ဇရာအိုနဲ.ကညာပျို
တကယ်ပါ
ငါ့မှတ်ဥာဏ်တွေသေဆုံး
နုပျိုခြင်းတွေပျက်ပြုန်းရင်း
မခုန်တတ်တော့တဲ့နှလုံးသား
အသစ်တဖန်ပျော်မြူး
အချစ်ရူးလို.ဆိုချင်ဆို။
တကယ်ပါ
ဇရာရွယ်ထောက်တရားမပေါက်ပေမဲ့
မင်းရဲ.ရှေ.မှောက်မှာ
ဒူးတုပ်လို.ခစား
ငါ့နှလုံးသားကိုဆက်သလျှက်ပါ။
တကယ်ပါ
ချစ်တတ်တဲ့အကြောင်း
နွဲ.နှောင်းပြီးလဲမဆိုတတ်
အနက်ရှိုင်းဆုံးဆိုတဲ့နေရာက
တလှပ်လှပ်နဲ.ဖိုတဲ့ရင်
မင်းကိုမြင်မှ ဖြစ်တည်လာရတာတွေပေါ့။
တကယ်ပါ
ဇရာသက်ကြားနဲ. ကညာနှမတစ်ပါး
ဇရာအိုနဲ.ကညာပျိုဆိုတဲ့ဇာတ်ကားကြည့်ဖူးရင်
သက်ကြားအိုရဲ.ခံစားရင်ဖိုရတာလေးတွေလဲ
အပြစ်လိုမဆိုသာပါဘူးကွယ်။
တကယ်ပါ
ခေါင်းကဖြူ သွားကကျိုး
အဖိုးကြီးလိုမြင်ချင်မြင်
ငါ့ရင်ကိုဝင်ကြည့် ပျိုမျစ်တဲ့နှလုံးသား
မင်းအတွက် ပြန်မွေးဖွားလာခဲ့တယ်ဆိုတာတော့ယုံပါ ။
တကယ်ပါ
နွားအိုမြက်နုကြိုက်ဆိုတဲ့စကား
ရှေးလူတွေပြောခဲ့ကြပေမဲ့
ချစ်ခြင်းရဲ.ဆန်းကျယ်မှု.
အိုခြင်းကိုအံတုလိုရနိုင်ပါ့မလားကွယ်။
တကယ်ပါ
အချစ်ခြင်းပြိုင်ရင်
အသူရာနဲ.တောင်စစ်ခင်းနိုင်တဲ့
သက်ကြားအိုရဲ.မေတ္တာစကား
မင်းနားမှာခါးသွားခဲ့ရင်တော့
ခွင့်လွှတ်ပါ မိန်းကလေးရယ်....ခွင့်လွှတ်ပါ
(မိတ်ဆွေ လူပျိုသိုးကြီးများသို. မေတ္တာလက်ဆောင်)
မင်းလွမ်းနောင်(ပန်းတနော်)
.
အကြိုက်များသော Posts
-
တဘောင်(ကြိုတင်နမိတ်)အကြောင်းနှင့်တဘောင်များ တဘောင် တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အက...
-
-
-
ဖိနှိပ်ခဲ့ကြ၊ နှိမ့်ချကြ၍ နိုးထရုန်းကန်၊ သည်အားမာန်တွေ ငါ့ထံရောက်ရှိခဲ့လေပြီ .................။ နှောင့်ယှက်ဆီးတား၊ ခကိခဲများလည်း ငါ့အာ...
-
Myanmar Army BTR-3U နမူနာပုံဖြစ်ပါသည် မြန်မာ့တပ်မတော်ထုတ် ဘီတီအာ-၃ယူ သံချပ်ကာကား ဖြစ်ပါသည်။မြန်မာ့တပ်မတော်တွင် အစီးရေ ၁၀၀၀ အထိထု...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မြန်မာ့သမိုင်းတကွေ့ မှ နိုင်ငံရေးခေါင်းဆောင်များ ကာနယ်ချစ်ကောင်း သန်းဝင်းလှို င် ဧပြီ ၂၀၊ ၂၀၁၁ “ အနှစ် ၂ဝ မျှ တိုင်းပြည်အတွ...
-
သံဃာတော်တွေ သပိတ်မှောက် ခြင်းလှန်ခြင်း အကြောင်းကို လေ့လာကြပါကုန် (မင်းလွမ်းနောင်) သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင...
-
Posted by admin on April 30, 2011 0 Comment သတင်းဓါတ်ပုံ … ကိုသန်းဝင်း
-
AK-47 သေနတ်အကြောင်းလေ့လာကြစို. AK-47 အေကေ - ၄၇ ချေမှုန်းရေး ရိုင်ဖယ်ကို ရုရှ နိုင်ငံမှ Mikhail Kalashnikov က ဒီဇိုင်းဆွဲ၍ ၁၉၄၇ ခုနှစ်၏ အေ...
No comments:
Post a Comment