.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, April 21, 2012

မြန်မာရွှေ့ပြောင်း အလုပ်သမား ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး ထိုင်းနိုင်ငံတွင် ဖွင့်လှစ်


2012-04-20
Radio Free Asia
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး (၂) ရုံးကို ဘန်ကောက်နဲ့ စမုတ်ပရာကန်တို့မှာ သက်ဆိုင်ရာက ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
RFA
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ခွင့် စတင်တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင် အလုပ်သမား မှတ်ပုံတင်ရုံးကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ထိုင်း အလုပ်သမား ဝန်ကြီး ချလန်ချိုင်း စီရီအွန် နဲ့အတူ သွားရောက် ကြည့်ရှုပြီး အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စ ရှင်းလင်း ပြောကြားနေပုံ။ (ဓါတ်ပုံ RFA)
လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း HRDF အတိုင်ပင်ခံ မစ္စတာ ANDY Hall က -
“မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံသားစီစစ်ရေးရုံး ၂ ရုံး ဒီလို ဖွင့်လှစ်လိုက်တာဟာ မြန်မာအလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းရဲ့ တိုက်တွန်းတောင်းဆိုမှုကြောင့် ဖွင့်ဖြစ်တာဖြစ်ပါတယ်။ ပြီးရင် တနင်္လာနေ့ မနက် (၉) နာရီမှာလည်းပဲ ချင်းမိုင်၊ စမုတ်ဆာခွန်နဲ့ ဆူရတ်ဌာနီ စင်တာ (၃) ခုကိုလည်း ထပ်မံ ဖွင့်လှစ်ဦးမှာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။
ဒီလိုဖွင့်လှစ်တာဟာ ထိုင်းနဲ့ မြန်မာအစိုးရ နှစ်ရပ်လုံးက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့အခွင့်အရေးတွေကို အသိအမှတ်ပြုတာ ဖြစ်သလို၊ ကုန်ကျစရိတ် သက်သာစေဖို့ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမား ဒုတိယဝန်ကြီး ဦးမြင့်သိန်းဟာ ထိုင်းအစိုးရ အာဏာပိုင်တွေအပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို ဘန်ကောက်မြို့မှာ မနေ့က ဆွေးနွေးခဲ့တယ်လို့ အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NGO တစ်ခုမှ အရာရှိ ဦးစိန်ဌေးက ပြောပါတယ်။
“အဓိက သူရောက်လာတဲ့ အကြောင်းကတော့ ဒီထိုင်းနိုင်ငံမှာဖွင့်မယ့် နိုင်ငံသားစီစစ်ရေးရုံး (၅) ရုံး ထပ်ဖွင့်မယ့်ကိစ္စပေါ့။ ထိုင်းဘက်က နှောင့်နှေးနေတာကို အမြန်ဆုံး ဖွင့်လှစ်အောင် လာပြီးဆွေးနွေးတာရယ် နောက်ပြီးတော့ အခုတလောမှ ဖြစ်ပွားနေတဲ့ MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ တရားဝင် အလုပ်သမားတွေ ဆန္ဒပြကြတဲ့ ကိစ္စပေါ့နော်။ စာချုပ် ချုပ်ထားတဲ့အတိုင်း လုပ်အားခမရတဲ့ကိစ္စ ဖြေရှင်းဖို့အတွက် သူက ဆွေးနွေးသွားတယ်ပေါ့။ အဓိက ပွိုင့် (၂) ချက်ပေါ့”
မြန်မာအစိုးရ အလုပ်သမားအရာရှိနဲ့ သံရုံးက ကိုယ်စားလှယ်တချို့ဟာ မကြာသေးခင်က

Thursday, April 19, 2012

ယာယီနိုင်ငံကူးလက်မှတ်ရုံး ရှစ် ရုံးအထိ ထိုင်း၌ တိုးချဲ့ ဖွင့်မည်

(ပေါ်ပြူလာမဂ္ဂဇင်းမှကူးယူဖော်ပြသည်)


နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
ထိုင်းရောက် မြန်မာလုပ်သားများအားယာယီ နိုင်ငံကူးလတ်မှတ်ထုတ်ပေးရေးရုံးများကို ရှစ်ရုံုးအထိတိုးချဲ့  ဖွင့်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန်မစ္စတာ ချာလာပွန်က ပြောသည်။

၎င်းက ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ် နားနေဆောင်တွင် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ ဆုံဆွေးနွေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာ ချာလာပွန်က ယခုလ ၂၀ ရက်မှစ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတရားမ၀င်လုပ်သားများအတွက်ယာယီ နိုင်ငံကူးလတ်မှတ်များကို စိစစ်ဆောင်ရွက် ပေးနေကြောင်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မဲခေါင်-ဂျပန်နှင့် မြန်မာ-ဂျပန်ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ယခုလ ၁၉ ရက်နေ့ ညနေက ထွက်ခွာလာရာတွင် ဘန်ကောက်ရှိ လေဆိပ်၌ ၂ နာရီခန့် ခရီးတစ်ထောက် နားစဉ် မစ္စတာချာလာပွန်မှ လာရောက်တွေ့ ဆုံ ဂါရ၀ပြု နုတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းရောက် မြန်မာတို့ကို ယာယီ နိုင်ငံကူးလတ်မှတ်ထုတ်ပေးနိုင်ရေးအတွက် တာချီလိတ်၊ ကော့သောင်း၊ ရနောင်း၊ ဘန်ကောက်၊မဲဆောက်၊ ချင်းမိုင် စသည့် တို့ တွင် ရုံး ခြောက် ရုံးဖွင့်လှစ်ခဲ့သည်။

ရွှေလုပ်သား: "လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိုင်း- မြန်မာ နယ်...

ရွှေလုပ်သား: "လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိုင်း- မြန်မာ နယ်...

Monday, April 16, 2012

မလေးရှားရှိ အိမ်ဖော်၊အိမ်အကူအလုပ်သမများ ဥပဒေရေးရာနှင့် ပတ်သက်၍ အလှမ်းကွာဝေးမှု (Orn Eak’s Case)

မလေးရှားရှိ အိမ်ဖော်၊အိမ်အကူအလုပ်သမများ ဥပဒေရေးရာနှင့် ပတ်သက်၍ အလှမ်းကွာဝေးမှု (Orn Eak’s Case)

Orn Eak’s Case (28-Years Old) Maid from Cambodia

အိမ်ဖော်၊ အိမ်အကူအလုပ်သမတို့သည်အိမ်တစ်အိမ်တည်းတွင် နေ့စဉ်ရက်ဆက်၊ လုပ်ကိုင်နေရသောကြောင့်လည်းကောင်း၊ ပြင်ပပတ်ဝန်းကျင် နှင့် ဆက်သွယ်ချိန်မရ၊ ဆက်သွယ်ခွင့်မရကြ၍လည်းကောင်း၊ သူတို့သည် အိမ်ရှင်၏မတရားမှုကိုကြုံတွေ့ခံစားရသော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်သော ဥပဒေအခွင့်အရေးများနှင့်အလှမ်းကွာဝေးခြင်း၊ မသိရှိခြင်း စသည်တို့ဖြစ်ကြရသည်။

၂၀၁၀- ခုနှစ်တွင် မလေးရှားနိုင်ငံတွင် မလေးနိုင်ငံသား အိမ်ရှင်တို့၏ မတရားပြုမှုများကြောင့် အိမ်ဖော်၊အိမ်အကူအလုပ်သမများစွာ ဒုက္ခရောက်၊ ဒဏ်ရာရ (အချို့မှာ သေရာပါဒဏ်ရာ)၊ အသတ်ခံခဲ့ရသော်လည်း၊ အမျိုးသမီးများအခွင့်အရေးကိုကာကွယ်တိုက်ခိုက်ပေးနေသော WAO သို့ အမှုအနည်းငယ်သာ ရောက်ရှိခဲ့သည်။ (WAO Annual Report 2010)

အမှုများတွင် လုပ်ခလစာကိုအချိန်မှန်မရခြင်းနှင့် လပေါင်းများစွာလစာ

မလေးရှားသို့ အိမ်အကူပါမစ်ဖြင့် စေလွတ်ရန်ဆွေးနွေးပွဲအား ဝိုင်းဝန်းကန့်ကွက်ပေးကြပါ (ပေးစာ)

မလေးရှားဆိုတာနဲ့ ကုန်ကျစာရိတ်ခပ်ပါးပါးဆိုတော့ စိတ်ဝင်စားသူက များသားလားဗျာ။   ဟော.................
ရောက်လာပြန်ပြီ မနေ့ကတစ်သုတ်၊ ဒီနေ့တစ်သုတ် နောက်ထပ်ရောက်လာဖို့လဲ ကြားရပါ၏။   တစ်ကယ်တမ်း
ရောက်လာကြတော့  ဒုက္ခတွေနဲ့  ဆီးတွေ့ရတာပါပဲ။ အဆင်မပြေမှုတွေက ပေါင်းစုံ။   အလုပ်အကိုင်မကောင်း
တာက   တစ်မျိုး၊  ငွေလဲနူန်းကျဆင်းတာက  တစ်ဖုံ၊  ဟိုကနှိပ်စက်၊  ဒီကနှိပ်စက်     မျက်ရည်နဲ့မျက်ခွက်တွေ
ဒုနဲ့ဒေး။ အဆင်မပြေတာများလာတော့ကြုံသလိုဖြေရှင်းကြရတော့တာပါပဲ။တစ်ချို့တစ်ဝက်မျက်ရည်စက်လက်နဲ့
ဘဝပျက်သူတွေပျက်။ တစ်ချို့တစ်ဝက် အရက်ခွက်နဲ့ ရေစုန်မျှောသူမျှော။ တစ်ချို့တစ်ဝက် ဘဝက နေတတ်ရင်
ကျေနပ်စရာကြီးဆိုကာ စိတ်ရှိတိုင်း ပျော်သူပျော်။  (အိမ်က မိဘတွေတော့ ဒူးနဲ့မျက်ရည်သာ သုတ်ရပေသပေါ့)
ဒီလိုဒုက္ခတွေတစ်လှေကြီးနဲ့တောင်  ထပ်ပြီးကြားသိလာရပါတယ်၊  “မလေးရှားကို အိမ်အကူပါမစ်နဲ့   ခေါ်ယူဖို့”
ဆွေးနွေးကြပါသတဲ့။ ကျနော်တို့ မလေးရှားမှ မောင်မယ်များ ခေါင်းချင်းဆိုင်ကုန်ကြပါတော့တယ်။    အိမ်အကူ
ပါမစ်နဲ့သာ မလေးကိုလာကြမယ်ဆိုရင် ကျုပ်ညီမငယ်တို့ဒုက္ခတွေ့ကြမှာမြေကြီးလက်ခတ်မလွဲပါပဲ။ ဒါတွေတွေး
ရင်း ရင်လေးမိတာကြောင့် ဒီပေးစာလေး ရေးပို့လိုက်ရပါတယ်။

(ဥပဒေလက်တစ်လုံးခြား လူကုန်ကူးမှုများ)

မြန်မာပြည်ကနေ ပြည်ပထွက်ခွာ အလုပ်လုပ်ကြတဲ့သူတွေဟာ  လူကုန်ကူးမှုအခံရဆုံးနိုင်ငံတွေကို  ပြပါဆိုရင်
မလေးရှားနဲ့ထိုင်းဟာ လူကုန်ကူးမှုအများဆုံးလို့  ကျွန်တော်ခန့်မှန်းမိပါတယ်။ မလေးရှားမှာ  လူကုန်ကူးမှုဟာ
မြင့်တက်နေဆဲပါ။ မလေးကိုလာကြတဲ့သူအများစုဟာ (အများအားဖြင့်) ပညာတတ်နည်းပါးလှပါတယ်။  ရိုးရိုး
သားသား တောသူ၊တောင်သားတွေများပြီး အချို့တစ်ဝက်မှာ မိမိလူကုန်ကူးခံရတာတောင် မသိလိုက်ပဲ  အိမ်
ပြန်ရောက်သွားသူတွေလဲ မနည်းလှပါ။ ရက်စက်ယုတ်မာသော

ထိုင်းရောက်မြန်မာအလုပ်သမားတို.ဧ။်ရင်ဖွင့်သံ

(ထိုင်းကအလုပ်သမားတစ်ယောက်ရဲ.ရင်ဖွင့်လာတဲ့စာပါဗျာ.....)

ထိုင်းနိုင်ငံအတွင်း ထိုင်းရဲတွေ


မြန်မာ နိုင်ငံသားများသည်။ထိုင်းနိုင်င
ံတွင်တရားမဝင်အလုပ် လာလုပ်ကြရပါသည်။

(နိုင်ငံခေါင်းဆောင်မကောင်းလို့
)တရားမဝင် လာကြတယ်ဆိုတော့ ထိုင်းရဲတွေဖမ်းတာ သဘဝ

ကျပါတယ်။(တရားဝင် သမားတွေကိုတော့ တရားဝင် ဖမ်းပါတယ်)ထိုင်းနိုင်ငံအတွင်း ထိုင်းရဲတွေ


အနည်းမီူးစုံနဲဖမ်းတာ ကိုယ်တွေ့၊စာတွေ့၊တစ်ယောက်ပြောစ
ကားတစ်ယောက်ကြားပါ။ထိုင်းရဲ တွေဖမ်းဆီးတာကတော့နယ်မြေလိုက်ကွာခြားပါတယ်။ထိုင်းရဲတွေဖမ်းဆီးပုံကတော့ အခန်းတွင်းဆေးခြေက်

တွေတယ်လို့ဖမ်းတယ်၊ဖုန်းနံပါတ်မ
ှတ်ထားတဲ့စာနုပ်တွေရင် လူပွဲစားဟူ၍ဖမ်းတယ်၊ချဲထိထွက်တဲ့ရက်ဆိုရင်

သုံးလုံးထိလက်မှတ်တွေတယ်ဆိုပြီး
ဖမ်အနည်းမီူးစုံပေါ့။ထိုင်းနိုင်ငံတောင်းပိုင်း ဖူကစ်မြို့ ထိုင်းရဲတွေက

တော့နည်းတမီူးဗျကိုယ်တွေ့ပါ။ကျွ
န်တော် ဖူကစ်မြို့ စူပါချိပ် ကုမ္ပဏီမှာတုန်းကတွေ့ကြုံလေးပါ။၂၀၀၉ ခုနှစ်

တုန်းကလူသစ်တွေကိုဘတ်မလုပ်ပေးသေ
းဘူးလူဟောင်းမှာတော့ဘတ်ရှိကြတယ်။ကျွန်တော်ညီမ

(ဝေလင်း)လင်မယားမှာ ဘတ်ကိုယ်စီရှိကြတယ်။ဝေလင်း ရဲသမီးလေး ကျွန်တော်ရဲ့တူမလေး ၆ လသမီး


လေးအရွယ်မှာတော့ ဘတ်မရှိဘူးပေါ.။ကျွန်တော် ညီးမလေး(ဝေလင်း)က ဘတ်ရှိရဲသားနဲ့ ရှောင်းပုန်းပြေး


နေတယ်။ကျွန်တော်က နင့်မှာဘတ်ရှိလျှက်သားနဲ့ ဘာဖြစ်လို ခလေးချီပြီး ရှောင်ပုန်းပြေး နေတာလဲမေး


တော့ သမီးလေးမှာ ဘတ်မရှိလို့ဆိုပြီးပြောတယ်။ကျွ
န်တော်က ခလေး က ၆ လရွယ်ဘဲရှိသေးတယ် မဖမ်း

ပါဘူးဆိုပြောတော့။တခြားနေရာ(ပူက
စ်)မှာ ခလေး ကိုဘတ်မရှိဘူလို့ဆိုပြီး ထိုင်းရဲဖမ်းသွားတယ်တဲ့။

နောက်ခလေးကိုပြန်ရွှေးရတာပေါ့။ထိ
ုင်းရဲတွေရဲ့အနည်းမီူးစုံထဲကတစ်မီူးပါ။မြန်မာနိုင်ငံသားများအပေါင်းတို့

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ဆုတောင်းကြပါစို
့။ကိုယ်လဲကျန်းမာဖို့လိုသည်။

ပေးပိုသူ ဟန်ဝင်း 


ယာယီနိုင်ငံကူး လက်မှတ် kt ၀၃၃၀၄၄ ဖူးခက်

အားလုံးသောမီဒီယာသမားများသို.စကားလက်ဆောင်



“တွေးပူမိပါသည် ..... စားအုန်းဆီ။“

ဆောင်းပါးရှင်  Qing Minya
 
 
Palm Oil ဟူသော စားအုန်းဆီ သို့မဟုတ် ဆီအုန်းပင်မှ ထုတ်ယူသောဆီသည် မြန်မာ တော်တော်များများနှင့် အကျွမ်းတဝင်ရှိပြီး ဖြစ်သည်။ အခြေခံလူတန်းစား တော်တော်များများ၏ မီးဖိုချောင်တွင် သူမပါလျှင် မပြီးသလို ကျွန်မတို့ မိန်းကလေးများ နေ့စဉ်သုံးစွဲသော အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း ဆီအုန်းဆီကို အသုံးပြုရသည်။
.
"မြေကြီးမှ ရွှေသီးသည်" ဟူသော စကားသည် ဆီအုန်းစိုက်ပျိုးသူများအတွက် အလွန်ပင် မှန်ကန်လှပေသည်။ ၂၀ရာစုတွင် မလေးရှားနိုင်ငံအား အာရှကျားနိုင်ငံ တစ်နိုင်ငံအဖြစ် အသွင် ပြောင်းပေးလိုက်သည်မှာ ဆီအုန်းပင် ဖြစ်သည်။ မလေးရှားနိုင်ငံနည်းတူ အင်ဒိုနီးရှားနိုင်ငံသည်လည်း ယင်းဆီအုန်းကိုပင် အဓိကအားထားနေရသည်။ ယင်းနိုင်ငံများတွင် စိုက်ပျိုးသော ဆီအုန်းမှာ အာဖရိကဆီအုန်းမျိုး ဖြစ်သည်။ အရွယ်ရောက်ပြီး ဆီအုန်းပင်သည် လုံးပတ် ၄၀ စင်တီမီတာမှ ၆၀ စင်တီမီတာအတွင်း ရှိပြီး ပင်စည်သည် ၁၅ မီတာမှ ၁၈ မီတာအထိမြင့်သည်။ ဆီအုန်းပင်၏ အကိုင်းတစ်ကိုင်းတွင် အသီး ၁၀၀၀ မှ ၃၀၀၀ အထိ ပြွတ်ပြွတ်ခဲခဲ သီးလေ့ရှိသည်။ အပင် သက်တမ်း လ ၃၀ မှ စတင်၍ အသီး စတင်သီးပါသည်။ ဆီအုန်းပင်၏ သက်တမ်းမှာ နှစ် ၃၀ ကျော် ဖြစ်သော်လည်း ၂၅ နှစ်မျှ အထိသာ အသီးအောင်သည်ဟု ဆိုသည်။ ကျွန်မတို့ စားသုံးသော စားအုန်းဆီသည် အဆိုပါ ဆီအုန်းသီး၏ အသားမှ ထုတ်ယူခြင်းဖြစ်ပြီး အလှကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက်မူ Palm kernel oil ဟူသော ဆီအုန်းသီး၏ အစေ့မှ ထုတ်ယူသောအဆီကို သုံးကြသည်။ ဆီအုန်းပင်၏ ပင်စည်ကို ရုံးသုံး ပရိဘောဂများ ပြုလုပ်သော Particle board ကျိတ်ပေါင်းအထပ်သား ပြုလုပ်ရာတွင် သုံးသည်။ ကိုင်းစကိုင်းန များကိုမူ နေလှမ်း အဆွေးခံ၍ မြေသြဇာအဖြစ် ပြန်လည်အသုံးချနိုင်သည်။ အတိုချုံးပြောရလျှင်ကား ဆီအုန်းပင် သည် ပင်လုံးအသုံးတည့်သော အပင်မျိုးပင် ဖြစ်သည်။ ယင်းဆီအုန်းသည် မိုးများ၍ စိုစွတ်သော အပူပိုင်းဒေသ များတွင် ဖြစ်ထွန်းသည်။
.
ဆီအုန်းအများဆုံး စိုက်ပျိုးသော နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှားနှင့် နိုင်ဂျီးရီးယားတို့  ဖြစ်သည်။ ၂၀၀၆ ခုနှစ်မတိုင်မီက မလေးရှားသည် ဆီအုန်းအများဆုံး စိုက်ပျိုးသော နိုင်ငံတနိုင်ငံဖြစ်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်မှ စတင်၍ အင်ဒိုးနီးရှားနိုင်ငံသည် ဆီအုန်းအများဆုံး စိုက်ပျိုးရာ နိုင်ငံဖြစ်လာသည်။ ဤစာစုတွင် မလေးရှား၏ ဆီအုန်းစိုက်ပျိုးမှုအကြောင်းကို အဓိကထား တင်ပြလိုပါသည်။ မလေးရှားနိုင်ငံတွင် စုစုပါင်း ဆီအုန်းစိုက်ပျိုးမြေ ဧရိယာ ဟက်တာ ၅ သန်းရှိပါသည်။ အဆိုပါ မြေအကျယ်အဝန်းသည် ဘောလုံးကွင်းပေါင်း ၇ သန်းခွဲနှင့် ညီသည်ဟု ဆိုသည်။ ဆီအုန်းသည် ယင်းနိုင်ငံ၏ စီးပွားရေး အသက်သွေးကြောပင် ဖြစ်တော့သည်။ ၂၀၀၆ ခုနှစ်အထိ ထိပ်တန်း ဆီအုန်းစ်ုက်ပျိုးသော နိုင်ငံဖြစ်ခဲ့သော မလေးရှားနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံမှ ကျော်တက်ခဲ့သည်။ အကြောင်းရင်းမှာ အင်ဒိုနီးရှားသည် မလေးရှားထက် မြေအား၊ လူအား အစစ သာလွန်သည်။ မလေးရှားသည် အင်ဒိုနီးရှားထက် နယ်ပယ်ကျဉ်းရုံမျှမက သစ်တောဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကလည်း ပိုမိုတင်းကြပ်သည်။ ၂၀၀၈ခုနှစ်တွင် မလေးရှားသည် စားအုန်းဆီ တန်ချိန်သန်းပေါင်း ၁၇.၇ ကို စုစုပေါင်း အလုပ်သမားဦးရေ ၅၇၀,၀၀၀ သုံး၍ ထုတ်လုပ်ခဲ့သည်။ ၆၀% သော စားအုန်းဆီကို တရုတ်နိုင်ငံသို့  တင်ပို့ သည်။ ယင်းစားအုန်းဆီကို မာဂျရင်း၊ ဘီစကစ်၊ ချောကလစ်အစရှိသော မုန့် ပဲသွားရေစာများ ထုတ်လုပ် ရာတွင်အများဆုံးအသုံးပြုသည်။
.
မလေးရှားနိုင်ငံ၏ သစ်တောဥပဒေအရ သစ်တောဧရိယာသည် နိုင်ငံဧရိယာ၏ ၅၀% ရှိရမည်ဟု ဆိုသည်။ ထို့ ကြောင့် ဆီအုန်းခင်းများကို ထင်သလို ချဲ့ထွင်နိုင်ခြင်း မရှိပေ။ ထိုအချက်ကြောင့်ပင် အင်ဒိုနီးရှားသည် မလေးရှားထက် ဆီအုန်းပိုမို စိုက်ပျိုးနိုင်ခြင်း ဖြစ်သည်။ သို့ ပါ၍ မလေးရှား ထိပ်တန်း ဆီအုန်းစိုက်ပျိုးသော Felda Holding နှင့် Sim Darby တို့ သည် အိမ်နီးချင်း အာရှနိုင်ငံများဖြစ်သောထိုင်း၊ ကမ်ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သွားရောက် စိုက်ပျိုးကြသည်။ သို့ ရာတွင် ကိုယ်တိုင်လည်း ဆီအုန်းထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံတွင်မူ ထင်သလောက် ကျယ်ကျယ်ပြန့် ပြန့်  စိုက်ပျိုးခွင့် မရကြပေ။ ယင်းသို့  ပြည်ပနိုင်ငံငယ် များတွင် ဆီအုန်း စိုက်ပျိုးထုတ်လုပ်ခြင်းသည် မိခင် မလေးရှားနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်ခြင်းထက် ပို၍ အကျိုးအမြတ်များသည်ဟု ဆိုသည်။ အကြောင်းရင်းမှာ ယင်းနိုင်ငံများ၏ အလုပ်သမား လစာ၊ မြေဈေး စသည်တို့ သည် အစစအရာရာ မလေးရှားနိုင်ငံထက် နှုန်းထားများ အလွန် သက်သာသည်။
.
ဤသို့ ဆိုလျှင် ဆီအုန်းစိုက်ပျိုးခြင်းသည် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအတွက် အတိုင်းအထက်အလွန် အထောက်အကူ ပြုပါသည်ဟု ဆိုနိုင်ပါသလား။ ဆိုနိုင်ပါသည်။ သို့ သော် .... ရယူခြင်းတိုင်းတွင် ပေးဆပ်ခြင်း ဟူသည် ရှိစမြဲသာပင်။ မြေကြီးမှ ရွှေသီးစေသော အနှီ ဆီအုန်းသည် တောပြုန်းခြင်း၏ အဓိက အကြောင်းရင်း တစ်ခုပင် ဖြစ်သည်။ ထိုမျှမက လေထုညစ်ညမ်းစေသော ပင်မ အကြောင်းရင်းလည်း ဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့်များနည်း။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အနှီဆီအုန်းကို စိုက်ပျိုးရန်အတွက် ရှိရင်းစွဲ အမြဲစိမ်းတောများကို ရှင်းလင်းပစ်ကြသည်။ မည်ကဲ့သို့ ရှင်းလေသနည်း။ ဟုတ်ကဲ့... အလွယ်ကူဆုံးနည်းမှာ မီးတင်ရှို့ ခြင်း ဖြစ်သည်ဟူ၏။ ယင်းသို့လောင်ကျွမ်းခြင်းများမှ လွင့်ပျံလာသော မီးခိုးမှိုင်းများသည်ကား စုစုပေါင်း လေထုညစ်ညမ်းမှုပမာဏ၏ ၄% မျှ ရှိသည်ဟု ဆို၏။ ထို့ အပြင် ယင်းသို့ မဆင်မခြင် တောရှင်းသော အပြုအမူများကြောင့် ယခုအခါ မလေးရှားနှင့် အင်ဒိုနီးရှားသစ်တောများတွင် တောပြုန်းမည့် အရိပ်အရောင်များ တွေ့နေရသည်။ ထိုမျှမက အာရှကြံ့၊ ဆူမားတြားကျား အစရှိသော တိရစ္ဆာန်များမှာ မျိုးတုန်းလုနီးနီးပင် ဖြစ်သည်။ သဘာဝအရ တွေးတောကြည့်မိပါသည်။ သစ်ပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ရှုသွင်း၍ ကျွန်မတို့ အတွက် အောက်ဆီဂျင်ကို ပြန်လည် ထုတ်ပေးပါသည်။ အကယ်၍များ သစ်တောများ ပြုတ်ပြုတ်ပြုန်းခဲ့ပါသော် လေထုထဲတွင် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များ ဖောချင်းသောချင်း ဖြစ်နေနိုင်သည်။ တောပြုန်းလျှင် မြေပါပြိုပါသည်။ ရေကြီးသောကပ်က နောက်မှ တပါတည်း ထပ်ချပ်မကွာ လိုက်ပါပေတော့သည်။ ဆီအုန်းစိုက်ခင်းများ ကြောင့် ယင်းသို့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာများသာမက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ရသည်ဟု ဒေသခံများမှ ဆိုသည်။ ဆီအုန်း လုပ်ငန်းရှင်များသည် အကျင့်ပျက်အာဏာပိုင်တချို့နှင့် ပူးပေါင်းကာ ၄င်းတို့၏ သီးနှံစိုက်ခင်းများကို မတရားသဖြင့် ရယူသည်ဟု ဒေသခံများမှဆိုသည်။ ဤသို့ ဖြင့် လယ်ပိုင်ယာပိုင် ဘဝမှ လယ်မဲ့ ယာမဲ့ဖြစ်ရရှာသော ဒေသခံများသည် အနှီဆီအုန်းခင်းများတွင်ပင် သူရင်းငှားသဖွယ် ဝင်ရောက် အလုပ် လုပ်ကြရသည်။ ထို့ ပြင် ဆီအုန်းပင်ဟူသည်ကား ၄င်းရှင်သန်နေသောကာလတွင် ရှိသမျှ မြေဆီမြေနှစ်ကို စုပ်ယူသော သဘာဝရှိသောကြောင့် အနှစ် ၃၀ကြာသော် ယင်းတို့ သက်တမ်းကုန်လေပါက အနှီမြေပေါ်တွင် မည့်သည့်အပင်မျှ မဖြစ်ထွန်းနိုင်တော့ပေ။ ယင်းကိစ္စနှင့် စပ်လျှင်း၍ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှ Orang Rimba Sumatra မျိုးနွယ်စုခေါင်းဆောင် Din Perulak မှ ဤသို့ ပြောကြား ခဲ့သည်။
.
"ကျွန်တော်ကတော့ ကျွန်တော်တို့ဒေသမှာ ဒီလို ဆီအုန်းစိုက်ပျိုးတာကို သဘောမကျပါဘူး။ အခုဆိုရင် ဒီဒေသရဲ့ သီးနှံစိုက်ခင်းတွေ တဖြည်းဖြည်း ကွယ်ပျောက်ကုန်ပါပြီ။ နောင်တချိန် ဘာသီးနှံမှ စိုက်လို့မရတော့ရင် ဒေသခံတွေရဲ့ ရှေ့ရေးက ရင်လေးစရာပါ" ဟု ဆိုသည်။
.
တမြန်နေ့က စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ဖတ်ရှုလိုက်ရသည်။ မလေးရှားနိုင်ငံ ထိပ်တန်း ဆီအုန်း ထုတ်လုပ်သူ Felda Global Ventures နှင့် Astral Asia တို့သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် ဆီအုန်း လာရောက်စိုက်ပျိုးရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
.
ထိုသတင်းကို မြင်လျှင်မြင်ခြင်း ကျွန်မ ဝမ်းသာမိပါသည်။ တို့ များနိုင်ငံသည်လည်း အနာဂတ်တွင် အာရှကျား တစ်ကောင် ဖြစ်လာလေမည်လား ဟူသောအတွေးဖြင့် ခေတ္တမျှ သွေးနားထင် ရောက်မိပါသေးသည်။ တဆက်တည်းမှာပင် အလိုအလို ဖလန်း ဖလန်းထလာသော ကျွန်မလက်များက ရောက်တတ်ရာရာ website များဝယ် မြန်မာနိုင်ငံ သစ်တောများ၏ ကျန်းမာရေအခြေအနေကို ရှာဖွေဖတ်ရှုမိပါ၏။ ထို့ နောက်တွင်မူ ခုနင်က နားထင်ရောက်နေသော သွေးသည် ငယ်ထိပ်သို့ တက်ဆောင့်ပါလေတော့၏။ ရှင်းပါဦးမည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မဆင်ခြင်သော လုပ်ငန်းရှင်များ၏ သစ်ထုတ်လုပ်ရေးလုပ်ငန်းများကြောင့် ယခုအခါ မြန်မာနိုင်ငံသည်လည်း တောပြုန်းခြင်းအန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု၏ မှတ်တမ်းများအရ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုနှုန်း အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနှီ သစ်ပင်များ ဘယ်ရောက်သွားလေသနည်း။ အများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံများသို့  တင်ပို့ ခြင်း ခံရပါသည်။ ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ၁၉%မျှ ကွယ်ပျောက်ခဲ့ရသည်။ စုစုပေါင်းဟက်တာ ၇,၄၄၅,၀၀၀ မျှ ဖြစ်သည်။ ယင်းဧရိယာသည် Ireland တစ်နိုင်ငံလုံး၏ ဧရိယာထက်ပင် ပိုသည်။ ရင်နာလှပေစွ။
.
ဤသို့ ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ မြန်မာပြည်တွင် ဆီအုန်းစိုက်ပျိုးခြင်းသည် သင့်တော်ပါ၏လား။ စီးပွားရေးပညာရှင် တစ်ယောက် မဟုတ်လေသော ကျွန်မသည် အနှီမေးခွန်းကို မဖြေဆိုနိုင်ပါ။ ကျွန်မကိုယ်တိုင်ပင် သို့လော သို့လောဖြင့် အဖြေရှာမရနိုင်သော မေးခွန်းများစွာ ရှိနေပါသည်။
.
၁။ နှစ်နိုင်ငံ ပူးပေါင်း၍ အကျိုးတူဆောင်ရွက်သော အနှီ ဆီအုန်းခင်းများအတွက် မြန်မာနိုင်ငံအား မည်သည့်အဖွဲ့အစည်းမှ ကိုယ်စားပြုမည်နည်း။ (ခရိုနီများလော။)
၂။ ရရှိလာမည့် အကျိုးအမြတ်သည် မည်သို့ နည်း။
၃။ မြန်မာနိုင်ငံဘက်မှ ရရှိလာမည့် အကျိုးအမြတ်အား မည်သူ ခံစားခွင့် ရှိလေသနည်း။
(ခရိုနီများလော၊ လယ်သမားများလော၊ သို့ မဟုတ် ... )
၎။ နည်းပညာပိုင်းဆိုင်ရာ အကျိုးအမြတ် ရနိုင်မည်လား။ (ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၅။ မြန်မာနိုင်ငံတွင် သစ်တောနှင့်ပတ်သက်သော ဥပဒေများ သတ်သတ်မှတ်မှတ် ရှိပါသလား။
(စာအုပ်ထဲတွင် ရှိကောင်းရှိပါ၏။)
၆။ အင်ဒိုနီးရှားကဲ့သို့  လယ်ယာလုပ်သူ တောင်သူများအပေါ် လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်မည်လား။
(တလောက လယ်သမားများနှင့် ပတ်သက်၍ ဆူဆူပူပူအသံများ ကြားရပါသည်။ ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၇။ မြန်မာနိုင်ငံတွင် လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဥပဒေများသတ်သတ်မှတ်မှတ် ရှိပါသလား။
(စာအုပ်ထဲတွင် ရှိကောင်းရှိပါ၏။)
၈။ အင်ဒိုနီးရှားကဲ့သို့ပင် အင်အားကြီးလုပ်ငန်းရှင်များနှင့် အကျင့်ပျက်အာဏာပိုင်တချို့ ပူးပေါင်းကာ လယ်ယာမြေများ အဓမ္မသိမ်းယူမှုများ ပေါ်ပေါက်နိုင်မည်လား။ (ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၉။ နှစ် ၃၀ လွန်မြောက်၍ မြန်မာ့မြေပေါ်တွင် သီးနှံစိုက်ပျိုး၍ မရနိုင်လေသောအခါ တောင်သူများအတွက် မည်သို့ ရှေ့ဆက်ရမည်နည်း။ (နှစ် ၃၀ ဆိုတာ အဝေးကြီးပါအေ။ အဲဒီကာလအတွင်း မျိုးဆက် သုံးဆက်စားမကုန်အောင် ရှာရမယ် ပိုက်ဆံတွေ - တစ်နပ်စားကြံ ခရိုနီအကြီးစားတစ်ဦး၏ ကြိမ်းဝါးသံ)
၁၀။ မလေးရှားနိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ဆီအုန်းကြောင့် အာရှကျားတစ်ကောင် ဖြစ်လာ နိုင်မည်လား။ (ကိုးတောင်ကျားလော၊ ကျားပိန်ကျားနာ ကျားထော့ကျိုးလော၊ ကျားက ကျားပင် ဖြစ်ပါသည်။ အနှီမေးခွန်းကို်လည်း မဖြေဆိုနိုင်ပါ။ )
.
ယင်းသို့ ဖြင့် မိမိပိုင် ပုစွန်ဦးနှောက်ကလေးဖြင့် ထိုထိုမေးခွန်းတို့ အား အဖြေရှာမရလေသောအခါ မကျေမချမ်းသောစိတ်ဖြင့် ကီးဘုတ်ကိုသာ တဖြန်းဖြန်းရိုက်ရင်း ဆိုင်ဆိုင်မဆိုင်ဆိုင် မအီမသာ ရေရွတ်မိပါသည်။
.
"ခရိုနီတွေ ကျဆုံးပါစေ။"
.

မှီညွှန်းကိုကား
.
http://www.irrawaddy.org/archives/2282

http://www.worldwatch.org/node/6059

http://www.rspo.org/sites/default/files/Report-GHG-October2009.pdf

http://en.wikipedia.org/wiki/Environmental_impact_of_palm_oil

http://www.greenpeace.org/international/en/news/features/palm-oil_cooking-the-climate/

http://www.cbd.int/cms/ui/forums/attachment.aspx?id=37

http://malaysia.wetlands.org/NEWS/tabid/509/articleType/ArticleView/articleId/2488/Default.aspx

http://www.saynotopalmoil.com/


http://www.btimes.com.my/Current_News/BTIMES/articles/fledass/Article/
.
ဖားဖားဝေနေသော ဆီအုန်းခင်းများ။
ဖားဖားဝေနေသော ဆီအုန်းခင်းများ။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။

Sunday, April 15, 2012

2nd အကြတ်နေ့... Popular @ ကန်တော်ကြီး.သရုပ်ပျက်အကနဲ.သင်္ကြန်

ဗီဒီယီုဖေ့ဘွတ် စာမျက်နာမှ ကူးယူဖော်ပြသည်။

ကျောပိုးအိတ်တစ်လုံးရဲ.တမ်းချင်း

စိမ်.မြိုင်ဂနိုင်တွင်း..... အေးမြခြင်းနဲ.ရိုးမ
 မိုးစက်မိုးပေါက် ......တစ်ဖျောက်ဖျောက်နှင့်
 မေးခိုက်လို.တုန်းချမ်း.....ငှက်ဖျားကြောင့်နွမ်းရပြီ .............။
 နွမ်းနွမ်း ပန်းပန်း ..ခရီးလမ်းကို
 မာန်တင်ဆက်လျှောက် ...ငါ့ခြေထောက်တို.
နင်းလိုက်တိုင်နာ....ရေ၀ဲပါတဲ့ ...............................။
 ခရီးတစ်ထောက် ....အမောဖျောက်စဉ်
 စားချက် ခဏ ...........အူတောင့်ရပြီ
 ငရုတ်ဆားထောင်း ...လွန်စားကောင်းခဲ့ ......................။
 လက်မှာ သေနတ် ...ကျောမှာရိက္ခာ
 ခါးမှာကျည်ဘောက် ..........ဓါးမြောင်ထောက်လို.
 ကျောနာ လက်ညောင်း ........ဒီတောင်စောင်းကိုဖြတ်ခဲ့သည်................။ ရှည်ကြာလမ်းလျှောက်............ ငါ့ခြေထောက်တွေ
 ဇကာသဏ္ဍာန် ........ရေ၀ဲဒဏ်ကြောင့်
 ခြေအားမီးမြိုက်........တောရှောက်ကိုက်စေ သက်သာလေဧ။်...............။
 တောရဲ.အလှ.........သဘာဝကို
မရှု.စိမ့်နိုင် .....ရန်သူ.ရန်နှင့်
 မြေမြုပ်ဗုံးဒဏ်...မခံရရေး
သတိပေးသံနားထက်ညံခဲ့ .............။
ချစ်သူကြင်သူ .......ရည်ရွယ်သူကို
လွမ်းပင်လွမ်းငြား............. မောင် စစ်သားမို.
အုံ.မှိုင်းဂနိုင် .....တောရိပ်မြိုင်မှာ
 နေရောင်လဲပျောက်............လရိ ပ်ရောက်တောင်
 လွမ်းတဲ့စိတ်ဒဏ်..........သေနတ် သံကြောင့်
ပျက်ပျယ်လွင့်ပျောက်...........ဖီလင်ပျောက်ခဲ့ ....................။
ကျန်ရစ်ခဲ့သူ...ကိုယ့်သည်းအူကို
 ရည်ရွယ်မှန်းထား .....အတွေများက
 အောင်ပွဲဆင်မြန်း ..................အပြန်လမ်းမှာ
 ချစ်ပေါင်းသက်သေ.............အနမ်းမိုးချွေအံ့ .........................။ .....................................................................................

 မင်းလွမ်းနောင်(ပန်းတနော်)








အဝေးရောက်စစ်သည်တော်များအတွက် ခံစားရေးခဲ့ပါတယ်

ပြည်သူ.ရဲလော ဓါးပြလော

အင်းယားကန်စောင်း တံတားဖြူရှေ.နားမှာ ရောင်းနေတဲ့ ဈေးသည်တွေဆီမှ အတင်းအကြပ် ငွေတောင်းခံနေတဲ့ စည်ပင်ရဲများ
ဓါတ်ပုံ ဖေ့ဘွတ်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ

အာအက်အေမှ ကူးယူဖော်ပြသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ဒီနှစ်ကျရောက်တဲ့ သင်္ကြန်ပွဲတော်ကာလမှာ တရားနာပွဲများ၊ ရဟန်းခံရှင်ပြုအလှူများ၊ သက်ကြီးပူဇော်ပွဲများနဲ့ နှစ်သစ်ကူး ရေကစားပွဲတော်တွေကို မိမိတို့ ဒေသအလိုက် ပြုလုပ်ကြတယ်လို့ သိရပါတယ်။ RFA ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင် မဟာချိုင် ဘုန်းတော်ကြီးကျောင်း၏ နှစ်သစ်ကူးကာလ ၀ိပဿနာ အထူးတရားစခန်းပွဲတွင် တရားဘာဝနာ ပွားများနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုဟာ အလုပ်က နားနေကြပြီး မိမိတို့ဒေသအလိုက် ကုသိုလ်ကောင်းမှုပြုသူ၊ တရားဘာဝနာ ပွားများသူ၊ ရေပက်ကစားသူတွေနဲ့ အထူးစည်ကား ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မြန်မာအလုပ်သမား အများဆုံးရှိတဲ့ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသက အခြေအနေကိုတော့ မြန်မာအလုပ်သမား အရေး လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ဦးတိုးက အခုလို ပြောပါတယ်။ “ကျွန်တော်တို့နှစ်စဉ်ကျင်းပတဲ့ သမထဝိပဿနာ တရားစခန်းကျင်းပတယ်။ ဝပ်ထစ်ကျောင်းမှာ ၁၂ ရက်နေ့ ညနေ ၆ နာရီက စတယ်။ ၁၆ ရက်နေ့ ၁၂ နာရီထိအောင် သတ်မှတ်ထားတယ်။ အဲဒါက လူပုဂ္ဂိုလ်ရိုးရိုးတွေချည်းပဲ တရားထိုင်ကြတယ်။ ဝပ်ခေါင်မဒီယံမှာတော့ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကနေပြီးတော့ ၁၇ ရက်နေ့အထိအောင် သတ်မှတ်ထားတယ်။ အဲဒါက တရားစခန်းပါတယ်။ ရဟန်းခံရှင်ပြုပါမယ်။ မယ်သီလရှင်ပါတယ်။ ရဟန်းနဲ့ ကိုရင်နဲ့ တရားထိုင်တဲ့ ယောဂီအပါး အားလုံး စုစုပေါင်း (၃၀၀) ကျော်တယ်။ လတ်ဘူရီမှာ ဘုရားတည်နေတာရှိတယ်။ တချို့အလုပ်သမားတွေက ဘတ်စ်ကားတွေဘာတွေ ဌားပြီးတော့ အဲဒီနေရာကို သွားလည်ကြတယ်။ နောက်တစ်ခုက ရေကစား တော်တော်များများတွေ့ရတယ်။ မြန်မာနဲ့ထိုင်းနဲ့ကြားမှာ ကျွန်တော်တို့မြန်မာတွေ များတယ်။” ဒါ့အပြင် ထိုင်းနိုင်ငံကိုခေတ္တ ကြွရောက်လာတဲ့ ရွှေညဝါဆရာတော်ကြီးကလည်း ဒီကနေ့ ညနေ ၇ နာရီခွဲမှာ ပုဇွန်စက်ရုံ တစ်ခုဖြစ်တဲ့ စိန်ထော်ရုံမှာ တရားဟောကြားတော်မူမယ်လို့ သိရပါတယ်။ အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပမြို့နယ်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ကြီးမှူးပြီး အသက် (၆၀) ကျော် အဘွားအို၊ အဘိုးအိုတွေကို ခြေသည်းလက်သည်းညှပ်ပြီး ကောင်းမှုကုသိုလ် ပြုလုပ်ကြရာမှာ မြန်မာအလုပ်သမား ဦးရေ (၅၀) ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ FED အဖွဲ့ရဲ့ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။ “ဒီသင်္ကြန်မှာတော့ သက်ကြီးပူဇော်ပွဲတွေ လုပ်တယ်။ ဘုန်းကြီး ၂ ပါးပင့်ပြီးတော့ လုပ်တယ်။ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ လုပ်တယ်။ လူဦးရေ (၅၀) လောက်လာတယ်။ ကန်တော့ခံတဲ့ သက်ကြီးပူဇော်ခံတဲ့သူတွေကတော့ (၁၈)ယောက်ရှိတယ်။ အဘွားကြီးက (၁၂) ယောက် အဘိုးကြီး (၆) ယောက် အဲဒါကျွန်တော်တို့ လက်သည်းခြေသည်းညှပ် ပြီးတော့ခေါင်းတွေဘာတွေ လျှော်ပေးပြီးတော့ ကျွန်တော်တို့ ရေစိုထမင်းနဲ့ ငါးခြောက်ကျော်ထမင်းကျွေးပြီးတော့ ပြီးဆုံးသွားတာပေါ့နော်။ ပကလန် ရော်ဘာခြံမှာ ရေပက်ခံထွက်တာတော့ရှိတယ်ဗျ။” ထိုင်းနိုင်ငံတောင်ပိုင်းကတော့ ရေပက်ကစားမှုကို သင်္ကြန်အကျနေ့ တရက်ထဲပဲ ပြုလုပ်တာဖြစ်ပါတယ်။ အလားတူပဲ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်စတဲ့ ထိုင်းနိုင်ငံဒေသ အသီးသီးမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မိမိတို့ဒေသတွင်းမှာ ထိုင်းပြည်သူတွေနဲ့အတူ နှစ်သစ်ကူး ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြပါတယ်။

ဖူးခက်ရှိမြန်မာအလုပ်သမားများအားရေသန်.မဟုတ်သည့်ရေများအတင်းအကြပ်ရောင်းချနေ

                                           စူပါချီပ်သောက်ရေသန်
ထိုးနိုင်ငံတောင်ပိုင်းဖူကစ်မြီု့ စူပါချီပ် ကုမ္မဏီတွင်သောက်ရေသန့် ဟူ၍ အဝီစီတွင်းမှရေကို ရေသန့် ကိရီယာဖြင့်လုပ်၍သောက်ရေသန်
ဟု၊မြန်မာအလုပ်သမားနေထိုင်သောတန်းလျှားတွင်ရောင်းချနေပါသည်။အပြင်မှဝယ်သောက်လျှင်လည်း
ပိုက်ဆံဖြတ်သည်။(တွေလျှင်)မဝယ်ကြပါ။သောက်ရေသန့် ထုပ်လုပ်သောနေရာကိုကျန်းမာရေးဝန်ကြီးဠာ
တွေသုံးလတစ်ကြိမ်ဝင်ရောက်စစ်ဆေးတယ်လိုကြားသိရပါတယ်။မြန်မာအလုပ်သမားတွေကိုရောင်းတဲ့
သောက်ရေသန့် ကို (စူပါချီပ်သောက်ရေသန် )ကျန်းမာရေးဝန်ကြီးဠာနတွေဝင်ရောက်စစ်ဆေးတာမတွေရပါ
အကယ်၍သောက်ရေသန့် ဆိုလျှင်ကုမ္မဏီအတွင်းမှာလည်းရောင်းရမှာပေါ့၊မြန်မာအလုပ်သမားတွေကိုတမီူီးကုမ္မဏီအတွင်းမှာရောင်းတာကအပြင်မှလာပိုသောသောက်ရေသန့် ဖြင့်ပါသည်။မြန်မာအလုပ်သမား၃၁၀၀
ကျော်ကိုရောင်းတဲ့သောက်ရေသန့် ကတမီူးဆိုတော့ သောက်ရေသန့် မဟုတ်မှန်းသိသာနေပါသည်။ဒီလို
မီူးလုပ်ဆောင်ချက်တွေကိုကျန်းမာရေးဝန်ကြီးဠာနသိအောင်တင်ပြနိုင်ရင်ကောင်းမယ်။စူပါချိပ် ကုမ္မဏီ
မှာထိုင်းလူမီူး၄၀၀၀လောက်ရှိပါသည်။မားသားထရီစာ စိတ်ဓာတ်တစ်ယောက်လောက်ရှိရင်ကောင်းမယ်
လို့ တွေးမီပါတယ်ဗျ။
လူးကြီးမင်းတို့ ခင်ဗျား ထိုင်နိုင်ငံ အတွင်းမြန်မာသံရုံး နှင့် ILO ရုံးအီးမေလ်များကိုရှာပိုပေးကြပါခင်ဗျားကျေးဇူးတင်ပါတယ်။

မောင်ဟန်ဝင်း

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ