.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, September 11, 2011

သမ္မတ အိုဘားမား၏ ဦးလေးအား လူဝင်မှု ကြီးကြပ်ရေး အရာရှိများက ထိန်းသိမ်းထားခြင်း

သမ္မတ အိုဘားမား ၏ ဦးလေးသည် အရက်မူးနေစဉ် ယာဉ်မောင်းနှင်သည်ဟု မသင်္ကာရသောကြောင့် မန်ဆာချူးဆက်ပြည်နယ်တွင် ရဲကထိန်းသိမ်းလိုက်ရာ သူက အိမ်ဖြူတော်နှင့် ဆက်သွယ်၍ အာမခံရရန် စီစဉ်မည်ဟု ရဲများအားပြောသည်။ သူ့အား ဗဟိုအစိုးရ လူဝင်မှုကြီးကြပ်ရေး (federal immigration) အရာရှိများက အာမခံ မပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အာဏာပိုင်များက တနင်္လာနေ့ (၂၉.၈.၂၀၁၁) တွင် ပြောသည်။
အသက် ၆၇ နှစ်ရှိ အွန်ယန်ဂို အိုဘားမား (Onyango Obama) သည် ဘော်စတွန်မြို့ (Boston)၏ အနောက်ဘက် မိုင် ၂၀ အကွာရှိ ဖရန်မင်ဂန်မြို့ (Framingham) တွင် ယာဉ်အချက်ပြ မီးနီနေစဉ် သူမောင်းလာသော ကားအားရပ်လိုက်ရာ ရပ်ရမည့်နေရာထက် ကျော်လွန်ပြီးမှရပ်နိုင်သဖြင့် ရဲကင်းလှည့်ယာဉ်တစ်စင်းက တိုက်မိလုနီး ဖြစ်သွားခဲ့သည်။
အွန်ယန်ဂို အိုဘားမားသည် မူလတွင် ကင်ညာနိုင်ငံမှ ဖြစ်ပြီး သမ္မတ အိုဘားမား၏ ကွယ်လွန်သူ ဖခင်၏ ဖအေတူမအေကွဲ ညီအကိုဖြစ်သည်ဟု ရဲများကပြောသည်။ အမေရိကန်ပြည်ထောင်စု လူဝင်မှုနှင့် အကောက်အခွန်ဆိုင်ရာ ဌာနတစ်ခုဖြစ်သော (U.S. Immigration and Customs Enforcement) မှ သူ့အား အာမခံမပေးဘဲ ထိန်းသိမ်းထားသည်။ ရုံးမှတ်တမ်းတစ်ခုတွင် အွန်ယန်ဂို အိုဘားမား (Onyango Obama) အား ပြည်နှင်ဒဏ်ပေးထားခဲ့သည်ဟု ပါရှိသည်။
သူသည် ဘော်စတွန်မြို့တွင် နေထိုင်သော ဇေတူနီ အွန်ယန်ဂို (Zeituni Onyango) နှင့် မောင်နှမ အရင်းဖြစ်သည်။ သမ္မတ အိုဘားမား၏ အဒေါ် ဇေတူနီ အွန်ယန်ဂို ပြည်နှင်ဒဏ် ပေးခံခဲ့ပြီးသားဖြစ်သော်လည်း ယခင်နှစ်တွင် အမေရိကန်ပြည်ထောင်စုတွင်း နေထိုင်ခွင့်ရသွားသဖြင့် သူမ၏သတင်းသည် သတင်းစာခေါင်းကြီးပိုင်းများတွင် ပါလာခဲ့သည်။
Ref: Internet
Obama's uncle held by immigration authorities (Yahoo News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)
 

လွှတ်တော် ကိုယ်စားလှယ်အားလုံးနီးပါး ကားရတော့မည်

ငါးနှစ်အတွင်း လူတိုင်းကားစီးနိုင်အောင် ဆောင်ရွက်သွားမည်ဟုဆို
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံးနီးပါး မြန်မာမီနီဆလွန်းကားများကို ရရှိနိုင်ရန် အမှတ် (၂) စက်မှုဝန်ကြီးဌာနက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားအားလုံးသည် ငါးနှစ်အတွင်း ယင်းကားများကို လူတိုင်းစီးနင်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားလိုက်သည်။
“ဈေးကွက်အပေါ်ကို မလိုက်ချင်ဘူး။ Market က ဒီလူတွေပဲ ဖြစ်တယ်။ အဓိကကတော့ ဝန်ထမ်းတွေ၊ နိုင်ငံအကျိုးပြုတဲ့သူတွေ၊ စာပေအနုပညာရှင်တွေ၊ အငြိမ်းစားဆရာဝန်ကြီးတွေ၊ ပင်စင်စားတွေနဲ့ အနုပညာရှင်တွေကို ရောင်းချင်တယ်။ ဖြစ်ပေါ်နေတဲ့ ဈေးကွက်အရ ကားဈေးနှုန်းကို လိုက်မတက်ချင်ဘူး။
ဒီနှစ် ဒီဇင်ဘာလလောက်ဆိုရင် လူတော်တော်များများရသွားနိုင်တယ်။ နောင်နှစ် မတ်လလောက်ဆိုရင်

ဖိတ်ကြားပါက သွားရောက်အားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(၁၉) နှစ်အောက် အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲကို Wednesday, 07 September 2011 23:01 |

စက်တင်ဘာ ၈ ရက်မှ ၂၁ ရက်အထိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပမည့် (၁၉)နှစ်အောက် အာဆီယံလူငယ် ဘောလုံးပြိုင်ပွဲကို ဖိတ်ကြားလာပါက သွားရောက်အားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
လာမည့် စက်တင်ဘာလတွင် အသက် (၁၉)နှစ်အောက် အာဆီယံ လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ လာရောက်အားပေးရန် ဖိတ်ကြားလာပါက သွားရောက်အားပေး ကြည့်ရှုမည်ဟု သြဂုတ် ၂၄ ရက်က သူမ၏ နေအိမ်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မက ဘောလုံးပွဲ ဝါသနာပါတော့ ဒီပွဲကို ဖိတ်ရင် သွားကြည့်မလားဆိုတော့ စဉ်းစားရမှာပေါ့” ဟု

မြန်မာနိုင်ငံရှိ မလေးရှားသံရုံးက တစ်ပတ်လျှင် အလုပ်သမား ဗီဇာနှစ်ထောင် ထုတ်ပေးမည်

မြန်မာနိုင်ငံရှိ မလေးရှားသံရုံးက စက်တင်ဘာ ၁၉ ရက်မှ စ၍ တစ်ပတ်လျှင် အလုပ်သမား ဗီဇာ နှစ်ထောင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မလေးရှားသံရုံးရှိ တာဝန်ရှိသူများက သြဂုတ်လ ၂၅ ရက်တွင် အေဂျင်စီအချို့ကို ခေါ်ယူ၍ အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ အေဂျင်စီများမှ တာဝန်ရှိသူများကပြောသည်။
“တစ်ရက်ကို ကုမ္ပဏီအခု ၂၀ နဲ့ ကုမ္ပဏီတစ်ခုကို ၂၅ ယောက်ဝင်ခွင့်ရမယ်။ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ၄ ရက်ထုတ်ပေးမယ်” ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မိုးယံပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူက ပြောသည်။ မလေးရှားသံရုံးများတွင် မှတ်ပုံတင်ထားသော အေဂျင်စီ ၉၃ ခုရှိပြီး စက်တင်ဘာလ ၁၆ ရက်မှစ၍ အပတ်စဉ်သောကြာနေ့တိုင်း ကုမ္ပဏီ ၈၀ အား သံရုံးအတွင်း မဲနှိုက်ပေးသွားမည် ဖြစ်သည်။
“ဒီအစီအစဉ်အတိုင်းဆိုရင် ကုမ္ပဏီတစ်ခုကို တစ်ပတ်ရှစ်ကြိမ်ဗီဇာဝင်ခွင့်ရှိသွားပြီ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မဲနှိုက်မည့်နေ့တွင် Calling Visa အပြည့်အစုံ ယူလာရမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် စတင်မဲနှိုက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်ကြောင့် အမှန်တကယ် Calling ကျထားသော အေဂျင်စီများ အသက်ရှူချောင်သွားပြီး တစ်လတွင် အနည်းဆုံး လူတစ်ရာခန့် ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း အေဂျင်စီ အသိုင်းအဝိုင်းက ဆိုသည်။ ယခင်က အေဂျင်စီ တစ်ခုလျှင် လုပ်သား ၁၅ ဦးနှင့် တစ်ရက်လျှင် လူ ၂၀၀ကိုသာ တစ်ပတ်လျှင် လေးရက်နှုန်းဖြင့် ဗီဇာထုတ်ပေးခဲ့ခြင်းဖြစ်သည်။
Ref : 7 Day News
 

မြို့ပတ်ရထားတွဲ လမ်းချော်တိမ်းမှောက် လူ (၄)ဦး ဒဏ်ရာရ

ရန်ကုန်မြို့ပတ်ရထားတွဲ ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာအကြား တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက် နေ့လည် ၂ နာရီ ၁၀ မိနစ် အချိန်တွင် အင်းစိန်ဘူတာမှ ရန်ကုန်ဘူတာ ကြီးသို့ ထွက်ခွာလာသော မြို့ပတ်ရထားသည် ကမာရွတ်ဘူတာ အလွန်တွင် လမ်းချော်မှုကြောင့် ရထား နောက်ဆုံးတွဲ တိမ်းမှောက်ကာ လူ (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုချိန်မှာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ စိစစ်နေဆဲပါ။ ဒဏ်ရာရတဲ့သူတွေကတော့ စိုးရိမ်စရာ မရှိပါဘူး။ သူတို့ကိုလည်း မီးရထားက ဆရာဝန်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုမှုခံယူနေ ပါတယ်” ဟု မြန်မာ့မီးရထားမှ သွားလာရေး မန်နေဂျာ ဦးသိန်းနိုင်က အခင်းဖြစ်ပွားရာနေရာတွင်

စိန်/ချော/ဂေါ်/ဇီး တို.ရဲ. ပြည်တော်ပြန်ခရီး ဓါတ်ပုံ


ဒီညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေဆိပ်မှာ တွေ့ရတဲ့ မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီး၊ ဂေါ်ဇီလာ၊ ဇီးသီး စတဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံ အဖွဲ့သား ၄ ဦး


အဲပုဂံလေကြောင်းလိုင်းနဲ့ ရန်ကုန်ကို ပျော်ရွှင်စွာ သွားကြပါပြီ


ပြည်ပရောက်နေသူများ ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုအပြီး ပထမဆုံး ပြန်တော်ပြန်သွားသူများ ဖြစ်ပါတယ်


သီးလေးသီးနဲ့ဆေးရောင်စုံ အငြိမ့်ကို တည်ထောင်ပေးခဲ့သူ ဇာဂနာက ပူတာအိုထောင်ကို ရောက်နေပါတယ်။
ဆရာသမားကို ထောင်ဝင်စာ သွားတွေ့ဖို့ ကြိုးစားမယ်လို့ လူရွှင်တော် ဂေါ်ဇီလာက လေယာဉ်ပေါ်မတက်ခင် ဧရာဝတီကို ပြောသွားပါတယ်။

ချင်းမိုင်မြို့မှာ မင်းသမီး မြစပယ်ငုံ၊ လူရွှင်တော် ပန်းသီး၊ ကြယ်သီးတို့ ရှိနေပါသေးတယ်။


Messenger News Journal - မက်ဆင်ဂျာသတင်းဂျာနယ်က ဖေ့ဘုတ်မှာ ခုလေးတင် ရေးထားတာက ဒီလိုပါ -

သီးလေးသီအဖွဲ့မှအဖွဲ့ဝင်သုံးဦးနှင့် မချောစုမျိုး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့5း45 တွင် ဘေးမသီရန်မခဘဲရောက်ရှိလာ ..လေဆိပ်တွင် တစ်စုံတစ်ရာစစ်ဆေးမေးမြန်းချင်းမရှိခဲ့........


မြန်မာနိုင်ငံသား သံကာမကင်းခံရသူ ၆ ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံ သားများ အဖြစ် သင်္ကာမကင်းသူ ၆ ဦးကို ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့များနှင့် အတူ ဒက္ကား လေဆိပ်တွင် ဘင်္ဂလာရဲက ယနေ့ နံနက် ဖမ်းဆီးလိုက်သည်။

dhaka-airport
ဖမ်းဆီးခံရသူများသည် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ သွားရောက်အတွက် ဒက္ကားလေဆိပ်သို့ ရောက်ရှိလာပြီး ယောင်လည်လည် ဖြစ်နေစဉ် ရဲက စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

သူတို့ကို မေးမြန်းစဉ် သူတို့မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း ပြောဆိုကြောင်းနှင့်

အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးတဲ့ ဇနီးမောင်နှံ အဆိပ်သောက် သေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးသော ညားခါစ ဇနီးမောင်နှံ နှစ်ဦးမှာ အဆိပ်သောက်ကာ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူ ဇနီးမောင်နှံ နှစ်ဦးမှာ တောင်ကုတ်မြို့နယ် ဒုံကျေးရွာမှ ကိုစိုးစိုး(၂၅) နှစ်နှင့် မဇင်မာမြင့်(၂၀) နှစ် တို့ ဖြစ်ကြပြီး ယခုလ ၂ ရက်နေ့က အဆိပ်သောက် သေဆုံးသွားကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး လက်ထပ်ယူခြင်းကို မိဖများ သဘော မတူသည့် အပြင် ရပ်တည်ရန် အခက်အခဲ ဖြစ်ရာမှ နောက်ဆုံးတွင် ပိုတက်ခေါ် ဗျိုင်းသတ်ဆေး အဆိပ် တမျိုးကို သောက်ပြီး သေဆုံးသွားကြခြင်း ဖြစ်ကြောင်း

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ