.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, February 20, 2012

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်၍ ၀န်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်း


(တရားဝင်ဘာသာပြန်မဟုတ်ပါ)


၂၀၁၂ခု ဖေဖေါ်ဝါရီလ (၁၃)ရက်

အမှတ်စဉ် ၁၀။ လော၊ မြန်မာ ၊ ကမ်ဖူးချား တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂

အလုပ်သမားရေးဝန်ကြီးဌာနတင်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ၂၀၊ ၁၊ ၂၅၅၅ ရက်နေ့ တွင်သဘောတူပြီးသော တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂ ကို ၀န်ကြီးများအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁/၂၅၅၅ မှ အောက်ပါအချက်များကိုအတည်ပြု လိုက်ပါသည်။
၁)-၁၉။ ၁။ ၂၀၀၉ ရက်နေတွင်ကျင်းပခဲ့သော ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ၂၈၊ ၂၊ ၂၀၁၂ နေ့ထိသက်တမ်းတိုးခွင့်ပြုခဲ့သော မြန်မာ၊ လော၊ ကမ်ပူးချားမှရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကိစ္စအား အမြန်ဆုံးအကောင်ထည်ဖေါ် ဆောင်ရွက်ရေးတွင် ၂၈၊ ၂၊ ၂၀၁၂ ရက်နေ့ အတွင်း ပြီးစီးစွာ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့မကျော်လွန်မီ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်တိုးပေး ရန်အောက်ပါအတိုင်းဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်၊

၁-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်းခေတ္တ နေထိုင်ခွင့်ပေး ထားခြင်းနှင့်ဆိုင်ရာအချက် ၁နှင့်ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှုလုပ်ဆောင်နေစဉ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ-၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချား အလုပ်သမားများအား နိုင်ငံသား စိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့် အားပြုသည့်ကြေညာ ချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂ (၃)အရနိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂ နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက် မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍ လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုသည်။

၁-၂) နိုင်ငံသားစိစစ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ်ထက်မကျော်သော ယာယီနေထိုင်ခွင့်အမျိုးအစား (Non-Immigrant-LA) ဗီဇာကိုထုတ်ပေးရမည်။ အလုပ်ရှင်များမိမိအလုပ်သမားများအား နိုင်ငံသားစိစစ်ရေးအဆင်ပြေချောမွေ့စွာသွားရောက်ပြုလုပ်ပြီးနောက် တရားဝင်ဂိတ်များလမ်းကြောင်းများမှ ၀င်ရောက်လာရာတွင်အဆင်ပြေချောမွေ့ရန်အတွက်

မဲဆောက်က မြန်မာလုပ်ငန်းများအတွက် သတိပြုရန် (ပေးစာ)


မဲဆောက်သားလေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂
မဲဆောက်မြို့ ဈေးကြီးအတွင်း ၁၆၊ ၂၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲများပူးပေါင်းအဖွဲများသည် အဖွဲ့လိုက်စုပြီး ဈေး ကိုဝိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား လက်မှတ်မရှိသူ ၂၀၀ ကျော်ခန့်အဖမ်းအစီးခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးစဉ် လက်မှတ်ရှိပြီး ဈေး ရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။
နောက်ဆုံးကြားသိရတာကတော့ ဈေးရောင်းတဲ့သူတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို လုပြီးလုပ်ဆောင်တယ်ဆိုတဲ့ ပုဒ်မနဲ့ပါ (ဒီဥပဒေနဲ့ဆိုရင် ထောင် ၆ လ ကျခံရပါတယ်) ယခု ဖမ်းခံရတဲ့သူတွေကို တရားစွဲဆိုဖို့လုပ်ဆောင်နေပြီလို့လည်း ကြားသိရပါတယ်။
မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓာတ်ပုံဆိုင်များအထိ ရှိပါ တယ်။ ဒီဆိုင်တွေအားလုံးကို လာမယ့် မတ်လဆန်းတာနဲ့ စပြီး ပိုက်စိုက်တိုက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းတာ ၀န်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ်ဆွေဆိုင်များကို သတိပေးပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ) လိုင်စင်ရှိသော်လည်း မရကြောင်း မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့လုပ်ရမယ့် အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင် ထိုင်းနိုင်ငံသားတစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် ၀င်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ ရမည်ဖြစ်ပါသည်။ ထိုသို့ပေးဆောင်ရမည်ဆိုလျှင် ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀) ခန့်ရှိကြောင်းသိရသည်။ ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပတ်စ်ပို့ရှိရန်လည်းလိုအပ်ကြောင်းသိရသည်။ မတ်လအတွင်း လက်မှတ်မဲ့များ၊ မြန်မာပိုင်ဆိုင်များ၊ လုပ် ငန်းများကို တိတိကျကျကိုင်တွယ်ဖို့ လုပ်ဆောင်နေပါပြီလို့လည်း သိရပါတယ်။
မူရင်း -http://maesotnews007.blogspot.com/

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ