.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, April 14, 2012

မဖော်လည်း လှပါတယ် မမတို့ရယ်


(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ)
ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှင်မိန်းကလေးများနှင့်တကွ သာမန်အပြင်မှမိန်းကလေးအများစုအချို့၏ လက်လန်ရလောက်အောင်ဝတ်စားဆင်ယင်မှု.အပေါ်တွင် အမျိုးမျိုးသော ထင်မြင်ချက်ပေးမှုများရှိခဲ့ပါသည်။ မတင့်တယ်သောကြောင့် ဆန့်ကျင်ဘက်ယောင်္ကျားလေးအချို့မှ မကြိုက်နှစ်သက်ကြောင်း ဝေဖန်မှု.များတွေ့ရသလို ကြည့်ကောင်းပါ၏ လို့မှတ်ချက်ပေးကြသူများလည်းရှိ၏။ ပုရိသများဘက်မှ အမြင်မတော်ပါဟု ပြောကြားသည်ကိုမြင်ရသည်မှာ အတော်လေးတော့ ၀မ်းသာရမည့်အကြောင်းတရားလေးလို့တော့
ယူဆသည်။ ယောင်္ကျားဆိုသည်မှာ မြင်ရင်ကြည့်မည်။ ကြညိ့သောသူမှာအပြစ်မရှိ ။ပြသောသူမှာသာ အရှက်ရရုံအပြင် ဘာအကျိုးမှမရှိ။ ယခုကဲ့သို့ အမြင်မတော်မှု.မျိုးကို ၀ိုင်းဝန်းဝေဖန်ခြင်းသည် မတရားသဖြင့် တစ်ဖက်သားကို ပြောဆိုနေခြင်းတော့ မဟုတ်ချေ။ မလုပ်သင့်၊မ၀တ်သင့်၊ မပြုသင့်သည်ကို လုပ်သောသူမှာသာလျှင် ဤအပြောအဆိုကို ခံရုံသာရှိသည်။ ယဉ်ကျေးမှုပျက်စီးနေသည်မှာ ယခုမှဖြစ်တာတော့မဟုတ်ပေ။ အတော်ကြာနေပေပြီ။ သို့သော် ဤအချိန်မှ သင်္ကြန်ရောက်မှသာ ၀တ်စားမှု.ဆိုးရွားခြင်းသည် ၀တ်ချင်နေသူများအတွက် အခွင့်ကောင်းဟုယူဆထားပုံရသည်။ ၀တ်ချင်သူများဝတ်သည်။ အမြင်မတော်လျှင် ပြောကြမည်။ ကြိုက်သူများကအားပေးမည်။ ဒါအားလုံးအတွက် ရနေသည့်အခွင့်အရေး။ သို့သော် ထိုပျက်စီးမှု.များကို ရှေးယခင်ကကဲ့သို့ ရှေ့ဆောင်လမ်းပြအနေဖြင့် လူသိများသော ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များမှ ၀တ်ဆင်ပြသင့်သည်ဟု status တစ်ခုတွင် ဖတ်လိုက်ရပါသည်။ တစ်ခုတော့ရှိပါသည်။ သူများလုပ်တိုင်းလိုက်မလုပ်သူတွေများလှသလို ကောင်းတာကိုအတုမခိုး၊ မကောင်းတာမှလိုက်တုချင်တာက ခပ်များများရယ်ပါ။ တစ်တိုင်းပြည်လုံးနီးပါး ချစ်ခင်လေးစားရပါသော ဒေါ်အောင်ဆန်းစုကြည် မည်သို့ဝတ်ဆင်သနည်း။ လိုက်ဝတ်ကြပါသလား အားလုံးသောမိန်းကလေးများ ? .....ဒီနေရာမှာ သူ့နေရာနှင့်သူ ၀တ်တတ်ဖို့လည်းလိုပါသည်။ ထမီ၊လုံချည်မှာ နေရာတိုင်းအတွက်တော့ ယခုခေတ်တွင် ၀တ်ဆင်ရအဆင်မပြေပါ။ သွားလာရအဆင်မပြေဖြစ်ပါသည်။သို့သော် ထမီရင်လျား ပုံစံထက်တောင် မြင်ရအကျည်းတန်သည့် ၀တ်စားမှုသည် မည်သည့်ခေါင်းဆောင်ကောင်း ရှေ့ဆောင်လမ်းပြကောင်းများက လမ်းညွှန်ပြခဲ့၍ ၀တ်ဆင်နေကြပါသနည်း။ မည်သူမပြုမိမိမှုသာ။ ရှိသမျှမိန်းကလေးများကို သူတို့တွေဒီလိုဝတ်နေတယ် ။လိုက်ဝတ်ကြလို့ပြောကြည့်ပါ ။တစ်ယောက်မှနားထောင်မည်မဟုတ်။ ကိုယ်လုပ်ချင်ရာသာလုပ်ကြပေလိမ့်မည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေကိုး။ ဒီလိုဝတ်ဆင်ခြင်းကို သဘာဝ ဟုထင်မြင်နေလျှင်တော့ ဒီထက်ပိုပျက်စီးကြရုံသာရှိမည်။ မသင့်တော်ဟု ၀ိုင်းဝန်းပြောဆိုနေကြချိန်တောင် ၀တ်နေကြလျှင် သဘာဝပါကွာ ရှေ့ဆောင်လမ်းပြ လုပ်ပြရမယ်၊ သူတို့တွေပြောင်းလဲဖို့ဟု ပြောနေသူတွေများလာလျှင်တော့ နောင်တစ်ချိန် ကျွန်မတို့ မျိုးဆက်များလက်ထက်တွင် သင်္ကြန်မှမဟုတ် ပုံမှန်အချိန်များတွင်တောင် ရေကူးဝတ်စုံနှင့် အပြင်ထွက်ကြပေတော့မည်။ တန်ဖိုးဆိုတာ စာအုပ်ထဲမှာပြန်ရှာ၊ အာပေါက်အောင်ရှင်းပြရင်တောင် လက်မခံတော့မယ့် သားသမီးများနှင့် နပန်းလုံးနေရပေတော့မည်။ ထို့ကြောင့် ရှေ့ဆောင်လမ်းပြတွေ၊ မော်ဒယ်လ်တွေကို အားကိုးနေလျှင်တော့ ဒီတစ်သက်လုံခြုံလာမည်မဟုတ်။ ရှက်စရာကိစ္စကို ပြုလုပ်သူများမှ အနည်းငယ်သာဖြစ်စေသိနိုင်ရန် ၀ိုင်းဝန်းပြောဆိုမှသာလျှင် တော်ပေလိမ့်မည်။ ဒီထဲကမှ ကြီုက်တယ် ဘာပြောပြောဝတ်တယ်ဆိုသူတွေလည်းရှိမည်သာ။ ၀တ်ကြပါစေပေါ့။ အနည်းဆုံးတော့ ကိုယ့်အစ်မ၊ညီမ၊ တူမ၊သားသမီးတွေဒီလိုမ၀တ်ရင်ပဲ ၊ ရှင်းပြလျှင်လက်ခံနိုင်ရင်ပဲ တော်ကာကျပါသေးသည်။အမြင်မတော်သည်ကို လက်မခံပဲ ပြောဆိုမှသာ လူနည်းစုကျန်ပေမည်။ အဓိကမှာဝတ်ပြသောမည်သည့်နိုင်ငံခြားမင်းသမီးများအပြစ်မဟုတ် ။ မစဉ်းစား မဆင်ခြင် အရှက်မဲ့သော ၀တ်ဆင်သူများအပြစ်သာဖြစ်သည်။ လူတိုင်းတွင် စဉ်းစားဆင်ခြင်နိုင်သော ဦးနှောက်တစ်လုံးစီပိုင်ဆိုင်ထားပါ၏။ ဤနေရာတွင်အသုံးချပါက အကျိုးရှိမည်သာဖြစ်သည်။ ပုရိသများဖြစ်ပါလျက် မသင့်တော်ဟုပြောသော မြင်သောသူများကိုလေးစားပါကြောင်း၊ ထိုသူများကြောင့်သာ ယဉ်ကျေးမှုပျက်စီးခြင်းဘေးမှ အနည်းငယ်သာဖြစ်စေ သက်သာရာရလိမ့်မည်ဖြစ်ပါကြောင်း မိန်းကလေးတစ်ချို့နှင့် လူမိုက်လုပ်ကာ ရေးသားလိုက်ရပါသည်။ ယောင်္ကျားတိုင်းသည် မိမိချစ်ခင်သော တန်ဖိုးထားသောမိန်းကလေးကို တန်ဖိုးရှိသလိုသာမြင်ချင်ကြသည်။ ဖော်မှကြိုက်တယ်ဟု အထင်မမှားစေလိုပါ။ မိမိ၏ အနေအထိုင်ကသာ မိမိတန်ဖိုးကိုပြပါသည်။ တန်ဖိုးမြင့်စေချင်ပါသည်။ ဆရာလုပ်တာမဟုတ်ပါ။ လုံခြုံပြီး လှပခေတ်မီ စတိုင်ကျရန် ၀တ်ဆင်၍ လူစိတ်ဝင်စားကာ မိမိချစ်သူ ချစ်ခင်မြတ်နိုးရန် နေထိုင်နိုင်ကြောင်း စေတနာဖြင့် ပြောပြလိုက်ပါသည်။
(status တင်ရန်သာရည်ရွယ်ရေးရာမှ ပြောချင်တာများပြီး နုတ်စ်ဖြစ်သွားပါတယ် ။ နားလည်ခံစားပေးနိုင်ရန်မျှော်လင့်မိပါတယ်..)
မေ၀င်းလဲ့ရီ

2 comments:

Anonymous said...

တော်တော်လေးသရုပ်ပျက်တယ်ဗျာ

ူlay said...

မိန်းမကောင်းများဝတ်ဆင်သောအ၀တ်အစားမဟုတ်ပါ...ပြည်သူကိုပညာပေးဘို့..အကျိုးပြုဘို့အနုပညာလုပ်တာလား..အတော်များများသည်..တန်ဘိုးမရှိ...သိက္ခာမရှိ..အရှက်အကြောက်မရှိတော့ပါ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ