ်။ ကေအိုင်အေ က ဘီဘီစီကတဆင့်လိမ်ညာထုတ်လွှင့်သွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။  ဖော်ပြထား တဲ့ဓာတ်ပုံများအရလည်း ကားပျက်စီးမှုမရှိတာ၊ သေဆုံးသူတွေဟာ ပေါက်ကွဲမှုကြောင့် ကိုယ်အစိတ်အပိုင်းတွေထိခိုက်တာ မတွေ့ရတဲ့အတွက် မိုင်းထိတာမဟုတ်ဘဲ ကားကိုလက်နက်ငယ်များနဲ့ ၀ိုင်းပစ်ထားတယ်ဆိုတာထင်ရှားပါတယ်။
အခုဖြစ်စဉ်ဟာ နှစ်ဘက်ကြားအပစ်အခတ်ရပ်ဆိုင်းရေးအတွက်ဆွေးနွေးနေချိန်မှာဖြစ်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းဖြစ်တဲ့တဲ့ ရထားလမ်း၊ ကားလမ်းမိုင်းခွဲမှု၊ စစ်တပ်ယာဉ်တန်းများကို တိုက်ခိုက်မှုများဟာ ကေအိုင်အေနယ်မြေထဲ မှာဖြစ်နေတာမဟုတ်ဘဲ အစိုးရထိန်းချုပ်တဲ့ဒေသတွေမှာဖြစ်ပွားနေတာဖြစ်ပါတယ်။ အစိုးရဘက်ကတော့ ဇွန်လ ၁၈ ရက် နောက်ပိုင်းထဲက စစ်တပ်ဘက်က စမပစ်ဖို့၊ ကေအိုင်အေကပစ်လာမှ ပြန်ပစ်ဖို့ ညွှန်ကြားထားတယ်ဆိုပြီး ကေအိုင်အေ ကို အကြောင်းကြားထားတယ်လို့ဆိုပါတယ်။
အခုလို အရပ်သားတွေကိုတိုက်ခိုက်မှုကြောင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုအပေါ်ထိခိုက်မှုရှိမရှိတော့မသိရသေးပါဘူး။



  • ပိတောက်မြေ

လ-၁၃ နဲ့ ဆရာကြီး အေးမင်း

ဆောင်းပါးရှင် Comrade Eagle on Wednesday, July 27, 2011 at 11:51am
နှင်းမကျပေမယ့် မြူတွေဆိုင်းပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းနံနက်ခင်း တစ်ခုမှာ ကျွန်တော် လူတစ်ယောက်နဲ့  ဆုံတွေခဲ့ရဖူးတယ်။ တပ်မတော်သား ဘဝမှာ ရာထူးအဆင့်အတန်း အမျိုးမျိုးနဲ့ ဆုံတွေ့ရတာ၊ ခွဲခွာရတာဟာ အဆန်းမဟုတ် ပေမယ့် ဆရာကြီးအေးမင်း (အမည်ရင်း မဟုတ်) နဲ့ ဆုံတွေ့ခဲ့ရ၊ သူ့ဆီက ကြားသိခဲ့ရတာတွေကတော့ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေပါပဲ။ ကျွန်တော်တို့ စခန်း (ပွိုင့်-၂၉၄၈)ကို ယာယီတာဝန်နဲ့ ရောက်လာတဲ့ ခမရ(-) က တပ်ကြပ်ကြီးအေးမင်း အဲဒီ့ မနက်မှာ သတင်းပို့လာပါတယ်။ စခန်းမှာ ဆရာကြီးတို့ အဖွဲ့ ခေတ္တနေဖို့ ထိုင်ဖို့ နေရာ ချထားပေး အပြီးမှာ စကားစမည် ပြောဖြစ်ခဲ့ရာက သူ့ဘဝ တစိတ်တပိုင်းကို သိခွင့်ရခဲ့တယ်။ ကျွန်တော်နဲ့ ဆုံတဲ့ အချိန်မှာ ဆရာကြီးက အသက်(၅၀)နီးပါး၊ စစ်သက်(၃၀) ပြည့်ခါနီးပြီ။ လူပုံ ပိန်ပိန်ပါးပါး၊ စကားနည်းပြီး မျက်နှာကတော့ အမြဲတမ်း ပြုံးရောင်သမ်း နေတတ်တယ်။ မျက်နှာထားက နူးညံ့သလို စကားပြောတာကလည်း လေသံအေးအေးနဲ့ တလုံးချင်း ဖြည်းဖြည်း ပြောတတ်တယ်။ စစ်သက် (၃၀) နီးပါး ခြေလျင်စစ်သား အနေနဲ့ မြန်မာပြည် အနှံ့အပြားများ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုတော့ အတွေ့အကြုံတွေက အများကြီးပါ။ ဆရာကြီးနဲ့ စကားပြောရတာ၊ သူ့အတွေ့အကြုံတွေ နားထောင်ရတာဟာ ကျွန်တော်တို့ စခန်းက ရဲဘော် အားလုံးအတွက် ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဗမာလူမျိုး ကရင်ပြည်နယ် ဖါပွန်သား ဆရာကြီးအေးမင်းဟာ အရက်မသောက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ် တကယ့် လူရိုးလူအေးကြီးပါ။ လူပျိုကြီး ဖြစ်ပြီး တပ်ပြင်ပမှာအမျိုးအဆွေလည်း မရှိပါဘူး၊ တပ်မတော်သည်သာ သူ့အိမ်ပေါ့။ နာမည်နဲ့လိုက်အောင် အေးတဲ့ ဆရာကြီးအေးမင်းကို သူ့ရဲဘော်တွေကလည်း တော်တော် လေးစား ရိုသေကြတာ တွေ့ရတယ်။ အိမ်ထောင်မရှိ လူပျိုကြီးဆိုတော့ ရဲဘော်တွေနဲ့ မရှိအတူ ရှိအတူ နေလာခဲ့ပြီး ရဲဘော်တွေ ငွေရေး ကြေးရေးက အစ အခက်အခဲ ရှိတိုင်း ကူညီခဲ့တဲ့သူ။



သူ့အဖေကလည်း တပ်မတော်က တပ်ကြပ်ကြီး တစ်ဦးပါ၊ ဒါကြောင့် ဆရာကြီးအေးမင်းတို့ မိသားစုဟာ အဖေတာဝန်ကျရာ ခလရ(၁၃)ဖါပွန်မြို့ မှာ နေထိုင်ရင်း ကြီးပြင်းခဲ့တယ်။ ခလရ(၁၃)ဆိုတာကတော့ အမှတ်(၁၃)ခြေလျင်တပ်ရင်းကို အတိုကောက် ခေါ်တာပေါ့၊ တပ်ထဲမှာတော့ တခါတလေ အဲဒါကို ထပ်ပြီး

Thursday, August 4, 2011

Myanmar Special Operation Task Force



မြန်မာ့တပ်မတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ

ထိုင်းတပ်မတော်

T-84 Main Battle Tank


ထိုင်းစစ်တပ်မတော်မှ ယူကရိန်းနိုင်ငံထုတ် ပင်မတိုက်ပွဲဝင်တင့်ကား အစီးရေ ၂၀၀ ဝယ်ယူမယ်လို့သိရပါတယ်။ဘယ်အချိန်မှာ ရောက်မှလည်းဆိုတာ မသိရသေးပါဘူး အိမ်နီးချင်းဘေးနိုင်ငံတွေ တစ်နိုင်ငံနှင့်မှ မတည့်တဲ့ အတွက် အခုလို တင့်ကားတွေကို ထပ်မံဝယ်ယူနေတာလို့မြင်ပါတယ်။ပြီးခဲ့တဲ့ အတော်တွင်းမှာ ကမ္ဘာဒီးယားနိုင်ငံကလည်း တီ-၅၅အေအမ် အမျိုးစားတွေကို ထပ်မံဝယ်ယူခဲ့မှုနှင့် သက်ဆိုင်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေပေါင်းပြီး တိုက်ဖို့ ဘလော့က်တစ်ခုမှာ တွေခဲ့ရတာက မြန်မာ၊မလေးရှား၊ကမ္ဘာဒီးယား သုံးနိုင်ငံပေါင်းတိုက်ဖို့ဖြစ်ပါတယ် မလေးရှားနိုင်ငံနှင့် နယ်စပ်မှာ တိုက်ပွဲတွေကရှိ၊ကမ္ဘားဒီးယားနှင့်လည်းတိုက်ခိုက်နေရဆဲ ဖြစ်ပြီး နောက်တကြိမ် မြန်မာတပ်မတော်နှင့် ထိပ်တိုက်တွေ့လာရရင် ထိုင်းနိုင်ငံရဲ့ စစ်တပ်ဟာပြိုကွဲဖို့ဘဲကျန်ပါတော့တယ်။

Bell 212 Helicopter Crash






အခုနောက်ဆုံးကြားရတဲ့ သတင်းကတော့ ယိုးဒယားစစ်တပ် ရဟတ်ယာဉ်နောက်တစီးပျက်ကျသွားပြန် ပါပြီ ခင်ဗျာ အရင်ကကျခဲ့တဲ့ မြန်မာ-ယိုးဒယားနယ်စပ် အနီးမှာ ဖြစ်ပြီးတော့ ရဟတ်ယာဉ်ပေါ်ပါလာသူတွေထဲက ၁ ယောက်ဘဲ အသက်ရှင်ပြီ ၃ယောက်သေဆုံးသွားကြောင်းသိရပါတယ် ခင်ဗျ အခုအချိန်အထိဆိုရင်တော့ ယိုးဒယား-မြန်မာ နယ်စပ်မှာ ပျက်ကျတာ ၃စီးနှင့် သေဆုံးသူ ၁၇ ယောက်ရှိနေပြီ ဖြစ်ပါတယ် ခင်ဗျာ..။ခေတ်မှီ လေတပ်ကြီးရှိတဲ့ ယိုးဒယားလေတပ်ဆိုတာ တကယ်ရောဖြစ်နိုင်ပါ့မလားလို့ စဉ်းစားနေမိပါတယ် ခင်ဗျာ...။

Myanmar Special Operation Task Force



မြန်မာ့တပ်မတော် အထူးချေးမှုန်းရေးတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။

တရုပ်ရေတပ်၏ ငါးမန်းပျံ တိုက်ခိုက်ရေး လေယာဉ်



တရုပ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေပြုတိုက်လေယာဉ် J-15 ဂျက်တိုက်လေယာဉ်အား ရေတပ်အလံပုံဖြင့် မကြာသေးသောကာလက တွေ့ကြရမည်ဖြစ်သည်။၎င်းမှာ ရုရှားနိုင်ငံ၏ အက်စ်ယူ-၃၃အား တရုပ်ပုံစံထုတ်လုပ်ထားခြင်း ပင်ဖြစ်သည်။အက်စ်ယူ-၃၃မှာ ရေတပ်တိုက်လေယာဉ်ဖြစ်၍ တရုပ်တိုက်လေယာဉ် ဂျေ-၁၅သည်လည်း မကြာမှီတရုပ်နိုင်ငံက အသုံးပြုတော့မည့်အလားတူ လေယာဉ်တင်သင်္ဘောပေါ်မှပင် ပျံတက်နိုင်ရန်

Myanmar Weapons



T-72S MBT

M1991 240mm MLRS

EE9 Caseacet

T-72S MBT

Type-59D ပင်မတိုက်ပွဲဝင်တင့်ကား





မြန်မာတပ်မတော် သံချပ်ကာတပ် အမျိုးစား-၅၉ဒီ များကို ၂၀၀၃ ခုနှစ်တွင်း တွင် ပထမသုတ် ၁၈၀ လက်ခံရရှိပြီး ဒုတိယအသုတ် ၁၅၀ ကို ၂၀၀၄ မေလ အတွင်းတွင် လက်ခံရရှိသည်ဟုဆိုသည်။

မြန်မာ့တပ်မတော်ထုတ် ဘီတီအာ-၃ယူ သံချပ်ကာကား

Myanmar Army BTR-3U


နမူနာပုံဖြစ်ပါသည်
မြန်မာ့တပ်မတော်ထုတ် ဘီတီအာ-၃ယူ သံချပ်ကာကား ဖြစ်ပါသည်။မြန်မာ့တပ်မတော်တွင် အစီးရေ ၁၀၀၀ အထိထုတ်လုပ်လျက်ရှိပါသည်။

PT-91M Main Battle Tank


ပိုလန်နိုင်ငံမှ ဇက်အမ်ဘူးမား-လာဘီဒီ (ZM Bumar-Labedy) က နောက်ဆုံးပေါ် တိုက်ပွဲဝင်တင့်ကား ပီတီ-၉၁ပီ ကို မိမိ၏ပြည်ပပို့ကုန်အဖြစ် ရေင်းချရန် ပီးရူးနိုင်ငံ၌ ကျင်းပသော (SITDEF 2009)လက်နက်ပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ပုဂ္ဂလိက လုပ်ငန်းမှ ထုတ်လုပ်ထားသော ပီတီ-၉၁တွာဒီ တင့်၏ ပုံပေါ်တွင် အခြေခံကာဒီဇိုင်းရေးဆွဲ ထုတ်လုပ်သည်ဟုဆိုသည်။
ပိုလန်ထုတ် ပီတီ-၉၁ပီ ပင်မတိုက်ပွဲဝင်တင့်ကား

ဤတိုက်ပွဲဝင်တင့်ကားသည် ပီရူးနိုင်ငံ ကြည်းတပ်အတွက် ဝယ်ယူရန်ဖြစ်နိုင်ချေရှိသော တင့်ကားဖြစ်သည်။ပီရူးကြည်းတပ်သည် ပင်မတိုက်ပွဲယင်တင့်ကား ၁၀၀ မှ ၁၄၀ ထိလိုအပ်နေသည်။ဝယ်ယူမည့်တင့်ကားသည် လက်ရှိ အသုံးပြုနေသော တီ-၅၅ အမ်၁/အမ်၂ လီယွန် တင့်ကားများနှင့် အေအမ်အိတ်-၁၃ ပီအေ၃ အက်စ်ကော်ပီယန် (AMX-13 PA2 ESCORPIAN) အပေါ့စားတင့်ကားများနေရာတွင် အစားထိုးသွားမည်ဖြစ်သည်။
အေအမ်အက်စ်-၁၃ အပေါ့စားတိုက်ပွဲဝင်တင့်ကား

ဤသို့ တင့်ကားသစ်များဝယ်ယူလိုက်ခြင်းဖြင့် ပီးရုးနိုင်ငံ၏ စစ်ရေးစွမ်းဆောင်ရည်သည် အိမ်နီးချင်း ချီလီနိုင်ငံမှ ဝယ်ယူထားသော တစ်ပတ်ရစ် ပျာမန်ကြည်းတပ်သုံး လက်ပတ်၂အေ၄ (Leopard 2A4) တိုက်ပွဲဝင်တင့်များနှင့် ယှဉ်လာနိုင်မည်ဟု ဆိုသည်။ပီတီ-၉၁ပီ ပင်မတိုက်ပွဝြင်တင့်ကားသည် မလေးရှားနိုင်ငံလုပ် ပီတီ-၉၁အမ် ပင်မတိုက်ပွဲဝင်တင့်ကားထက် ခေတ်မှီမှု အနည်းငယ်လျော့နည်းသော်လည်း ဖောက်သည်ဖြစ်လာနိုင်သည့် ပီးရူးနိုင်ငံအတွက် ပူးတွဲထုတ်လုပ်နိုင်သော အဆင့်တွင် ရှိသည်ဟုဆိုသည်။
မလေးရှားလုပ် ပီတီ-၉၁အမ်

ပီတီ-၉၁ပီ တင့်ကားတွင် ဒရာဝါ-တီဂျီ (Drawa-TG) ပစ်ခတ်မှု ထိန်းသိမ်းရေးစနစ်သစ် ပူးတွဲပါရှိသည်။ထို့ပြင် ပီတီ-၉၁ပီ တင့်ကားတွင် ချားဒက်စ်-၂ (CHERDES 2) ဓာတုဗေဒနှင့် ရေဒီယို သတ္တိကြွမှု သတိပေးစနစ်ကို တွဲဖက်ပေးထားသည်။ပီရူးသည် စောစောပိုင်းက ရှရုားလုပ် တီ-၈၀ ပင်မတိုက်ပွဲဝင်တင့်ကားကို စိတ်ဝင်စားခဲ့သည်။တီ-၈၀ ပင်မတိုက်ပွဲဝင်တင့်ကားတွင် အရီးနား ချက်ချင်းတုံ့ပြန်ကာကွယ်ရေးစနစ် (the Arena Active Protection System) တပ်ဆင်ထားသည်။ပီးရူးစစ်တပ်၏ ကာကွယ်ရေး ဘတ်ဂျက်ကြောင့် ခေတ်မှီမှု အနည်းငယ် လျော့နည်းသော တီ-၇၁အမ်၁ နှင့် ပိုလန်လုပ် ပီတီ-၉၁ပီ တင့်ကားများဘက် လည့်လာသည်ဟုဆိုကြသည်။
ပီးရူးအတွက် အခြားရွေးချယ်စရာတင့်ကားမျာလည်းရှိသေးသည်။ယင်းတို့မှာ ယူကရိန်းထုတ် တီ-၈၄ သို့မဟုတ် အိုပလော (Oplot) ဆားဘီးယား နိုင်ငံလုပ် အမ်-၈၄ နှင့် တရုပ်နိုင်ငံလုပ် အမျိုးအစား-၉၉-၁ နှင့် အမျိုးအစား-၉၆ တိုက်ပွဲဝင်တင့်ကားများဖြစ်သည်။ယခုအချိန်တွင်မှု တရုပ်နိုင်ငံလုပ် အမ်ဘီတီ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်ကားကို ဝယ်ယူအသုံးပြုနေပြီးဖြစ်သည်။
တရုပ်နိုင်ငံမှ ဝယ်ယူလိုက်သော အမ်ဘီတီ-၂၀၀၀ (အမျိုးအစား-၉၀-၂) ပင်မတိုက်ပွဲဝင်တင့်ကား

မြန်မာ့ တပ်မတော်ရေ အခြေခံ စစ်သင်တန်းကျောင်း


လေ့ကျင့် ကျွမ်းကျင် အောင်ပွဲဆင်


မြန်မာ့တပ်မတော် ရေ စစ်သည်များ အခြေခံ စစ်သင်တန်းလေ့ကျင့်နေကြစဉ်




မြန်မာ့တပ်မတော်ရေ အမှတ်(၁) စစ်သင်တန်းလေ့ကျင့်ရေး သင်တန်းကျောင်း တွင် လေ့ကျင့်နေကြသော မြန်မာ့တပ်မတော်ရေ တပ်သားများ ဖြစ်ပါသည်။

မြန်မာ-တရုပ်နယ်စပ်ကိုရောက်လာတဲ့ စစ်ကားများ


မြန်မာ-တရုပ်နယ်စပ်ကိုရောက်လာတဲ့ စစ်ကားတွေပါ ပုံကတော့ကြာနေပါပြီ ဆိုက်မှာ မရှိသေးလို့တင်လိုက်ပါခင်ဗျာ..။အမြောက်တပ်တွေမှ အသုံးပြုမယ့် စစ်ယာဉ်တွေပါ။

မြန်မာ့တပ်မတော် လက်နက်ငယ် လေ့ကျင့်ရေးသင်တန်း

MA-1 fire exercise




မြန်မာ့တပ်မတော် လက်နက်ငယ် လေ့ကျင့်ရေးသင်တန်း

မြန်မာ့တပ်မတော်ထုတ် အာပီဂျီ








မြန်မာ့တပ်မတော်ထုတ် အာပီဂျီ တင့်ကားဖျက် ပုခုံးထမ်းလောင်ချာများ ပစ်ခတ်စမ်းသပ်နေစဉ်ဖြစ်ပါသည်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ